အခန်း (၉) တရစပ် တစ်ဆယ့်ငါးဆင့် မြင့်တက်သွားခြင်း၊ ဤကဲ့သို့သော မင်္ဂလာစေ့စပ်လက်ဆောင်ကို မည်သူက ငြင်းပယ်နိုင်မည်နည်း
ညဉ့်နက်သန်းခေါင်အချိန်တွင် ဟူလီနာသည် သူမ၏ အိပ်ဆောင်ပြတင်းပေါက်နား၌ ထိုင်နေမိသည်။
သူမသည် ခြေထောက်တစ်ဖက်ကို ရင်ဘတ်နားအထိ ကွေးတင်ထားပြီး မေးစေ့ကို ဒူးပေါ်မှီထားကာ ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာသည့် လရောင်က သူမ၏ ဘေးတစ်စောင်း သွင်ပြင်ကို လင်းပွားစေသည်။
သူမ၏ လက်ချောင်းများက အလိုအလျောက် မြင့်တက်သွားပြီး မိမိ၏ မျက်ခုံးကြားကို အသာအယာ ထိတွေ့လိုက်မိ၏။
ခရမ်းဖျော့ရောင် ကိုးမြီးမြေခွေး အမှတ်အသားက ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ပုံမှန်နှင့် တည်ငြိမ်လှသော နွေးထွေးမှုလှိုင်းများကို ထုတ်လွှတ်ပေးနေသည်။
ထိုနေ့က မြင်ကွင်းများက သူမ၏ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ရွှေရောင် အလင်းတန်းတစ်ခုက ဟင်းလင်းပြင်အက်ကြောင်းကြီးထဲမှ လျှံကျလာပြီး လမ်းစဉ်၏ ခန့်ညားထည်ဝါလှသော၊ ကမ္ဘာမြေကို လွှမ်းမိုးနိုင်လောက်သော ရွတ်ဖတ်သံကြီးက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်
"ရှေးဟောင်းချင်းချိုး ပဋိညာဉ်အရ၊ ကောင်းကင်လမ်းစဉ်ကို အောင်သွယ်တော်အဖြစ်ထားပြီး မြေခွေးမျိုးနွယ်စုကို သက်သေအရာတည်လျက် ဝိညာဉ်နန်းတော်မှ သန့်စင်သောမိန်းကလေး ဟူလီနာ့ကို ငါ၏ ကျင့်ကြံဖော်အဖြစ် ရွေးချယ်သည်"
ထိုအချိန်က သူမ၏ ပထမဦးဆုံး တုံ့ပြန်မှုကို ဟူလီနာ ကောင်းကောင်းမှတ်မိနေသေးသည်။
၎င်းသည် ထိတ်လန့်ခြင်းမဟုတ် ကြောက်ရွံ့ခြင်းလည်း မဟုတ်ဘဲ အကြောင်းပြချက်မရှိသော သန့်စင်သည့် ဒေါသတရားသာ ဖြစ်သည်
သူမသည် ရှေ့သို့ ပြေးထွက်သွားပြီး မိမိ၏ တတိယမြောက် ဝိညာဉ်စွမ်းရည်ကို သုံးကာ ထိုစေ့စပ်စာလွှာကို ပြာအဖြစ် တိုက်ခိုက်ချေဖျက်ရန် ကြိုးစားခဲ့သည်။
ရလာဒ်အနေဖြင့် မြေခွေးမီးတောက်များသည် လမ်းစဉ်အမှတ်အသား၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မြေခွေးပုံရိပ်ကြီးမှာလည်း လွင့်ထွက်သွားခဲ့ရသည်။ သူမ၏ မြေခွေးနားရွက်လေးများမှာလည်း ထိန်းချုပ်မရဘဲ ထွက်ပေါ်လာပြီး တွဲလောင်းကျသွားခဲ့ကာ ထောင်ပေါင်းများစွာသော လူထုရှေ့တွင် အရှက်တကွဲ ဖြစ်ခဲ့ရသည်။
ထိုအခိုက်အတန့်တွင် သူမသည် မိမိ၏ဘဝ၌ ဤမျှလောက်အထိ အရှက်ရဖူးခြင်း မရှိခဲ့ဟု ခံစားခဲ့ရသည်။
ဘီဘီတုန်း၏ စကားများကလည်း သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်
"မင်း သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မင်းကတော့ အဲဒီ နတ်ဆရာသခင် ရှန်ရိချန်နဲ့ ပတ်သက်သွားခဲ့ပြီ"
ဆရာဖြစ်သူ ဤစကားကို ပြောနေစဉ်မှာပင် သူမ၏ ညာဘက်လက်မှ မီးခိုးနက်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။
လက်ချောင်းငါးချောင်းစလုံး ရောင်ကိုင်းပုံပျက်နေပြီး လက်သည်းကြားမှ သွေးပုတ်များ စီးကျနေခဲ့သည်။
ဟူလီနာသည် မြေခွေးအမှတ်အသားပေါ်မှ မိမိ၏ လက်ချောင်းများကို ဖယ်ရှားလိုက်ပြီး ကိုယ့်လက်ကောက်ဝတ်ကို ပြန်လည်ဆုပ်ကိုင်ထားလိုက်မိသည်။
သုံးရက်နှင့် သုံးညအတွင်း သွေးမျိုးဆက်နိုးထလာပြီး ဆွဲဆောင်မှုရှိသော မြေခွေးသည် ကိုးမြီးနတ်ဘုရားမြေခွေးအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားကာ ဝိညာဉ်စွမ်းအားကလည်း အဆင့် ၆၉ မှ အဆင့် ၈၄ အထိ တရစပ် တစ်ဆယ့်ငါးဆင့်မျှ ခုန်တက်သွားခဲ့သည် ဤသည်မှာ ဝိညာဉ်နန်းတော်၏ သမိုင်းတစ်လျှောက်တွင် တစ်ခါမှ မကြုံဖူးသော အံ့ဖွယ်ဖြစ်ရပ်ပင်။
စိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံး အထက်မှအောက်သို့ ဆေးကြောသန့်စင်ခြင်း ခံခဲ့ရပြီး မိစ္ဆာမြို့တော်ကို ပတ်သက်ခဲ့ဖူးသော မိစ္ဆာစွမ်းအား အကြွင်းအကျန်အားလုံး သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသဖြင့် စိတ်ဝိညာဉ်လောကကြီးမှာ မယုံနိုင်လောက်အောင် ကြည်လင်ပြတ်သားသွားခဲ့သည်။
စတားဒိုးတောအုပ်ကြီးထဲရှိ မြေခွေးဝိညာဉ်သားရဲအားလုံးသည်လည်း သူမ၏ သွေးမျိုးဆက်နိုးထလာသည့် အခိုက်အတန့်တွင် ပြားပြားဝပ် ဒူးထောက်ကိုးကွယ်ခဲ့ကြသည်။
ဤအရာအားလုံးကို လုံးဝစိမ်းသက်သော လူစိမ်းတစ်ယောက်က သူမအား ပေးသနားခဲ့ခြင်း ဖြစ်သည်။
ဟူလီနာသည် ပြတင်းပေါက်ပြင်ပရှိ လမင်းကြီးကို မော့ကြည့်လိုက်မိသည်။
ဒီနေ့ည လမင်းကြီးက အလွန်လှပပြီး မယုံနိုင်လောက်အောင် ဝိုင်းစက်နေသည်။ လရောင်က အမိုးပေါ်ရှိ စဉ့်ပြားများပေါ်သို့ ကျရောက်နေပြီး အေးစိမ့်လှသော အလင်းဖြူများကို ရောင်ပြန်ဟပ်နေစေသည်။
သူ အမှန်တကယ်တော့ ဘယ်လိုပုံစံမျိုး ရှိမလဲ။
ထိုအတွေး စိတ်ထဲတွင် ပေါ်လာသည်နှင့် ဟူလီနာ့နားရွက်လေးများ ရုတ်တရက် ပူထူသွားရသည်။
သူမသည် မိမိ၏ ဆံပင်ကြားမှ ထွက်ပေါ်နေသော မြေခွေးနားရွက်လေးများကို အလိုအလျောက် လက်ဖြင့် အုပ်လိုက်မိရာ လက်နှင့်ထိမိသည့် အခိုက်အတန့်တွင် နားရွက်ထိပ်လေးများက အလွန်အမင်း ပူလောင်နေကြောင်း သိလိုက်ရသည်။
ကြည်လင်သော ပန်းနုရောင်သန်းမှုက နားရွက်ထိပ်မှတစ်ဆင့် နားရွက်ခြေရင်းအထိ ပျံ့နှံ့သွားခဲ့ပြီ။
ထားလိုက်ပါတော့ ဖြစ်ချင်ရာဖြစ် ရှက်စရာကောင်းပေမယ့်လည်း ဘယ်သူမှ မြင်မှမမြင်ရတာ။
သူမသည် နားရွက်ကို လွှတ်လိုက်ပြီး အတွေးများကိုသာ ဆက်လက်လွင့်မျောနေခွင့်ပြုလိုက်သည်။
ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို ဆွဲထုတ်နိုင်သူ ကောင်းကင်ကို ဆန့်ကျင်နိုင်သော ရတနာထူးဖြစ်သည့် ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲကို မင်္ဂလာစေ့စပ်လက်ဆောင်အဖြစ် ပေးအပ်နိုင်သူ နှစ်ပေါင်းရာချီ ကျင့်ကြံအောင်းအနားယူပြီးနောက်တွင်လည်း နုပျိုမှုကို ထိန်းသိမ်းထားနိုင်သူ။
သူသည် ရုပ်ဆိုးမည့်သူတော့ မဟုတ်လောက်ပါ။
မဟုတ်သေးပါ၊ ရုပ်မဆိုးရုံတင် ဘယ်ကလိမ့်မလဲ။
ဤကဲ့သို့သော ပုံစံဖြင့် လာရောက်စေ့စပ်ကြောင်းလမ်းနိုင်သော ထိုလူသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး လောကီလောကနှင့် မသက်ဆိုင်သည့် နတ်သားတစ်ပါးကဲ့သို့ ရှိနေမည်ဖြစ်ကာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် မိမိကိုယ်ပိုင်လောကတစ်ခုကို ဖန်တီးနိုင်စွမ်းရှိလိမ့်မည် ထိုပုံရိပ်က ဟူလီနာ့စိတ်ထဲတွင် ဘယ်အချိန်ကတည်းက စွဲထင်သွားသည်မသိ ပေါ်ပေါက်လာခဲ့သည်။
သူမသည် ထိုပုံရိပ်ကို စိတ်ထဲမှ မောင်းထုတ်ရန် ခေါင်းကို အမြန်ခါယမ်းပစ်လိုက်သည်။
သို့သော် အသုံးမဝင်ပါ၊ ခါယမ်းပစ်လိုက်ပြီးနောက်တွင်လည်း ထိုပုံရိပ်က ပြန်လည်ပေါ်ပေါက်လာစမြဲပင်။
ရှေးဟောင်းချင်းချိုးမြေခွေးမျိုးနွယ်စု၏ ပဋိညာဉ်က အမှန်တကယ်တော့ ဘာဖြစ်မလဲ။
ထိုနေ့က လေထုထဲတွင် ကိုးမြီးမြေခွေးပုံရိပ်ကြီးအဖြစ် စုစည်းပြီးမှ ပြန်လည်ပျောက်ကွယ်သွားခဲ့သည် သူမသည် စေ့စပ်စာလွှာပါ အကြောင်းအရာများကို အကြိမ်ကြိမ် အသေးစိတ် စဉ်းစားကြည့်ဖူးသည်။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက နတ်ဆရာသခင်အနွယ်ဝင်များနှင့် ချင်းချိုးမြေခွေးမျိုးနွယ်စုတို့ကြား မည်သည့်သဘောတူညီချက်မျိုး ရှိခဲ့သဖြင့် နှစ်ပေါင်းသောင်းချီ ကြာပြီးနောက်တွင်လည်း သူသည် ချင်းချိုး၏ နောက်ဆုံးသွေးမျိုးဆက်ကို လိုက်လံရှာဖွေပြီး တစ်ဆယ့်ရှစ်လွှာသော မင်္ဂလာစေ့စပ်လက်ဆောင်များဖြင့် သူမကို လာရောက်လက်ထပ်ရခြင်း ဖြစ်သနည်း။
ဤအရာသည် သာမန်လူတစ်ယောက်ကို အလွယ်တကူ ရှာဖွေပြီး ပေးအပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
သူက ငါ့ကို ရွေးချယ်ခဲ့တာ'
ဟူလီနာသည် မိမိဘာသာ တိုးညှင်းစွာ ရေရွတ်လိုက်မိရာ သူမကိုယ်တိုင်ပင် သေချာမကြားရလောက်ပေ။
ထိုစကားလုံးအနည်းငယ် သူမ၏ ပါးစပ်မှ ထွက်လာသည့် အခိုက်အတန့်တွင် ကြက်သီးမွေးညင်းထစရာ ခံစားချက်တစ်ခုက ရင်ဘတ်မှတစ်ဆင့် သွေးကြောများဆီသို့၊ ထိုမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။
မျက်ခုံးကြားရှိ မြေခွေးအမှတ်အသားလေးကလည်း အနည်းငယ် လှုပ်ခတ်သွား၏။
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဟူလီနာ ချက်ချင်း မတ်တတ်ထရပ်လိုက်မိပြီး သူမ၏ မြေခွေးအမြီး ခြောက်ချောင်းစလုံး မတ်ကနဲ ဖြစ်သွားကာ နားရွက်များက တံခါးဝဆီသို့ အာရုံစိုက်သွားကြသည်။
"ဘယ်သူလဲ"
"အစ်ကိုပါ"
ရှဲ့ယွဲ့၏ အသံက တံခါးပြင်ပမှ ထွက်ပေါ်လာပြီး အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေသော အသံမျိုး ဖြစ်သည်။
ဟူလီနာ သက်ပြင်းချလိုက်မိပြီး လက်ကိုဆန့်ကာ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို သပ်တင်လိုက်ရင်း နီမြန်းပူလောင်နေသော နားရွက်ထိပ်လေးများကို ဆံစများကြားထဲသို့ အမြန်ဖုံးကွယ်လိုက်သည်။
"ဝင်ခဲ့ပါ အကို"
တံခါးပွင့်သွားပြီး ရှဲ့ယွဲ့သည် ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်ကာ လျှောက်ဝင်လာခဲ့သည်။ ပန်းကန်လုံးထဲရှိ စွပ်ပြုတ်ဖြူဖြူလေးမှ အငွေ့များ တထောင်ထောင် ထွက်နေပြီး ကြာစေ့၏ မွှေးရနံ့များ ပျံ့လွင့်နေ၏။
သူသည် ပြတင်းပေါက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟူလီနာ့မျက်နှာကို စိုက်ကြည့်လိုက်သည်။
"ဒီလောက်ညနက်နေပြီ ဘာလို့မအိပ်သေးတာလဲ"
"နာနာ အိပ်မပျော်လို့ပါ"
ရှဲ့ယွဲ့က ဆက်မမေးတော့ဘဲ ပန်းကန်လုံးကို ကမ်းပေးလိုက်သည်။
"ကြာစေ့စွပ်ပြုတ်လေ စိတ်တည်ငြိမ်ဖို့အတွက် ကောင်းတယ် နန်းတွင်းမီးဖိုဆောင်က ပိတ်သွားတာ ကြာပြီမို့လို့ ငါကိုယ်တိုင်ပဲ ချက်လိုက်ရတာ ချက်တဲ့အချိန်က သိပ်မပြည့်စုံပေမယ့် သောက်လို့တော့ ရမှာပါ"
ဟူလီနာ ပန်းကန်လုံးကို လှမ်းယူလိုက်ပြီး ခေါင်းငုံ့ကာ တစ်ငုံ သောက်လိုက်သည်။
ချိုမြိန်လှပါသည်။
ကြာစေ့များကို အလွန်နူးအိနေအောင် ချက်ထားသဖြင့် ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး အုန်းသီးခြောက်ရနံ့နှင့် ကျောက်စကြားသကြား၏ ချိုမြိန်မှုက ခံတွင်းတစ်ခုလုံး ပျံ့နှံ့သွားသည်။
ချက်တဲ့အချိန်က နည်းနည်းလိုသေးတယ် ဟုတ်စ။
သူသည် မီးဖိုရှေ့တွင် အချိန်အတော်ကြာအောင် သေချာစောင့်ကြည့်ပြီး ချက်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ဟူလီနာ ဘာမှမပြောဘဲ ပန်းကန်လုံးကို ကိုင်ကာ နောက်ထပ်တစ်ငုံ ထပ်သောက်လိုက်သည်။
ရှဲ့ယွဲ့သည် သူမ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်တွင် ထိုင်လိုက်ပြီး ခြေထောက်ချိတ်ကာ လက်မောင်းများကို ကုလားထိုင်နောက်မှီပေါ် တင်ထားလိုက်၏။
လရောင်က သူ၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် မျက်ကွင်းညိုနေသည်ကို မြင်သာစေသည် သူသည် သုံးရက်နှင့် သုံးညတိုင်တိုင် အိပ်ရေးပျက်ခံ စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ပြီး အိမ်ပြန်ရောက်ပြီးနောက်တွင်လည်း အိပ်စက်အနားယူရန် အခွင့်အရေး မရသေးပေ။
သူတို့နှစ်ဦးစလုံး ခဏမျှ တိတ်ဆိတ်နေကြသည်။
ရှဲ့ယွဲ့က အရင်ဆုံး စကားစတင်လိုက်၏။
"နာနာ..."
"အင်း"
"မင်း အခု "
သူ ခဏမျှ ရပ်တန့်လိုက်ပြီး စကားလုံးများကို သေချာစဉ်းစားကာ မေးလိုက်သည်
"မင်း အဲဒီ နတ်ဆရာသခင် ရှန်ရိချန်ကို မုန်းနေတုန်းပဲလား"
ဟူလီနာ ပန်းကန်လုံးကို ကိုင်ထားရင်း ခဏမျှ တုံ့ဆိုင်းသွားရသည်။
သူမသည် သဘာဝအလျောက် "မုန်းတယ်" ဟု အလိုအလျောက် ပြောလိုက်ချင်သော်လည်း ထိုစကားလုံးက လည်ချောင်းဝတွင်တင် တစ်ဆို့နေပြီး ထွက်မလာခဲ့ပေ။
မုန်းစရာ ဘာရှိလို့လဲ။
သူမကို အတင်းအဓမ္မ စေ့စပ်စာချုပ်ချုပ်ခိုင်းလို့ မုန်းရမှာလား။ သူမရဲ့ ဘဝကို ရွှေရောင် စာလွှာကြီးပေါ်မှာ အာဏာရှင်ဆန်ဆန် ရိုက်နှိပ်ထားခဲ့လို့ မုန်းရမှာလား။
သို့သော် သူသည် သူမအား သွေးမျိုးဆက်နိုးထမှုကို ပေးသနားခဲ့ပြီး သိုင်းဝိညာဉ်ကိုလည်း သွင်ပြင်ပြောင်းလဲစေခဲ့ကာ ဝိညာဉ်စွမ်းအားကို တစ်ဆယ့်ငါးဆင့်အထိ ခုန်တက်သွားစေခဲ့သည်။
ထိုကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲ၏ အာနိသင်တစ်ခုချင်းစီက သူမ၏ လိုအပ်ချက်များနှင့် ကွက်တိ ကိုက်ညီနေခဲ့သည်။
၎င်းသည် ပြီးစလွယ် ပေးကမ်းခဲ့ခြင်းမျိုး မဟုတ်ဘဲ နှလုံးသားပါပါဖြင့် သေချာစီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
"မမုန်းတော့ပါဘူး"
ထိုစကားလုံး သုံးလုံး သူမ၏ ပါးစပ်မှ ထွက်သွားသည့် အခိုက်အတန့်တွင် ဟူလီနာ့မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။
သူမသည် ခေါင်းကို အမြန်ငုံ့လိုက်ပြီး ကြာစေ့စွပ်ပြုတ်ကို အလောတကြီး အပြင်းအထန် သောက်လိုက်ကာ ပန်းကန်လုံးအနားသတ်ဖြင့် မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားလိုက်တော့သည်။
"သူက တကယ်ပဲ အာဏာရှင်ဆန်လွန်းတယ်။ ဘာတစ်ခွန်းမှ မပြောဘဲ စေ့စပ်ကြောင်းလမ်းမှုကို စီစဉ်ပစ်လိုက်တာ၊ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုကြုံရရင် ဒေါသထွက်မှာပဲ"
သူမသည် ပန်းကန်လုံးထဲတွင် ကျန်ရှိနေသေးသော ကြာစေ့များကို စိုက်ကြည့်ရင်း အသံကို နှိမ့်ချလိုက်သည်။
"ဒါပေမဲ့ သူ နာနာ့ကို နာကျင်အောင် မလုပ်ခဲ့ဘူး။ သူလုပ်ခဲ့သမျှ အရာအားလုံးက အစကနေ အဆုံးအထိ နာနာ့ကို ကူညီပေးဖို့အတွက်ချည်းပဲ"
ရှဲ့ယွဲ့က ခေါင်းကို စောင်းပြီး သူမကို ကြည့်လိုက်သည်။
လရောင်အောက်တွင် သူ့ညီမ၏ ပါးပြင်နှစ်ဖက်က နီမြန်းနေပြီး ဆံပင်ကြားမှ ထွက်ပေါ်နေသော နားရွက်ထိပ်လေးများ၏ ပန်းနုရောင်ကိုမူ မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်ပေ။
ရှဲ့ယွဲ့၏ နှုတ်ခမ်းထိပ်လေးများ အနည်းငယ် တွန့်ကွေးသွား၏။
"မင်း ဒီရက်ပိုင်း စိတ်လွင့်နေသလိုပဲနော်"
သူက စကားကို ဖြည်းညှင်းစွာ ပြောလိုက်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဆွဲဆန့်ကာ မေးလိုက်သည်
"မင်း အဲဒီ နတ်ဆရာသခင် ရှန်ရိချန်အကြောင်းကို တွေးနေတာလား"
"အစ်ကို"
ဟူလီနာ သူ့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများက
‘နောက်ထပ်တစ်ခွန်း ထပ်ပြောကြည့်ဦး'
ဟု အော်ဟစ်နေသကဲ့သို့ ဖြစ်နေသည်။
သို့သော် ထိုနီမြန်းမှုနှစ်ခုက သူမ၏ ပါးပြင်မှတစ်ဆင့် လည်ပင်းခြေရင်းအထိ ပူလောင်စွာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ"
သူမ မျက်နှာကို လွှဲလိုက်ပြီး စကားပြောနှုန်းကလည်း သိသိသာသာ မြန်ဆန်လာခဲ့သည်
"နာနာက စူးစမ်းချင်စိတ် ရှိရုံသက်သက်ပါ။ ဒါပါပဲ။ သူ ဘယ်လိုပုံစံရှိမှန်းတောင် သမီးမသိတာ၊ ဘယ်လိုလုပ်ပြီး သူ့ကို လွမ်းဆွတ်နေရမှာလဲ"
ဟူလီနာ ထိုသို့ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းများကမူ သူမကို သစ္စာဖောက်နေခဲ့ပြီ ဖြစ်သည်။
ပြတင်းပေါက်ပြင်ပရှိ တောက်ပလှသော လရောင်ကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခု ဖြစ်ပေါ်လာမိသည်၊ ထိုလျှို့ဝှက်ဆန်းပြားလှသော လမ်းစဉ်ဆရာကြီး ဝိညာဉ်မြို့တော်သို့ မကြာမီ ရောက်ရှိလာပြီး သူမနှင့် တွေ့ဆုံနိုင်ပါစေဟူ၍ ရင်ဘတ်ထဲတွင်တော့.............