ဘုန်း...
အိမ်ခေါင်မိုးပေါ်က အဝလွန်နေသော ကြောင်ကြီးက စကားပြောပြီးသည်နှင့် အာရို ထံသို့ ကြီးမားသော ဖိအားလှိုင်းကြီးတစ်ခု ရိုက်ခတ်လာသည်။
"ဖတ်" ခနဲ အသံနှင့်အတူ အာရို တစ်ယောက် ထိုဖိအားကြောင့် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်.. ထိုကြောင်ဆီက သွေးမျိုးဆက်ထဲမှ ထွက်ပေါ်လာသော ဖိအားကြောင့် သူမ၏ လက်ခြေများမှာ လှုပ်ရှားမရတော့ဘဲ အားအင်ကုန်ခမ်းသွားရသည်.. ခုခံဖို့ဆိုတာ ဝေးစွ.. ထွက်ပြေးချင်စိတ်သာ ပြင်းထန်နေတော့သည်။
ဒါဟာ သွေးမျိုးဆက်ချင်း ဖိအားပေးခြင်းသာ ဖြစ်သည်။ ထိုကြောင်ကြီးမှာမူ ပို၍ပင် ပြင်းထန်သော မျိုးဆက်ဖိအား ကို ပိုင်ဆိုင်ထားသည်။
နှစ် ၁၀၀,၀၀၀... မဟုတ်ဘူး.. ဒါဟာ ၁၀၀,၀၀၀ ကျော်လွန်နေပြီ။ သူမ တစ်သက်လုံး တွေ့ဖူးသမျှ ဝိညာဉ်သားရဲတွေထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ သူမ ရှေ့က ကြောင်ကြီးဟာ တကယ်တော့ နှစ်ပေါင်း ၁ သန်း သက်တမ်းရှိ နှစ်တစ်သန်းဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေတာလား...
သူမ ကြယ်တာရာ တောအုပ်ကြီးမှာ မွေးဖွားကြီးပြင်းလာတာတောင် ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုမျိုး ဒီတောအုပ်ထဲမှာ ရှိနေတယ်ဆိုတာ တစ်ခါမှ မကြားဖူးခဲ့ပါ။
ဒါဟာ နှစ်ပေါင်း ၁ သန်း သက်တမ်းရှိ နှစ်တစ်သန်းဝိညာဉ်သားရဲပဲ... တစ်တိုက်လုံးမှာ တစ်ကောင်တည်း ရှိကောင်းရှိနိုင်တယ်။ ဒီလောက် အစွမ်းထက်တဲ့ သားရဲက လူသားတစ်ယောက်အောက်မှာ အညံ့ခံနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
အာရို အသက်ရှူပင် ကြပ်လာသည်။ လုံရှင်းထျန်း ဆိုတာ ဘယ်လောက်တောင် အစွမ်းထက်တဲ့သူလဲ... အဆင့်၉၉ ဘွဲ့နှင်းခံသုန့်လော် ထက်တောင် သာလွန်နေတာလား... ဒါမှမဟုတ် ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးလား... ဒီအချက်ကို တွေးမိရင်း သူမ၏ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပိုမို ယုံကြည်သွားသည်။
"ဟူး... ဟူး... အကြီးအကဲ.. ကျွန်မ ဆရာ့ရဲ့ ကျွန်.. အစေခံအဖြစ် အမှုထမ်းမှာပါ ဘယ်လို မလျော်ကန်တဲ့ အတွေးမျိုးမှ မတွေးပါဘူး" အာရို အသက်ပြင်းပြင်း ရှူရင်း ပြောလိုက်သည်။
"ကောင်းပြီ" ကြောင်ကြီးက ခေါင်းလှည့်ကာ အိပ်ပျော်သွားပြန်သည်။ ဖိအားတွေလည်း ပျောက်ကွယ်သွားသည်။
အာရို သက်ပြင်းချလိုက်သည်။ အညံ့ခံလိုက်မိ တာကံကောင်းလို.. မဟုတ်ရင် စားပွဲပေါ်က သရေစာ ဖြစ်သွားတော့မှာ.. အရင်က သူတို့ ခေါ်လာတုန်းက ခွေးနက်ကြီး က သူမကို စားဖို့ လုပ်နေတာ သူမ မှတ်မိသေးသည်။
သူမ လုံရှင်းထျန်း ကို ရှာပြီး သူမသမီးလေး ရှောင်ဝူ အကြောင်း မေးချင်သည်။ ဝိညာဉ်နန်းတော် က သူမရဲ့ ဝိညာဉ်ကွင်းနဲ့ အရိုးကို မရလိုက်တဲ့အတွက် ရှောင်ဝူ ကို လိုက်ရှာမှာ သေချာသည်။
သူမ လုံရှင်းထျန်း ခုံပေါ်မှာ အိပ်နေတာကို မြင်တော့ နီးကပ်သွားဖို့ ကြိုးစားသည်။ ဒါပေမဲ့ ရုတ်တရက် အေးစက်စက် အကြည့်များစွာက သူမဆီ ရောက်လာသည်။ သူမ လှည့်ကြည့်လိုက်ရာ စွမ်းအားကြီးမားသော ပုံရိပ်များစွာကို မြင်လိုက်ရသည်။ သူတို့ရဲ့ ဝိညာဉ်စွမ်းအင် တွေက အိမ်ထဲက ကြောင်ကြီးထက် မလျော့ပါ။
အားလုံးက နှစ်ပေါင်း ၁ သန်း သက်တမ်းရှိ နှစ်တစ်သန်းဝိညာဉ်သားရဲတွေလား... အာရို ကြက်သေသေသွားသည်။ သူမ ခြေလှမ်းတစ်လှမ်းမှတောင် မရွေ့နိုင်တော့ပေ။
"ဟင်"
လုံရှင်းထျန်း မျက်လုံးဖွင့်ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။ "မင်းမှာ ပြောစရာ ရှိလို့လား"
"ဟူး" အာရို ပတ်ဝန်းကျင်က ဖိအားတွေ ပျောက်သွားတော့မှ အသက်ရှူဝသွားသည်။ သူမ ချွေးပြန်နေလျက်ပင် လုံရှင်းထျန်း ကို ကြည့်လိုက်သည်။
"သခင်... ကျွန်မရဲ့ သမီးလေးအတွက် စိုးရိမ်နေမိလို့ပါ.. သူမ ဘေးကင်းရဲ့လားဆိုတာ သိချင်မိပါတယ်.. ဒါမှ ကျွန်မ စိတ်ချလက်ချ အမှုထမ်းနိုင်မှာမို့ပါ"
ရှောင်ဝူ လား... လုံရှင်းထျန်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "မင်းသမီးလေး ဘေးကင်းပါတယ်.. မစိုးရိမ်ပါနဲ့.. မင်း ဒဏ်ရာသက်သာရင် သူ့ကို ဒီခေါ်လာခဲ့ပေါ့"
"ကျေးဇူးတင်ပါတယ် သခင်" အာရို ဒူးထောက်ကာ အရိုအသေပေးသည်။
လုံရှင်းထျန်း ပြန်မပြောတော့ဘဲ ငါးမျှားတံကို ပြင်ဆင်နေသည်။ အာရို လည်း အနှောင့်အယှက် မပေးတော့ဘဲ နောက်ဖေးဘက်သို့ ထွက်သွားသည်။
နောက်ဖေးဘက်သို့ ရောက်သော် သူမ မျက်လုံးပြူးသွားသည်။ တစ်ခြံလုံးမှာ ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေပြီး ရှားပါး ဆေးမြစ်များစွာ ရှိနေသည်။ သူမ လေကို တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် ဒဏ်ရာများ တစ်ဝက်လောက် သက်သာသွားသည်။
ဒါ... ဒါက နတ်ဘုရားအဆင့် ဆေးမြစ် တွေလား..
အာရို အံ့သြနေစဉ်မှာပင် သူမ၏ မျက်လုံးများမှာ အဆင့်ကိုး ခရမ်းဂျင်ဆင်း ကို သွားတွေ့လိုက်သည်။ သူမ အဲဒီအပင်ကို ခူးဖို့ လုပ်စဉ်မှာပင်...
"ဟေ့... ယုန်မလေး"
စမ်းရေအိုင်ထဲမှ အသံနှစ်ခု ထွက်ပေါ်လာသည်။ သူမ လှည့်ကြည့်လိုက်ရာ ငါးကြင်း နှစ်ကောင်ကို မြင်လိုက်ရသည်။ ငါးကြင်းတွေရဲ့ နောက်မှာတော့ ဒဏ္ဍာရီလာ နဂါးကြီး နှစ်ကောင် ရှိနေသည်။
"အား" အာရို ထပ်ပြီး လဲကျသွားသည်။
ဒီနေရာက တကယ်ကို ကြောက်စရာကောင်းတာပဲ...
"အကြီးအကဲတို့.. ကျွန်မက သခင်ရဲ့ အစေခံအသစ်ပါ.. ခိုးသူ မဟုတ်ပါဘူး"
သူမကို ကြည့်ရင်း ငါးကြင်းနှစ်ကောင်က သံသယဖြစ်နေသည်။ နောက်ဆုံးတော့ သစ်ပင်ပေါ်က သိမ်းငှက်ကြီးက ဝင်ပြောပေးသည်။ "သူက သခင် ခွင့်ပြုထားလို့ ဆေးမြစ်လာခူးတာ.. မင်းတို့ ငါးလေးတွေ မနှောင့်ယှက်ပါနဲ့"
အသံမှာ မိုးကြိုးသံကဲ့သို့ပင်။ ငါးကြင်းများ ကြောက်လန့်သွားကြသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ" အာရို ချွေးပြန်လျက်ပင် ဆေးမြစ်ကို ခူးပြီး ထွက်လာခဲ့သည်။
သူမ နောက်တစ်ခါ လုံရှင်းထျန်း မရှိတဲ့ နေရာကို တစ်ယောက်တည်း မသွားတော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ ဒီခြံဝင်းထဲမှာ တစ်ချက်မှားရင်တောင် အသက်ဆုံးရှုံးနိုင်တယ်။
...
တစ်ဝက်နေ့လယ်လောက်မှာ လုံရှင်းထျန်း ငါးတစ်ကောင် ဖမ်းမိသည်။
"မင်း ဒဏ်ရာ သက်သာရဲ့လား"
"သခင် ပေးတဲ့ ဆေးကြောင့် အကုန်သက်သာပါပြီ" အာရို အရိုအသေပေးသည်။
"ကောင်းပြီ.. တစ်ချိန်ချိန်ကျရင် မင်းရဲ့ သမီးလေးကို ခေါ်လာခဲ့ပေါ့"
အာရို အခွင့်အရေးကို အသုံးချပြီး ပြောလိုက်သည်။ "သခင်.. ကျွန်မ ချက်ပြုတ်တတ်ပါတယ်"
လုံရှင်းထျန်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ.. မီးဖိုချောင်မှာ ချက်ပြုတ်နည်းတွေ ရှိတယ်.. အဲဒီအတိုင်း လိုက်လုပ်လိုက်ပါ"
အာရို ပျော်ရွှင်စွာ မီးဖိုချောင်ထဲ ပြေးဝင်သွားသည်။ သူမ အခန်းရှေ့ရောက်တော့ "ကျွန်မ သခင့်ဆီက အစေခံအသစ်ပါ ဟင်းချက်နည်း သင်မလို့ပါ။ တစ်ယောက်ယောက်ကို အနှောင့်အယှက် ဖြစ်ရင် ခွင့်လွှတ်ပေးကြပါ"
သူမ အရင်ကထက် ပိုသတိထားနေသည်။
"အိုကေ.. ဝင်ခဲ့"
သူမ ခြေရင်းဘက်က အသံတစ်သံ ကြားလိုက်ရသည်။ ခွေးနက်ကြီး က မီးဖိုချောင်ထဲ အရင် ဝင်သွားသည်။
ဟင်းချက်တဲ့ ဓားက စကားပြောနေတာကို မြင်တော့ အာရို ရဲ့ လောကအမြင်တွေ ပျက်စီးသွားသည်။ ဓားက ခွေးနက်ကြီး ကို ဒေါသတကြီး အော်နေသည်။
ခွေးနက်ကြီး က သူမကို ပြောလိုက်သည်။ "မင်း သမီးကို သွားခေါ်တဲ့အခါ ဆရာ့ကို ငါ့ကိုပါ ခေါ်သွားဖို့ ပြောပေးဦး"
"အာ"
"ဘာ 'အာ' လဲ.. ငါ့ကို ခေါ်သွားရင် မင်း ဘယ်သူ့ကိုပဲ တွေ့တွေ့ ဘာမှ ကြောက်စရာ မလိုတော့ဘူး.. နားလည်လား"
"...."
ခွေးနက်ကြီး က တစ်စုံတစ်ခုကို သတိရသွားပြီး "ပြီးတော့ ဆရာ့ကို ပြောတဲ့အခါ တစ်ရက်တည်း မဟုတ်ဘဲ ရက်အနည်းငယ် ကြာမယ်လို့ ပြော နားလည်လား"
အာရို ပြန်ဖြေခါနီး လုံရှင်းထျန်း ရောက်လာလို့ ပါးစပ်ပိတ်လိုက်သည်။
"ဝမ်ချိုင်.. မင်း ငါ့အတွက် ချက်ပေးမှာလား" လုံရှင်းထျန်း ရဲ့ အသံက ထွက်ပေါ်လာသည်။
"ဝုတ်"
ခွေးနက်ကြီး တစ်ကောင် ချွေးပြန်သွားသည်။ နောက်တစ်စက္ကန့်မှာတော့ ခြံဝင်းထဲမှာ ခွေးအော်သံကြီး ပေါ်ထွက်လာတော့သည်။