"ကောင်လေး.. ဒီတစ်ခါတော့ မင်းအတွက် အောင်ပွဲကြီးတစ်ခုကို ငါ လက်ဆောင်ပေးမယ်"
အနက်ရောင် ခွေးကြီးသည် ရွှီချင်းဟယ် နောက်မှ ဝါးတောထဲမှ ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် ကြီးမားလာပြီး ခြေတစ်လှမ်းချင်း လှမ်းတိုင်း သူ၏ ကိုယ်မှ ထွက်ပေါ်လာသော ဖိအား (ဝိညာဉ်စွမ်းအင်) မှာ ပို၍ ပြင်းထန်လာသည်။
"အကြီးအကဲ..ရဲ့ ဖိအားတွေကို အနည်းငယ်လောက် ထိန်းချုပ်ပေးလို့ မရဘူးလား"
ရွှီချင်းဟယ် သည် ငြိမ်သက်နေသော တောအုပ်ကို ကြည့်ကာ အကြံပြုလိုက်သည်။
"ဒါက ငါ့ရဲ့ အအားနည်းဆုံး ပုံစံပဲ" အနက်ရောင် ခွေးကြီးက မျက်လုံးလှန်၍ ကြည့်လိုက်သည်။
"...."ရွှီချင်းဟယ် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူ့ရှေ့က အနက်ရောင် ခွေးကြီး ထုတ်လွှတ်နေတဲ့ ဖိအားက အနည်းဆုံး နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲ တစ်ကောင်ရဲ့ ဖိအားမျိုး ဖြစ်နေတယ်။
ဒါတောင် သူ့ရဲ့ အအားနည်းဆုံး ပုံစံတဲ့လား...
"စိတ်မပူပါနဲ့.. မင်း ငါ့ကို ခေါ်ထုတ်လာတာပဲ.. မင်း ဘယ်အဆင့် ဝိညာဉ်သားရဲကို လိုချင်တာလဲ.. ငါ ချက်ချင်း ဖမ်းပေးမယ်"
အနက်ရောင် ခွေးကြီးသည် သက်သောင့်သက်သာ ဆန့်တန်းလိုက်သည်။
"အကြီးအကဲ.. ဒီတစ်ခါ အပြင်ထွက်ရတဲ့ အဓိက ရည်ရွယ်ချက်က ကိုယ်တိုင်လေ့ကျင့်ဖို့ပါ" ရွှီချင်းဟယ် လေးနှင့်မြားကို ထုတ်လိုက်သည်။
"ကောင်းပြီလေ"
အနက်ရောင် ခွေးကြီးသည် သူ၏ အားအနည်းဆုံး ပုံစံအတိုင်း ပြန်ပြောင်းသွားသည်။
လူနှင့်ခွေး တောအုပ်ထဲသို့ နက်ရှိုင်းစွာ လျှောက်သွားကြသည်။
...
ကြယ်တာရာ တောအုပ်ကြီး
ဘုန်း......
ကျယ်လောင်သော ပေါက်ကွဲသံက တောအုပ်၏ ငြိမ်သက်မှုကို ဖျက်ဆီးလိုက်သည်။ ထို့နောက် ပေါက်ကွဲသည့် ဗဟိုချက်မှ ကြောက်မက်ဖွယ် ဖိအားလှိုင်းများ ပျံ့နှံ့လာသည်။ ထိုဖိအားများက မိုင်ပေါင်းများစွာကို လွှမ်းခြုံသွားသဖြင့် တောထဲရှိ ဝိညာဉ်သားရဲများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
ထိုအချိန် ပေါက်ကွဲသည့် ဗဟိုချက်တွင်။
လူပေါင်း ဒါဇင်ခန့် ရပ်နေကြသည်။
ထိုအထဲမှ အဝါရောင်နှင့် အနက်ရောင် ဝတ်စုံဝတ်ထားသူ နှစ်ဦးမှာ ကောင်းကင်ယံတွင် ရပ်တည်နေပြီး မြေပြင်ပေါ်ရှိ ပန်းရောင် ပုံရိပ်နှစ်ခုကို အနိုင်ကျင့်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။
လူအုပ်စု ရှေ့တွင် ခန့်ညားပြီး ကောက်ကြောင်းလှပသော အမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်။
"နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲ အရိုးပျော့ယုန် ငါ့ရဲ့ ကိုးခုမြောက် ဝိညာဉ်ကွင်းအတွက်တော့ အလိုက်ဖက်ဆုံးပဲ"
ထိုအမျိုးသမီး၏ လှပသော မျက်နှာပေါ်တွင် ပရိယာယ်ကြွယ်သော အပြုံးတစ်ခု ပေါ်လာသည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ကွင်း ရှစ်ခု ပေါ်လာပြီး သူမ၏ နတ်ဆိုးပင့်ကူ ဝိညာဉ် ပေါ်ထွက်လာသည်။
ကြောက်မက်ဖွယ် ဖိအားများကြောင့် မြက်ပင်များနှင့် သစ်ပင်များပင် ပိကျသွားပြီး ဝိညာဉ်သားရဲများမှာ ကြောက်လန့်တကြား ပျပ်ဝပ်ကုန်ကြသည်။
ဝိညာဉ်နန်းတော် ၏ ပုပ်ရဟန်းမင်းကြီး အသစ်.. ပီပီတုန်း။ (ဘီဘီတုန်)
သူမသည် သူမရှေ့ရှိ ဝိညာဉ်သားရဲ မိခင်နှင့် သမီးကို အေးစက်စက် ကြည့်ကာ လက်ညှိုးကို မြှောက်လိုက်သည်။
"အကြီးကို အခုချက်ချင်း သတ်လိုက်.. အကောင်သေးကိုတော့ မွေးမြူဖို့ ဖမ်းခေါ်သွား..ဘယ်သူမှ လွတ်မသွားစေနဲ့"
"အမိန့်အတိုင်းပါ"
အဝါရောင်နှင့် အနက်ရောင် ဝတ်စုံရှင်များက တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားများဖြင့် မြေပြင်ပေါ်ရှိ ယုန်မိခင်နှင့် သမီးထံသို့ ခုန်ချလိုက်သည်။
"ရှောင်ဝူ... ပြေး"
အာရို သည် သူမ၏ လက်မှ အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ ရှောင်ဝူ ကို အုပ်စီးပြီး လွင့်စင်သွားအောင် ပစ်လွှတ်လိုက်သည်။
"မေမေ"
ရှောင်ဝူ ၏ မျက်လုံးများ နီရဲလာပြီး သူမ၏ မိခင်လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားချင်သည်။
"ဒါမင် နဲ့ အာမင် ကို သွားရှာလိုက်"
အာရို ၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ရှောင်ဝူ ကို အားကုန်သုံး၍ တွန်းပို့လိုက်သည်။
"သူမကို လွတ်မသွားစေနဲ့"
ပီပီတုန်း ၏ မျက်လုံးများ အေးစက်သွားသည်။ သူမ၏ ဝိညာဉ်ကွင်းများ လင်းလက်လာပြီး အာရို ကို သူမ၏ တောင်ဝှေးဖြင့် ရိုက်ချလိုက်သည်။
သူမ၏ နောက်တွင်ရှိသူများက ရှောင်ဝူ ကို လိုက်ဖမ်းကြသည်။
အာရို သည် သူတို့ကို ပိတ်ဆို့ရန် ကြိုးစားသော်လည်း ကျူ နှင့် တစ္ဆေသုန့်လော် တို့က သူတို့၏ ဝိညာဉ်ပေါင်းစပ်စွမ်းရည် ကို သုံးကာ နေရာကို ပိတ်ဆို့လိုက်သည်။
"အဆင့်မြင့် ရွှေကိုယ်ခန္ဓာ”
အာရို သည် ချက်ချင်းပင် ထိုစွမ်းရည်ကို အသက်သွင်းလိုက်ပြီး ထိုနေရာမှ လျင်မြန်စွာ ပျံသန်းကာ တောအုပ်၏ နက်ရှိုင်းရာသို့ ထွက်ပြေးသည်။
"လိုက်ဖမ်း"
ပီပီတုန်း နှင့် အခြားသူများက ဝိညာဉ်စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်ကာ နောက်ယောင်ခံ လိုက်ပါလာသည်။
"...."
တစ်ချိန်တည်းမှာပင်။
တောအုပ်၏ နက်ရှိုင်းရာတွင် ကောင်းကင်မှာ တဖြည်းဖြည်း မှောင်စပြုလာသဖြင့် အနက်ရောင် ခွေးကြီးမှာ စိုးရိမ်တကြီးနှင့် ပတ်ပတ်လည် လမ်းလျှောက်နေသည်။
"ကောင်လေး.. မင်းတို့ လူသားတွေရဲ့ နေထိုင်ရာက ဒီကနေ ဘယ်လောက် ဝေးသေးလဲ" ဟု သူက ရယ်ကျဲကျဲနှင့် မေးလိုက်သည်။
ရွှီချင်းဟယ် သည် သူ၏ စတုတ္ထမြောက် ဝိညာဉ်ကွင်းကို စုပ်ယူပြီးကာစဖြစ်ပြီး ကောင်းကင်ကို ကြည့်ကာ ပြောလိုက်သည်။
"အကြီးအကဲ.. ဒီနေရာက လူသားတွေရဲ့ နေထိုင်ရာနဲ့အတော်ဝေးပါတယ်..ဘယ်လိုပဲဖြစ်ဖြစ် အခုမှ သွားမယ်ဆိုရင်တော့ ညမရောက်ခင် ရောက်မှာ မဟုတ်ဘူး"
"ပျင်းစရာကောင်းလိုက်တာ" အနက်ရောင် ခွေးကြီး၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် ကုန်ဆုံးသွားသည်။
သူ အပြင်ထွက်လာတာက လူသားကမ္ဘာကို ကြည့်ချင်လို့ပါ.. ဒါပေမဲ့ ရွှီချင်းဟယ် က ဒီလောက်တောင် ရွေးချယ်တတ်လိမ့်မယ်လို့ မထင်ထားခဲ့။ နောက်ဆုံးတော့ နှစ်ပေါင်း ၁၀,၀၀၀ ကျောက်စိမ်းငန်းကိုပဲ သတ်ပြီး ဝိညာဉ်ကွင်း စုပ်ယူလိုက်တာ တစ်ရက်နီးပါးကြာလေသည်။
ညမရောက်ခင် ဝါးတောကို ပြန်မရောက်ရင်။
လုံရှင်းထျန်း ရဲ့ ရိုက်နှက်မှုကို ခံရမှာ သေချာတာကြောင့် သူ့စိတ်တွေ ပျက်ကုန်ပြီ။
"အကြီးအကဲ.. ပြန်ကြမလား"
ရွှီချင်းဟယ် လည်း လူသားနယ်မြေကို ပြန်ချင်သော်လည်း သူ အခုထိ အားနည်းနေသေးသည်။
ကံကောင်းသည်မှာ လွန်ခဲ့သော တစ်နှစ်အတွင်း သူ့၏ လေ့ကျင့်မှုမှာ အတော်လေး ကောင်းမွန်ခဲ့ပြီး စွမ်းအားများ တိုးတက်လာသဖြင့် သူ၏ ဒုတိယ ဝိညာဉ်ကို မသုံးဘဲ သာမန် နှစ်ပေါင်း ၁,၀၀၀ ဝိညာဉ်သားရဲများကို တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
"ပြန်ကြမယ်"
အနက်ရောင် ခွေးကြီးသည် ဆန့်တန်းလိုက်သည်။ "အပြင်မှာ ဟိုဟိုဒီဒီ မသွားရတာ တစ်မျိုး.. ဒီမှာလည်း အဖော်လုပ်စရာ ဝိညာဉ်သားရဲမလေး မရှိဘူး မင်း အိမ်ပြန်ရောက်ရင် ဆရာ့ကို ငါ့အတွက် အဖော်ရှာပေးဖို့ ပြောပေးပါလား"
"...."
ရွှီချင်းဟယ် တိတ်ဆိတ်သွားသည်။
အနက်ရောင် ခွေးကြီး၏ စကားကို ပြန်မဖြေဘဲ သူသည် ထွက်ခွာရန် ပြင်လိုက်သည်။
"စောင့်ဦး"
အနက်ရောင် ခွေးကြီးသည် ခြေလေးချောင်းကို ရပ်တန့်လိုက်ပြီး ဝေးလံသော နေရာကို ခေါင်းဖြင့် စူးစမ်းကြည့်သည်။
"အကြီးအကဲ.. တစ်ခုခု ဖြစ်လို့လား" ရွှီချင်းဟယ် စိုးရိမ်စွာ မေးလိုက်သည်။
အနက်ရောင် ခွေးကြီးသည် နှာခေါင်းကို ရှုံ့လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"လူသားတွေရဲ့ အနံ့ကို ငါရတယ် တစ်ယောက်ယောက်က ဒီဘက်ကို လာနေတယ်.. မင်းတို့ လူသား ဝိညာဉ်သခင်တွေ ဖြစ်ရမယ်... သူတို့က ယုန်ပေါက်လေးတစ်ကောင်ကို လိုက်ဖမ်းနေတာ.. အဲဒါက နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲ ဖြစ်မယ်ထင်တယ်"
"...."
"နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲ"
ရွှီချင်းဟယ် မျက်ခုံးများ တွန့်ချိုးသွားသည်။
"နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲကို အမဲလိုက်နိုင်ဖို့ဆိုရင် အနည်းဆုံး ဘွဲ့နှင်းခံသုန့်လော် နှစ်ဦးလောက်တော့ ပါမှာပဲ။ ဆိုလိုတာက ဘွဲ့နှင်းခံသုန့်လော် တွေ ဒီဘက်ကို လာနေတာလား"
"...."
"ဘွဲ့နှင်းခံသုန့်လော်... သူတို့က သိပ်ပြီး အစွမ်းမထက်သလိုပဲ"
အနက်ရောင် ခွေးကြီး၏ မျက်လုံးတွင် စိတ်ဝင်စားမှု တစ်ခု ပေါ်လာသည်။
"ကောင်လေး.. မင်းတို့ လူသားထဲမှာ ဘွဲ့ရသုန့်လော် တွေက ဘယ်အဖွဲ့အစည်းက များလဲဆိုတာ သိလား"
ဘယ်အဖွဲ့အစည်းလဲ...
ရွှီချင်းဟယ် စဉ်းစားလိုက်သည်။
သုန့်လော် တိုက်ကြီးတစ်ခုလုံးတွင် ဘွဲ့နှင်းခံသုန့်လော် ရှိသော အဖွဲ့အစည်းမှာ နည်းပါးသည်။
နှစ်ဦးတစ်ပြိုင်နက် လှုပ်ရှားနိုင်သော အဖွဲ့မှာ ပို၍ပင် နည်းပါးသည်။ ထို့အပြင် နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲများကို အမဲလိုက်ခြင်းတွင် နာမည်ကြီးသော အဖွဲ့မှာ တစ်ခုတည်းသာ ရှိသည်။
ဝိညာဉ်နန်းတော်...
ဒါကို တွေးမိလိုက်သောအခါ ရွှီချင်းဟယ် ၏ မျက်နှာမှာ မှောင်မိုက်သွားသည်။
"အကြီးအကဲ.. သူတို့က ဘယ်သူတွေလဲဆိုတာ ကျွန်တော် သိပြီ"
"ဘယ်သူလဲ"
"ကျွန်တော့်ရဲ့ ရန်သူတွေ"
"မင်း သူတို့ကို သွားသတ်ပေးဖို့ ငါ့ကို ခိုင်းမလား"
"ကျွန်တော့် ဆရာ ပြောဖူးတယ်.. ကိုယ့်ရန်ငြိုးကို ကိုယ်တိုင် လက်စားချေမှ စိတ်အေးချမ်းရမယ်တဲ့"
"...."အနက်ရောင် ခွေးကြီးသည် သူ့ကို စောင်းကြည့်လိုက်သည်။ "မင်းက တကယ်ပဲ ဂုဏ်သိက္ခာ ရှိသားပဲ"
သို့သော် ချီးကျူးလိုက်ပြီးသည်နှင့် ရွှီချင်းဟယ် က ခေါင်းကို ကုတ်ကာ ပြောသည်။
"ဒါပေမဲ့ စီနီယာသာ သူတို့ရဲ့ ဘွဲ့နှင်းခံသုန့်လော် တစ်ယောက်.. နှစ်ယောက်ကို သတ်ပေးနိုင်ရင်တော့ ပိုကောင်းမှာပေါ့။ ဒါမှမဟုတ် သူတို့ ဒီဝိညာဉ်သားရဲကို မရအောင် အနှောင့်အယှက် ပေးလိုက်ပါ ဒါဆို ဝိညာဉ်နန်းတော် ရဲ့ အင်အား တစ်ဝက်လောက် လျော့သွားမှာပဲ"
"...."
လူနှင့်ခွေးသည် စကားအနည်းငယ် ပြောလိုက်သည်နှင့် အချိန်မမှောင်ခင် ဝိညာဉ်နန်းတော် ကို အနှောင့်အယှက်ပေးရန် စီစဉ်လိုက်ကြသည်။
ဝုန်း…ဝုန်း......
ဝိညာဉ်နန်းတော် အဖွဲ့နှင့် အာရို တို့၏ တိုက်ပွဲမှာ တဖြည်းဖြည်း နီးကပ်လာသည်။
အချိန်ကြာလေလေ အာရို ၏ မျက်နှာမှာ ပို၍ လေးနက်လာလေလေ ဖြစ်သည်။
ရှေ့မှာ ဝါးတောတစ်ခု ရှိတယ်..ဒါမင် နဲ့ အာမင် တို့ အရင်ကအဲဒီနား ရောက်တုန်းက အသက်တောင် မနည်းလွတ် အောင်ပြေးခဲ့ရတာတဲ့ ဒါပေမဲ့ အခု အသက်ရှင်ဖို့ဆိုရင် အဲဒီ ဝါးတောထဲကို အတင်းတိုးဝင်ကြည့်ဖို့ပဲ ရှိတော့တယ်..
သူမ၏ ရည်မှန်းချက် ပန်းတိုင် ရောက်သောအခါ နောက်ဆုံးကျန်ရှိသော စွမ်းအားများဖြင့် အားကုန် ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင်။
နောက်က လိုက်လာသော ဝိညာဉ်နန်းတော် အဖွဲ့မှာလည်း တစ်ခုခုကို သတိရသွားသည်။
"ပုပ်ရဟန်းမင်းကြီး.. ရှေ့မှာ ဝါးတောတစ်ခု ရှိတယ်.. အဲဒီနေရာမှာ နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲထက် အဆပေါင်းများစွာ သာလွန်တဲ့ အရာတစ်ခု ရှိနေပုံရတယ်..အခုလို အခြေအနေမှာ အဲဒီထဲကို အတင်းတိုးဝင်မယ်ဆိုရင်"
ကျူ နှင့် တစ္ဆေသုန့်လော် တို့က သတိပေးသည်။
ပီပီတုန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ဒါဆိုရင် ဒီယုန်ကို အားကုန်သုံးပြီး သတ်လိုက်"
"ဟုတ်ကဲ့"
ကျူ နှင့် တစ္ဆေသုန့်လော် တို့သည် ကောင်းကင်သို့ ပြန်တက်သွားပြီး သူတို့၏ ကိုးခုမြောက် ဝိညာဉ်ကွင်းများ လင်းလက်လာကာ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။
ဝင်ရိုးနှစ်ခု တည်ငြိမ်မှု နယ်ပယ်…
ဟွမ်......
ကြောက်မက်ဖွယ်ကောင်းသော တည်ငြိမ်မှု စွမ်းအားတစ်ခုက အာရို ကို ဝိုင်းရံသွားသည်။ သူမသည် စွမ်းရည်ကို မသုံးနိုင်တော့ပေ။
နယ်ပယ် ကျရောက်လာသည့်အချိန်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွေ့လျားမှု မရှိဘဲ တောင့်ခဲသွားသည်။
"ပုပ်ရဟန်းမင်းကြီး.. အမြန်တိုက်လိုက်"
ကျူ နှင့် တစ္ဆေသုန့်လော် တို့ အော်ဟစ်လိုက်သည်။
ပီပီတုန်း နောက်မဆုတ်တော့ပေ။
သူမ၏ ဝိညာဉ်ကွင်းများ ပွင့်လန်းလာပြီး ခုနစ်ခုမြောက်နှင့် ရှစ်ခုမြောက် ဝိညာဉ်စွမ်းရည်များကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။
သူမ၏ သတ်ဖြတ်သူ နတ်ဘုရား နယ်ပယ်က ချဲ့ထွင်လာပြီး ဝင်ရိုးနှစ်ခု တည်ငြိမ်မှု နယ်ပယ် ကို အက်ကြောင်းတစ်ခု ပေးလိုက်သည်။ အေးစက်သော အလင်းတန်းကို ထုတ်လွှတ်နေသော တောင်ဝှေးက အာရို ထံသို့ ထိုးစိုက်သွားသည်။
ပြီးဆုံးသွားပြီ...
အာရို မျက်လုံးများကို တင်းတင်းမှိတ်လိုက်သည်။
သူမ ဘာစွမ်းရည်မှ မသုံးနိုင်တော့ပေ။ ထိုအချိန်တွင် သေခြင်းတရားကိုသာ စောင့်မျှော်နေရတော့သည်။
"ဟား..ဟား..."
နှစ်ဖက်စလုံး အရာအားလုံး ပြီးဆုံးတော့မည်ဟု ခံစားနေရချိန်တွင် အေးစက်ပြီး ထိတ်လန့်ဖွယ်ကောင်းသော ရယ်သံတစ်ခုက အချိန်နှင့် အာကာသကို ဖောက်ထွက်ကာ တိုက်ပွဲမြေပြင် ဗဟိုချက်သို့ ကျရောက်လာသည်။
ဘုန်း...
ထိုရယ်သံမှာ ထက်မြက်သော မြားတစ်စင်းကဲ့သို့ အရာအားလုံးကို ဖောက်ထွက်သွားသည်။
ဝင်ရိုးနှစ်ခု တည်ငြိမ်မှု နယ်ပယ် မှာ ပြိုကွဲသွားပြီး ကောင်းကင်နှင့် မြေပြင်များ တုန်ခါသွားသည်။
လူတိုင်း၏ တိုက်ခိုက်မှုများမှာ ပြတ်တောက်သွားသော တူရိယာကြိုးများကဲ့သို့ အရာမထင် ပျောက်ကွယ်သွားသည်။
ဘွဲ့နှင်းခံသုန့်လော် နှစ်ဦးမှာ သွေးအန်ကာ ကောင်းကင်မှ ပြုတ်ကျသွားကြသည်။
မိုင်ပေါင်းများစွာအတွင်းရှိ ဝိညာဉ်သခင်များစွာမှာ နားစည်များ ပေါက်ပြဲသွားပြီး ခေါင်းကိုကိုင်ကာ အော်ဟစ်နေကြသည်။
ဒါတင်မကဘဲ ပီပီတုန်း ကို ဝိုင်းရံထားသည့် နတ်ဘုရားသတ်ဖြတ်သူ နယ်ပယ်မှာလည်း တိုဟူး ကဲ့သို့ အက်ကွဲသွားသည်။
ထိုအချိန်တွင် ထိုအေးစက်သော ရယ်သံတစ်ခုသာ ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်နေသည်။
လူတိုင်းသည် ထိုအသံလာရာကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
…