လုံကျန်း အကယ်ဒမီနှင့် ရှီလိုင်ခဲ့ အကယ်ဒမီ၏ အဝင်ဝတွင် လူရာပေါင်းများစွာသည် အံ့ဩတကြီး ငေးကြည့်နေကြသည်။
အသက် ၁၄ နှစ်အောက် မိန်းကလေးငယ် လေးဦးတွင် ဝိညာဉ်ကွင်းများ ပေါ်ထွက်နေပြီး အားလုံးမှာ ဝိညာဉ်ဘိုးဘေး အဆင့်ထက် ကျော်လွန်နေကြသည်။
"ရှီလိုင်ခဲ့ အကယ်ဒမီ"
"သာမန်လူတွေကို မလက်ခံဘဲ ထူးချွန်တဲ့သူတွေကိုပဲ ခေါ်တာလား"
မိန်းကလေးငယ်များက ထန်ဆန်း.. ရှောင်ဝူနှင့် ဒိုင်မူဘိုင်းတို့ဘက်ကို လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"အသက် ၁၂ နှစ်.. အဆင့် ၂၁ နဲ့တင် ပါရမီရှင်လို့ ခေါ်လို့ရပြီလား ငါ့မျက်စိထဲမှာဆိုရင်တော့ ဒါဟာ အမှိုက်တောင်ပဲ"
"မင်း..."
ဒိုင်မူဘိုင်း ဒေါသထွက်သွားသည်။
သို့သော် ဟူလီနာ၏ ဝိညာဉ်စွမ်းရည်ကြောင့် သူ လွင့်စင်သွားရသည်။
ရှီလိုင်ခဲ့၏ ဆရာက ဒေါသတကြီးဖြင့် ဝိညာဉ်ကွင်း ၅ ခုကို ထုတ်ဖော်လိုက်သည်။
"ဘုန်း"
သို့သော် ရွှီချင်းဟယ်၏ ဖိအားကြောင့် သူ တုပ်တုပ်မျှ မလှုပ်နိုင်ပေ။ ရွှီချင်းဟယ်က သူ့ပခုံးကို ဖက်ကာ ပြောသည်။
ကျောင်းတိုင်းမှာ ဝင်ခွင့်စာမေးပွဲ ရှိတယ်၊ ငါတို့ကျောင်းနှစ်ကျောင်းလည်း ခြွင်းချက်မရှိ ဖြစ်သင့်တယ် မဟုတ်လား ငါ့အမြင်အရ သူတို့ကို စစ်ဆေးဖို့ တစ်ယောက်လောက် က စစ်ဆေးပေးရင် ဘယ်လိုနေလဲ"
"..."
"ငါ့ ကျောင်း၀င်ခွင့်ဖြေမဲ့သူက ဒဏ်ရာရထားတယ်လေ"ဟုဆိုကာ ကျောက်ကျန်းဝူ က ငြင်းပယ်လိုက်သည်။
"အသေးအမွှားလေးပါ"
ရှဲ့ချင်းဟဲက လက်မြှောက်လိုက်ရာ အနာကျက်စေသော စွမ်းအင်လှိုင်းတစ်ခု ကျဆင်းလာပြီး၊ ထိခိုက်ဒဏ်ရာရထားသူ အားလုံးကို မူလအခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားစေသည်။
တန်ဆန်းနှင့် အခြားသူတို့က ရွှီချင်းဟယ် သည် အမှန်တကယ်ပင် ကုသရေးအမျိုးအစား ဘွဲ့နှင်းခံသုန့်လော် ဖြစ်နေသည်ကို မယုံကြည်နိုင်ကြဘဲ ကြည့်နေကြသည်။
ရွှီချင်းဟယ်က ဆက်ပြောလိုက်သည်။
"ဘေးချင်းကပ်နေတဲ့ ကျောင်းတွေပဲ.. တစ်ယောက်နဲ့တစ်ယောက် ကူပြီးစမ်းသပ်စစ်ဆေးပေးကြတာ ပိုကောင်းပါတယ် ငါ့အတွက်ပါ စစ်ဆေးပေးလေ"
"..."
ရွှီချင်းဟယ်၏ တိုက်တွန်းချက်ကြောင့် နောက်ဆုံးတွင် ကျောက်ကျန်းဝူက ၀င်ခွင့်စာမေးပွဲစစ်ဆေးသူအဖြစ် လက်ခံလိုက်ရသည်။
"လူအိုကြီးကျောက် .. မင်းရဲ့ ကျင့်ကြံမှု ဘယ်လိုရှိလဲ"
ရွှီချင်းဟယ်က ကျောက်ကျန်းဝူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဒီကလေးမလေးတွေကို မြင်လား သူတို့က ငါ့ဆရာရဲ့ မိန်းမတွေ….မင်းတပည့်တွေ အပြင် သူတို့ကိုပါစစ်ဆေးပေး”
"..."
ကျောက်ကျန်းဝူက ပြန်ပြောသည်။
"မင်းဆရာရဲ့ မိန်းမဖြစ်စေဦးတော့.. မင်းဆရာကိုယ်တိုင် လာရင်တောင် ငါ ဂရုမစိုက်ဘူး"
"မဟုတ်ဘူး" ရွှီချင်းဟယ် ခေါင်းခါသည်။
"ငါပြောချင်တာက မင်းသူတို့ကိုစစ်ရင် သူတို့လက်ချက်နဲ့ အသက်မသေခင် အရှုံးပေးဖို့ သတိရပါလို့ ပြောတာပါ"
"ဟားဟားဟား" ကျောက်ကျန်းဝူ ရယ်မောလိုက်သည်။ "ဝိညာဉ်ဘုရင် အဆင့်တောင် မရောက်သေးတဲ့ ကလေးတွေကို ငါ့ကို အနိုင်ယူနိုင်မယ်လို့ ပြောတာလား..."
"မယုံဘူးလား" ရွှီချင်းဟယ် မျက်ခုံးပင့်သည်။
"ကတိပေးတယ် ငါ့တပည့်တွေရော.. သူတို့ရော ငါ့ခံစစ်ကို ဖောက်နိုင်ရင် ငါ ဒီနေရာမှာပဲ အရှုံခံလိုက်မယ်"
...
တစ်ချိန်တည်းမှာပင် ဝါးတောခြံဝင်းအတွင်း၌ လုံရှင်းထျန်းသည် စနစ်မျက်နှာပြင်မှတစ်ဆင့် စမ်းသပ်ပွဲကို တိုက်ရိုက် ကြည့်ရှုနေသည်။
"ဟဲဟဲ.. ကျောက်ကျန်းဝူတော့ ခံရတော့မယ်"
အာရိုက သူ့ကို စပျစ်သီး ခွံ့ကျွေးနေသည်။ သူ၏ ဘေးတွင် ကူယွဲ့နာက စက်ကိရိယာ၏ ထူးခြားပုံကို စိတ်ဝင်တစား ကြည့်နေသည်။
"မင်း သူနဲ့ သိလား" ကူယွဲ့နာက မေးသည်။
"သိရုံတင်မကဘူး မင်းအကြောင်း အပါအဝင် လူတိုင်းရဲ့ အကြောင်းကို ငါ အကုန်သိတယ်.. မဟုတ်လား" လုံရှင်းထျန်းက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ကူယွဲ့နာ တိတ်ဆိတ်သွားသည်။ သူမ ဒီကို ရောက်စကပင် လုံရှင်းထျန်းက သူမ၏ ဘဝဇာတ်ကြောင်းကို အကုန်ပြောပြနိုင်ခဲ့သဖြင့် သူမ ယုံကြည်သွားခဲ့သည်။
"တကယ်တော့... ငါ သိချင်တာက.. ငါသာ ဒီခြံဝင်းထဲကို မရောက်ခဲ့ရင် ငါ့ဘဝက ဘယ်လို ဖြစ်သွားမလဲ" ကူယွဲ့နာက မေးသည်။
"မင်း တကယ်ပဲ စမတ်ကျတာပဲ.. နောက်ထပ် ကမ္ဘာတစ်ခုမှာဆိုရင် မင်းရဲ့ဘဝက လုံးဝ တခြားစီပဲ"
လုံရှင်းထျန်းက ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ "မင်းသာ ဒီကို မရောက်ခဲ့ရင် မင်းရဲ့ ကိုယ်ပွားကို လူ့လောကထဲ ပို့ပြီး သူတို့နဲ့ ရောနှောကာ ကြီးမားတဲ့ အကြံအစည်တစ်ခု ဆွဲလိမ့်မယ်။ အဲဒီအချိန်မှာ မင်းက လူသားတစ်ယောက်နဲ့ တွေ့ပြီး ချစ်မိသွားလိမ့်မယ်..နောက်ဆုံးတော့ မတူညီတဲ့ အတွေးအခေါ်တွေကြောင့် နှစ်ယောက်လုံး ပျက်စီးသွားလိမ့်မယ်"
ကူယွဲ့နာ တိတ်ဆိတ်သွားသည်။ သူမသည် လူသားတစ်ယောက်ကို ချစ်မိဖို့ဆိုတာ မဖြစ်နိုင်ဟု ယူဆထားသူဖြစ်သည်။
ထိုစဉ် အာရိုက စိတ်လှုပ်ရှားစွာ မေးသည်။
"ဆရာကြီး... ကျွန်မသာ ဆရာကြီးနဲ့ မတွေ့ခဲ့ရင်ရော.. ကျွန်မရဲ့ ကံကြမ္မာက အလွန်ဆိုးရွားမှာလား"
လုံရှင်းထျန်းက သူမကို သူ၏ အနားတွင် လှဲစေကာ ပြောသည်။
"ဆိုးရွားမှာပေါ့။ မင်းသာ ငါနဲ့ မတွေ့ခဲ့ရင် မင်းက 'ပီပီတုန်း’ ရဲ့ လက်ချက်နဲ့ အသတ်ခံရပြီး မင်းရဲ့ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးကို သိမ်းယူသွားလိမ့်မယ်.. ပြီးတော့ မင်းရဲ့ သမီး 'ရှောင်ဝူ' ကလည်း ထန်ဆန်းနောက်ကို လိုက်သွားရင်း ဝိညာဉ်ကျောင်းတော်ရဲ့ အမဲလိုက်တာကို ခံရပြီး ထန်ဆန်းအတွက် သူ့ကိုယ်သူ စတေးသွားလိမ့်မယ်"
"ဘာ..." အာရို တုန်လှုပ်စွာ ထထိုင်သည်။ သူမ၏ သမီး ရှောင်ဝူက အသတ်ခံရမှာလား..
"စိတ်အေးအေးထားပါ.. ငါ ပြောတာ ဆက်နားထောင်..." လုံရှင်းထျန်းက သူမကို နှစ်သိမ့်လိုက်သည်။