"ဟမ့်"
ရှောင်ဝူက နှာခေါင်းရှုံ့လိုက်သည်။ ရွှီချင်းဟယ် သူမကို အလွယ်တကူ တိုက်ခိုက်မည်မဟုတ်ကြောင်း သိသည့်အတွက် သူမက ရဲရဲဝံ့ဝံ့ပင် တောင်းဆိုလိုက်သည်။
"အစ်ကိုကြီး ရွှီချင်းဟယ်.. တတိယအစ်ကိုက အစ်ကို့ကို စကားနည်းနည်း ပြောလိုက်တာနဲ့ အခုလို ပြင်းထန်တဲ့ ဒဏ်ရာရအောင် လုပ်ရလား အစ်ကို့ဆီမှာ ဆေးမရှိဘူးလား.. ပေးလိုက်လေ"
"..."
ရွှီချင်းဟယ်မှာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ နားကိုပင် မယုံနိုင်ပေ။
ဤယုန်မလေးမှာ အပြင်ထွက်ခဲ့သည်မှာ ခြောက်နှစ်ရှိပြီဖြစ်ရာ ဒီလောက်ထိ လွန်ကဲလာရသနည်း ကံကောင်းစွာဖြင့် သူသည် လုံရှင်းထျန်း၏ ဘေးတွင် နေထိုင်ရင်း များစွာ သင်ယူခဲ့ရသဖြင့် အကျင့်စာရိတ္တအရ အနိုင်ကျင့်ခံရမည့်အရေးမှ လွတ်မြောက်ခဲ့သည်။
"မင်းက လွတ်လပ်မှုကို ရှာနေတာ မဟုတ်ဘူးလား တခြားသူတွေကို လိုက်ပြီး အားကိုးနေတာလား ငါတို့ဆီက ထွက်သွားပြီးနောက်ပိုင်း လူတစ်ယောက်ကိုတောင် မကယ်နိုင်တော့ဘူးလား"
ရွှီချင်းဟယ်က ရယ်မောကာ ပြောသည်။
"မဖြစ်နိုင်တာ တကယ်ပဲ မဖြစ်နိုင်တာ လွတ်လပ်မှုအကြောင်း အကျယ်ကြီးပြောပြီး အရေးကြုံတော့ မိသားစုကို အကူအညီတောင်းနေတာလား"
"..."
"ရွှီချင်းဟယ်"
ရှောင်ဝူ၏ မျက်နှာပေါ်တွင် ဒေါသများ ဖုံးလွှမ်းလာသည်။ သူမ စတင်ရန်ပြင်ဆင်စဉ် ထန်ဆန်းက တားလိုက်သည်။
"ထားလိုက်ပါ ရှောင်ဝူ.. ကျွန်တော့်ကြောင့်နဲ့ မင်းတို့ မိသားစုချင်း ရန်မဖြစ်ပါနဲ့.. မဟုတ်ရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘူး"
ထန်ဆန်းသည် လျှို့ဝှက်စွာ သူ့ရဲ့အစွမ်းကို လည်ပတ်စေလိုက်သည်။ ရှောင်ဝူ၏ မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။
"တတိယအစ်ကို.. အစ်ကိုက တခြားသူတွေနဲ့ မတူဘဲ နားလည်မှု အပေးနိုင်ဆုံးပါပဲ"
"..."
ရွှီချင်းဟယ်မှာ ထိုအကြောင်းများကို နားထောင်နေဖို့ စိတ်မပါတော့ပေ။ သူသည် ခုံတစ်လုံးရှာပြီး ထိုင်ကာ အသံချဲ့စက်ထုတ်၍ အော်လိုက်သည်။
"လုံကျန်း အကယ်ဒမီ ပါရမီ ဘယ်လောက်ရှိရှိ ဝိညာဉ်စွမ်းအားသာ ရှိရင် အခမဲ့ ကျောင်းတက်နိုင်တယ်"
ဘွဲ့နှင်းခံသုန့်လော် တစ်ယောက်က ကုန်ပစ္စည်း လိုက်ရောင်းသကဲ့သို့ အော်နေသည်ကို မြင်ရသူတိုင်း အံ့အားသင့်သွားကြသည်။
ရှောင်ဝူသည် ထန်ဆန်းကို တွဲလျက် ရှီလိုင်ခဲ့ အကယ်ဒမီ၏ အဝင်ဝသို့ ရောက်သွားသည်။ ဒိုင်မူဘိုင်းက ထန်ဆန်းကို ချက်ချင်း မှတ်မိသွားသည်။
"ငါ ပြောခဲ့သားပဲ.. ပြန်တွေ့ကြမယ်လို့" ဒိုင်မူဘိုင်းက ပြုံးစစဖြင့် ပြောသည်။
"ဒါပေမဲ့ မင်းကတော့ သနားစရာကောင်းလောက်အောင် ပျက်စီးနေတာပဲ အနံ့ဆိုးတိုဖူး တစ်ခုလောက် စားမလား"
"အော်စကာ"
ဒိုင်မူဘိုင်းက အော်စကာကို လှမ်းခေါ်လိုက်သည်။ အော်စကာသည် အမွှေးအမျှင်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် တိုဖူးများကို ရောင်းချနေသည်။
"..."
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ ထိုတိုဖူးမှာ အနံ့ဆိုးလွန်းလှသည်
"တစ်ခု စားကြည့်လိုက်"
ဒိုင်မူဘိုင်းက တိုဖူးအချို့ကို ထန်ဆန်းလက်ထဲ ထည့်ပေးလိုက်သည်။ ထန်ဆန်းမှာ ငြင်းဆန်ချင်သော်လည်း တိုဖူးထဲတွင် ပါဝင်သော ဝိညာဉ်စွမ်းအားကို သတိပြုမိသဖြင့် နှာခေါင်းကို ပိတ်ကာ မျိုချလိုက်သည်။
ချက်ချင်းပင် ထန်ဆန်း၏ ဒဏ်ရာများမှာ သက်သာသွားသည်။
"အစားအစာ ဝိညာဉ်သခင်တစ်ယောက်လား..." ထန်ဆန်း အံ့ဩသွားသည်။
"တောက်" လုံကျန်း အကယ်ဒမီဘက်မှ ရွှီချင်းဟယ်က လှောင်ပြောင်လိုက်သည်။
"ဖလန်ဒါလို အသုံးမကျတဲ့သူနောက်ကို လိုက်နေတဲ့ အမိုက်အမဲလေးပဲ တစ်သက်လုံး ဘွဲ့နှင်းခံသုန့်လော် အဆင့်ကိုတောင် ရောက်မှာ မဟုတ်ဘူး။ ..ပါရမီတွေကို ဖြုန်းတီးနေလိုက်တာ"
ရှောင်ဝူက မျက်နှာကို ဖောင်းကားကာ ပြန်ပြောသည်။
"အစ်ကို့ရဲ့ စိတ်သဘောထားက ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ လူတိုင်းမှာ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ ကျွန်မ ပြောပြီးသားပါ..ဘာလို့ အမြဲတမ်း တခြားသူတွေကို လှောင်ပြောင်နေရတာလဲ"
ရွှီချင်းဟယ်က မျက်လုံးကို လှိမ့်လိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။
ထိုစဉ် ဝေးလံသော နေရာမှ လှောင်ပြောင်သည့် အသံများ ထွက်ပေါ်လာသည်။
"အစားအစာ ဝိညာဉ်သခင်ဆိုတာ တကယ်ရှားပါးတယ်.. အထူးသဖြင့် မွေးရာပါ ဝိညာဉ်စွမ်းအား ရှိတဲ့သူတွေပေါ့"
လူတိုင်း လှည့်ကြည့်လိုက်ရာ ဆွဲဆောင်မှုရှိသော မိန်းကလေးငယ် သုံးဦး လျှောက်လာသည်ကို မြင်လိုက်ရသည်။
"ရှင်တို့က ဘယ်သူတွေလဲ" ရှောင်ဝူ မျက်မှောင်ကြုတ်လိုက်သည်။
"ဟားဟားဟား" ရွှီချင်းဟယ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"သူတို့က ငါ့ရဲ့ ညီမငယ်လေးတွေလေ နောက်ဆုံးတော့ ရောက်လာကြပြီပေါ့..မင်းတို့ မရောက်လာရင် ငါ့အကယ်ဒမီ ပိတ်ရတော့မှာ"
"..."
"မင်း လိုအသုံးမကျတဲ့သူ" နင်ရုံရုံက နှာခေါင်းရှုံ့သည်။ "ဘယ်သူက မင်းရဲ့ ညီမငယ် ဖြစ်ချင်လို့လဲ"
"တကယ်တော့ ကျွန်မက ဖြစ်ချင်ပါတယ်"
တူကူယန်က ရှက်ရွံ့စွာ ပြောသည်။
"သေလိုက်စမ်း" ဟူလီနာက သူမကို စူးစိုက်ကြည့်လိုက်သည်။
ဒိုင်မူဘိုင်းနှင့် အော်စကာတို့မှာ ထိုမိန်းကလေးများ၏ အလှတရားကြောင့် ကြည့်မဝ ဖြစ်နေကြသည်။ ဟူလီနာက သူမ၏ ဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။
"ချစ်စရာ မြေခွေး ဝိညာဉ်.. ဝိညာဉ်ကွင်း လေးခု"
သူမ၏ စွမ်းရည်ကြောင့် ဒိုင်မူဘိုင်းမှာ ခေါင်းကို ကိုင်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
"သေစမ်း မင်းတို့က ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့" ဒိုင်မူဘိုင်း ဒေါသထွက်စွာ အော်သည်။
ထိုစဉ် အနက်ရောင် ဝတ်စုံဖြင့် မိန်းကလေးငယ် တစ်ဦး လျှောက်လာသည်။ သူမမှာ 'ကျူးကျူးချင်း' ဖြစ်သည်။ သူမက ရှီလိုင်ခဲ့ အကယ်ဒမီကို ကြည့်ကာ လှောင်ပြောင်သည်။
"ရှီလိုင်ခဲ့ အကယ်ဒမီက ထူးချွန်သူတွေကိုပဲ လက်ခံတယ်လို့ ကြားမိတယ်.. ဘယ်လို လူမျိုးတွေကို ထူးချွန်သူခေါ်တာလဲ"
ရှီလိုင်ခဲ့၏ ဆရာက ချောင်းဟန့်ကာ ပြောသည်။
"အသက် ၁၂ နှစ် မတိုင်ခင် ဝိညာဉ်သခင် အဆင့်ကို ရောက်တဲ့သူတွေကို ပါရမီရှင်လို့ ခေါ်တာပေါ့"
ကျူးကျူးချင်းက ရယ်မောကာ ပြောသည်။
"ဒါဆိုရင် ကျွန်မက ပါရမီရှင် မဟုတ်တဲ့အတွက် ရှီလိုင်ခဲ့မှာ ဝင်ခွင့်မရှိ တော့ဘူးပေါ့..ဒါဆိုရင် လုံကျန်း အကယ်ဒမီကိုပဲ ဝင်လိုက်တော့မယ်"
လူအများမှာ လှောင်ပြောင်ကြသည်။
"ဟက်.. ပါရမီရှင် ထင်နေတာ.. အခုတော့ ပုံစံဖမ်းနေတာပဲ"
သို့သော် ကျူးကျူးချင်းက သူမ၏ ဝိညာဉ်ကို ထုတ်ဖော်ပြသလိုက်သည်။
"ကျူးကျူးချင်း.. အသက် ၁၂ နှစ်.. အဆင့် ၃၇ ဝိညာဉ် ဘိုးဘေး"
"ဘာ ၁၂ နှစ်မှာ အဆင့် ၃၇ လား..."
တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် ဟူလီနာ.. နင်ရုံရုံနှင့် တူကူယန်တို့ကလည်း မိမိတို့၏ အဆင့်များကို ထုတ်ဖော်ပြသလိုက်ကြသည်။
နင်ရုံရုံ: အသက် ၁၂ နှစ်.. အဆင့် ၃၉။
တူကူယန်: အသက် ၁၄ နှစ်.. အဆင့် ၄၂။
ဟူလီနာ: အသက် ၁၄ နှစ်.. အဆင့် ၄၃။
ဘုန်း.. ဘုန်း.. ဘုန်း
ထိုအဆင့်များမှာ ရှီလိုင်ခဲ့ အကယ်ဒမီကို ဗုံးခွဲလိုက်သကဲ့သို့ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။