"နောက်ရွာမှာ တွေ့မယ်"
ထိုစကားလုံးများမှာ ရွှီချင်းဟယ်၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
ထို့နောက်…တစ်ရွာပြီး… တစ်ရွာ…
သူသည် ကြက်ကြီးကို ပခုံးပေါ်တင်ကာ.. ကြွက်လေးတစ်ကောင်ကို အိတ်ကပ်ထဲ ထည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် လမ်းလျှောက်လာခဲ့သည်။
"ဖတ်" ဖလန်ဒါ က သူ့ပခုံးကို ပုတ်ကာ ပြုံးပြီး ပြောသည်။
"ကောင်လေးရေ.. တပည့်ခံခြင်းဆိုတာ ကံကြမ္မာပဲလို့ ငါ ပြောခဲ့သားပဲ ကြည့်လေ.. ငါ တစ်ရက်လောက် ထွက်လိုက်တာနဲ့ အရည်အချင်းရှိတဲ့ ကလေး နှစ်ယောက် ရလာပြီ..မင်းကျတော့ ဝိညာဉ်တောင် မနိုးထသေးတဲ့ ကလေးတွေပဲ ရတယ်"
တကယ်လည်း ဟုတ်ပါသည်။
ရွာပေါင်း လေးငါးရွာ လျှောက်သွားသော်လည်း ရွှီချင်းဟယ်တစ်ယောက် အရည်အချင်းရှိသော ကလေး တစ်ယောက်မှ မရခဲ့ပေ။
မာဟုန်ကျွင်းနှင့် အော်စကာတို့မှာလည်း ဆရာ့၏ကြွက်နှင့် ကြက်များကြောင့် လုံကျန်း အကယ်ဒမီတွင် မဝင်လိုကြပေ။
နောက်ဆုံးတွင် ရွှီချင်းဟယ်တစ်ယောက် ဝိညာဉ်မနိုးထသေးသော ကလေးများကိုသာ အကယ်ဒမီသို့ ခေါ်လာခဲ့ရသည်။
လက်ရှိတွင် ရှီလိုင်ခဲ့ အကယ်ဒမီနှင့် ယှဉ်လျှင် လုံကျန်း အကယ်ဒမီသည် အဆောက်အအုံပိုင်းတွင်သာ သာလွန်ပြီး ကျောင်းသားအရည်အသွေးတွင် များစွာ နိမ့်ကျနေသည်။
ထိုအတောအတွင်း ဝါးတောခြံဝင်းတွင်မူ လုံရှင်းထျန်းသည် ကြက်ကြီးမှတစ်ဆင့် အခြေအနေကို သိရှိသွားသည်။
သူ၏ တိရစ္ဆာန်များ လိုက်ပါသွားသူများကို စစ်ဆေးကြည့်ရာ အရည်အချင်း ရှိသူများ များပြားသော်လည်း အချို့မှာ စည်းရုံးရန် ခက်ခဲနေသည်။
မာဟုန်ကျွင်းနှင့် အော်စကာတို့မှာလည်း ထိုအထဲတွင် ပါဝင်သည်။
လုံရှင်းထျန်းအနေဖြင့် နောင်တရမိသော်လည်း သူ့တပည့်များမှာ ဇာတ်လိုက်အဖွဲ့ထက် သာလွန်နေပြီးဖြစ်သဖြင့် အတင်းအကျပ် ဖိအားပေးစရာ မလိုဟု ယူဆလိုက်သည်။
...
မျက်တောင်တစ်ခတ်အတွင်း ခြောက်နှစ်တာ ကုန်ဆုံးသွားသည်။ လုံရှင်းထျန်းသည် စနစ်ထံမှ ဝိညာဉ် သို့မဟုတ် ကျင့်စဉ်ဆုလာဘ်များ မရရှိခဲ့သော်လည်း ခြံဝင်းမှာ ပိုမို ခေတ်မီလာခဲ့သည်။
ဤ ခြောက်နှစ်အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။
ပထမဦးစွာ.. လုံရှင်းထျန်း၏ အကြီးဆုံးတပည့် ရွှီချင်းဟယ်သည် အသက် ၂၂ နှစ်အရွယ်တွင် 'ဘွဲ့နှင်းခံသုန့်လော်' အဆင့်သို့ ရောက်ရှိသွားပြီး ဒုတိယမြောက် ဝိညာဉ်ကို စတင် ကျင့်ကြံ နေပြီဖြစ်သည်။
သူသည် ပံ့ပိုးပေးသူ အဖြစ်မှ တိုက်ခိုက်သူ အဖြစ်သို့ ကူးပြောင်းလာသည်။
လုံရှင်းထျန်းအတွက်မူ သူ၏ လုံခြုံရေးကို အာမခံချက် ပိုပေးလိုက်ခြင်းပင် ဖြစ်သည်။
ထို့ပြင် ထူးခြားသည်မှာ သုန့်လော် တိုက်ကြီး ၃ ခေတ်၏ အချိန်စီးဆင်းမှုမှာ မတူညီခြင်းပင်။
ဥပမာအားဖြင့် သုန့်လော် တိုက်ကြီး ၂ ခေတ်မှ 'ကျန်းနန်နန်' သည် ခြံဝင်းတွင် သုံးနှစ်ကြာ နေထိုင်ခဲ့သော်လည်း သူမ၏ ကမ္ဘာသို့ ပြန်ရောက်သောအခါ သုံးလသာ ကုန်ဆုံးသေးသည်။
ခြံဝင်းအတွင်းမှ အစားအစာများကြောင့် သူမ၏ စွမ်းအားမှာလည်း အဆင့် ၃၀ မှ ၆၈ သို့ အံ့ဩဖွယ် တိုးတက်သွားသည်။
ထို့အပြင် ကျန်းနန်နန် တည်ထောင်ခဲ့သော လုံကျန်း အကယ်ဒမီသည် ဝီနာ.. လော့ထျန်းစသည့် ပါရမီရှင်များကို စုစည်းနိုင်ခဲ့ပြီး ဇာတ်လိုက် 'ဟော့ယွီဟောက်' နှင့် လုံးဝ ကင်းကွာသွားခဲ့သည်။
ခြောက်နှစ်တာ ကာလအတွင်း ခြံဝင်းတွင် နေထိုင်သည့် မိန်းကလေးငယ်များမှာလည်း လှပသော အမျိုးသမီးငယ်များ ဖြစ်လာကြသည်။
နင်ရုံရုံ : အသက် ၁၂ နှစ်.. အဆင့် ၃၉ ပံ့ပိုးပေးသူ ဝိညာဉ်သခင်။
ဟူလီနာ : အသက် ၁၄ နှစ်.. အဆင့် ၄၃ ဝိညာဉ်ဘိုးဘေး .. ပါရမီရှင်တစ်ယောက်။
တူကူယန် : အသက် ၁၄ နှစ်.. အဆင့် ၄၂.. လုံရှင်းထျန်းနှင့် အရင်းနှီးဆုံး ဖြစ်သည်။
ကူယွဲ့နာ : ဒဏ်ရာများ ပြန်ကောင်းလာပြီး သူမ၏ အထွတ်အထိပ် စွမ်းအား ၆၀% ကို ပြန်လည် ရရှိထားသည်။
အာရို : ခြောက်နှစ်တာ ကြိုးပမ်းမှုနှင့် ခြံဝင်း၏ ပတ်ဝန်းကျင်ကြောင့် နှစ်ပေါင်း ၅ သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲအဖြစ် အဆင့်တက်သွားသည်။
လုံရှင်းထျန်းသည် တိရစ္ဆာန်များကို အသုံးပြု၍ 'ရွှေရောင်လက်ချောင်း အဘိုးအို' အသွင်ဖြင့် ကျူးချင်း.. ဟော့ဝူ.. ဖုန်းရှောင်ထျန်း.. ယွီထျန်းဟန်.. ယဲ့လင်လင် အစရှိသော ပါရမီရှင်များ၏ ကျင့်ကြံမှုကို လမ်းညွှန်ပေးခဲ့သည်။
ထို့အပြင် အဝေးမြောက်ဒေသရှိ ရေခဲဘုရင်မနှင့် နှင်းဘုရင်မတို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။
...
"ဟူး" လုံရှင်းထျန်း စနစ်မျက်နှာပြင်ပေါ်ရှိ အချိန်ဇယားကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
မည်သည့်ကမ္ဘာဖြစ်ပါစေ.. မူလဇာတ်လမ်း၏ အစဖြစ်နေသည်။
သုန့်လော် တိုက်ကြီး ၁ တွင် ထန်ဆန်းနှင့် ရှောင်ဝူမှာ ရှီလိုင်ခဲ့ အကယ်ဒမီသို့ ဦးတည်နေသည်။
သုန့်လော် တိုက်ကြီး ၂ တွင် ဟော့ယွီဟောက်မှာ ဝိညာဉ်သားရဲများကို လိုက်ရှာနေသည်။
သုန့်လော် တိုက်ကြီး ၃ တွင် ထန်ဝူလင်းမှာ အရှေ့ပင်လယ် အကယ်ဒမီတွင် ပညာသင်ယူနေသည်။
"အမှိုက် လူဆိုးကြီး.. ကျွန်မကို မလွှတ်ပေးတော့ဘူးလား ခြောက်နှစ်တောင် အိပ်ရာနွေးအောင် လုပ်ပေးခဲ့ပြီးပြီနော်" နင်ရုံရုံက လုံရှင်းထျန်း၏ ပေါင်ကို ဖက်ကာ ပြောလိုက်သည်။
"အာ သိပြီ" ရုတ်တရက် သူမက မတ်တပ်ထရပ်ပြီး လုံရှင်းထျန်းကို လက်ညှိုးထိုးကာ "အမှိုက် လူဆိုးကြီး.. ကျွန်မတို့ကို ကလေးမွေးပေးဖို့အချိန်ထိ သိမ်းထားတာ မဟုတ်ပါဘူးနော် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စိတ်မမှန်ရတာလဲ"
လုံရှင်းထျန်း "..." အမှုကြီးအောင်လုပ်နေတာပဲ ဒီကောင်မလေးက။
"ရုံရုံ.. မဆိုင်တာတွေ ပြောမနေနဲ့"
ဟူလီနာက သူမ၏ လက်ကောက်ဝတ်ကို ဆိတ်လိုက်သည်။
နင်ရုံရုံက ပြုံးစစဖြင့် "ကျွန်မ မသိဘူး ထင်နေလား ဒီခြံဝင်းထဲမှာ ကျွန်မနဲ့ နာနာကလွဲရင် အားလုံးက စိတ်ပြောင်းသွားကြပြီ အားလုံးက အမှိုက် လူဆိူးကြီးရဲ့ ဦးနှောက်ဆေးခြင်း ခံထားရပြီး သူ့အတွက် ကလေးမွေးပေးချင်နေကြတာ"
"..."
"ကျွန်မကတော့ သဘောတူတယ်" တူကူယန်က လုံရှင်းထျန်းဘက်သို့ ခုန်ဝင်လိုက်သည်။
လုံရှင်းထျန်း ရှောင်လိုက်သဖြင့် သူမမှာ လွဲသွားသည်။ "ဆရာကြီး.. တူကူယန်ကို မချစ်တော့ဘူးလား"
"မရိုးသားတဲ့သူ" နင်ရုံရုံက နှာခေါင်းရှုံ့သည်။
"ဖလန်း" လုံရှင်းထျန်းက သူမ၏ နဖူးကို ခေါက်လိုက်သည်။ "မင်းတို့ကို ရွှီချင်းဟယ်ဆီ သွားပြီး ကူညီပေး ခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီ"
သူသည် စနစ်နေရာလပ်မှ ထာဝရဆေးမြက်အချို့ကို ထုတ်ပေးလိုက်သည်။
"ဒါတွေက မင်းတို့အတွက် အသုံးဝင်လိမ့်မယ် အပြင်ရောက်ရင် အရင်ဆုံး လုံကျန်း အကယ်ဒမီကို သွားပြီး သတင်းပေးလိုက်ပါ ပြီးရင်တော့ မင်းတို့ လုပ်ချင်တာ လုပ်ကြ"
"ဝိုး အမှိုက် လူဆိုးကြီး... ရုံရုံက အန်ကယ်ကို အချစ်ဆုံးပဲ"