ဝါးတောခြံဝင်း..
ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားသည်။ လုံရှင်းထျန်းသည် သူ လွှတ်ပေးလိုက်သော တိရစ္ဆာန်များ၏ အမြင်မှတစ်ဆင့် သုန့်လော် တိုက်ကြီး၏ အခြေအနေကို အတော်လေး သိရှိလာခဲ့သည်။
ဥပမာအားဖြင့် ထန်ဆန်း၏ သုန့်လော် တိုက်ကြီး ၁ ခေတ်တွင် ထန်ဆန်းသည် ဝိညာဉ်နိုးထခြင်းကို ပြီးဆုံးပြီး နော့ဒင်း အကယ်ဒမီ သို့ တက်ရောက်နေသည်။
ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့၏ ကံကြမ္မာမှာ ပြောင်းလဲရန် ခက်ခဲကြောင်း သူ သဘောပေါက်လိုက်သည်။
ထို့နောက် ဟော့ယွီဟောက်၏ သုန့်လော် တိုက်ကြီး ခေတ်၂.. ထန်ဝူလင်း ၏ သုန့်လော် တိုက်ကြီး ခေတ်၃ တို့တွင်လည်း သူ၏ တိရစ္ဆာန်များက အဓိက ဇာတ်ကောင် အချို့နှင့် တွေ့ဆုံခဲ့ကြသည်။
"ဝုတ်.. ဝုတ်... ဝုတ်"
လုံရှင်းထျန်း အတွေးနယ်ချဲ့နေစဉ် ခွေးကြီးက ရုတ်တရက် ထရပ်ပြီး ခြံဝင်းအပြင်ဘက်သို့ ဟောင်သည်။ သူ၏ ဘေးတွင် အမှုထမ်းနေသော 'အာရို'မှာ တုန်ရီသွားပြီး ခေါင်းငုံ့ကာ ပြောသည်။
"ဆရာကြီး.. ခြံဝင်းဆီကို ထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခု ချဉ်းကပ်လာနေသလိုပါပဲ..တစ်ဖက်လူရဲ့ စွမ်းအားက ကျွန်မထက် သာလွန်ပြီး ကျွန်မရဲ့ သွေးမျိုးဆက်တောင် ဖိနှိပ်ခံနေရတယ်လို့ ခံစားရပါတယ်"
" အော်"
လုံရှင်းထျန်း နေကာမျက်မှန်ကို ချွတ်ပြီး ခြံဝင်းအပြင်ဘက်ကို ကြည့်သည်။ အာရိုသည် နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ ဖြစ်သည်။ သူမကို ကြောက်လန့်စေမည့် ဝိညာဉ်သားရဲမျိုး ရှိနေတာလား..
ဝါးတော၏ အပြင်ဘက်တွင် သွယ်လျသော ရုပ်သွင်တစ်ခု ရပ်နေသည်။ လေတိုက်ခတ်မှုကြောင့် သူမ၏ ငွေရောင် ဆံပင်များမှာ ဟောင်းနွမ်းနေသော အဝတ်အစားများပေါ်သို့ လွင့်ဝဲနေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ..."
လုံရှင်းထျန်း မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ ထိုအချိန်တွင် ဝါးတောအပြင်ဘက်ရှိ ပုဂ္ဂိုလ်ကလည်း ခြံဝင်းအတွင်းသို့ အကြည့်ရောက်လာသည်။ အကြည့်ခြင်း ဆုံသွားသည်။
'ကူယွဲ့နာ' ၏ အမူအရာမှာ တည်ကြည်နေသည်။
သူမသည် ခြံဝင်းထဲ ဝင်ရန် တွန့်ဆုတ်နေသည်။ ယခင်က နတ်ဘုရားရာထူး ရှိခဲ့သော 'ငွေနဂါးမင်း' ဖြစ်သည့် သူမပင်လျှင် ဒီဝါးတောရှေ့တွင် ကြောက်ရွံ့မှုကို ခံစားနေရသည်။
"ငါ့ထက့် မနိမ့်တဲ့ အရှိန်အဝါတွေ.. တစ်ခုထက်မကဘူး"
ကူယွဲ့နာ မျက်ခုံးပင့်လိုက်သည်။
"သုန့်လော် တိုက်ကြီးမှာ ဘယ်တုန်းက ဒီလောက် ကြောက်စရာကောင်းတဲ့ နေရာမျိုး ရှိခဲ့တာလဲ နတ်ဘုရားနယ်မြေက နတ်ဘုရားအားလုံး ပေါင်းလိုက်ရင်တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး မရှိဘူး..."
သူမ စိတ်ရှုပ်ထွေးပြီး ထိတ်လန့်နေသည်။
ခြံဝင်းထဲသို့ ဝင်လျှင် စိတ်ကူးမယဉ်နိုင်သော အကျိုးဆက်များ ကြုံရမည်ဟု သူမ၏ စိတ်က သတိပေးနေသည်။
သို့သော် ငွေနဂါးမင်းအနေဖြင့် သူမ ကြောက်ရွံ့ရမည်လော မဟုတ်ပေ သို့သော် သူမ၏ လုံခြုံရေးအတွက် အစီအစဉ်တစ်ခုတော့ ချထားရမည်။
သူမသည် ကြယ်တာရာ တောအုပ်၏ အနက်ပိုင်းသို့ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ပြီးနောက် ခြံဝင်းထဲသို့ ခြေလှမ်းလိုက်သည်။
ခြံ၀င်းထဲ့သို့ ဝင်သည်နှင့် အရေအတွက်မရေတွက်နိုင်သော အေးစက်သည့် အကြည့်များက သူမကို ဝန်းရံသွားသည်။ ထိုအရှိန်အဝါများမှာ သူမကို လွှင့်ပစ်လိုက်ချင်သည့် ဒေါသထွက်နေသော လှိုင်းလုံးကြီးများကဲ့သို့ပင်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ..."
ကူယွဲ့နာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမအဆင့်နှင့် တူညီသော တည်ရှိမှုမျိုး ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းခန့် ရှိနေသည်။
သူတို့အားလုံးမှာ 'နတ်ဘုရားဘုရင်’ အဆင့်များ ဒီနေရာက ဘာနေရာလဲ ဒီလောက်အထိ အစွမ်းထက်သူတွေက ဘာလို့ ဒီခြံဝင်းသေးသေးလေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ရှိနေကြတာလဲ
"ဘာလို့ ရှေ့ကိုဆက်မတိုးလာတော့တာလဲ"
လုံရှင်းထျန်း၏ အသံကြောင့် ကူယွဲ့နာ သတိပြန်ဝင်လာသည်။ သူနှင့် အကြည့်ဆုံလိုက်သောအခါ သူမ၏ ကိုယ်ခန္ဓာမှာ ရပ်တန့်သွားသည်။
စကြာဝဠာ၏ အဆုံးမရှိသော နေရာ၌ ဖြစ်ပျက်နေသကဲ့သို့ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ် ဖိအားများကြောင့် သူမ၏ ခန္ဓာကိုယ် တုန်ရီကာ ညည်းတွားမိသည်။
အလွန်အားကောင်းသည်
အရင်က နဂါးနတ်ဘုရားထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ဒီလူက ဘယ်သူလဲ...
ကူယွဲ့နာ ထိတ်လန့်သွားပြီး နောက်သို့ နှစ်လှမ်း ဆုတ်မိသည်။ လုံရှင်းထျန်းမှာ သူမ ထွက်ပြေးမည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ခြံဝင်း၏ အာဏာကို ချက်ချင်း အသက်သွင်းလိုက်သည်။
"ပိတ်လိုက်"
ဟမ်…
ကောင်းကင်နှင့် မြေကြီးကြားမှ သံကြိုးများ ပေါ်ပေါက်လာပြီး ကူယွဲ့နာကို အမြန်ဆုံး ချည်နှောင်လိုက်သည်။
"အာ"
ကူယွဲ့နာ သွေးတစ်လုပ် အန်ထုတ်ကာ မြေပေါ်သို့ ဒူးထောက်ကျသွားသည်။
သူမ၏ နတ်ဘုရားစွမ်းအားများမှာ လုံးဝ ပိတ်ဆို့သွားပြီး သာမန်လူတစ်ယောက် ဖြစ်သွားတော့သည်။
"ဟဲဟဲ"
လုံရှင်းထျန်း လက်နောက်ပစ်ပြီး ပြုံးကာ ပြောသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီက နဂါးဘုရားရဲ့ စိတ်ဝိညာဉ်က အခုတော့ပြောင်းလဲသွားပြီပဲ.. နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားကြီး ငါးဦးက ပူးပေါင်း သတ်ဖြတ်လိုက်လို့ တစ်ဝက်က ငွေနဂါးမင်း.. တစ်ဝက်က ရွှေနဂါးမင်း ဖြစ်သွားတယ်..."
သူ၏ စကားသံမှာ တည်ငြိမ်သော်လည်း ကူယွဲ့နာ၏ နားထဲတွင်တော့ မိုးခြိမ်းသံကဲ့သို့ ဖြစ်နေသည်။
"မင်း.. မင်းက ဘယ်သူလဲ..."
ဤရှေးဟောင်း လျှို့ဝှက်ချက်ကို သူ ဘယ်လိုလုပ် သိနေရတာလဲ
"စိတ်မပူပါနဲ့"
"ငါသာ နတ်ဘုရားနယ်မြေက လူဆိုရင် မင်း အခုထိ အသက်ရှင်နေနိုင်ဦးမလား"
လုံရှင်းထျန်း သူမကို စိတ်အေးစေရန် ပြောပြီး ခြံဝင်းထဲသို့ လာရန် လက်ဟန်ပြလိုက်သည်။
"မင်းက ဘယ်သူလဲ"
"ဒီနေရာနဲ့ မသက်ဆိုင်တဲ့သူပါ" လုံရှင်းထျန်း လျှို့ဝှက်စွာ ပြုံးသည်။
အကယ်၍ သူသည် ဒီမိန်းမကို ထိန်းချုပ်နိုင်လျှင် သုန့်လော် တိုက်ကြီး ကစဉ့်ကလျား ဖြစ်ချိန်တွင် သူ၏ လုံခြုံရေးအတွက် အာမခံချက် ရှိသွားမည်။
"မင်းတို့ဆီမှာ ငါ့ရဲ့ စီးပွားရေး အဆိုပြုချက်တစ်ခု ရှိတယ်.. ငွေနဂါးမင်း မင်း..စိတ်ဝင်စားလား"
"ငါ့မှာ စိတ်မဝင်စားဖို့ အခွင့်အရေး ရှိလို့လား"
"မင်း ငါ့ဘေးမှာ နှစ်ပေါင်း ၅၀၀ နေပေး.. မင်းရဲ့ စွမ်းအားတွေ ပြန်ရအောင် ငါ ကူညီပေးမယ်"
လုံရှင်းထျန်း နှုတ်ခမ်းကို တွန့်လိုက်သည်။ သူသည် နတ်ဘုရားအဆင့် ပုဂ္ဂိုလ်ကို တိုက်ရိုက် ထိန်းချုပ်ရန် ခက်ခဲမည်ကို စိုးရိမ်သဖြင့် အခြားနည်းလမ်းတစ်ခုကို အသုံးပြုလိုက်သည်။
"ငါ့ရဲ့ စွမ်းအားကို ပြန်ရအောင် ကူညီပေးမယ်..."
ကူယွဲ့နာ စိတ်လှုပ်ရှားသွားသည်။ သူမ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သုန့်လော် တိုက်ကြီးကို အုပ်ချုပ်ပြီး နတ်ဘုရားနယ်မြေကို တိုက်ခိုက်ရန်ဖြစ်သည်။
"တကယ်လား..."
"မင်းရဲ့ လွတ်လပ်ခွင့် မရှိတာကို ဂရုမစိုက်ဘူးလား"
"ကိစ္စမရှိပါဘူး" ကူယွဲ့နာ ပြတ်သားစွာ ပြောသည်။ "ရှင်သာ ကျွန်မရဲ့ စွမ်းအားကို ပြန်ရအောင် ကူညီပေးနိုင်မယ်ဆိုရင် ဘယ်လိုဈေးပဲ ပေးရပေးရ ကိစ္စမရှိဘူး"
သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်။
"..."
ငါတောင်မှ မစည်းရုံးရသေးဘူးလေ လုံရှင်းထျန်း စိတ်ထဲမှ တွေးလိုက်သည်။
သူမသည် ပန်းသီးအချို့ကို စားပြီးနောက် လုံရှင်းထျန်း၏ ဘေးတွင် ရပ်နေလိုက်သည်။
သို့သော် အဝတ်အစား နည်းပါးစွာ ဝတ်ထားသော အာရိုကို မြင်လိုက်သောအခါ သူမ၏ နားရွက်များမှာ နီရဲလာပြီး အထစ်ထစ် ပြောသည်။
"ဒါ.. ဒါ.. ကျွန်မ သူတို့လိုမျိုး ရှင့်အတွက် လုပ်ပေးရမှာလား"
"ဘာလဲ" လုံရှင်းထျန်း နားမလည် ဖြစ်သွားသည်။
"သူတို့လိုမျိုးလေ" ကူယွဲ့နာ အာရိုကို လက်ညှိုးထိုးပြသည်။
အာရိုက ပြုံးကာ ပြောသည်။ "ဆရာကြီးကို ဝန်ဆောင်မှုပေးရတာ ကျွန်မတို့ရဲ့ ဂုဏ်ယူစရာပါ"
"..."
ဒါ ဘယ်လို နေရာမျိုးလဲ ငါလည်း အနာဂတ်မှာ ဒီလို ဖြစ်သွားမှာလား... ကူယွဲ့နာ စိုးရိမ်စွာ တွေးမိသည်။
"အစ်မရေ.. အစ်မလည်း အဲဒီအမှိုက် လူဆိုးကြီးဆီမှာ အဖမ်းခံလိုက်ရတာလား"
'နင်ရုံရုံ' က သနားစရာကောင်းသော အကြည့်ဖြင့် ပြောသည်။
"အဲဒီ လူဆိူးကြီးက အဆိုးဆုံးပဲ.. သူက ကျွန်မတို့ကို အိပ်ရာ နွေးအောင် လုပ်ခိုင်းတတ်တယ်..သူက လူတောင် ဟုတ်ရဲ့လားလို့ မထင်ဘူးလား"
ကူယွဲ့နာသည် နင်ရုံရုံနှင့် အခြား ကလေးငယ်နှစ်ဦးကို ကြည့်ပြီး လုံရှင်းထျန်းကို သဘောတူလိုက်မိသည့်အတွက် နောင်တရသွားသည်။
"ကောင်မလေး.. လူတွေကို အပုပ်ချဖို့ သင်ယူထားတာလား"
လုံရှင်းထျန်း နင်ရုံရုံကို မတင်လိုက်သည်။
"အာ အမှိုက်လူဆိုးကြီး.."
နင်ရုံရုံ ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။
"ဝုတ်.. ဝုတ်... ဝုတ်"
ဟာသလုပ်နေစဉ် ခွေးကြီးက ထပ်မံ ဟောင်ပြန်သည်။
"အော်"
"ဒီနေ့ ဧည့်သည်တွေ များပါလား"
လုံရှင်းထျန်း နင်ရုံရုံကို ချလိုက်ပြီး ဝါးတောအပြင်ဘက်ကို ကြည့်လိုက်သည်။ အပြင်တွင် လူနှစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်က ကြီးပြီး တစ်ယောက်က ငယ်သည်။