စနစ်မှ ပေါ်လာသော အချက်အလက်များကို ကြည့်ရင်း လုံရှင်းထျန်း သည် မျက်ခုံးပင့်လိုက်သည်။
"ငါက နတ်ဘုရား စမ်းသပ်မှုတွေကို တကယ်ပဲ ထိန်းချုပ်လို့ ရတာပေါ့..." သူ၏ မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
စနစ်က နတ်ဘုရား အရိုက်အရာကို ပြန်ရုပ်သိမ်းနိုင်သည်ဟု အရင်က ပြောခဲ့ဖူးသော်လည်း ယခုအခါတွင် သူသည် နတ်ဘုရား အရိုက်အရာအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည်။
ဤနည်းဖြင့် နတ်ဘုရား ဆေးလုံးကို စားပြီး သူပုန်ထမည့်သူများကို သူ စိုးရိမ်စရာ မလိုတော့ပေ။
သို့သော် ပထမအဆင့် နတ်ဘုရား အရိုက်အရာ စမ်းသပ်မှုအတွက် မည်သို့သော တာဝန်မျိုးကို ပေးသင့်သနည်း။ သူ၏ အကြည့်သည် နတ်ဘုရား အရိုက်အရာကို ရရှိနေသော ဓား သုန့်လော်ထံသို့ ရောက်သွားသည်။
ဓား သုန့်လော်၏ အရှိန်အဝါသည် လျှို့ဝှက်ဆန်းကြယ်လာပြီး ဖော်ပြ၍မရနိုင်သော သန့်ရှင်းမြင့်မြတ်သည့် စွမ်းအားများ လှိုင်းထန်စွာ ပျံ့နှံ့ထွက်ပေါ်လာသည်။
ပီပီတုန်း.. နင်ဖုန်းဇီနှင့် အခြား ဘွဲ့နှင်းခံသုန့်လော် သုံးဦးစလုံးမှာ လေးနက်သည့် အမူအရာများဖြင့် စူးစိုက်ကြည့်နေကြသည်။
နတ်ဘုရား အရိုက်အရာဆိုသည်မှာ ဒီလောကကို ကျော်လွန်သွားနိုင်သည့် အခွင့်အရေးပင်ဖြစ်သည်။
ဗုန်း.. ထိုအချိန်တွင် ဓား သုန့်လော်ထံမှ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါကြောင့် ခုနစ်ပါးသတ်ဖြတ်ခြင်းဓား ဝိညာဉ် သည် တုန်ခါသွားပြီး ဝိညာဉ်ကွင်း ကိုးခုသည် အလင်းတန်းများဖြင့် လင်းလက်လာသည်။ ထို့နောက် လူတိုင်း၏ အံ့အားသင့်သော မျက်လုံးများရှေ့တွင် ဝိညာဉ်ကွင်းများ စတင်ပြောင်းလဲလာသည်။
ဝိညာဉ်ကွင်းများသည် အဝါရောင် နှစ်ခု.. ခရမ်းရောင် နှစ်ခု.. အနက်ရောင် ငါးခုမှ ခရမ်းရောင် နှစ်ခု.. အနက်ရောင် ခြောက်ခု.. အနီရောင် တစ်ခုသို့ ပြောင်းလဲသွားသည်။ ကိုးခုမြောက် ဝိညာဉ်ကွင်းသည် နှစ်ပေါင်း ၁၀၀,၀၀၀ သက်တမ်းရှိ ဝိညာဉ်ကွင်းအဖြစ် တိုက်ရိုက် တိုးတက်သွားခဲ့သည်။
ဓား သုန့်လော်၏ ဝိညာဉ်စွမ်းအားသည်လည်း အဆင့် ၉၇ မှ မြင့်မားသော အဆင့်သို့ တက်လှမ်းသွားသည်။ သူ၏ ခေါင်းပေါ်တွင် ဝိညာဉ်စွမ်းအား လေဆင်နှာမောင်းတစ်ခု စုစည်းလာပြီးနောက် ဗုန်း ဟူသော အသံနှင့်အတူ ပေါက်ကွဲသွားကာ ဓား သုန့်လော်၏ အရှိန်အဝါသည် စမ်းရေပန်းကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။
အဆင့် ၉၈.. အောင်မြင်မှုတစ်ခု..
"ဟားဟားဟား" ဓား သုန့်လော်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ခမ်းနားလှသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာရာ ရှိနေသူအားလုံး ချွေးပြန်သွားကြသည်။
အောင်မြင်သွားပြီ ဝိညာဉ်နန်းတော်မှ လူသုံးဦး၏ မျက်နှာအမူအရာမှာမူ မကောင်းမွန်လှပေ။
"ချန်ရှင်း.. မင်း နတ်ဘုရား အရိုက်အရာကို တကယ်ပဲ ရရှိသွားတာလား..." အရိုး သုန့်လော် သည် ရှေ့သို့ တိုးလာပြီး စူးရဲသော အကြည့်ဖြင့် မေးလိုက်သည်။
"သဘာဝအတိုင်းပေါ့" ဓား သုန့်လော်သည် လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး လုံရှင်းထျန်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"စီနီယာ.. နတ်ဘုရား အရိုက်အရာကို ပေးအပ်တာကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်ကစပြီး ကျွန်တော် ချန်းရှင်း ဟာ စီနီယာနောက်ကို အမြဲတမ်း လိုက်ပါမယ်"
ဤစကားများသည် သူ၏ စိတ်ရင်းမှ လာခြင်းဖြစ်သည်။ သူ၏ စိတ်ထဲတွင် 'ဓားနတ်ဘုရား' ဆိုသည့် အချက်အလက်များစွာ ပေါ်လာသည်။ ရာခရှာ နတ်ဘုရားကဲ့သို့ပင် ပင်မနတ်ဘုရား တစ်ပါးဖြစ်ကြောင်း သိလိုက်ရသည်။
"ထ" လုံရှင်းထျန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဒီနေရာက မင်းရဲ့ လွတ်လပ်ခွင့်ကို အများကြီး ဝင်စွက်ဖက်မှာ မဟုတ်ဘူး…ဒါပေမဲ့ ဒီနေရာက ခေါ်လိုက်တဲ့အခါ မင်း မဖြစ်မနေ လာရမယ်"
လုံရှင်းထျန်းအတွက်မူ တစ်ယောက်သော ဘွဲ့နှင်းခံသုန့်လော်အား သူ့လက်အောက်တွင် တရားဝင် ရရှိလိုက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အထောက်အကူ ဖြစ်စေသည်။
ထိုအချိန်တွင် နင်ဖုန်းဇီ.. အရိုး သုန့်လော်.. ကူမေ နှင့် ယွဲ့ကွမ်း တို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
"စီနီယာ.. ကျွန်တော်တို့ ဘာမဆို ပေးဆပ်ဖို့ အဆင်သင့်ရှိပါတယ် အခွင့်အရေးတစ်ခုလောက် ပေးအပ်တော်မူပါ"
နတ်ဘုရား အရိုက်အရာ၏ ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှသည်။ သို့သော် လုံရှင်းထျန်းကမူ နှုတ်ခမ်းကို ကွေးလိုက်ပြီး အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"လူအပေါင်းတို့.. ငါ နတ်ဘုရား အရိုက်အရာကို ပေးအပ်နိုင်ပေမဲ့ လူတိုင်းကတော့ အမွေဆက်ခံဖို့ အရည်အချင်း မရှိကြဘူး။ ငါ့အမြင်မှာတော့ မင်းတို့ရဲ့ အရည်အချင်းက နည်းနည်း လိုအပ်နေသေးသလို မင်းတို့ရဲ့ ဘဝဇာတ်ကြောင်းထဲမှာလည်း တန်ဖိုးရှိတဲ့အရာ ဘာမှ မတွေ့မိဘူး"
လုံရှင်းထျန်း စကားကြောင့် သူတို့၏ နှလုံးသားများ အေးစက်သွားသည်။ သို့သော် သူ အမှန်ပြောနေခြင်းဖြစ်သည်။ ပီပီတုန်းကဲ့သို့ ဝိညာဉ်အမြွှာပိုင်ရှင်မျိုးမှလွဲလျှင် မည်သူက နတ်ဘုရား အရိုက်အရာအတွက် အရည်အချင်း ရှိမည်နည်း။
"ဒါပေမဲ့..." သူတို့ စိတ်ဓာတ်ကျနေချိန်တွင် လုံရှင်းထျန်းက ဆက်ပြောလိုက်သည်။
"မင်းတို့ စိတ်မပျက်ပါနဲ့ဦး.. အနာဂတ်မှာ အခွင့်အရေး မရှိဘူးလို့တော့ မပြောနိုင်ဘူး.. မဝေးတော့တဲ့ အနာဂတ်မှာ ငါ လိုအပ်တဲ့ တန်ဖိုးတစ်ခုခုကို မင်းတို့ ဖန်တီးနိုင်လာမလား ဘယ်သူသိမလဲ..."
လုံရှင်းထျန်းသည် လူသားချင်းစာနာသူ မဟုတ်သလို နတ်ဘုရား အရိုက်အရာကို နေရာတိုင်း ပေးနေမည့်သူလည်း မဟုတ်ပေ။
ဘေးတွင် ရပ်နေသည့် ပီပီတုန်းသည် စိတ်သက်သာရာ ရသွားသည်။ လူတိုင်းသာ နတ်ဘုရား ဖြစ်သွားမည်ဆိုပါက သူမ၏ နှစ်ပေါင်းများစွာ ကြိုးပမ်းမှုများမှာ အလကား ဖြစ်သွားပေမည်။ တစ်ချိန်တည်းမှာပင် လုံရှင်းထျန်းသည် မည်သူဖြစ်သည်ကို သူမ ပိုမိုစိုးရိမ်လာသည်။
"စီနီယာ.. ဝိညာဉ်နန်းတော်က စီနီယာကို လာရောက်လည်ပတ်ဖို့ ရိုသေစွာ ဖိတ်ကြားပါတယ်..စီနီယာကို ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဆက်ဆံဖို့ အဆင်သင့်ပါပဲ" ပီပီတုန်းက အကဲခတ်သည့်အကြည့်ဖြင့် ပြောသည်။
"စီနီယာ.. ကျွန်တော့်ရဲ့ ရတနာခုနှစ်ပါးဂိုဏ်းကလည်း စီနီယာရဲ့ လက်အောက်ကို ဝင်ရောက်ပြီး စီနီယာကို သခင်အဖြစ် တင်မြှောက်ဖို့ အဆင်သင့်ပါပဲ" နင်ဖုန်းဇီကလည်း နောက်မကျစေရဘဲ ဝင်ပြောသည်။
"ငါက သုန့်လော် တိုက်ကြီးရဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ချင်ဘူး.ဘယ်ဂိုဏ်းကိုမှလည်း မဝင်ဘူး" လုံရှင်းထျန်းက လက်ကို ဝှေ့ယမ်းကာ ငြင်းပယ်လိုက်သည်။ "ငါ့ရှေ့မှာ မင်းတို့ရဲ့ အစီအစဉ်တွေကို ဖုံးကွယ်မထားပါနဲ့..ကောင်းကင်နဲ့ မြေကြီးရဲ့ ပြောင်းလဲမှုတွေကို ဘယ်သူမှ မတားဆီးနိုင်ဘူး"
လုံရှင်းထျန်းသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက်သာ ခြံ၀င်းထဲတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ အပြင်ထွက်ခြင်းသည် သေခြင်းကို ဖိတ်ခေါ်ခြင်းနှင့် တူသည်။
ပီပီတုန်းသည် လုံရှင်းထျန်း ဝင်မစွက်ဖက်ကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။
နင်ဖုန်းဇီကမူ ဓား သုန့်လော် နတ်ဘုရား ဖြစ်သွားလျှင် သူ၏ ဂိုဏ်းအတွက် မည်သို့ဖြစ်လာမည်ကို တွေးပူနေသည်။
သူက လက်ကို ယှက်ကာ - "စီနီယာ.. ကျွန်တော်တို့ နတ်ဘုရား အရိုက်အရာကို ဆက်ခံဖို့ အရည်အချင်း မရှိတာ သိပါတယ်။ ဒါပေမဲ့ စီနီယာ ပြောခဲ့တဲ့ 'ဆေးမြစ်များရှိသည့် နေရာ' ကို သိခွင့်ရနိုင်မလား... ဘာစျေးပဲ ပေးရပေးရ ကျွန်တော်တို့ ဝယ်ယူပါ့မယ်"
ဝိညာဉ်နန်းတော်မှ လူသုံးဦးကလည်း "စီနီယာ.. ကျွန်တော်တို့လည်း အတူတူပါပဲ" ဟု တောင်းဆိုကြသည်။
"ဟဲဟဲ" လုံရှင်းထျန်းက ဖျော်ရည်ခွက်ကို လှည့်ပတ်ရင်း - "မင်းတို့ရဲ့ ဂိုဏ်းက အရေးပါသူတွေက ဒီမှာ အစေခံလုပ်နေကြတာပဲ.. ငါက ဘက်လိုက်မှာ မဟုတ်ပါဘူး။ အဖိုးမဖြတ်နိုင်တဲ့ ဆေးမြစ်တွေရှိတဲ့ နေရာအကြောင်း ပြောပြပေးပါ့မယ်" ဟု အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
နင်ဖုန်းဇီသည် ချက်ချင်းပင် - "စီနီယာ.. ဒါက ရတနာခုနှစ်ပါးဂိုဏ်းရဲ့ ရွှေကတ်ပြားပါ.. ပမာဏ ကန့်သတ်ချက် မရှိပါဘူး"
ပီပီတုန်းကလည်း - "စီနီယာ.. ဒါက ဝိညာဉ်နန်းတော်ရဲ့ အမြင့်ဆုံး တံဆိပ်ပါ။ ဒီတံဆိပ်ကို ကိုင်ဆောင်ထားသူဟာ ဝိညာဉ်နန်းတော်ရဲ့ ဂုဏ်ထူးဆောင် စီနီယာ ဖြစ်ပါတယ်" ဟု ဆိုကာ တင်ပြလိုက်ကြသည်။