ဝါးတောခြံဝင်း။
လုံရှင်းထျန်း သည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး ဘေးတွင် ငါးမျှားတံတစ်ချောင်းကို ထောင်ထားသည်။
နင်ရုံရုံ နှင့် ဟူလီနာ တို့နှစ်ဦးမှာ မကျေမနပ် ဖြစ်နေကြသည်။ တစ်ယောက်က အသီးပန်းကန်ကို ကိုင်ထားပြီး နောက်တစ်ယောက်က ဝိုင်ကို ကိုင်ထားသည်။ အာရို ကတော့ လုံရှင်းထျန်း ကို အပူဒဏ်သက်သာစေရန် ယပ်ခတ်ပေးနေသည်။
နေက အလွန်ပြင်းထန်သည်။
မိန်းကလေးငယ် နှစ်ဦး၏ မျက်နှာတွင် ချောကလက်အဆီအနှစ်များ ပေကျံနေသည်။
အာရို ကတော့ ဝိညာဉ်သားရဲ ဖြစ်သည့်အတိုင်း သူမ၏ ခန္ဓာကိုယ် အခြေအနေကို ထိန်းချုပ်နိုင်သည်။
သူမတွင် ဖြူဝင်းရှည်လျားသော ခြေတံများ.. E-cup ရင်ဘတ်နှင့် ရင့်ကျက်သော မျက်နှာထား ရှိသည်။ သူမသည် လူများကို ပြုစုစောင့်ရှောက်ရာတွင် အလွန်ကျွမ်းကျင်သည်။
"အသီး"
လုံရှင်းထျန်း က နေကာမျက်မှန်ကို နဖူးပေါ် တင်လိုက်သည်။ နင်ရုံရုံ က စက်ဆုပ်ရွံရှာသော မျက်နှာထားဖြင့် စပျစ်သီးတစ်လုံးကို ယူကာ သူ့ပါးစပ်ထဲ အတင်းထိုးထည့်လိုက်သည်။
"အမှိုက်ကောင်.. လူ့ယုတ်မာ.. " နင်ရုံရုံ က သူ့ကို တိုးတိုးလေး ဆဲဆိုနေသည်။
လုံရှင်းထျန်း က အကုန်မြင်သည်။
"ဒီကောင်မလေးက တော်တော် ခေါင်းမာတာပဲ ငါနဲ့ တွေ့ရတာ မင်းကံကောင်းလို့.." လုံရှင်းထျန်း က သူ အတော်လေး သဘောကောင်းနေသေးသည်ဟု တွေးမိသည်။
"အင်း" စပျစ်သီးကို ဝါးရင်း သူက ခေါင်းကို စောင်းကာ မေးလိုက်သည်။
"မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လောက်လဲ"
"အဆင့် ၁၄ ပါ" နင်ရုံရုံ က ခေါင်းမော့ကာ ချက်ချင်း ပြန်ဖြေသည်။ သူမ စိတ်ထဲတွင် ဖိနှိပ်ခံထားရတာ ကြာပြီ။
အထောက်အကူပြု ဝိညာဉ်သခင် တစ်ယောက်အနေနဲ့ ဒီလောက် မြန်မြန် တိုးတက်နိုင်တဲ့ ပါရမီရှင် ဖြစ်ကြောင်း တစ်ယောက်ယောက်ကို ပြောပြချင်နေတာ။
"အဆင့် ၁၈"
ဟူလီနာ ကတော့ တည်ငြိမ်သည်။ သူမသည် အသက်ပိုကြီးပြီး လုံရှင်းထျန်း ဘေးတွင် နေလာသည်မှာ ကြာပြီ ဖြစ်ရာ ဝါးတောခြံဝင်းအတွင်းမှ စားသောက်မှုများက သူမကို အလွန် အထောက်အကူ ပြုကြောင်း ကောင်းကောင်း သိသည်။
သူမသည် အသီးအနှံများ စားပြီးနောက် ဝိညာဉ်ကွင်း ရရုံသာမက ဝိညာဉ်ပင် တိုးတက်ပြောင်းလဲလာခဲ့သည်။
"မဆိုးဘူး" လုံရှင်းထျန်း က ချီးကျူးသည်။
"ဝုတ် ဝုတ် ဝုတ်"
သူပြောပြီးသည်နှင့် ခွေးနက်ကြီး က ရုတ်တရက် အော်ဟစ်လိုက်သည်။ လုံရှင်းထျန်း က ငါးမျှားတံကို ချလိုက်ပြီး ဝါးတောဘက်ကို ကြည့်လိုက်သည်။
ဝါးတောအတွင်းတွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး အပြင်ဘက်တွင် လူနှစ်စု ဆင်းသက်လာကြသည်။
"လူတွေ ရောက်လာတာလား"
လုံရှင်းထျန်း ထရပ်လိုက်သည်။ သုန့်လော်တိုက်ကြီးတွင် ဝိညာဉ်အရိုး သို့မဟုတ် ဝိညာဉ်ကိရိယာ မပါဘဲ ပျံသန်းနိုင်သူမှာ ဘွဲ့နှင်းခံသုန့်လော် အဆင့်သို့ ရောက်မှသာ ဖြစ်နိုင်ပြီး အနည်းဆုံး အဆင့် ၉၅ ကျော်မှသာ ကြာရှည်စွာ ပျံသန်းနိုင်သည်။
သူ့ရှေ့တွင် လူခြောက်ယောက် ကောင်းကင်မှ ဆင်းသက်လာသည်။ ဘွဲ့နှင်းခံသုန့်လော် ခြောက်ပါး...
လုံရှင်းထျန်း ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။
"ဝုတ် ဝုတ် ဝုတ်"
ခွေးနက်ကြီး ၏ အော်သံ ပိုကျယ်လာသည်။ လုံရှင်းထျန်း က ခွေးကို ပုတ်ကာ - "မကြောက်ပါနဲ့" ဟု ပြောသည်။
ထိုမြင်ကွင်းကို မြင်သော အမျိုးသမီးသုံးဦးမှာ စကားမပြောနိုင် ဖြစ်သွားကြသည်။
နှစ်တစ်သန်းဝိညာဉ်သားရဲ တစ်ကောင်က ဘွဲ့နှင်းခံသုန့်လော် တွေကို ကြောက်နေတာလား... အပြင်က လူခြောက်ယောက်သာ ဒီမြင်ကွင်းကို မြင်လိုက်ရပါက အံ့အားသင့်သွားကြမည်မှာ သေချာသည်။ သူတို့သည် ခွေး၏ အော်သံသက်သက်ဖြင့်ပင် အတွင်းကလီစာများ တုန်ယင်သွားကြပြီ မဟုတ်လား။
"အံ့ဩစရာပဲ.. နှစ်တစ်သန်းဝိညာဉ်သားရဲ တကယ် ရှိနေတာကိုး..."
ပီပီတုန်း ၏ မျက်လုံးများ တောက်ပလာသည်။ သူမ၏ ဒုတိယဝိညာဉ်တွင် နှစ်တစ်သန်းဝိညာဉ်ကွင်းများသာ ပေါင်းစပ်နိုင်မည်ဆိုပါက ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းမလဲ။
သူမသည် အေးစက်စွာ ရယ်မောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ မကောင်းဆိုးဝါး အရှိန်အဝါများ ပျံ့နှံ့သွားရာ ကျန်ငါးယောက်မှာ မျက်မှောင်ကြုတ်သွားကြသည်။ ဒီမိန်းမကြီး ဘာဖြစ်နေတာလဲ...
ထိုအချိန်တွင် လုံရှင်းထျန်း ၏ အသံ ထွက်ပေါ်လာသည်။
"အားလုံးပဲ.. ရောက်လာပြီဆိုရင်လည်း ဝင်လာခဲ့ကြပါ"
ဘုန်း...
အသံမှာ မိုးကြိုးသံကဲ့သို့ပင်။
"ဝေါ့"
ပီပီတုန်း သွေးတစ်ချက် အန်ထုတ်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
ခုနလေးကပင် မကောင်းသော အတွေးများ သူမကို လွှမ်းမိုးသွားပြီး နှစ်တစ်သန်းဝိညာဉ်ကွင်းကို လိုချင်မိသွားသည် မဟုတ်လား...
"ပုပ်ရဟန်းမင်းကြီး..."
တစ္ဆေသုန့်လော် နှင့် ကျူဟွားသုန့်လော် တို့ အံ့အားသင့်သွားကြသည်။
ပီပီတုန်း က လက်ကာလိုက်ပြီး "ငါ အဆင်ပြေပါတယ်" ဟု ပြောသည်။
သူမသည် ဝါးတောခြံဝင်းအတွင်းမှ ပုဂ္ဂိုလ်ကို ကြည့်လိုက်ရာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်လူသည် သူမ၏ စိတ်အခြေအနေကို စကားတစ်ခွန်းတည်းဖြင့် ပြင်ပေးလိုက်ခြင်း ဖြစ်သည်။
နတ်ဘုရားတစ်ပါး၏ စွမ်းအားကိုတောင် ဖြိုခွဲနိုင်သည့် ပုဂ္ဂိုလ်ဆိုသည်မှာ ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်သနည်း...
"သွားကြစို့" ဓားသုန့်လော် က ဦးဆောင်၍ ဝါးတောထဲ ဝင်သွားသည်။
သူတို့ ဝါးတောထဲ ခြေချလိုက်သည်နှင့် -
ဘုန်း......
ပြင်းထန်သော ဖိအားများကြောင့် သူတို့၏ ဝိညာဉ်စွမ်းအားများမှာ လုံးဝ ပိတ်ပင်ခံလိုက်ရသည်။
ပီပီတုန်း ၏ အသားအရေများမှာ ငါးကဲ့သို့ အကြေးခွံများ ပေါ်လာသည်။ သူမသည် အသက် ၅၀ နီးပါး ရှိပြီ ဖြစ်ရာ အိုမင်းရင့်ရော်မှုများ ချက်ချင်း ပေါ်လာသည်။
အသက် ၁၀၀ နီးပါးရှိသော တစ္ဆေသုန့်လော် နှင့် အရိုးသုန့်လော် တို့မှာမူ ပို၍ ဆိုးရွားသည်။ သူတို့၏ အရေပြားများမှာ သစ်ပင်အခေါက်ကဲ့သို့ ဖြစ်သွားပြီး ခါးများ ကိုင်းညွတ်သွားကြသည်။
"ဒီ.. ဒီ.. ဒီ... အား"
တစ္ဆေသုန့်လော် အော်ဟစ်လိုက်သည်။ သူ အိုမင်းသွားပြီ... သူ သေတော့မှာပဲ...
"စီနီယာ.. စီနီယာ"
တစ္ဆေသုန့်လော် ဒူးထောက်ကာ တောင်းပန်လိုက်သည် - "စီနီယာ.. ကျွန်တော်တို့ မကောင်းတဲ့ အကြံနဲ့ လာတာ မဟုတ်ပါဘူး.. ဒီစွမ်းအားကို ရုပ်သိမ်းပေးပါ"
အားလုံး သတိပြန်ဝင်လာကြသည်။
"အို ဓားအိုကြီး.. ငါ အဘိုးကြီး ဖြစ်သွားပြီ.. မင်းက ဘာလို့ ဝိညာဉ်ကိရိယာ ကိုင်ထားတာလဲ" အရိုးသုန့်လော် က မေးလိုက်သည်။
"အသေးအမွှားလေးပါ" ဓားသုန့်လော် က ပြုံးကာ ဝိညာဉ်ကိရိယာကို သိမ်းလိုက်သည်။ သူက လုံရှင်းထျန်း ကို ဦးညွှတ်ကာ -
"ဆရာကြီး.. သူတို့က ရတနာခုနှစ်ပါးဂိုဏ်းမှ အရိုးသုန့်လော် နဲ့ နင်ဖုန်းဇီ.. ပြီးတော့ ဝိညာဉ်နန်းတော် မှ ပုပ်ရဟန်းမင်းကြီး နဲ့ တစ္ဆေသုန့်လော် တို့ပါ။..အခု သူတို့ လာတာက ဆရာကြီးကို ခွင့်လွှတ်ဖို့ တောင်းပန်ဖို့ပါပဲ"
လုံရှင်းထျန်း သည် သူတို့ကို တစ်ယောက်ချင်း စူးစိုက်ကြည့်လိုက်သည်။
ဒါဆို သူတို့ပေါ့... လုံရှင်းထျန်း လက်ဖျောက်တီးလိုက်သည်။
ဟမ်... လောကကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဖေဖေ" "ဆရာမ"
နင်ရုံရုံ နှင့် ဟူလီနာ တို့ ပျော်ရွှင်စွာ ပြေးသွားကြသည်။
"ဖေဖေ.. ဓားအဘိုးနဲ့ အရိုးသုန့်လော် ကို သူ့ကို ရိုက်ခိုင်းလိုက်" နင်ရုံရုံ က လုံရှင်းထျန်း ကို လက်ညှိုးထိုးကာ ပြောသည်။
"...."
နင်ဖုန်းဇီ ချွေးပြန်ကာ တောင်းပန်နေရသည်။
"ဆရာ" ဟူလီနာ က တည်ငြိမ်စွာ နှုတ်ဆက်သည်။
"မဆိုးဘူး.. မင်းရဲ့ ဝိညာဉ်စွမ်းအား အဆင့် ၁၈ ရောက်သွားပြီပေါ့" ပီပီတုန်း က မေးလိုက်သည်။ သူမ စိတ်ထဲတွင်တော့ မုန်တိုင်းထန်နေသည်။ သူမစကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ ငါးရက်အတွင်းမှာ အဆင့်တွေ အများကြီး တိုးသွားတာလား...
အားလုံးမှာ တံတွေးမြိုချလိုက်ကြသည်။
ဒီပုဂ္ဂိုလ်က ဘာလို့ ဒီလောက် နက်နဲနေရတာလဲ...
သူက နတ်ဘုရားတစ်ပါးများလား......
"အားလုံးပဲ.. အချိန်တန်ပြီ"
လုံရှင်းထျန်း က တည်ငြိမ်စွာ ပြောလိုက်သည် -
"နောက်တစ်ဆင့်အနေနဲ့ မင်းတို့ ဘာကိစ္စနဲ့ ငါ့ဆီ လာခဲ့တာလဲ ဆိုတာ ပြောပြကြပါဦး"