‘ဒါဆိုရင် ငါ့ရဲ့ ကူးပြောင်းလာခြင်းက ဘာအဓိပ္ပာယ် ရှိတာလဲ’
လုံရှင်းထျန်း သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း စိတ်ဓာတ်ကျနေသည်။
သူသည် ရွမ်ဟွမ် ကမ္ဘာသို့ ကူးပြောင်းလာခဲ့သော်လည်း အသုံးမဝင်သူ တစ်ယောက် ဖြစ်လာခဲ့ရသည်တဲ့လား...
အဓိက အချက်မှာ စနစ် သည် ဆိုင်းအင် (မှတ်ပုံတင်) ဝင်ရသည့် အမျိုးအစား ဖြစ်သည်။ ဒါက ပြဿနာ မရှိသော်လည်း.. ဆိုင်းအင် ဝင်၍ ရလာသော ပစ္စည်းများအားလုံးမှာ သုန့်လော် တိုက်ကြီးမှ ပစ္စည်းများ ဖြစ်နေပြီး သူကိုယ်တိုင်က လုံးဝ အသုံးမပြုနိုင်ခြင်း ဖြစ်သည်...
"ငါ ဒီဝါးတောထဲမှာပဲ ပုန်းအောင်းနေပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံး သေဖို့ပဲ စောင့်နေရတော့မှာလား"
လုံရှင်းထျန်း သည် ရွှီချင်းဟယ် ကို ပြန်လှည့်ကြည့်လိုက်ရာ ထိုသူမှာ သွေးအန်ပြီး မြေပေါ်သို့ ပြန်လဲကျသွားသည်ကို တွေ့လိုက်ရသည်။ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။
"မင်း... မင်း ဒဏ်ရာတွေက မပျောက်သေးဘူးလား"
ရွှီချင်းဟယ် "...."
ရွှီချင်းဟယ် ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ သူသည် စိတ်ပျက်နေပြီး ပြန်ပြောဖို့လည်း အားမရှိသလို.. အံ့အားလည်း အလွန်ကြီးမားနေသည်။
ဘွဲ့နှင်းခံသုန့်လော် (ဘွဲ့ရ) တစ်ယောက်ပင်လျှင် သူတို့၏ ဝိညာဉ်စွမ်းအင် သက်သက်ဖြင့် သူ့ကို ထိခိုက်အောင် လုပ်နိုင်ဖို့ မဖြစ်နိုင်ကြောင်း သူသိသည်။
သူ့ရှေ့က လူသည် ဘယ်လောက်အထိ စွမ်းအားကြီးမားလို့ ဒီလို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်ရတာလဲ...
ဒီဆရာကြီးက... ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးများလား...
ထိုသို့ တွေးမိလိုက်သည်နှင့် ရွှီချင်းဟယ် တုန်ယင်သွားသည်။ သူသည် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေမိကာ အလျင်အမြန် ထရပ်၍ ဂါရဝပြုလိုက်သည်။
"ဆရာကြီး.. ဒီတပည့် ကောင်းပါတယ်.. ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ နောက်ဆက်တွဲ သက်ရောက်မှု လေးပါပဲ"
လုံရှင်းထျန်း ၏ ကြောက်မက်ဖွယ်ရာ အစွမ်းကို မြင်တွေ့ပြီးနောက်.. သူသည် မည်သည့် မင်းမျိုးမင်းနွယ် ဂုဏ်ပုဒ်ကိုမျှ မထုတ်ရဲတော့ဘဲ သူ၏ အသံမှာလည်း အလွန်ပင် နိမ့်ကျသွားသည်။
"ဒီလောက် ဆိုးရွားတဲ့ တိုက်ခိုက်မှုကို ခံရပြီးမှ အသက်ရှင်နေနိုင်တာပဲ.. ဒါကို အံ့ဖွယ်တစ်ခုလို့ ခေါ်နိုင်ပါတယ်"
လုံရှင်းထျန်း သည် သူ့ကို ထူပေးလိုက်ပြီး ဂရုတစိုက် စဉ်းစားကာ မေးလိုက်သည်။
"မင်းကို ဝိညာဉ်နန်းတော်က လိုက်ဖမ်းနေတာလား"
ယခုအချိန်တွင် သူသည် လက်ရှိ အချိန်ကာလကို အတည်ပြုရန် လိုအပ်သည်။
သူသည် ရွှီချင်းဟယ် ကို ချီရန်ရွှယ် က အစားထိုးလိုက်သည်ကို ဝိုးတဝါး မှတ်မိနေသည်။
"ဆရာကြီးက တကယ်ပဲ အနာဂတ်ကို ကြိုမြင်နိုင်တာပါလား" ရွှီချင်းဟယ် သည် ဘာကိုမျှ မဖုံးကွယ်ရဲတော့ဘဲ သူ၏ မျက်ဝန်းအောက်ခြေတွင် မုန်းတီးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ထို ကျိန်ဆဲရမည့် ဝိညာဉ်နန်းတော် က ဘာကြောင့် သူ့ကို သတ်ချင်နေတာလဲ...
အခုထိ သူ နားမလည်နိုင်သေးပေ။
ထိုသူ၏ အတည်ပြုချက်ကို ကြားလိုက်ရသဖြင့် လုံရှင်းထျန်း သည် သူ၏ စိတ်ထဲတွင် အချိန်ကို တွက်ချက်လိုက်သည်။
{"ရွှီချင်းဟယ် ကို ဝိညာဉ်နန်းတော် က လိုက်ဖမ်းနေတယ်.. ချီရန်ရွှယ် က အခွင့်အရေးကို အသုံးချပြီး အိမ်ရှေ့စံမင်းသား ရွှီချင်းဟယ် အဖြစ် အစားထိုးတော့မှာ။ ဒီအချိန်ဆိုရင် ဇာတ်လိုက် ထန်ဆန်း က ဝိညာဉ်နိုးထခြင်း အသက်အရွယ် နီးကပ်နေလောက်ပြီ"
"နောက်နှစ်အနည်းငယ်ဆိုရင် စစ်ပွဲတစ်ခု ဖြစ်လာတော့မယ်.. သုန့်လော် တိုက်ကြီးက အကြီးအကျယ် အပြောင်းအလဲ ဖြစ်တော့မှာ"
"ဟူး... ငါ လက်ရှိရောက်နေတဲ့ နေရာက ထိခိုက်မှာတော့ မဟုတ် လောက်ပါဘူးနော်"}
သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ပေါ်ပေါက်လာသည်။
သူ့တွင် ယခုလက်ရှိ သိုင်းဝိညာဉ် တစ်ခုတောင် မရှိပါ...
ဒီလို ရှုပ်ထွေးသော ကမ္ဘာတွင် သူ ဘယ်လို အသက်ရှင်မလဲ...
လုံရှင်းထျန်း သည် အနည်းငယ် စိုးရိမ်လာသည်။ သူသည် ရွှီချင်းဟယ် ကို ကြည့်လိုက်ရာ ရုတ်တရက် သူ၏ မျက်ဝန်းတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
‘နေပါဦး.. တစ်ခုခု ပြောင်းလဲဖို့ အခွင့်အရေး ရှိနိုင်သေးတာပဲ မဟုတ်လား’
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ရွှီချင်းဟယ် ၏ မူလဘဝ လမ်းကြောင်းမှာ သေခြင်းဖြစ်သော်လည်း ကံကြမ္မာ အလှည့်အပြောင်းကြောင့် သူ၏ အကယ်တင်ခံ ဖြစ်သွားခဲ့သည်။
‘တကယ်လို့ သူက ထီးနန်းကို ပြန်လည်သိမ်းပိုက်ပြီး ထျန်းဒိုအင်ပါယာကို ပြန်လည် စုစည်းဖို့ ဖြစ်နိုင်ခြေ ရှိမလား…’
‘ငါသာ သူ့ကို ကျေးဇူးတင်စရာ ဖြစ်အောင် လုပ်နိုင်ရင်.. သူက အနာဂတ်မှာ ငါ့အသက်ကို ပြန်ကယ်နိုင်မှာပဲ.. ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး..အနည်းဆုံးတော့ ငါက သူ့အတွက် အရေးပါတဲ့သူ ဖြစ်အောင် လုပ်ရမယ်.. သူ့ရဲ့ အရာအားလုံးကို ပေးအပ်နိုင်တဲ့အထိပေါ့’
ဘယ်လို အခြေအနေမျိုးမှာ သူက အရာအားလုံးကို ဂရုမစိုက်ဘဲ ငါ့အတွက် လုပ်ပေးမလဲ...
သူတို့နှစ်ဦးတွင် သီးခြား ဆက်ဆံရေး တစ်ခု ရှိရမည်။
ဥပမာအားဖြင့်.. ဆရာနှင့် တပည့် ဆက်ဆံရေး...
တကယ်လို့ သူတို့သည် ဆရာနှင့် တပည့် ဖြစ်သွားလျှင် သူ့ကိုယ်သူ ကာကွယ်ဖို့က လွယ်ကူသွားမှာ မဟုတ်ဘူးလား...
‘အင်း... လုပ်လိုက်တော့မယ်’
လုံရှင်းထျန်း သည် ရွှီချင်းဟယ် ကို စိုက်ကြည့်လိုက်ပြီး စိတ်ဝင်စားဖွယ် အပြုံးတစ်ခု ပြုံးလိုက်သည်။
သူ၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့မှု ခံစားချက်တစ်ခု ရွီချင်းဟယ် ၏ ရင်ထဲတွင် မပေါ်ပေါက်ဘဲ မနေနိုင်တော့ပေ။
အခြားတစ်ဖက်က ဝိညာဉ်နန်းတော် မှ ပုန်းအောင်းနေသည့် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှင် တစ်ယောက်များ ဖြစ်နေမလား...
"အဟမ်း"
လုံရှင်းထျန်း သည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ရွှီချင်းဟယ် ကို ကျောပေး၍ ပြောလိုက်သည်။
"ငါ ဒီနေရာမှာနေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ.. လောကီကိစ္စတွေကို စိတ်မဝင်စားတာ ကြာပြီ.. ဘယ်လို ကံကြမ္မာ အကျိုးဆက်မျိုးမှာမှလည်း ပါဝင်မပတ်သက်ချင်ဘူး.. မင်း ဒဏ်ရာသက်သာသွားပြီဆိုတော့ အခုပဲ ထွက်သွားတော့"
သူသာ တပည့်ခံဖို့ တိုက်ရိုက် ပြောလိုက်လျှင် ကျေးဇူးတင်မှုကို ပြန်တောင်းသကဲ့သို့ ဖြစ်သွားလိမ့်မည်။ ဘာမှ မပြောဘဲ အစွမ်းရှင်တစ်ယောက်လို ဟန်ဆောင်ခြင်းက ပိုကောင်းသည်။
ဘာပဲဖြစ်ဖြစ်.. သုန့်လော် တိုက်ကြီးမှာ ဘယ်သူ့ရဲ့ ဝိညာဉ်အဆင့်ကိုမှ သူတို့ရဲ့ ဝိညာဉ်ကွင်းကို မပြသဘဲ ဘယ်သူမှ မသိနိုင်ပေ။ ပုန်းအောင်းနေတဲ့ အစွမ်းရှင်တစ်ယောက်လို ဟန်ဆောင်တာ ဘာမှ မဖြစ်လောက်ပါဘူး.. ဟုတ်တယ်မလား...
အခြားတစ်ဖက်ကို ဘာသင်ပေးရမလဲ...
စနစ် က သူ့ကို ပေးထားတဲ့ ဆုလာဘ်တွေ အများကြီး မဟုတ်ဘူးလား...
သူက ဘာမှန်း မသိပေမယ့် စနစ် ရဲ့ ပစ္စည်းတွေက အရည်အသွေးမြင့်မှာ အသေအချာပဲ...
သူ တစ်ကြိမ်လောက်တော့ စနစ် ကို ယုံကြည်ကြည့်လိုက်မယ်...
ရွှီချင်းဟယ် သည် တိတ်ဆိတ်သွားသည်။
သူသည် ထွက်သွားဖို့လည်း စိတ်မရှိသလို.. ထွက်သွားချင်စိတ်လည်း မရှိပေ။ အပြင်မှာ ဝိညာဉ်နန်းတော် က လူတွေက စောင့်နေတာ။ အပြင်ထွက်ရင် သေလမ်းပဲ ရှိတယ်။
သို့သော် သူ၏ ရှေ့က လူကိုလည်း မထိခိုက်ရဲပေ။
သူ၏ ဝိညာဉ်စွမ်းအင် သက်သက်ဖြင့်ပင် သူ့ကို ထိခိုက်အောင် လုပ်နိုင်သော တည်ရှိမှုမျိုး ဖြစ်သည်ကို သိထားရမည်...
ခဏတာတွင် ရွှီချင်းဟယ် သည် ဒွိဟ ဖြစ်သွားသည်။
သူသာ အပြင်ထွက်လျှင် ဝိညာဉ်နန်းတော် က လူတွေ မရှိရင်တောင်.. ဝိညာဉ်သားရဲ တစ်ကောင်တည်းနှင့်ပင် သူသေနိုင်သည် ဒီနေရာမှာ ဆက်နေဖို့ကလည်း ဒီနေရာကသူ့ကို မကြိုဆိုပေ။
သူ ဘာလုပ်သင့်သလဲ...
၁၀ နှစ်အရွယ် ရွှီချင်းဟယ် ၏ ဦးနှောက်သည် အလွန်မြန်ဆန်စွာ တွေးတောနေသည်။
"နေပါဦး" သူ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အတွေးတစ်ခု ပေါ်လာသည်။
တပည့်ခံခြင်း...
တကယ်လို့ သူသာ တပည့် ဖြစ်လာနိုင်လျှင်... ထျန်းဒိုအင်ပါယာကို ပြန်ရောက်ဖို့က သေချာသွားမှာ မဟုတ်ဘူးလား...
ဝိညာဉ်နန်းတော် ဆိုတာ ဘာလဲ... ဒီလူကြီးရှေ့မှာ သူတို့က အမှိုက်တစ်စလောက်တောင် တန်ဖိုးရှိမှာ မဟုတ်ဘူး...တွေးမိသည်နှင့် ရွှီချင်းဟယ် သည် ချက်ချင်း ဒူးထောက်လိုက်သည်။
"ဆရာကြီး.. တပည့်မှာ တကယ်ကို နေစရာမရှိတော့ပါဘူး.. ဒါက ကြယ်တာရာ တောအုပ်ကြီးရဲ့ အလယ်ဗဟိုပါ. တပည့်က ဝိညာဉ်ကွင်းတစ်ခုတည်းရှိတဲ့ ဝိညာဉ်သခင် တစ်ယောက်ပါ အပြင်ထွက်ရင် သေဖို့ပဲ ရှိပါတယ်"
ဒုန်း...ဒုန်း....ဒုန်း
စကားပြောပြီးနောက် သူသည် ထိုနေရာတွင်ပင် ကန်တော့လိုက်သည်။
"ဆရာကြီး အဆင်ပြေမယ်ဆိုရင်.. ချင်းဟယ် က ဆရာကြီးရဲ့ ဘေးမှာ ကျွန်တစ်ယောက် ဒါမှမဟုတ် အစေခံတစ်ယောက်လို နေဖို့ ဆန္ဒရှိပါတယ်..တပည့်ကို အခွင့်အရေး တစ်ခုလောက် ပေးပါ"
"...."
"ဟူး... ဒီကောင်လေးက မိုက်တော့ မမိုက်ဘူး"
လုံရှင်းထျန်း သည် သူ့ကို အသေးစိတ် စေ့စေ့ကြည့်လိုက်သည်။
"အဟမ်း"
သူသည် နှစ်ချက် ချောင်းဆိုးလိုက်ပြီး "ငါ့ဆီမှာ အစေခံဆိုတာ မရှိဘူး"
ကူးပြောင်းလာတာ ကြာပြီဖြစ်သော်လည်း လုံရှင်းထျန်း သည် "လူတိုင်း တန်းတူပဲ" ဆိုသည့် စံနှုန်းကို အမြဲ ယုံကြည်နေဆဲ ဖြစ်သောကြောင့် ရွှီချင်းဟယ် ကို အစေခံအဖြစ် မယူလိုပေ။
"ဒါ" ရွှီချင်းဟယ် လုံးဝ အံ့သြသွားသည်။
သူက တပည့်အဖြစ် လက်ခံပေးဖို့ တိုက်ရိုက် တောင်းဆိုသင့်မလား...
ငန်း ဝိညာဉ်တစ်ခုတည်းကို သူတို့ သဘောကျပါ့မလား...
သွားကို ကြိတ်ပြီး ရွှီချင်းဟယ် ထပ်ကန်တော့လိုက်သည်။
"ချင်းဟယ် ရဲ့ အရည်အချင်းက ကန့်သတ်ချက် ရှိမှန်း သိပါတယ်.. ဒါပေမဲ့ တပည့် ကြိုးစားချင်ပါသေးတယ်..ဆရာကြီးက ဒီမှာ တစ်ယောက်တည်း နေတာဆိုတော့ တစ်ခုခုလုပ်ပေးမယ့်သူ လိုအပ်မှာပါ။ ဆရာကြီး တပည့်ကို တပည့်တစ်ယောက်အဖြစ် လက်ခံပေးပါ.. နာမည်ခံ တပည့်လေးပဲ ဖြစ်ဖြစ်ပေါ့"
ဒုန်း...ဒုန်း....ဒုန်း
ထပ်ပြီး ကန်တော့လိုက်သည်။
နောက်ဆုံးတော့ ဒီကောင်လေးမဆိုးဘူးပဲ…
လုံရှင်းထျန်း သည် အသက်ရှူထုတ်ကာ တွန့်ဆုတ်နေဟန် ဆောင်လိုက်သည်။
"မင်းကတော့ တော်တော်လိမ္မာတာပဲ.. ဒါပေမဲ့ ငါက ကံကြမ္မာ အကျိုးဆက်တွေနဲ့ မပတ်သက်ချင်ဘူး"
အခွင့်အရေးတစ်ခုကို မြင်လိုက်ရသဖြင့် ရွှီချင်းဟယ် သည် အလျင်အမြန် ပြောလိုက်သည်။
"ဆရာကြီး.. စိတ်ချပါ။ တပည့် ကံကြမ္မာ အကျိုးဆက်အားလုံးကို ခံယူပါ့မယ်.. ဆရာကြီးကို ဘယ်တော့မှ အခက်အခဲ မဖြစ်စေရပါဘူး"
"...."
လေထုသည် မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။
"ကောင်းပြီ" လုံရှင်းထျန်း လက်ဝှေ့ယမ်းလိုက်သည်။
"မင်းက ငါ့ရဲ့နေရာကို မှားယွင်းပြီး ရောက်လာတာ.. ဒါကို ကံကြမ္မာလို့ သတ်မှတ်လိုက်မယ်..ငါ့ဘေးမှာ အလုပ်ကူလုပ်ပေးမယ့်သူ မရှိတာနဲ့ အဆင်ပြေသွားတာပေါ့... မင်းက ဒီလောက် စိတ်ရင်းမှန်နဲ့ တောင်းဆိုနေတာ..ငါလက်ခံလိုက်ပါ့မယ်"
သူပြောရင်း ကုလားထိုင်တစ်ခုကို ပြန်ရှာကာ ထိုင်လိုက်သည်။
"ငါ့နာမည်က လုံရှင်းထျန်း.. ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ပထမဆုံး တပည့်ပဲ"
"ဆရာ.. တပည့်ရဲ့ ဂါရဝကို လက်ခံပေးပါ"
ရိုးရှင်းသော တပည့်ခံခြင်း အခမ်းအနား ပြီးဆုံးသွားပြီး နှစ်ဦးစလုံးသည် လူစိမ်းများမှ ဆရာနှင့် တပည့်အဖြစ် တရားဝင် ပြောင်းလဲသွားသည်။
လုံရှင်းထျန်း ခေါင်းညိတ်လိုက်သည်။
"မင်း ငါ့ရဲ့ တပည့် ဖြစ်လာပြီဆိုတော့.. ငါ မင်းကို တပည့်လက်ဆောင် တစ်ခု ပေးမယ်"
စကားပြောပြီးနောက် သူသည် ဆေးလုံးများ ပြည့်နေသည့် သေတ္တာတစ်လုံးကို ရှာဖွေပြီး ဖီးနစ်ပုံစံ ထွင်းထုထားသည့် ရွှေရောင်ဆေးလုံး တစ်လုံးကို တွေ့လိုက်ရသည်။
【နာမည် - ဖီးနစ်ဆေးလုံး 】
【မှတ်ချက် - စားသုံးပါ.. ထို့နောက် မှော်စွမ်းအားကို ရရှိပါလိမ့်မည်...】
’ငါ ဒါကို သောင်းချီအောင် စားခဲ့တာ ဘာမှ မဖြစ်ခဲ့ဘူး.. သုန့်လော် တိုက်ကြီးက ဒေသခံတစ်ယောက် စားရင်ရော ဘာဖြစ်မလဲ’
လုံရှင်းထျန်း သည် သူ၏ စိတ်ထဲတွင် တွေးတောရင်း ထိုဆေးလုံးကို ရွှီချင်းဟယ် ထံ ပေးလိုက်သည်။
"ဆရာ.. ဒါက ဘာလဲ" ရွှီချင်းဟယ် သည် သန့်ရှင်းသော အလင်းကို ထုတ်လွှတ်နေသည့် ဆေးလုံးကို စိုက်ကြည့်နေသည်။
"စားကြည့်လိုက်.. မင်း သိလိမ့်မယ်"
လုံရှင်းထျန်း ခေါင်းညိတ်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။
ရှင်းပြခြင်း မရှိပေ။
"ဆရာ့ အမိန့်အတိုင်းပါ"
ရွှီချင်းဟယ် သည် ဆေးလုံးကို ဂရုတစိုက် ယူလိုက်သည်။
"အကုန်လုံး စားရမယ်နော်" လုံရှင်းထျန်း သည် ရွှီချင်းဟယ် ကို စိုက်ကြည့်နေသည်။
ဒီအမှိုက်ဆေးလုံးက ဘာအကျိုးသက်ရောက်မှု ရှိလဲဆိုတာ ကြည့်ဖို့ အချိန်ကောင်းပဲ.. စနစ် က သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာလား ဒါမှမဟုတ် မူလခန္ဓာကိုယ်ဖြင့် ကူးပြောင်းလာသူတွေအတွက် တကယ် အသုံးမဝင်တာလား...
"ဂလုခနဲ"
ရွှီချင်းဟယ် ဆေးလုံးကို မျိုချလိုက်သည်။
ဟမ်...
ချက်ချင်းဆိုသလိုပင် အင်အားကြီးမားသော စွမ်းအားတစ်ခုသည် သူ၏ တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ဓားပေါင်းထောင်ချီဖြင့် အလှီးခံနေရသကဲ့သို့ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ့ကို ပတ်ရံထားသည်။
‘ဟ... ဒေသခံတွေအတွက်တော့ တကယ် အလုပ်ဖြစ်တာပဲ’
လုံရှင်းထျန်း သည် တောက်ပနေသည့် ရွှီချင်းဟယ် ကို ကြည့်ကာ သူ၏ စိတ်ထဲတွင် အံ့အားသင့်သွားသည်။
သို့သော်လည်း အလင်းတန်းသည် ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
အားလုံးသည် ပြန်လည် တည်ငြိမ်သွားသည်။
"...."
"ဒီလောက်ပဲလား" လုံရှင်းထျန်း မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
သူ၏ အမူအရာမှာ ချက်ချင်းဆိုသလိုပင် စိတ်ပျက်စရာ ကောင်းလာသည်။
သူ တစ်ခုခု ထူးခြားတာ ဖြစ်လာမယ်လို့ ထင်ခဲ့ပေမယ့် ရွှေရောင်အလင်းတန်းလေးပဲ ထွက်လာပြီးတော့ ပြီးသွားတာလား...
မျှော်လင့်ထားတဲ့အတိုင်းပဲလား..
စနစ် ပေးသည့် ဆေးလုံးသည် ဒေသခံများအတွက်လည်း အကြီးအကျယ် အကျိုးသက်ရောက်မှု မရှိဟု သူ ထင်လိုက်သည်။
သူ သက်ပြင်းချကာ ကျောခိုင်းပြီး အိမ်အပြင်သို့ ထွက်ကာ ကုလားထိုင်ပေါ်သို့ ပြန်လှဲလိုက်သည်။
"ရွှီချင်းဟယ် အိမ်ရှေ့စံမင်းသား ရာထူးကို ပြန်ယူနိုင်ဖို့ နည်းလမ်းရှာရဦးမယ်"
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အိမ်ထဲတွင်..
ရွှီချင်းဟယ် သည် အလွန်အမင်း နာကျင်နေပြီး သူ၏ တစ်ကိုယ်လုံးမှာ ပြန်လည် တည်ဆောက်နေရသကဲ့သို့ ခံစားနေရသည်။
ကံကောင်းစွာဖြင့်.. သူ့လက္ခဏာမှာ ကြာကြာ မခံပေ။
"ချပ်"
သူ၏ ခန္ဓာကိုယ်ထဲမှ ပြတ်သားသော အော်သံတစ်ခု ထွက်ပေါ်လာပြီး ဖီးနစ်ပုံရိပ်တစ်ခု သူ၏ နောက်ကျောတွင် ပေါ်လာသည်။ ဦးခေါင်းတွင် သရဖူ ရှိပြီး.. ခန္ဓာကိုယ်မှာ ရွှေရောင်လွှမ်းနေကာ.. အတောင်ပံများမှာ ဓားများကဲ့သို့ ထက်မြက်နေပြီး အလွန်ကြီးမားသော သန့်ရှင်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
"ဟူး... ဟူး"
ရွှီချင်းဟယ် ၏ ခန္ဓာကိုယ်မှာ ချွေးများဖြင့် စိုရွှဲနေသည်။ သူသည် ဖီးနစ်ပုံရိပ်ကို မော့ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။
ငါ... ငါ တကယ်ပဲ ဒုတိယ ဝိညာဉ်ကို နိုးထလိုက်တာလား…
ထိုမျှသာ မဟုတ်.. သူသည် လက်ကို မြှောက်လိုက်ရာ သူ၏ မူလ ငန်း၀ိညာဥ် မှာလည်း ဖီးနစ် ဝိညာဉ်၏ သက်ရောက်မှုကြောင့် သာမန်ငန်းမှ မြင့်မြတ်အလင်းငန်း အဖြစ် ပြောင်းလဲသွားသည်။
ဘယ်ဘက်လက် - မြင့်မြတ်အလင်းငန်း.. ထိပ်တန်း အထောက်အကူပြု ဝိညာဉ်..
ညာဘက်လက် - နတ်ဘုရားဖီးနစ်.. နတ်ဘုရားအဆင့် တိုက်ခိုက်ရေး ဝိညာဉ်…
နှစ်ခုလုံး၏ ပြင်းထန်သော ဖိအားအောက်တွင် သူ၏ ဝိညာဉ်စွမ်းအားသည် မူလအဆင့် ၁၄ မှ ဝိညာဉ်ကွင်း မလိုအပ်ဘဲ အဆင့် ၃၀ သို့ တိုက်ရိုက် တက်သွားသည်...
အဆင့် ၁၆ ဆင့် ခုန်တက်သွားခြင်း...
သူသည် အခု အသက် ၁၀ နှစ်ပဲ ရှိသေးသည်ကို သိထားရမည်…
ဒါက နတ်ဘုရားအဆင့် ဝိညာဉ်က ပေးစွမ်းသည့် ထပ်ဆောင်း အကျိုးသက်ရောက်မှု ဖြစ်သည်။
တကယ်လို့ မွေးရာပါ နတ်ဘုရားအဆင့် ဝိညာဉ်ဖြစ်လျှင် အဆင့် ၂၀ ရှိ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိနိုင်သည်။
"ဆရာက တကယ်ပဲ ပြိုင်ဘက်ကင်းတဲ့ သူပဲ"
ရွှီချင်းဟယ် စိတ်လှုပ်ရှားစွာ ပြောသည်။
မဟုတ်ဘူး.. ဆရာက နတ်ဘုရား ဖြစ်ရမယ်...
ဝိညာဉ်တစ်ခုကို တိုက်ရိုက် ပေးအပ်နိုင်ခြင်းသည် နတ်ဘုရား မဟုတ်ရင် ဘာဖြစ်မလဲ...
"ဆရာ"
ရွှီချင်းဟယ် သည် အိမ်ထဲမှ စိတ်လှုပ်ရှားစွာ ပြေးထွက်လာပြီး လုံရှင်းထျန်း ၏ ရှေ့တွင် ဒူးထောက်လိုက်ကာ မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်နှာကို ပြလိုက်သည်။
"..."
လုံရှင်းထျန်း သူ့ကို တစ်ချက်ကြည့်လိုက်သည်။
သေစမ်း.. သူက ဆေးလုံးက အကျိုးမရှိလို့ ငိုနေတာလား...
"ဆရာ.. တပည့် အဆင့် ၃၀ ကို ရောက်သွားပါပြီ" ရွှီချင်းဟယ် ကျယ်လောင်စွာ ကန်တော့လိုက်သည်။
"...."
ဒါဆို အဲ့ဒီ အမှိုက်ဆေးလုံးက တကယ်ပဲ နည်းနည်း အသုံးဝင်တာပေါ့... လုံရှင်းထျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ဒီလို ဆရာမျိုး ဖြစ်ရတာလည်း လုံးဝ အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ။
"အယ်... မဟုတ်ဘူး... ဒါ မမှန်ဘူး"
ရုတ်တရက် လုံရှင်းထျန်း နောက်ထပ် အချက်တစ်ခုကို တွေးမိသည်။
"ရွှီချင်းဟယ် က အဆင့် ၃၀ ကို ရောက်သွားပြီဆိုတော့ ဝိညာဉ်ကွင်း အသစ် ထပ်ထည့်ရဦးမှာ မဟုတ်ဘူးလား... ဝိညာဉ်ကွင်း အသစ် ထပ်ထည့်ဖို့ ဝိညာဉ်သားရဲ တစ်ကောင်ကို မုဆိုးလုပ်ပြီး သတ်ရမှာ မဟုတ်ဘူးလား... ဒါပေမဲ့ ငါက ဆရာတစ်ယောက်အနေနဲ့... သူ့ကို ဝိညာဉ်သားရဲ တစ်ကောင် ဘယ်လို ကူသတ်ပေးရမလဲ"
ယွီရှောင်ကန်း လို ထန်ဆန်း ကို ဝိညာဉ်သားရဲ တစ်ကောင် သတ်ဖို့ ခေါ်သွားပြီး ဆရာရော တပည့်ပါ အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားမှာလား...
"...."
"ဆရာ"
ရွှီချင်းဟယ် သည် သူ၏ ဒုတိယ ဝိညာဉ် နိုးထလာသည့်အကြောင်း ပြောပြချင်နေသေးသည်။
"တော်ပြီ" လုံရှင်းထျန်း သူ့ကို ချက်ချင်း ဖြတ်ပြောလိုက်သည်။
"ဆရာ သိပြီးပြီ.. ဒါပေမဲ့ ဝိညာဉ်သားရဲ တစ်ကောင်ကို သတ်ဖို့ ဆိုရင်တော့... ဒီခြံထဲက ဘယ်တိရစ္ဆာန်က သင့်တော်မလဲဆိုတာ မင်း ကြည့်လိုက်ပါလား"
"ဒီခြံ"
ရွှီချင်းဟယ် အံ့သြသွားသော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
ဆရာပေးသည့် ဆေးလုံးဖြစ်သောကြောင့်.. ဒုတိယ ဝိညာဉ်ကို နိုးထစေနိုင်ကြောင်း သူ အရင်ကတည်းက သိနေမှာပဲ။ အရာအားလုံးက ဆရာ့အစီအစဉ်အတိုင်းပဲ...
ဝိညာဉ်ကွင်းအတွက် မုဆိုးလုပ်ဖို့ ဆိုရင်...
ရွှီချင်းဟယ် သည် ခြံထဲဆင်းကာ ဝန်းကျင်ရှိ တိရစ္ဆာန်များကို ကြည့်လိုက်သည်။
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ကျရောက်လာသည်။
သူသည် သူ့ကို စိုက်ကြည့်နေသော သွေးရောင် မျက်လုံးပေါင်းများစွာကို တွေ့လိုက်ရသည်။
ထိုစွမ်းအင်များနှင့် ထိတွေ့လိုက်ရုံမျှဖြင့် သူ၏ စိတ်ဝိညာဉ်များ လွင့်စဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဝိညာဉ်.. ဝိညာဉ်သားရဲ.. နှစ်တစ်သိန်းရှိတဲ့ ဝိညာဉ်သားရဲလား"
"မဟုတ်ဘူး.. အဲ့ဒါထက် ပိုတောင် အစွမ်းထက်နေသေးတယ်"