ဘုန်း... ဘုန်း... ဘုန်း...
ရွှီချင်းဟယ် သည် တည်ဆောက်ဆဲ အကယ်ဒမီ အုတ်မြစ်ကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"မနေ့ညက ဝိညာဉ်အရိုး (နှစ်တစ်သောင်းသက်တမ်း) သုံးခု ရောင်းလိုက်တာ.. အခုတော့ အကယ်ဒမီ ဆောက်ဖို့ ငွေရှိသွားပြီ"
လုံရှင်းထျန်း ပေးလိုက်သော ဝိညာဉ်ကိရိယာ လက်စွပ်အတွင်းရှိ ရွှေဒင်္ဂါးပေါင်း သန်းနှင့်ချီကို ကြည့်ရင်း ရွှီချင်းဟယ် ပြုံးမပျက်နိုင်တော့ပေ။
"ဆရာ.. ဒီတပည့်က တစ်နေ့နေ့မှာ ဒီအကယ်ဒမီကို သုန့်လော်တိုက်ကြီးတစ်ခုလုံးမှာ အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး အကယ်ဒမီ ဖြစ်လာအောင် ဆောက်လုပ်ပေးပါ့မယ်"
လုံရှင်းထျန်း က သူ့ကို ဘာကြောင့် "လုံကျန်း" ဟု ကလောင်နာမည် ပေးခဲ့မှန်း သူ အခုမှ နားလည်တော့သည်..ဆရာက ဒီအင်အားစုကို တည်ဆောက်ဖို့ လိုအပ်မယ်ဆိုတာကို ကြိုသိနေခဲ့တာပဲ။ "လုံကျန်း" ဆိုတဲ့ နာမည်က ကမ္ဘာပေါ်ရှိ ဝိညာဉ်သားရဲအားလုံးထဲမှာ အမြင့်မြတ်ဆုံး မဟုတ်လား...
"ကောင်လေး"
ရွှီချင်းဟယ် ပျော်ရွှင်နေစဉ်မှာပင် အဝေးမှ ပြင်းထန်သော ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ရောက်လာပြီး ဖလန်ဒါ ၏ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။
ရွှီချင်းဟယ် လှည့်ကြည့်လိုက်သည်။
ဖလန်ဒါ ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေသည် -
"ကောင်လေး.. မင်းဆရာက ဘယ်သူပဲဖြစ်ဖြစ်.. ဘွဲ့နှင်းခံသုန့်လော် ဖြစ်နေရင်တောင် ဒီနေ့ မင်းကို လူကြီးတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ သင်ပေးမယ်"
သာမန်အားဖြင့် မြို့တစ်မြို့မှာ အကယ်ဒမီ တစ်ခုသာ ရှိသင့်သည်။ ရှိခဲ့ရင်တောင် တန်းတူပဲ ဖြစ်သင့်သည်။ ဘေးနားမှာ လာဆောက်တာကတော့ ရန်စတာပဲ မဟုတ်လား။
"သတ္တိရှိလိုက်တာ"
ရွှီချင်းဟယ် က ရယ်မောလိုက်သည်။ ဖလန်ဒါ ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် လုံရှင်းထျန်း ပေးလိုက်သော လေးနှင့် မြားကို အသာအယာ ထုတ်ယူလိုက်သည်။
ဝှစ်......
မြားသည် နဂါးတစ်ကောင်ကဲ့သို့ လေကို ထိုးဖောက်သွားကာ ပတ်ဝန်းကျင်ကို တုန်လှုပ်စေသည်။
ဘုန်း...
မြားဖျားသည် ဖလန်ဒါ နှင့် ထိမိရာ သူ၏ ဝိညာဉ်စွမ်းရည် အလွှာများမှာ ပျက်စီးသွားသည်။
"မကောင်းတော့ဘူး"
ဖလန်ဒါ အံ့အားသင့်သွားသည်။ ထိုမြားသည် ဝိညာဉ်ဧကရာဇ် တစ်ပါး၏ စွမ်းအားကို ကျော်လွန်သွားပြီး သူ့ကို အသက်အန္တရာယ် ပေးနိုင်လောက်သည်။ သူသည် လွတ်မြောက်ရန် အသည်းအသန် ကြိုးစားခဲ့ရသည်။
ဘုန်း......
သူ၏ နောက်ကွယ်ရှိ 'ရှီလိုင်ခဲ့ အကယ်ဒမီ' ဟု ရေးထိုးထားသော ကျောက်တုံးကြီးမှာ ထိုမြားကြောင့် ကွဲကြေသွားသည်။
"ကျောင်းအုပ်ကြီး..."
ကျောက်ဝူကျိ တို့ အံ့အားသင့်သွားကြသည်။ ပတ်ဝန်းကျင်က လူများမှာ ပို၍ပင် အံ့အားသင့်ကုန်သည်။ ဆိုတို မြို့၏ အစွမ်းထက်ဆုံး ဝိညာဉ်သခင် ဖြစ်သူ ဖလန်ဒါ တစ်ယောက် လူငယ်လေးတစ်ယောက်ကို ရှုံးနိမ့်သွားခြင်းပင်...
"ဟူး... ဟူး..."
ဖလန်ဒါ သည် ရွှီချင်းဟယ် ကို အံ့အားသင့်စွာ ကြည့်နေသည်။ သူသည် ပြိုင်ဘက်၏ ဝိညာဉ်အမျိုးအစားကိုတောင် မသိလိုက်ရဘဲ ရှုံးနိမ့်ခဲ့ရသည်။
"အဲဒါပဲလား"
ရွှီချင်းဟယ် က အထင်သေးစွာ ပြောလိုက်သည် "ဒီနေ့ ငါ့အစား ငါ့ဆရာသာ ဒီနေရာမှာ ရှိနေရင် မင်းတို့ အကုန် ပျက်စီးသွားပြီ"
သူသည် လုံရှင်းထျန်း လေး ပစ်သည်ကို မြင်ဖူးသည်။ အနှစ်ငါးသောင်းသက်တမ်းရှိ ဝိညာဉ်သားရဲတစ်ကောင်ကိုပင် တစ်ချက်တည်းနှင့် အမှုန့်ဖြစ်အောင် ပစ်နိုင်သူ မဟုတ်လား...
"မင်း"
ကျောက်ဝူကျိ တို့ တိုက်ခိုက်ရန် ပြင်သော်လည်း ဖလန်ဒါ က တားလိုက်သည်။
"သူက အဆင့် ၆၈ ဝိညာဉ်ဧကရာဇ်.. မင်းတို့ သူနဲ့ မယှဉ်နိုင်ဘူး"
"ဘာ"
ကျောက်ဝူကျိ တို့ မျက်လုံးပြူးသွားသည်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၆၈ တဲ့လား...
ထိုအချိန်တွင် လူတိုင်း၏ စိတ်ထဲတွင် 'ကြောက်မက်ဖွယ်ကောင်းလိုက်တာ' ဟူသော အတွေးသာ ရှိတော့သည်။
...
သုံးရက်အကြာတွင်။
ငါးမီတာ မြင့်သော နံရံကြီးနှင့်အတူ 'လုံကျန်း အကယ်ဒမီ' ဟူသော ကျောက်စာတိုင်ကြီး ပေါ်လာသည်။
ရှီလိုင်ခဲ့ အကယ်ဒမီ မှ ဆရာများမှာ ထိုအဆောက်အဦကြီးကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ လုံကျန်း အကယ်ဒမီ နှင့် ရှီလိုင်ခဲ့ အကယ်ဒမီ ကို ယှဉ်ကြည့်လိုက်လျှင် ဖီးနစ်နှင့် ကြက် ဖြစ်နေတော့သည်။
"ရှီလိုင်ခဲ့ က သူငယ်ချင်းတို့.. အထဲကို ခဏလောက် ဝင်နားမလား"
ရွှီချင်းဟယ် က တံခါးဝတွင် ရပ်ကာ ပြုံးပြလိုက်သည်။
"မပူပါနဲ့.. ကျောင်းကြီးရုံနဲ့ မပြီးပါဘူး.. ကျောင်းလခတွေက ငါတို့ထက် ဆတိုး များမှာပါ ဘယ်သူမှ မတက်ကြဘူး" ဖလန်ဒါ က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
သို့သော် သူ ပြောမဆုံးခင်မှာပင် ရွှီချင်းဟယ် ၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသည် -
"လုံကျန်း အကယ်ဒမီ.. အပြင်ကျောင်းသားတွေ အခမဲ့ တက်ရောက်နိုင်ပါတယ် ခြောက်နှစ်အရွယ် ဝိညာဉ်စွမ်းအား နိုးထပြီးရင် ဝိညာဉ်စွမ်းအား ရှိသမျှ အားလုံး အခမဲ့ တက်နိုင်ပါတယ် မွေးရာပါဝိညာဉ်စွမ်းအားအပြည့် ရှိသူတွေကို လစဉ် ရွှေဒင်္ဂါး ၁၀ ပြား ထောက်ပံ့ပေးမယ်"
"...."
ရှီလိုင်ခဲ့ အဖွဲ့ဝင်များ၏ မျက်နှာပေါ်သို့ အကြီးအကျယ် ရိုက်ချက် တစ်ခု ရောက်လာသကဲ့သို့ ဖြစ်သွားသည်။
"ကျောင်းအုပ်ကြီးဖလန်ဒါ"
ကျောက်ဝူကျိ တို့ စိုးရိမ်တကြီး ဖြစ်လာသည်။
"စိတ်မပူပါနဲ့" ဖလန်ဒါ ဒေါသတကြီးဖြင့် - "ကျောင်းသားတွေအတွက် အရေးကြီးတာက ဆရာတွေပါ..သူတို့ဆီမှာ ဆရာမှ မရှိတာ.. ဒီအဆောက်အဦတွေက အလကားပါပဲ"
...
သူပြောလိုက်သော စကားကို ရွှီချင်းဟယ် ကြားသွားသည်။
"ကျောင်းအုပ်ဖလန်ဒါ ရဲ့ အတွေ့အကြုံက အံ့သြဖို့ကောင်းတယ်.. သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဖလန်ဒါ တစ်ယောက် သူပြောလိုက်မိသည့် စကားကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်ကာ ဆဲဆိုနေမိသည်။ သူ အမှားလုပ်မိပြီ...
ကျောက်ဝူကျိ တို့သည် ဖလန်ဒါ ကို ထမ်းကာ ရှီလိုင်ခဲ့ အကယ်ဒမီဘက်သို့ အမြန် ပြန်ပြေးကြသည်။
ရွှီချင်းဟယ် သည် သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ပြုံးလိုက်သည် -
"သူတို့ ပြောတာလည်း ဟုတ်တာပဲ.. ငါ ဆရာ နှစ်ယောက် ဘယ်က ရှာရမလဲ"
သူသည် ဝိညာဉ်သားရဲ တောအုပ်ဘက်ကို ကြည့်လိုက်ပြီး လက်ခုပ်တီးလိုက်သည်။
"ငါ သိပြီ"
သူသည် ကြယ်ကြောင်နှင့် အခြား ဝိညာဉ်သားရဲ စီနီယာ များ လာချင်နေသည်ကို သတိရသွားသည်။ သူ ဆရာ့ထံ စာရေးလိုက်မည်။ ဆရာက သူတို့ကို လွှတ်ပေးမှာ သေချာတယ်...
ထိုစာကို ကြယ်တာရာ တောအုပ်ကြီး၏ အနက်ရှိုင်းဆုံး နေရာသို့ ပေးပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် ရတနာခုနှစ်ပါးဂိုဏ်းနှင့် ဝိညာဉ်နန်းတော် မှ လူစုနှစ်ခုလည်း ဝါးတောခြံ၀င်း သို့ ရောက်ရှိလာကြသည်။