"ရုံရုံ"
ဓားသုန့်လော် တစ်ယောက် အေးခဲသွားသည်။ သူသည် ခဏလေးအတွင်းမှာပင် ပျော်ရွှင်လွန်းအားကြီးသဖြင့် အရေးကြီးသော ကိစ္စကို လုံးဝ မေ့သွားခဲ့သည်။
ထိုအချိန်တွင် ကူရုံ လည်း သဘောပေါက်သွားသည်။
သူသည် လည်ပင်းကို ဆန့်ထုတ်ကာ ဘယ်ဘက်.. ညာဘက်သို့ ကြည့်လိုက်သည်။ ဓားသုန့်လော် ၏ ဘေးတွင် နင်ရုံရုံ ၏ အရိပ်အယောင် လုံးဝ မရှိသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
"ဓားအိုကြီး... မင်း ရုံရုံ ကို ပျောက်အောင် လုပ်လိုက်တာလား"
"...."
စဉ်းစားကြည့်လိုက်တော့ သူ တကယ်ပဲ ပျောက်အောင် လုပ်မိသလို ဖြစ်နေပြီ... ဓားသုန့်လော် သည် ရှက်ရွံ့စွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။
"ငါ့မှာ သတင်းကောင်း တစ်ခုနဲ့ သတင်းဆိုး တစ်ခု ရှိတယ်..မင်းတို့ ဘယ်ဟာကို အရင် ကြားချင်လဲ"
"...."
"သတင်းဆိုးကတော့ ငါတို့ ကြားပြီးသားလို့ ထင်တယ်" ကူရုံ ၏ အမူအရာမှာ ပျက်စီးသွားသည်။
ဓားသုန့်လော် က ခေါင်းခါလိုက်သည် - "မဟုတ်ဘူး.. ရုံရုံ ငါနဲ့အတူ ပြန်မပါလာတာက သတင်းဆိုး မဟုတ်ဘူး"
"...."
နင်ဖုန်းဇီ နှင့် ကူရုံ တို့သည် ခေါင်းကို ချက်ချင်း လှည့်လိုက်ကြသည်။ သူ၏ အဆင့် ၉၇ အရှိန်အဝါကို လုံးဝ မကြောက်ရွံ့ဘဲ သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြသည်။
သူတို့၏ အကြည့်က - "ရုံရုံ ကို ပျောက်တာထက် ပိုဆိုးတဲ့ သတင်း ရှိသေးလို့လား" ဟု မေးနေသကဲ့သို့ပင်။
"ငါ ဘာကြောင့် အဆင့် ၉၇ ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လဲဆိုတာ မင်းတို့ သိချင်ကြတယ် မဟုတ်လား" ချန်ရှင်း က လက်ကို ဖြန့်လိုက်သည်။
သူသည် သူ့မြေးလေးကဲ့သို့ ချစ်ခင်ရသော နင်ရုံရုံ ကို လုံရှင်းထျန်း ထံ အစေခံအဖြစ် ပို့ပေးခဲ့သည်ဟု ကိုယ်တိုင် ဝန်ခံဖို့ရာမှာ အလွန် ခက်ခဲနေသည်။
ကူရုံ က မျက်မှောင်ကြုတ်လိုက်သည် - "မင်းပြောတာက မင်းရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်တာက ရုံရုံ နဲ့ ပတ်သက်နေတာလား"
"ဟုတ်တယ်" ချန်ရှင်း က သူ့ကို လက်မထောင်ပြလိုက်သော်လည်း သူ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားသည်.. "ဒါပေမယ့် သတင်းဆိုးကတော့ အဲဒီတက်လှမ်းမှု အတွက် ရုံရုံ ရဲ့ လွတ်လပ်ခွင့်ကို ပေးဆပ်လိုက်ရတာပဲ"
"...."
ဤစကားကို ကြားသောအခါ နင်ဖုန်းဇီ နှင့် ကူရုံ တို့၏ မျက်ခွံများမှာ ဆတ်ခနဲ ခုန်သွားကြသည်။ ကူရုံ ၏ မျက်နှာတွင် ဒေါသအရှိန်များ ပေါ်လာပြီး နင်ဖုန်းဇီ ၏ အမူအရာမှာလည်း မှောင်မိုက်သွားသည်။
"မင်း လူမိုက်ကောင်..." ကူရုံ က ဒေါသတကြီး ဆဲဆိုလိုက်သည်.. ".. မင်းရဲ့ အဆင့်အတွက်နဲ့ ရုံရုံ ကို စတေးလိုက်တာလား"
သူပြောနေရင်းပင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
နင်ရုံရုံ သည် ရတနာခုနှစ်ပါးဂိုဏ်းတစ်ခုလုံး၏ မျက်လုံးထဲတွင် အဖိုးတန်ဆုံး အရာ ဖြစ်သည်။
အခုတော့ ဒီဓားသမားကြီးက သူမကို အဆင့်တက်ဖို့အခွင့်အရေးတစ်ခုအတွက် လဲလှယ်လိုက်ပြီ ဖြစ်သည်။
မင်းဟာ ကိုယ့်သေတွင်းကို ကိုယ်တူးနေတာပဲ...
"ရပ်.. ရပ်.. ရပ်" ချန်ရှင်း က အမြန် လက်မြှောက်ကာ တားလိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချကာ ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်ပြောပြလိုက်သည်။
သူသည် လုံရှင်းထျန်း ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အထူးအလေးပေး ပြောပြခဲ့သည်။
"နှစ်တစ်သန်းဝိညာဉ်သားရဲ (နှစ်သန်းသက်တမ်းအထက် ဝိညာဉ်သားရဲ) တစ်ကောင်"
"သူ့အသံနဲ့ပဲ မင်းကို ဒဏ်ရာရအောင် လုပ်နိုင်တယ်..."
"အသက် ၁၆ နှစ်.. အဆင့် ၆၈ ဝိညာဉ်ဧကရာဇ် တစ်ယောက်"
"...."
သတင်းတစ်ခုချင်းစီသည် ဗုံးတစ်လုံးကဲ့သို့ပင် နင်ဖုန်းဇီ နှင့် ကူရုံ တို့၏ ဦးခေါင်းကို ဆူညံသွားစေသည်။
"ဓားအိုကြီး.. မင်း အိပ်မက်မက်နေတာလား" ကူရုံ သည် ဓားသုန့်လော် ကို မယုံကြည်နိုင်စွာ ကြည့်သည်။
"ငါ အဆင့် ၉၇ ကို ရောက်နေပြီ..ငါ မင်းကို လိမ်မယ်လို့ ထင်နေတာလား"
"...." ထိုစကားကြောင့် နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။
လူတွေက လိမ်တတ်ကြပေမယ့် စွမ်းအားကတော့ လိမ်လို့ မရပါ။ သူတို့သည် အဆင့် ၉၇ ၏ ဖိအားကို အမှန်တကယ် ခံစားမိခဲ့ပြီးဖြစ်ရာဒါက အတုဖြစ်နိုင်စရာ မရှိပါ။
ထို့အပြင် နင်ရုံရုံ လည်း ဓားသုန့်လော် နှင့်အတူ မရှိသည်မှာ အမှန်ပင်။
ထိုအချက်များအားလုံးသည် ဓားသုန့်လော် ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သက်သေပြနေသည်။
ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ......
နှစ်တစ်သန်းဝိညာဉ်သားရဲ သူတို့သည် အသက် ၁ သိန်းနှစ် သက်တမ်းရှိ ဝိညာဉ်သားရဲကိုတောင် မမြင်ဖူးခဲ့.. နှစ်သန်းချီ ဆိုတာကတော့ ဝေးရော။ ဒါ ဘယ်လို တည်ရှိမှုမျိုးလဲ...
"သုန့်လော်တိုက်ကြီးမှာ ဒီလို တည်ရှိမှုမျိုး ရှိနေသေးတယ်ဆိုတာက" သူတို့နှစ်ဦး သက်ပြင်းချလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ မျက်မှောင်များမှာ ပို၍ ကြုတ်သွားသည် - "မင်းပြောပုံအရ ရုံရုံ ကို အစေခံအဖြစ် ခေါ်ထားတာက မကောင်းတဲ့အရာ မဟုတ်ဘဲ အခွင့်အရေးကောင်းတစ်ခု ဖြစ်နေနိုင်တယ်ပေါ့"
"မှန်တယ်" ဓားသုန့်လော် ခေါင်းညိတ်သည် - "ငါ အတားအဆီးကို ကျော်ဖြတ်နိုင်တာ သူပေးတဲ့ နတ်ဘုရားအဆင့်ဆေးပင် ကြောင့်ပဲ..သူဆီမှာ ဒီလို နတ်ဘုရားအဆင့်ဆေးပင် တွေ အများကြီး ရှိနေဦးမှာပဲ…သူ ပေါ့ပေါ့ပါးပါး စွန့်ပစ်လိုက်တဲ့အရာဟာ ငါတို့ဘဝတစ်လျှောက်လုံး လိုက်ရှာနေရတဲ့အရာတွေ ဖြစ်နေတာ"
ပြောပြီးနောက် သူသည် နင်ဖုန်းဇီ ကို ကြည့်ကာ ပြောလိုက်သည် - "သူ့မှာ ရတနာခုနှစ်ပါးမျော်စင် ကို ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းတောင် ရှိကောင်းရှိနိုင်မယ်... ဖုန်းဇီ.. မင်း ရတနာခုနှစ်ပါးမျော်စင် ကို အကောင်းဆုံး အထောက်အပံ့ ဝိညာဉ် ဖြစ်စေချင်တာ မဟုတ်ဘူးလား..."
နင်ဖုန်းဇီ အေးခဲသွားသည်။ သူ၏ ပုံမှန်ရှိနေကျ ဂုဏ်ယူမှုများ ပျောက်ကွယ်သွားပြီး ဓားသုန့်လော် ကို စိုက်ကြည့်နေမိသည်။
"အဲဒါမျိုး တကယ် ရှိတာ သေချာလား"
"...." "ဖြစ်နိုင်ခြေ အလွန်များတယ်" ဓားသုန့်လော် မျက်လုံးကို မှေးလိုက်သည်။
နင်ဖုန်းဇီ စိတ်လှုပ်ရှားသွားသည်။
ရတနာခုနှစ်ပါးမျော်စင် ကို သုန့်လော်တိုက်ကြီး၏ နံပါတ်တစ် အထောက်အပံ့ ဝိညာဉ်ဟု မသတ်မှတ်နိုင်ခြင်းမှာ အကြောင်းရင်း ထင်ရှားသည်။ သူသည် အဆင့် ၈၀ သို့မဟုတ် ၉၀ ကို ဘယ်တော့မှ မကျော်ဖြတ်နိုင်သောကြောင့် ဖွံ့ဖြိုးမှု အကန့်အသတ်ရှိနေသည်။
တကယ်လို့ ဓားသုန့်လော် ပြောသည့်အတိုင်း လုံရှင်းထျန်း ထံတွင် ထိုအတားအဆီးကို ကျော်ဖြတ်နိုင်သည့်အရာ ရှိနေပါက သမီးတစ်ယောက်တည်း မဟုတ်ဘဲ သမီးသန်းပေါင်းများစွာကို အစေခံအဖြစ် ပေးလိုက်ရရင်တောင် အဆင်ပြေသည်။
"နေပါဦး ဓားအိုကြီး.. ဝိညာဉ်နန်းတော် က ကျူဟွားသုန့်လော် လည်း ဒီအကြောင်းကို သိသွားပြီ.. အဲဒီ စီနီယာ ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သူလည်း သတိထားမိမှာပဲ.. ငါတို့ အမြန်ဆုံး လက်ဆောင်ကောင်းတွေ ပြင်ဆင်ပြီး အဲဒီကို ချက်ချင်း သွားကြရအောင်"
နင်ဖုန်းဇီ သည် လူမိုက်မဟုတ်သလို.. စိတ်မြန်သူလည်း မဟုတ်ပေ။
စီးပွားရေးသမားတစ်ယောက်အနေဖြင့် အကျိုးအမြတ်ကို အမြဲ ချိန်ဆရမည်။ တစ်ဖက်လူတွင် လုံလောက်သော တန်ဖိုးရှိသရွေ့ သူ မည်သည့်အရာကိုမဆို စတေးရဲသည်။
"ကောင်းပြီ" သူတို့ သုံးဦး ဆုံးဖြတ်ချက် ချပြီးသည်နှင့် ချက်ချင်း ပြင်ဆင်ကြသည်။
"အင်း... ငါ တစ်ခုခု မေ့နေသလိုပဲ.. ထားပါတော့.. အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်လောက်ပါဘူး" ဓားသုန့်လော် ခေါင်းမော့ကာ တွေးလိုက်သော်လည်း ဘာမှ မမှတ်မိသဖြင့် စဉ်းစားခြင်းကို ရပ်လိုက်သည်။
...
တစ်ချိန်တည်းမှာပင်.. ဝိညာဉ်နန်းတော်။
ပီပီတုန်း သည် ပလ္လင်ပေါ်တွင် ထိုင်နေပြီး ယွဲ့ကွမ် ကို ကြည့်ကာ အမူအရာ တည်ငြိမ်နေသည်။
ထိုအချိန်တွင် သူမ၏ မျက်လုံးများတွင် မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ပေါ်လာသည်။ သူမရှေ့က ယွဲ့ကွမ် သည် အဆင့် ၉၆ သို့ တက်လှမ်းသွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။
"ယွဲ့ကွမ်.. မင်း အဆင့်တက်သွားပြီလား" ပီပီတုန်း မျက်မှောင်ကြုတ်သည်။
ကျူဟွားသုန့်လော် က ရယ်မောလိုက်သည် - "ဒီကျွန်တော်မျိုး အခွင့်အရေးကောင်းတစ်ခု ရလိုက်လို့ပါ.. ကံကောင်းတာပါ"
"အို" ပီပီတုန်း မျက်လုံးမှေးလိုက်သည်။
ဘွဲ့နှင်းခံသုန့်လော် တစ်ယောက် အဆင့်တက်ဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာ သူမ သိသည်။ ဆယ်နှစ်ကျော်ကြာ အဆင့်မတက်နိုင်ခဲ့သော ယွဲ့ကွမ် အတွက် ချက်ချင်းဆိုသလို အဆင့်တက်သွားခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ...
"သန့်စင်မိန်းမပျို ဘယ်မှာလဲ" ပီပီတုန်း က အခွင့်အရေးအကြောင်း မမေးဘဲ စူးစမ်းလိုက်သည်။
ယွဲ့ကွမ် ရောက်လာကတည်းက တစ်ခုခု မှားနေမှန်း သူမ သိနေသည်။ ဝိညာဉ်နန်းတော် ၏ ရွှေမျိုးဆက်တပည့်များ ထဲတွင် ဟူလီနာ ၏ အရိပ်အယောင် မရှိပေ။
"...." ကျူဟွားသုန့်လော် ၏ အမူအရာ တောင့်တင်းသွားသည်။
သူသည် အခု ပီပီတုန်း ကို မကြောက်တော့သော်လည်း ဝိညာဉ်နန်းတော် ၏ အင်အားကို ငဲ့ကွက်ကာ ခေါင်းငုံ့ပြီး ရှင်းပြလိုက်သည်။
ဇာတ်လမ်းကို ပြောပြပြီးနောက် ပီပီတုန်း သည် သူမ၏ တောင်ဝှေးကို ပလ္လင်နှင့် ရိုက်လိုက်သည် -
"မင်း ဘာပြောလိုက်တယ်...... အဲဒီ ဝါးတောထဲမှာ နှစ်တစ်သန်းဝိညာဉ်သားရဲ တွေ အများကြီး ရှိနေတာလား...... ပြီးတော့ တစ်ယောက်ယောက်က အဲဒီသားရဲတွေကို မွေးထားတာလား"
ပီပီတုန်း သည် ရုတ်တရက် ထရပ်လိုက်ပြီး ယွဲ့ကွမ် ဆီသို့ အေးစက်သော အရှိန်အဝါများ ရောက်လာသည်။ သူမ၏ အသံမှာ လေးနက်နေသည် -
"ယွဲ့ကွမ်.. ငါ မင်းကို မေးမယ်.. မင်း လိမ်မပြောဘူးဆိုတာ သေချာလား"
"...." "ပုပ်ရဟန်းမင်းကြီး.. ကျွန်တော် အဆင့် ၉၆ ကို ရောက်နေပြီ.. မင်းကို လိမ်စရာ အကြောင်း မရှိပါဘူး ဒါ့အပြင်" ကျူဟွားသုန့်လော် ရပ်တန့်လိုက်သည်။
"ပုပ်ရဟန်းမင်းကြီး အနေနဲ့ အဲဒီတုန်းက အရိုးပျော့ယုန် ကို အမဲလိုက်ခဲ့တဲ့ အချိန်ကို မှတ်မိမယ် ထင်တယ် အဲဒီ ဝါးတောထဲက ရယ်သံတစ်ချက်တည်းနဲ့တင် ကျွန်တော်တို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့တာပါ"
"...." ပီပီတုန်း သတိပြန်ဝင်လာသော်လည်း သူမ၏ မျက်လုံးများတွင် တုန်လှုပ်မှုနှင့် သံသယများ ရှိနေဆဲ ဖြစ်သည်။
ဒါဟာ နှစ်တစ်သန်းဝိညာဉ်သားရဲ... ဒီခေတ်မှာ နှစ်တစ်သန်းဝိညာဉ်သားရဲ ဘယ်လိုလုပ် ရှိနိုင်မှာလဲ......
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။
"ဒါဆို မင်းရဲ့အဆင့်တက်တာက အဲဒီ စီနီယာ ရဲ့ အကူအညီကြောင့်ပဲပေါ့"
ပုပ်ရဟန်းမင်းကြီးရာထူးကို ဆက်ခံသူအနေဖြင့် သူမ သိထားသည်များ ရှိသည်။ ဘွဲ့နှင်းခံသုန့်လော် တစ်ယောက်ကို စကားပြောရုံနဲ့ ဒဏ်ရာရအောင် လုပ်နိုင်တာ နတ်ဘုရားတွေမှလွဲပြီး ဘယ်သူ ရှိနိုင်မလဲ...
နတ်ဘုရား... အဲဒီ ခြံဝင်းငယ်လေးထဲမှာ နတ်ဘုရားတစ်ပါး နေနေတာ ဖြစ်နိုင်ခြေ အလွန်များတယ်...
"မှန်တယ်.. သူက နတ်ဘုရားအဆင့်ဆေးပင် တစ်ခုကို ပေါ့ပေါ့ပါးပါးပဲ ထုတ်ပေးလိုက်တာ"
ဟူး... ပီပီတုန်း ၏ ရင်ဘတ်မှာ အတက်အကျ မြန်ဆန်လာပြီး တောင်ဝှေးကို တင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်သည် -
"ဒီသတင်းကို ချက်ချင်း ဖုံးကွယ်ထားလိုက်.. လက်ဆောင်ကောင်းတွေ ပြင်ဆင်ထား.. ငါ ကိုယ်တိုင် သွားတွေ့မယ်"
"ဟုတ်ကဲ့" ကျူဟွားသုန့်လော် ဖြည်းဖြည်းချင်း ပြန်ထွက်သွားသည်။
အင်း... ငါ တစ်ခုခု မေ့နေသလိုပဲ ထားပါတော့.. အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်လောက်ပါဘူး..
ရွှီချင်းဟယ်သာ အနားမှာရှိလျင် “.....”
တစ်ဖက်မှာ…ရွှီချင်းဟယ် သည် တစ်ရက်ကြာ ခရီးနှင်ပြီးနောက် ကြယ်တာရာ တောအုပ်ကြီးမှ နောက်ဆုံးတွင် ထွက်လာနိုင်ခဲ့သည်။
‘ဟူး... တော်သေးတယ်ငါထွက်လာနိုင်ပြီ.. ဓားသုန့်လော် နဲ့ ကျူဟွားသုန့်လော် တို့က ငါ့ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်လား’
‘သူတို့က တစ်ခါမှ ပေါ်မလာဘူး လျို့ဝှက် ပြီးကာကွယ်ပေးနေတာများလား’
‘ငါက အထောက်အပံ့ ဝိညာဉ်သခင် တစ်ယောက်ပဲလေ’
ရွှီချင်းဟယ် တစ်ယောက် ဝိညာဉ်သားရဲရဲ့ သွားကြားထဲ ရောက်တော့မလို အခါခါ ဖြစ်သွားခဲ့သည်။