မကြာမီပင် အာရို သည် နင်ရုံရုံ နှင့် ဟူလီနာ တို့အား အစေခံဝတ်စုံများ ဝတ်ဆင်စေပြီး ခေါ်ဆောင်လာခဲ့သည်။
ထိုအချိန်တွင် သူတို့နှစ်ဦးမှာ ရှစ်နှစ်ထက် မကြီးသေးဘဲ ရွှံ့ရုပ်လေးများကဲ့သို့ ချစ်စရာကောင်းနေသော်လည်း.. သူတို့၏ ကိုယ်ရည်ကိုယ်သွေးများမှာ စတင် ပုံဖော်လာပြီဖြစ်သည်။
နင်ရုံရုံ သည် မင်းသမီးလေးတစ်ပါး၏ မောက်မာမှုအနည်းငယ်နှင့် နှုတ်ခမ်းကို စူထားသည်။
သူမသည် အစေခံတစ်ယောက် ဖြစ်လာရသည့်အပေါ် အလွန်ပင် မကျေမနပ်ဖြစ်ကာ လက်ပိုက်၍ ဆန္ဒပြနေသည်။
ဟူလီနာ ၏ အမူအရာမှာမူ အနည်းငယ် အေးစက်နေသည်။ အချို့သောအရာများကို နားလည်သဘောပေါက်သွားပြီဖြစ်သဖြင့် သူမ၏မျက်နှာတွင် မုန်းတီးရွံရှာသော အမူအရာများ ထင်ဟပ်နေသည်။
"သူ့ကို သခင် လို့ ခေါ်လိုက်ပါ" အာရို က သူတို့နှစ်ဦးကို လုံရှင်းထျန်း ရှေ့သို့ ခေါ်လာပြီး လေးစားစွာ ပြောလိုက်သည်။
"ဟမ့်... လူဆိုးကြီး.. ငါ မင်းကို သခင်လို့ မခေါ်ဘူး" နင်ရုံရုံ က ပါးဖောင်းဖောင်းလေးများကို လေမှုတ်ကာ ခေါင်းမာစွာ ငြင်းဆိုသည်။
"ရွံစရာကောင်းတဲ့ ဦးလေးကြီး" ဟူလီနာ သည် သူမ၏နှုတ်ခမ်းကို ကိုက်ကာ လုံရှင်းထျန်း ကို ရွံရှာသော အကြည့်များဖြင့် စိုက်ကြည့်သည်။
"...." လုံရှင်းထျန်း သည် အပန်းဖြေကုလားထိုင်ပေါ်တွင် လှဲနေရင်း ငါးမျှားချိတ်ကို ပစ်လိုက်သည်။ သူသည် ထိုကလေးမလေးနှစ်ဦးကို တစ်ချက်သာ ကြည့်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေးသာ ပေါ်လာသည်။
"ကိစ္စမရှိပါဘူး.. သူတို့ကို နှစ်ခါ.. သုံးခါလောက် အစာမကျွေးဘဲထားလိုက်ရင် သူတို့ နာခံလာလိမ့်မယ်" သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီကလေးမလေးနှစ်ယောက်ကို ခေါ်သွားပြီး လုပ်ရမယ့် အလုပ်တွေကို သင်ပေးလိုက်ပါ။ အဝတ်လျှော်တာနဲ့ ထမင်းချက်တာက အလွယ်ဆုံး အလုပ်တွေပါပဲ.. နွားအိုကြီး အနေနဲ့ ဒီနှစ်မှာ လယ်ထွန်စရာ မလိုတော့ဘဲ နားနေနိုင်ပြီ"
"မူး" နွားကြီးက ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။ သူသည် လယ်ထွန်ရသည်ကို ငြီးငွေ့နေသည်မှာ ကြာပြီဖြစ်ပြီး.. သူသည် အသီးအရွက် စိုက်ပျိုးခြင်းထက် မျိုးပွားခြင်းကိုသာ ပိုစိတ်ဝင်စားနေသည်။
"လူဆိုးကြီး" နင်ရုံရုံ က စူပုတ်ပုတ်ဖြင့် ဆူပူလိုက်သည်.. "ရွံစရာ ဦးလေးကြီး.. ငါ ဘယ်သူလဲဆိုတာ မင်းသိလား... ငါ မင်းကို ကန်ထုတ်ပစ်မယ်.. ငါ မင်းကို ရိုက်ပစ်မယ်"
သူမ ပြောနေရင်းပင် ဖြူစင်နုနယ်သော ခြေထောက်လေးကို ဆန့်ထုတ်ကာ လုံရှင်းထျန်း ၏ ခြေထောက်ကို အားပြင်းပြင်းဖြင့် ကန်လိုက်သည်။
သို့သော် သူမသည် အရမ်းငယ်သေးသဖြင့် သူ၏ ခြေသလုံးကိုသာ ရောက်နိုင်ပြီး အားမှာလည်း အလွန်နည်းပါးသည်။
ပျော့ပျောင်းလွန်း၍ သူ၏ ပေါင်ပေါ်သို့ ဖိကပ်လိုက်သကဲ့သို့ ခံစားရကာ သူ၏ နှလုံးသားတွင် မဖော်ပြနိုင်သော ခံစားချက်တစ်ခုကို လှုပ်ရှားသွားစေသည်။
"...." အရမ်းငယ်လွန်းတယ်.. တကယ့်ကို ချစ်ဖို့ကောင်းတာပဲ။ လုံရှင်းထျန်း သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ကလေးမလေးကို ချီပွေ့ချင်စိတ် ပေါ်လာသော်လည်း ဝေးလံသော ဟင်းသီးဟင်းရွက်ဥယျာဉ်တွင် ပေါင်းပင်များ ပေါက်နေသည်ကို သတိရသွားသဖြင့် ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။
"သူတို့ကို ပေါင်းသင်ခိုင်းလိုက်ပါ" လုံရှင်းထျန်း က လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့.. သခင်" အာရို က သူတို့နှစ်ဦးကို ဆွဲခေါ်သွားသည်။ သို့သော် သူမသည် လှည့်အပြန်တွင် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်.. "သခင်.. သူတို့နှစ်ယောက်လုံးက အဆင့် ၁၀ အတားအဆီး ကို ရောက်နေပုံရတယ်.. ဝိညာဉ်ကွင်းအသစ်တွေ ထပ်ဖြည့်ဖို့ လိုအပ်နေတယ်"
"...." လုံရှင်းထျန်း သည် ထိုင်လိုက်ပြီး ကလေးမလေးနှစ်ဦးကို တစ်ချက်ကြည့်လိုက်သည်။
အချိန်ကို တွက်ချက်ကြည့်လျှင် သူတို့သည် အဆင့် ၁၀ သို့ တက်လှမ်းရမည့် အရွယ်ရောက်နေပြီဖြစ်သည်။
သို့သော် ဟူလီနာ က ပိုပြီး အစွမ်းထက်သင့်သည်မဟုတ်လား... အခုမှ အဆင့် ၁၀ လား... ထားပါတော့.. ဂရုမစိုက်တော့ပါဘူး။
"အရင်ဆုံး ပေါင်းသင်ခိုင်းလိုက်ပါ မနက်ဖြန်ကျရင် သူတို့အတွက် ဝိညာဉ်ကွင်းတွေ ထည့်ဖို့ ဝိညာဉ်သားရဲ နှစ်ကောင်လောက် သွားဖမ်းပေးလိုက်"
သူ ခေါင်းညိတ်လိုက်သည်။ နှစ်တစ်သိန်းသက်တမ်းရှိ အရိုးပျော့ယုန် တစ်ကောင် ပိုင်ဆိုင်ထားသူအနေဖြင့်.. ရတနာခုနှစ်ပါးမျော်စင် နှင့် မြေခွေးဝိညာဉ်တို့ကို ပိုင်ဆိုင်ထားသော ကလေးမလေးနှစ်ဦးအတွက် ဝိညာဉ်သားရဲ တစ်ကောင်လောက် ရှာပေးရတာ လွယ်ကူပါလိမ့်မည်။
"ဟုတ်ကဲ့.. သခင်" အာရို က လေးစားစွာ ပြောပြီး ကလေးမလေးနှစ်ဦးကို ခေါ်ဆောင်ကာ ပြန်သွားသည်။
"အင်း... နင်ရုံရုံ နဲ့ ဟူလီနာ ကို စပြီး ထိန်းချုပ်လိုက်ပြီ"
"ရှောင်ဝူ ထွက်သွားတာတော့ နှမြောစရာပဲ"
အခြားတစ်ဖက်တွင် - ဓားသုန့်လော် နှင့် ကျူဟွားသုန့်လော် တို့သည် ဝါးတောခြံဝင်းမှ ထွက်ခွာသွားပြီးနောက်.. မည်သူမျှ စကားမပြောဘဲ ခေါင်းငုံ့ကာ စိုးရိမ်တကြီးဖြင့် လမ်းလျှောက်လာကြသည်။
"အကြီအကဲကျူ.. ကျွန်တော့်ညီမလေးကရော ဘယ်လိုဖြစ်မလဲ" ရှဲ့ယွီသည် ဝါးတောခြံဝင်းဆီသို့ အကြိမ်ကြိမ် လှည့်ကြည့်နေသည်။ သူ့ညီမလေးသည် ထိုခြံဝင်းငယ်လေးထဲတွင် ပိတ်မိနေတော့မှာလား...
"ပိတ်လိုက်စမ်း" ကျူဟွားသုန့်လော် က သူ့ကို စူးစိုက်ကြည့်သည်။ "သခင် ရဲ့ ဘေးမှာ နေခွင့်ရတာက မင်းညီမလေးရဲ့ ကံကောင်းခြင်းပဲ။ သခင် ရဲ့ ဘေးမှာ ဘယ်သူမဆို နေခွင့်ရမယ်လို့ မင်းထင်နေတာလား"
"...." ရှဲ့ယွီ သည် ယွဲ့ကွမ် က ကရဝေးနတ်ဆေးပင် ကို ကိုင်ကာ ပြုံးနေသည်ကို မြင်သောအခါ စကားမပြောနိုင်တော့ပေ။
"ဒါဆိုရင် ပုပ်ရဟန်းမင်းကြီး ကို ဘယ်လို ရှင်းပြရမလဲ"ရှဲ့ယွီသည် ခေါင်းကို ကိုင်လိုက်သည်။
ထိုမေးခွန်း... ကျူဟွားသုန့်လော် က သူ၏ခေါင်းကို ခေါက်လိုက်သည်။ အခုအချိန်တွင် အခက်ခဲဆုံးမှာ ပီပီတုန်း အား ဖြစ်ပျက်ခဲ့သည်များကို ပြောပြသင့်သလား ဆိုသည်ပင်။ တကယ်လို့ သူသာ ပြောပြမိပါက သခင် ၏ ဘေးတွင် နေထိုင်ခွင့် ဆုံးရှုံးသွားလိမ့်မည်လား...
လုံရှင်းထျန်း ၏ အပြုအမူများမှာ လွန်ကဲသော်လည်း ထိုခြံဝင်းငယ်လေးထဲတွင် အခွင့်အရေးများ ပြည့်နှက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ တကယ်လို့ သူတို့သည် ထိုအခွင့်အရေးများကို ရရှိနိုင်ပါက အစေခံအဆင့်တွင် နေရသည်ကိုပင် ဝမ်းမြောက်စွာဖြင့် လက်ခံကြလိမ့်မည်။
သူသည် ယခုအချိန်တွင် လျှို့ဝှက်စွာဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး နောက်ဆုံးတွင် အားလုံးကို အံ့အားသင့်စေလိုသည်။
"သာမန် သန့်စင်မိန်းမပျို တစ်ယောက်က မင်းရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေထက် ပိုတန်ဖိုးရှိလို့လား... ငါသာ မင်းနေရာမှာဆိုရင် ဝိညာဉ်နန်းတော် ကို ချက်ချင်း သစ္စာဖောက်ပြီး သခင် ဆီမှာပဲ ခိုလှုံလိုက်မှာ" ဓားသုန့်လော် က သူ့ကို တစ်ချက်ကြည့်ကာ ပြောသည်။
"ဘာလို့ မင်းကိုယ်တိုင် ရတနာခုနှစ်ပါးဂိုဏ်းကို မသစ္စာဖောက်တာလဲ" ယွဲ့ကွမ် က မျက်စောင်းထိုးလိုက်သည်။ သူသည် နောက်သို့ လှည့်ကာ ဝိညာဉ်နန်းတော် ၏ လူငယ်မျိုးဆက်များကို ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ပြီး ကြယ်တာရာ တောအုပ်ကြီးမှ ထွက်ခွာသွားကြသည်။
ဓားသုန့်လော် သည် ခေါင်းညိတ်လိုက်ပြီး သူတို့ ဝေးရာသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ အတွေးထဲ နစ်မြောနေသည်။
လုံရှင်းထျန်း သည် မည်သို့သော တည်ရှိမှုမျိုးဖြစ်သနည်း... နတ်ဘုရားအဆင့်ဆေးပင် များကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်ပြီး နှစ်တစ်သန်းဝိညာဉ်သားရဲ များနှင့် ပြည့်နှက်နေသော ခြံဝင်းကို ပိုင်ဆိုင်ထားခြင်းမှာ မည်သို့မျှ မယုံကြည်နိုင်စရာပင်။
"ရုံရုံ သူ့နောက်ကို လိုက်သွားတာ ဆိုးတဲ့အရာတော့ မဟုတ်လောက်ပါဘူး" ဓားသုန့်လော် သည် သက်ပြင်းချလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရတနာခုနှစ်ပါးဂိုဏ်းဆီသို့ ဦးတည်လိုက်သည်။
သို့သော် သူသည် ကြယ်တာရာ တောအုပ်ကြီးမှ လွန်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ရပ်တန့်ကာ အခြားနေရာတစ်ခုတွင် ဆင်းသက်လိုက်သည်။
သူသာ ဒီလွယ်လွယ်နှင့် ပြန်သွားပါက ကူရုံ နှင့် နင်ဖုန်းဇီ တို့သည် သံသယဝင်ကြပေလိမ့်မည်။ ခဏတာ စဉ်းစားပြီးနောက် ချန်ရှင်း သည် ကိုးရတနာမြက်ကို ထုတ်ယူလိုက်သည်။
"နတ်ဘုရားအဆင့်ဆေးပင် တစ်ခု.. ငါ့ကို အဆင့် ၉၇ အထိ ကျော်ဖြတ်နိုင်အောင် တကယ်ပဲ ကူညီပေးနိုင်မလား" ချန်ရှင်း သည် လုံရှင်းထျန်း ၏ ခြံဝင်းငယ်လေးထဲတွင် အသိပညာအချို့ ရရှိထားပြီးဖြစ်ရာ.. ယခု ကိုးရတနာမြက်နှင့် ပေါင်းစပ်လိုက်လျှင် သူ အဆင့် ၉၇ အတားအဆီးကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။
ထိုအတွေးဖြင့် သူသည် ကိုးရတနာမြက် ကို တိုက်ရိုက် သန့်စင်လိုက်သည်။
ဟူး... နတ်ဘုရားအဆင့်ဆေးပင် ကို မျိုချလိုက်သောအခါ နတ်ဘုရားနန်းတော်သို့ တက်လှမ်းနေရသကဲ့သို့ ခံစားလိုက်ရသည်။
ဘုန်း... စွမ်းအားလှိုင်းတစ်ခုသည် မြစ်ရေစီးသကဲ့သို့ ပြင်းထန်စွာ တက်လာသည်။ ချန်ရှင်း ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အဆင့်တစ်ခုအထိ တဖြည်းဖြည်း တိုးလာပြီးနောက် ရုတ်တရက် အတားအဆီးကို ချိုးဖျက်သွားသည်။
ဘုန်း... ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ဝုန်း... အဆင့် ၉၇.. အောင်မြင်သွားပြီ...
ဓားသုန့်လော် ၏ မျက်နှာတွင် ပျော်ရွှင်မှုများ အပြည့်နှင့် ဖြစ်လာသည်။ သူသည် သူ၏ ဝိညာဉ် ကို ချက်ချင်း အသက်သွင်းလိုက်ရာ အနက်ရောင် သံချပ်ကာက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး ဓားအရှိန်အဝါများမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူ၏ ဝိညာဉ်စွမ်းအားမှာ အရည်အသွေး ပြောင်းလဲသွားပြီး ဓားသုန့်လော် ၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာသည်။ အဆင့် ၉၇...
ဒီအချိန်မှစ၍ သူသည် သုန့်လော်တိုက်ကြီး၏ အထွတ်အထိပ်နေရာသို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်သည်။
"ဒါဟာ အခွင့်အရေးတစ်ခုပဲ.. အားကြီးသူတွေရဲ့ ဖိနှိပ်မှု မဟုတ်ဘူး" သူ၏ စွမ်းအားများ တိုးပွားလာသည်ကို ခံစားရင်း ဓားသုန့်လော် သည် အလွန် ဝမ်းမြောက်နေသည်။
တကယ်လို့ သူတို့သာ သူ၏ စွမ်းအားပြောင်းလဲမှုကို ခံစားမိပါက.. နင်ရုံရုံ သည် အားကြီးသူတစ်ဦး၏ အစေခံအဖြစ် ခေါ်ဆောင်ခံရသည့်အတွက် ရတနာခုနှစ်ပါးဂိုဏ်းမှ လူများသည် ဒေါသထွက်မည်မဟုတ်ပေ။ သူတို့သည်သာ စိတ်လှုပ်ရှားနေကြလိမ့်မည်...
ဝုန်း... သက်ပြင်းတစ်ချက်ချလိုက်ပြီး ဓားသုန့်လော် သည် လေထဲသို့ ခုန်တက်ကာ ရတနာခုနှစ်ပါးဂိုဏ်းဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။
ရတနာခုနှစ်ပါးဂိုဏ်း.. နင်ဖုန်းဇီ နှင့် ကူရုံ တို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ကာ စစ်တုရင်ကစားရင်း လက်ဖက်ရည် သောက်နေကြသည်။
"ဓားအိုကြီး ရဲ့ စွမ်းအားနဲ့ဆိုရင် ရုံရုံ ကို ခေါ်ပြီး ဝိညာဉ်ကွင်းရှာတာ ကြာနေပြီမို့ အခုဆိုရင် ပြီးလောက်ပြီ မဟုတ်လား" နင်ဖုန်းဇီ သည် အဖြူရောင် အတုံးလေးကို ကိုင်ကာ ပြောလိုက်သည်။
ကူရုံ က ပြုံးသည်။ "ရုံရုံ လေးက စျေးဝယ်ထွက်ချင်နေတာ ဖြစ်မှာပေါ့" သူသည် နင်ရုံရုံ ၏ စိတ်နေသဘောထားကို ကောင်းစွာ နားလည်သည်။
"အင်း" သို့သော် ထိုအချိန်တွင်ပင် ရတနာခုနှစ်ပါးဂိုဏ်းအပြင်ဘက်မှ အားကြီးသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။
အဆင့် ၉၇သုန့် လော်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပျံ့နှံ့လာသဖြင့် ကူရုံ တုန်လှုပ်သွားသည်။
"အားကြီးတဲ့သူတစ်ယောက် ရောက်လာပြီ" သူ ထရပ်လိုက်သည်..နင်ဖုန်းဇီ က မျက်မှောင်ကြုတ်လိုက်သည်.. "ဓားအိုကြီး လား"
"မဟုတ်ဘူး.. သူက ဓားသုန်လော် ထက် ပိုအားကောင်းတယ် မိတ်ဆွေလား.. ရန်သူလားတော့ မသိဘူး"
ကူရုံ က လက်ညှိုးထိုးလိုက်ရာ အာကာသလမ်းကြောင်းတစ်ခု ပေါ်လာသည်။ သူနှင့် နင်ဖုန်းဇီ တို့သည် ထိုလမ်းကြောင်းထဲသို့ ဝင်လိုက်ပြီး ဂိုဏ်းတံခါးအပြင်ဘက်သို့ ချက်ချင်း ရောက်ရှိသွားကြသည်။
"ဘယ်သူလဲ" ကူရုံ သည် သူ၏ အဆင့် ၉၅ ဘွဲ့နှင်းခံသုန့်လော် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး သူတို့ဆီသို့ အရှိန်ဖြင့် ရောက်လာသည့် အရှိန်အဝါဆီသို့ လှမ်းအော်လိုက်သည်။
"မင်းရဲ့ အရိုးတွေကို ဆန့်ချင်နေတာလား" ချန်ရှင်း ၏ ရယ်မောသံများမှာ လေဟာနယ်ကို ထိုးဖောက်သွားပြီး သူတို့၏ နားထဲတွင် မိုးကြိုးသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
"ဓားအိုကြီး" နင်ဖုန်းဇီ သည် သူ၏ မျက်လုံးများကို ပြူးကျယ်လိုက်ပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ထွက်ပေါ်လာသည်။
သို့သော် ကူရုံ မှာမူ မယုံကြည်နိုင်စွာ ဖြစ်နေသည်။ "... မင်း... မင်း အဆင့် ၉၇ ကို ရောက်သွားပြီလား"
"ဟားဟားဟား" ချန်ရှင်း သည် သူ၏ အရှိန်အဝါကို ထိန်းချုပ်လိုက်ပြီး လေထဲတွင် ဝဲပျံနေသည်။
"ဟုတ်တယ်.. ဒီတစ်ခါတော့ ငါ အခွင့်အရေးကောင်းတစ်ခု ရလိုက်လို့ အဆင့် ၉၇ အတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်" သူသည် ပျော်ရွှင်စွာဖြင့် ပြုံးရယ်နေပြီး အဖြစ်အပျက်ကို ခဏတာ မေ့လျော့နေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့သုံးဦးထဲတွင် သတိရှိသူ တစ်ဦး ကျန်နေသေးသည်။
နင်ဖုန်းဇီ သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ၏သမီးလေးကို မတွေ့ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဓားအိုကြီး.. ရုံရုံ ကော ဘယ်ရောက်သွားလဲ"