"စီနီယာ.. ဒီတစ်ယောက်ကတော့ ကိုယ်မှာရှိသမျှ ရတနာအားလုံးကို ပေးအပ်ဖို့ ဝန်ခံပါတယ်.. စီနီယာ အနေနဲ့ ဒီကျွန်တော်မျိုးရဲ့ အသက်ကိုပဲ ချမ်းသာပေးပါ"
ယွဲ့ကွမ် က အသံတို့မှာ အက်ကွဲပြီး အားမရှိတော့သည့်တိုင် ပထမဆုံး စတင်ပြောကြားလိုက်သည်။
ယခုအချိန်တွင် သူသည် သူ၏ အသက်ကိုသာ ကယ်တင်ချင်တော့သည်။
နာမည်ဂုဏ်သတင်းနှင့် ချမ်းသာကြွယ်ဝမှုတို့မှာ သူ၏အမြင်တွင် မိုးတိမ်နှင့် မီးခိုးငွေ့ကဲ့သို့ပင် လွင့်ပျယ်သွားခဲ့ပြီ ဖြစ်သည်။
"ဒီနေရာမှာ 'ကောင်းကင်နှင့်မြေကြီး ရတနာ' တွေ ရှားပါးနေတယ်လို့ မင်းထင်နေတာလား" လုံရှင်းထျန်း သည် တည်ငြိမ်အေးဆေးစွာဖြင့် သူ၏ စနစ် နေရာလွတ်မှအံ့ဖွယ် ကရဝေးပန်း တစ်ပွင့်ကို ထုတ်ယူလိုက်သည်။
မြေပြင်ပေါ်တွင် ပန်းရနံ့သင်းပျံ့သွားသည်။ ယွဲ့ကွမ် ၏ အမူအရာမှာ တောင့်တင်းသွားပြီး.. ထိုဆေးပင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုလား......
"အံ့- အံ့ဖွယ် ကရဝေးပန်း"
သူ၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး.. သူ၏ ခန္ဓာကိုယ်မှာလည်း အသံမြည်နေသော်လည်း ထိုဆေးပင်နှင့် ပို၍ နီးကပ်စွာ ရှိနေချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
ဒါဟာ နတ်ဘုရားအဆင့်ဆေးပင် တစ်ခုလေ...
"စီနီယာ.. ဒီတစ်ယောက်ကတော့ စီနီယာ ဘေးမှာ အစေခံတစ်ယောက်အဖြစ် နေထိုင် လိုပါတယ်.. ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ"
ယွဲ့ကွမ် သည် သူ၏ မဟာဗျူဟာကို ပြောင်းလဲလိုက်သည် သူ၏ အိုမင်းနေသော မျက်နှာမှာ ကရဝေးပန်းကဲ့သို့ တွန့်ကြေသွားပြီး အလွန်ပင် ရွံရှာဖွယ် ကောင်းနေသည်။
အခြားတစ်ဖက်တွင် ဓားသုန့်လော် ၏ အမူအရာမှာ ပြောင်းလဲသွားသည်။
နတ်ဘုရားအဆင့်ဆေးပင် တစ်ခု...
သူသာ တစ်ခုခုကို စားသုံးနိုင်မည်ဆိုပါက သူ၏ အတားအဆီးကို ကျော်ဖြတ်ပြီး အဆင့် ၉၇ သို့ တက်နိုင်ပေမည်...
သို့သော် ဓားသမားတစ်ယောက်သည် မည်သူ့ရှေ့တွင်မျှ မခစားပေ သူသည် ယွဲ့ကွမ် ကဲ့သို့ ရှက်ဖွယ်ကောင်းသော အပြုအမူမျိုး လုပ်ရန် ဘယ်တော့မှ မတတ်နိုင်ပေ။
"ငါ့တပည့်ရဲ့ နာမည်က လုံကျန်း ပါ.. ငယ်ငယ်ကတည်းက ငါ့နောက်ကို လိုက်ပြီး ပညာသင်ယူခဲ့တာ လက်ရှိမှာ သူ၏ ကျင့်ကြံမှုမှာ အဆင့် ၆၈.. ဝိညာဉ်ကွင်း ခြောက်ကွင်း ဝိညာဉ်ဧကရာဇ် အဆင့်ကို ရောက်ရှိနေပြီး.. အပြင်ကို ထွက်ပြီး အတွေ့အကြုံ အနည်းငယ် ရယူချင်နေတာ"
လုံရှင်းထျန်း သည် ကရဝေးပန်း ကို လက်ထဲတွင် လှည့်ပတ်ကစားရင်း ရယ်မောကာ ပြောလိုက်သည်။
စကားတစ်ခွန်းဖြင့် သူသည် ဘွဲ့နှင်းခံသုန့်လော် နှစ်ဦးကို တိုက်ရိုက် နိုးထစေလိုက်သည်။
ကျူဟွားသုန့်လော် သည် မည်သည့်သံသယမျှ မရှိဘဲ ပထမဆုံး အနေဖြင့် သူ၏ သဘောထားကို ဖော်ပြလိုက်သည်:
"စီနီယာ.. သင်၏ တပည့်သာ သဘောတူမယ်ဆိုရင် ကျွန်တော်က သူ့ကို ဝိညာဉ်နန်းတော် မှာ အကြံပြုပေးပြီး ဝိညာဉ်နန်းတော် ရဲ့ သူတော်စင် တစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်"
ယခုအချိန်တွင် သူသည် အသက်ကို ကယ်တင်ချင်ရုံတင်မကဘဲ လုံရှင်းထျန်း လက်ထဲရှိ နတ်ဘုရားအဆင့်ဆေးပင် ကို အလွန်ပင် လိုချင်တပ်မက်နေသည်။
ရွှီချင်းဟယ် ကို ကာကွယ်ပေးဖို့ ဆိုတာ နေနေသာသာ.. ရွှီချင်းဟယ် ကို သူ့အဖေ အနေနဲ့ပင် အသိအမှတ်ပြုဖို့ ဝန်လေးမှာ မဟုတ်ပေ။
ထိုအချိန်တွင် ဓားသုန့်လော် သည်လည်း ငြိမ်မနေတော့ဘဲ သူ၏အသံတွင် စိတ်အားထက်သန်မှု အရိပ်အယောင်များ ပါလာသည်:
"စီနီယာ.. သင်၏ တပည့်သာ သဘောတူမယ်ဆိုရင် ကျွန်တော်တို့ ရတနာခုနှစ်ပါးဂိုဏ်းက သူ့ကို မွေးထုတ်ဖို့ အရင်းအမြစ်အားလုံးကို ပေးအပ်ဖို့ ဝန်ခံပါတယ်.. သူ့ကို နောက်ထပ်ဂိုဏ်းချုပ်တောင် ဖြစ်စေနိုင်ပါတယ်"
သူသည် လူမိုက်တစ်ယောက် မဟုတ်ပါ ရွှီချင်းဟယ် ၏ အသက်မှာ ၂၀ ထက် လုံးဝ မကျော်လွန်သေးပေ။
ထိုကဲ့သို့သော အရည်အချင်းမှာ လောကတွင် ရှားပါးလှသည်။
ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်သာ ငယ်ရွယ်စဉ်မှာ မသေဆုံးသွားပါက.. သူသည် အနာဂတ်တွင် မျိုးဆက်တစ်ခု၏ ပြိုင်ဘက်ကင်းသော ပါဝါရှင်တစ်ယောက် ဖြစ်လာမှာ အသေအချာပင်.. တစ်ခါတစ်ရံတွင် နောက်ထပ် ထန်ချန် သို့မဟုတ် ချန်တောက်လျို တစ်ယောက် ဖြစ်လာနိုင်ချေ ရှိသည်။
"အို"
လုံရှင်းထျန်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနေရာမှာရှိတဲ့ အရင်းအမြစ်တွေက ရတနာခုနှစ်ပါးဂိုဏ်းထက် မသာလွန်ဘူးလို့ မင်းထင်နေတာလား"
"...."
"ကျွန်တော် မဝံ့ရဲပါဘူး"
ဓားသုန့်လော် သည် သူ၏ ခေါင်းကို ငုံ့လိုက်ပြီး သူ၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။
အမှန်ပင်.. နတ်ဘုရားအဆင့်ဆေးပင် တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်သော တည်ရှိမှုတစ်ခုနှင့် ရတနာခုနှစ်ပါးဂိုဏ်းကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ...
"ဟမ့်"
လုံရှင်းထျန်း က အနည်းငယ် နှာခေါင်းရှုံ့လိုက်သည်:
"မင်းတို့ ဒီကိစ္စကို ဖြေရှင်းချင်တယ်ဆိုရင် အရမ်းလွယ်ပါတယ်။ ဒီအချိန်ကစပြီး မင်းတို့နှစ်ယောက်က ငါ့အမိန့်ကို နာခံရမယ်.. ပြီးတော့ အပြင်ကို ရောက်သွားတဲ့အခါ ငါ့တပည့်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်။ ထို့အပြင်... ဒီမိန်းကလေး နှစ်ယောက်က တော်တော်လေး ကောင်းမွန်တယ်လို့ ငါထင်တယ် သူတို့ ဒီမှာ နေပြီး အစေခံ အဖြစ် တာဝန်ထမ်းဆောင်ဖို့ဆိုရင် အတော်လေး သင့်တော်လိမ့်မယ်"
ဝုန်း......
သူတို့ နှစ်ဦးစလုံး၏ ခေါင်းများမှာ ဆူညံသွားသည်။
အခြားအရာတွေဆိုရင်တော့ အဆင်ပြေနိုင်ပေမယ့်.. ဟူလီနာ နှင့် နင်ရုံရုံ တို့ကတော့ မတူပေ တစ်ယောက်မှာ ဝိညာဉ်နန်းတော် သန့်စင်မိန်းမပျို ဖြစ်ပြီး.. အခြားတစ်ယောက်မှာ ရတနာခုနှစ်ပါးဂိုဏ်း၏ မင်းသမီးလေး ဖြစ်သည်။
သူတို့ကို အစေခံအဖြစ် ခိုင်းစေတာလား...
သာမန်ဆိုရင်တော့ အဲဒီ အင်အားကြီးဂိုဏ်းနှစ်ခုရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်သွားမလဲ...
ချက်ချင်းပင် သူတို့ နှစ်ဦးစလုံး တွေဝေသွားကြသည်။
လုံရှင်းထျန်း သည် သူတို့ကို ကြည့်နေရင်း အလွန်အရေးကြီးသော ကိစ္စတစ်ခုကို သတိရလိုက်သည်: သူတို့ကို ရာခိုင်နှုန်း တစ်ရာ နာခံစေချင်လျှင် မည်သည့်နည်းလမ်းကို သုံးရမလဲ...
ဒင်…..
【အိမ်ရှင် ကူးပြောင်းလာတဲ့ ၁၀၈ ရက်မြောက်နေ့မှာ.. ရုပ်သေး ပစ္စည်းတစ်ခုကို ဆိုင်းအင် မှရခဲ့ပါတယ်။】
【နာမည်: ရုပ်သေးစွမ်းရည်】
【အကျိုးသက်ရောက်မှု: သင်သည် မည်သည့်လူ.. အရာဝတ္ထု.. ကိစ္စရပ်တွင်မဆို ရုပ်သေးကြိုးများကို ထည့်သွင်းနိုင်ပြီး ထိုမှတစ်ဆင့် တစ်ဖက်လူကို ထိန်းချုပ်နိုင်သည်။】
လုံရှင်းထျန်း သည် သူ၏ ခေါင်းကို ပုတ်လိုက်သည်။ "စနစ်က သတိပေးချက် ပါလာတာ ကောင်းလိုက်တာ လွန်ခဲ့တဲ့ တစ်ဆယ်နှစ်ကျော်က ဆိုင်းအင် လုပ်ခဲ့တာကို ငါ ဘယ်လိုလုပ် မှတ်မိမှာလဲ"
လက်တစ်ဖျစ်အတွင်းမှာပင် ရုပ်သေးစွမ်းရည်သည် သူ၏လက်ထဲတွင် ပေါ်လာသည်။
သူသည် ဘွဲ့နှင်းခံသုန့်လော် နှစ်ဦးကို ကစားစရာကဲ့သို့ ကြည့်ကာ ရယ်မောလိုက်သည်:
"မင်းတို့နှစ်ယောက်.. စဉ်းစားပြီးပြီလား"
"...."
"စီနီယာ.. ဟူလီနာ က ဝိညာဉ်နန်းတော် သန့်စင်မိန်းမပျို ပါ.. ကျွန်တော်"
"စီနီယာ.. ရုံရုံ က ကျွန်တော့်ရဲ့ ရတနာခုနှစ်ပါးဂိုဏ်းရဲ့"
ဘုန်း...
သူတို့ နှစ်ဦးစလုံး စကားမဆုံးခင်မှာပင် လုံရှင်းထျန်း သည် ရုပ်သေးကြိုးများကို ဖြန့်ထုတ်လိုက်ပြီး သူတို့၏ နဖူးထဲသို့ ထည့်သွင်းလိုက်သည်။
"ဒီနေရာက မင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး.. မင်းတို့ကို အသိပေးနေတာ"
【ဒင် ရုပ်သေးစွမ်းရည် က ဇာတ်ကောင်သစ်တွေကို ထိန်းချုပ်လိုက်ပါပြီ: ချန်ရှင်း..ယွဲ့ကွမ်】
ဘွဲ့နှင်းခံသုန့်လော် နှစ်ဦး၏ မျက်လုံးများမှာ ဗလာဖြစ်သွားပြီး.. နောက်တစ်စက္ကန့်တွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ လုံရှင်းထျန်း ကို ပြန်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများတွင် နာခံမှုများသာ ပြည့်နှက်နေသည်။
"ပြီးသွားပြီလား"
လုံရှင်းထျန်း ပျော်ရွှင်သွားပြီး သူတို့နှစ်ဦးအပေါ်က တားဆီးထားသော အရာကို အမြန်ဆုံး ဖယ်ရှားပေးလိုက်သည်။
ချက်ချင်းပင် ဝိညာဉ်စွမ်းအား လှိုင်းနှစ်ခုမှာ ပွင့်လန်းလာပြီး သူတို့၏ မူလ အိုမင်းနေသော ခန္ဓာကိုယ်များကို ပြန်လည် နုပျိုစေကာ ချက်ချင်းပင် အသစ်စက်စက်ကဲ့သို့ ခံစားလာရသည်။
"ကျေးဇူးတင်ပါတယ်.. သခင်"
ဓားသုန့်လော် နှင့် ကျူဟွားသုန့်လော် တို့သည် ဒူးတစ်ဖက်ထောက်၍ ရှိခိုးလိုက်ကြသည်။
သူတို့၏ အသိစိတ်မှာ ရှိနေဆဲ ဖြစ်သော်လည်း.. သူတို့၏ နှုတ်ခမ်းဖျားတွင် လုံရှင်းထျန်း အပေါ် စိတ်ရင်းမှန်ဖြင့် နာခံနေကြသည်။
သူတို့သည် မသမာသော အတွေးမျိုးကို လုံးဝ မတွေးရဲတော့ပေ...
"ဆရာ.. ဒါက"
ရွှီချင်းဟယ် သည် ရုတ်တရက် ပြောင်းလဲသွားသော ဘွဲ့နှင်းခံသုန့်လော် နှစ်ဦးကို ကြည့်လိုက်ရာ သူ၏ ဦးနှောက်မှာ ခဏမျှ အေးခဲသွားသည်။
"မင်း အပြင်ထွက်သွားတဲ့အခါ.. ဒီနှစ်ယောက်က မင်းကို ကာကွယ်ပေးလိမ့်မယ် မှတ်ထားပါ... ပြဿနာရှာဖို့ သူတို့ရဲ့ အကာအကွယ်ကို အားမကိုးပါနဲ့ အပြင်က ဂိုဏ်းတွေက အရမ်း ရှုပ်ထွေးလွန်းလို့ပါ"
လုံရှင်းထျန်း က တိုက်တွန်းလိုက်သည်။
"ဒီတပည့် သင်ကြားပေးသမျှကို တိတိကျကျ လိုက်နာပါ့မယ်"
ရွှီချင်းဟယ် သည် ကျေးဇူးတင်စကား ဆိုလိုက်သည်။
လုံရှင်းထျန်း သည် သူ၏ ခြေထောက်များကို ချိတ်လိုက်ပြီး ကျန်ရှိသော ဝိညာဉ်သခင်များဆီသို့ အကြည့်ရောက်သွားသည်။ "သူတို့က ဝိညာဉ်သခင်တွေပဲ.. ငါ သူတို့အားလုံးကို ထိန်းချုပ်ထားလိုက်တာ အကောင်းဆုံးပဲ"
စကားပြောပြီးနောက် သူသည် ရုပ်သေးကြိုးအချို့ကို ဖြန့်ထုတ်လိုက်သည်။
ယခုအချိန်တွင် ဝိညာဉ်နန်းတော် ၏ ရွှေမျိုးဆက်အဖွဲ့၀င်များနှင့် နင်ရုံရုံ အပြင် ဝိညာဉ်သုန့်လော် နှစ်ယောက်နှင့် ဝိညာဉ်သူတော်စင် လေးယောက်လည်း ရှိသည်။
ဒါက သေးငယ်သော အင်အားစု မဟုတ်တော့ပေ။
"နင်ရုံရုံ.. ဟူလီနာ.. မင်းတို့နှစ်ယောက် ဒီမှာ ကျန်ခဲ့ရမယ်"
လုံရှင်းထျန်း အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့.. ဟုတ်ကဲ့"
နင်ရုံရုံ မှာ ခြောက်နှစ်ခွဲသာ ရှိသေးပြီး ဟူလီနာ မှာ နှစ်နှစ်ပိုကြီးသည်။ သူတို့သည် လက်ရှိဖြစ်ရပ်များကို အနည်းငယ် မှတ်မိနေသည်။ သူတို့၏ စိတ်ထဲတွင် မလိုလားသော်လည်း တတ်နိုင်စရာ မရှိတော့ပေ။
"စီနီယာ"
ကျူဟွားသုန့်လော် နှင့် ဓားသုန့်လော် တို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
လုံရှင်းထျန်း သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "မင်းတို့ ပြန်သွားရင်.. ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကိုပဲ ပြန်ပြောပြလိုက်"
ယခုအချိန်တွင် သူသည် ခြံဝင်းငယ်လေးထဲက မထွက်သရွေ့ သူ လုံခြုံနေဦးမည် ဖြစ်သည်။
ချန်တောက်လျို ကိုယ်တိုင် လာပါစေ.. သူ ဘာကိုမှ ကြောက်စရာ မလိုတော့ပေ။ လူတွေက သူ့အကြောင်း သိသွားတာ ဘာဖြစ်လဲ...
"ဟုတ်ကဲ့.. ကျွန်တော်မျိုးတို့ နာခံပါ့မယ်"
ဘွဲ့နှင်းခံသုန့်လော် နှစ်ဦးသည် ငြင်းဆိုရဲခြင်း မရှိဘဲ တိုးတိုးလေး ပြောလိုက်ကြသည်။
"ဟမ့်," လုံရှင်းထျန်း က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်:
"ငါ့နောက်လိုက်ရတာ အရှုံးလို့ မထင်ပါနဲ့ ဒီနေရာက ကိုယ့်လူတွေအပေါ် အမြဲတမ်း ရက်ရောပြီး သည်းခံတတ်တယ်"
ပြောပြီးနောက် သူသည် နတ်ဘုရားအဆင့်ဆေးပင် နှစ်ခုကို ဖြန့်ထုတ်လိုက်သည်။
ကရဝေးပင် တစ်ခုနှင့် ကိုးရတနာမြက် တစ်ခု။
ဘွဲ့နှင်းခံသုန့်လော် နှစ်ဦးသည် အလွန်ပင် ပျော်ရွှင်သွားပြီး.. သူတို့၏ စိုးရိမ်မှုများကို နောက်ကွယ်သို့ တွန်းပို့လိုက်ကာ နတ်ဘုရားအဆင့်ဆေးပင် များကို ရိုသေလေးစားစွာဖြင့် လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ်.. သခင်ရဲ့.. ပေးသနားမှုအတွက်"
"...."
လုံရှင်းထျန်း သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်:
"မင်းတို့ နှစ်ယောက် ထွက်သွားလို့ ရပါပြီ ဝိညာဉ်နန်းတော် နဲ့ ရတနာခုနှစ်ပါးဂိုဏ်းတို့က မေးရင်.. အမှန်အတိုင်း ဖြေလိုက်ပါ"
"ကျွန်တော်မျိုးတို့ နာခံပါ့မယ်"
ထိုနှစ်ဦးသည် လက်အုပ်ချီ၍ နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။
ယခုအချိန်တွင် သူတို့သည် ထွက်ခွာသွားပြီး နတ်ဘုရားအဆင့်ဆေးပင် များကို စားသုံးကာ အတားအဆီးကို ကျော်ဖြတ်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းလိုကြသည်။
"ချင်းဟယ်.. မင်းဆရာရဲ့ စကားကို မှတ်ထားပါ"
လုံရှင်းထျန်း သည် ရွှီချင်းဟယ် ကို ပြန်ကြည့်လိုက်သည်။
"ဒီတပည့် မှတ်ထားပါ့မယ်"
ရွှီချင်းဟယ် သည် နှုတ်ဆက်ပြီး လှည့်ထွက်သွားကာ အခြားသူများနှင့်အတူ လိုက်ပါသွားကြသည်။
မူလနေရာတွင် နင်ရုံရုံ နှင့် ဟူလီနာ ဟူသော မိန်းကလေးငယ်နှစ်ဦးသာ ကျန်ခဲ့သည်။
"ဝုတ်.. ဝုတ်.. "
ခွေးနက်ကြီး က ကျယ်လောင်စွာ ဟောင်လိုက်သည်။
"ဘား.. ဘား.. ဘား"
ဆိတ်အိုကြီးက စိုးရိမ်တကြီး ဖြစ်နေသည်။
"မူး.. မူး.. မူး"
နွားကြီး က မငြိမ်မသက် ဖြစ်နေသည်။
"...."
တိရစ္ဆာန်များသည် အားလုံး အပြင်ကို ထွက်ကြည့်ချင်နေကြသည် သူတို့သည် သူတို့၏သခင် ဘေးတွင် နေချင်စိတ် မရှိကြပေ။
ဖိအားက အရမ်း များလွန်းတယ်...
"ပါးစပ်ပိတ်လိုက်စမ်း"
လုံရှင်းထျန်း သည် သူတို့ကို စိုက်ကြည့်လိုက်ပြီး အော်လိုက်သည်။
"မင်းတို့ အပြင်ထွက်ချင်တယ်... အဲဒီလောက် အင်အား ရှိလို့လား... အပြင်က ဘယ်လောက် ကြောက်စရာကောင်းလဲ သိလို့လား... စကားပြောနိုင်တဲ့ ဝိညာဉ်သားရဲ တစ်ကောင်ကို မြင်ဖူးလား... မင်းတို့ အပြင်ထွက်ရင် သူတို့ရဲ့ သွားကြားထဲတောင် ညပ်မှာ မဟုတ်ဘူး"
"...."
လမ်းလျှောက်ထွက်သွားသူများသည် ထိုစကားကို ကြားလိုက်ရပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
နှစ်တစ်သန်းဝိညာဉ်သားရဲ တစ်ကောင်က အစားခံရမှာ ကြောက်နေတယ်လား...
လုံရှင်းထျန်း တစ်ယောက်သာ ဒီလို စကားမျိုး ပြောရဲလိမ့်မည်။
"အာရို."
လုံရှင်းထျန်း ခေါ်လိုက်သည်။
"သခင်..."
အာရို သည် အစေခံ ဝတ်စုံကို ဝတ်ဆင်ကာ မီးဖိုချောင်ထဲမှ ထွက်လာသည်။
"ဟူး"
လုံရှင်းထျန်း ၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် အစေခံ ဝတ်စုံနှစ်စုံကို နောက်ထပ် ထုတ်ယူပြီး သူမအား ပေးကာ ပြောလိုက်သည်:
"သူတို့ကို အဝတ်အစား လဲပေးလိုက်ပါ။ ဒီအချိန်ကစပြီး ဒီခြံဝင်းထဲက အကြီးအသေး ကိစ္စအားလုံးကို မင်းဆီမှာပဲ အပ်ထားခဲ့မယ်"
"ကျေးဇူးတင်ပါတယ်.. သခင်"
…