အမည်းရောင် အရိပ်များစွာသည် ၃ ပေခန့်ထူသော ရှေးဟောင်းသစ်ပင်ကြီးတစ်ခုပေါ်သို့ ခုန်တက်သွားကြသည်။
သူတို့၏ အကြည့်များသည် အောက်တွင် သေလုမျောပါး ဖြစ်နေသော ရိုင်းစိုင်းသော နွားကြီး နှင့် လူနှစ်ဦးကို အေးစက်စွာ စိုက်ကြည့်နေကြသည်။
"လူကြီးမင်း.. ဒီဝိညာဉ်သားရဲကို ကျွန်တော်တို့က ၁၅ မိနစ်လောက်ကတည်းက ဒဏ်ရာရအောင် လုပ်ထားတာပါ။ ဒါဟာ ကျွန်တော်တို့ ဝိညာဉ်နန်းတော် သန့်စင်မိန်းမပျိုအတွက် ဒုတိယမြောက် ဝိညာဉ်ကွင်း ဖြစ်ရမှာပါ"
တောအုပ်နက်ထဲမှ အေးစက်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး အရပ်ရှည်ပြီး ကြံ့ခိုင်သော လူကြီးများနှင့် ကလေးတစ်စု ထွက်လာကြသည်။ ထိုလူကြီးများ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သူတို့၏ ခန္ဓာကိုယ်မှ ဝိညာဉ်ကွင်းများ တက်လာသည်။
အဝါရောင် နှစ်ကွင်း.. ခရမ်းရောင် နှစ်ကွင်း.. အနက်ရောင် လေးကွင်း...
အဆင့် (၈) ဝိညာဉ်သုန့်လော်..
သူတို့ကိုယ်ပေါ်ရှိ ဝိညာဉ်နန်းတော် တံဆိပ်ကို ကြည့်လိုက်လျှင် အလွန်ပင် ခမ်းနားကြီးကျယ်နေသည်။ ဝိညာဉ်နန်းတော် မှ ဝိညာဉ်သခင်များပင်...
"ဝိညာဉ်နန်းတော် ရဲ့ သန့်စင်မိန်းမပျိုလား"
ဓားကို ကိုင်ထားသော ကောင်မလေးက သူတို့ကို ကြည့်ကာ နှုတ်ခမ်းစူလိုက်သည်။ "ဒီနွားကို ဓားအဘိုး က ဒဏ်ရာရအောင် လုပ်ထားတာ.. ဘာလို့ ကျွန်မတို့က ရှင်တို့ကို ပေးရမှာလဲ"
"ဟမ့်" ဝိညာဉ်နန်းတော် မှ ဝိညာဉ် သုန့်လော် က ကဲ့ရဲ့လိုက်သည်။ "ဘာလို့လဲ ဟုတ်လား... ဘာလို့ဆိုတော့ ငါတို့က ဝိညာဉ်နန်းတော် ဖြစ်လို့ပဲ"
သူသည် ဘေးရှိ ကလေးမလေးကို တစ်ချက်ကြည့်လိုက်သည်..သွားပြီး ဒီနွားကို အဆုံးသတ်လိုက်စမ်း"
ကောင်မလေး၏ မျက်လုံးထဲတွင် ကျေနပ်မှု အရိပ်အယောင်များ ပေါ်လာသည်။ သူမသည် မေးကို မော့ကာ ထိုကောင်မလေးကို ကြည့်ပြီး အောင်နိုင်သူကဲ့သို့ ပြောလိုက်သည်။
"ကောင်မလေး.. အပြစ်တင်ချင်ရင် မင်းမှာ ရာထူးနေရာ မလုံလောက်တာကိုပဲ အပြစ်တင်လိုက်။ ဒီနွားကို ငါပဲ ရမယ်"
သူမဆီမှ ထွက်ပေါ်လာသော ဆိုးရွားသော စွမ်းအား ကြောင့် ကောင်မလေးမှာ ကြောက်လန့်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ အဖြူရောင် ဝတ်စုံနဲ့ ပုံရိပ်ကို မော့ကြည့်လိုက်သည်။
"ဓားအဘိုး"
"အခု ထွက်သွားကြ.. ဒီကိစ္စကို ငါ ခွင့်လွှတ်ပေးမယ်" အဖြူရောင် ဝတ်စုံနဲ့ ပုံရိပ်က လျစ်လျူရှုစွာ ပြောသည်။
"ဟင်"
ဖိအားပေးသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဝိညာဉ်နန်းတော် အဖွဲ့၏ မျက်နှာများ ပြောင်းလဲသွားကာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ "လူကြီးမင်း..ခင်ဗျားက ငါတို့ကို လူမသတ်ရဲဘူးလို့ ထင်နေတာလား"
သူတို့က လူမိုက်တွေ မဟုတ်ပါ။ ကြယ်တာရာ တောအုပ်ကြီးရဲ့ အလယ်ကို လာရဲတယ်ဆိုကတည်းက သူက ဝိညာဉ်သုန့်လော် အဆင့် ရှိမှန်း သူတို့ သိသည်။ ဒါပေမဲ့ သူက ဝိညာဉ်နန်းတော် ကို စိန်ခေါ်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ကြပါ။
"တစ်"
ဒေါသသံများကြားမှ အဖြူရောင် ဝတ်စုံနဲ့ ပုံရိပ်က ဆက်ပြောသည်။
ခင်ဗျား..သေချင်နေတာလား..." ဝိညာဉ်နန်းတော် အဖွဲ့က ဒေါသတကြီး အော်ကာ သူတို့၏ ဝိညာဉ်ကွင်းများ လင်းလာပြီး ချက်ချင်း တိုက်ခိုက်လာကြသည်။
"နှစ်"
သူက လုံးဝ မကြောက်ရွံ့ပေ။
"ဒီနေ့ ငါ မင်းတို့ရဲ့ ဝိညာဉ်နန်းတော် က ဝိညာဉ်သုန့်လော် လေးယောက်နဲ့ ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရအောင်"
ဝိညာဉ်နန်းတော် မှ ဝိညာဉ်သုန့်လော် လေးယောက်သည် သူတို့၏ ဝိညာဉ်ကွင်းများကို ထုတ်ဖော်ကာ တိုက်ခိုက်လာကြသည်။ သို့သော် အဖြူရောင် ဝတ်စုံနဲ့ ပုံရိပ်က လက်ကို ညင်သာစွာ မြှောက်လိုက်သည်။
"သုံး"
သူ့နှုတ်ခမ်းမှ ထိုစကားထွက်လာသည်နှင့် ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး ဝိညာဉ်ကွင်း ကိုးကွင်း ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါ များ လေဆင်နှာမောင်းကဲ့သို့ ထွက်ပေါ်လာသည်။
"ကိုး... ကိုးကွင်း..."
"မဟုတ်ဘူး.. မကောင်းတော့ဘူး.. သန့်းစင်သမီးတော် ကို ကာကွယ်လိုက်"
ဝိညာဉ်နန်းတော် အဖွဲ့ တုံ့ပြန်ချိန်တွင် ဓားအရှိန်အဝါက သူတို့ဆီ ရောက်လာပြီး ဓားတစ်ချက်တည်းနှင့် ဝိညာဉ်သုန့်လော် ကျွမ်းကျင်သူ တစ်ယောက် ချက်ချင်း သေဆုံးသွားသည်။
ဘုန်း......
ဓားအလင်းတန်းက မရပ်တန့်ဘဲ ဝိညာဉ်နန်းတော် သန့်စင်သမီးတော် ဆီသို့ ဆက်သွားသည်။
"အား..." ဟူလီနာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ချန်ရှင်း"
ဓားအလင်းတန်း ဟူလီနာ နှင့် လက်မဝက်သာ လိုတော့ချိန်တွင် ကောင်းကင်တစ်ခုလုံး ပန်းများ ပြည့်နှက်သွားပြီး ဓားအလင်းတန်းကို တားဆီးလိုက်သည်။ ချက်ချင်းပင် ကျက်သရေရှိသော ပုံရိပ်တစ်ခု ပေါ်လာသည်။ သူမသည် နှုတ်ခမ်းနီကို ဖုံးအုပ်ကာ အဖြူရောင် ဝတ်စုံနဲ့ ပုံရိပ်ကို ပြုံးလျက် ကြည့်လိုက်သည်။
"ငါတို့ ဝိညာဉ်နန်းတော် က ဝိညာဉ်သုန့်လော် လေးယောက်ကို သတ်လိုက်တာ မင်း ဒေါသပြေလောက်ပါပြီ"
ချန်ရှင်း သည် သတ်ဖြတ်ခုနစ်ပါးဓား ကို သိမ်းလိုက်ပြီး ဒဏ်ရာရနေသော ဝိညာဉ်နန်းတော် အဖွဲ့ကို အေးစက်စွာ ကြည့်သည်။
"နောက်တစ်ခါ ဆိုရင် သန့်စင်မိန်းမပျို ကို အစားထိုးလိုက်တော့"
"...."
"ဟီးဟီး" ကျူဟွားသုန့်လော် က ရယ်မောလိုက်သည်။ "ဓားသုန့်လော် ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဘွဲ့နှင်းခံသုန့်လော် ဖြစ်ပြီးတော့ ငါတို့ ဝိညာဉ်နန်းတော် က ဒဏ်ရာရအောင် လုပ်ထားတဲ့ ဝိညာဉ်သားရဲကို လုယူတာတော့ မင်းကမျက်နှာ ပြောင်လွန်းအားကြီးတယ်"
ကျူဟွားသုန့်လော် သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ရတနာခုနှစ်ပါးဂိုဏ်းမှ ဓားသုန့်လော် သည် အဆင့် ၉၆ ရှိ ဘွဲ့နှင်းခံသုန့်လော် ဖြစ်ပြီး သူ့အဆင့်နှင့် မယှဉ်နိုင်ပါ။
"ကြည့်မနေနဲ့.. သူ မလာဘူး" ချန်ရှင်း က အေးစက်စွာ ပြောသည်။ "တစ္ဆေသုန့်လော် သာ လာခဲ့ရင်လည်း မင်းတို့ နှစ်ယောက်လုံးကို ငါ့အစွမ်းနဲ့ တားနိုင်ပါတယ်"
"...."
"ဟီးဟီး... ဓားသုန့်လော် ကလည်း နောက်နေပြန်ပြီ" ကျူဟွားသုန့်လော် သက်ပြင်းချကာ နွားကို လက်ညှိုးထိုးလိုက်သည်။ "ဒီနွားကိစ္စကို အရင် ပြောကြမလား... မဟုတ်ရင် အချိန်တွေ ကုန်နေလိမ့်မယ်"
"...."
ဓားသုန့်လော် သည် မပြောတော့ဘဲ နွားကို ကြည့်လိုက်သည်။ နှစ်ယောက်စလုံး တိုက်ခိုက်ဖို့ ပြင်လိုက်ချိန်မှာပင်...
ဘုန်း......
မြေကြီး တုန်ခါသွားသည်။ နွား ရှိနေသော မြေပြင်က ကွဲအက်သွားပြီး သစ်တုံးကြီးများကဲ့သို့ အံသွားများ ပေါ်လာကာ နွားကို မျိုချလိုက်သည်။
"မင်းတို့ ဘာလုပ်တာလဲ..."
ဘွဲ့နှင်းခံသုန့်လော် နှစ်ယောက်လုံး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စူး..."
ရာပေါင်းများစွာ ရှည်လျားသော ကြွက်ကြီးတစ်ကောင် ထွက်လာသည်။
"နှစ်တစ်သိန်းအကြေးခွံကြွက်..."
တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။ ဘွဲ့နှင်းခံသုန့်လော် နှစ်ယောက်လုံး အံ့သြသွားပြီး ကြွက်ကို တိုက်ခိုက်လိုက်သည်။
"ဝုန်း..."
ဘွဲ့နှင်းခံသုန့်လော် နှစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲမှာ ခုခံနိုင်စွမ်း မရှိပေ။ ထွက်ပြေးရတော့သည်။ တိုက်ခိုက်မှုကြောင့် ကြွက်၏ ဗိုက်တစ်ဝက် ပျက်စီးသွားပြီး မျိုထားသော နွား၀ိညာဥ်သားရဲက ထွက်ကျလာသည်။
ကြွက်က ရှုံးနိမ့်တော့မည်ကို သိ၍ ခြေထောက်တစ်ဖက်မှ ရွှေရောင်လင်းသွားသည်။ နောက်တစ်စက္ကန့်တွင် ကြွက်က မြေကြီးထဲသို့ ဝင်သွားပြီး ပျောက်ကွယ်သွားသည်။
"ဟင်..."
ဓားသုန့်လော် နှင့် ကျူဟွားသုန့်လော် တို့သည် တစ်ခုခု မှားနေမှန်း ချက်ချင်း သိလိုက်သည်။ ဝိညာဉ်အရိုး...... သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်။
"သွား"
ဓားသုန့်လော် သည် နင်ရုံရုံ ကို ပွေ့ချီကာ ကြွက်နောက်သို့ လိုက်သွားသည်။
"ချန်ရှင်း... ဒီ ဝိညာဉ်အရိုး က ငါ့ဟာ" ကျူဟွားသုန့်လော် လည်း နောက်က လိုက်သွားသည်။
...
"ဟူး..."
ရွှီချင်းဟယ် သည် အသားကင်ကို မီးဖိုပေါ်မှ ချကာ စားလိုက်သည်။ "အသားကို အများကြီး စားရတာ ကြာပြီ"
သူ စားနေစဉ်မှာပင် မြေကြီး တုန်ခါသွားသည်။ "ဟင်..."
ရွှီချင်းဟယ် မျက်မှောင်ကြုတ်လိုက်ပြီး အားကောင်းသော ဝိညာဉ်စွမ်းအင် တစ်ခု နီးကပ်လာသည်ကို ခံစားလိုက်ရကာ လေးနှင့် မြားကို ကိုင်ပြီး သစ်ပင်ထိပ်သို့ ခုန်တက်လိုက်သည်။
၀ှစ်...
သူ သစ်ပင်ပေါ် ရောက်သည်နှင့် နေရာဟောင်းတွင် အပေါက်ကြီး ပွင့်သွားပြီး သွေးနံ့များ ထွက်ပေါ်လာကာ အကြေးခွံကြွက်တစ်ကောင် မြေကြီးထဲမှ ထွက်လာသည်။
"နှစ်တစ်သိန်း ဝိညာဉ်သားရဲ..."
ရွှီချင်းဟယ် မျက်လုံး ပြူးသွားသည်။ သေချာကြည့်လိုက်တော့ ထိုကြွက်မှာ ဒဏ်ရာရနေသည်။
"ပြဿနာရှောင်တာ အကောင်းဆုံးပဲ"
ရွှီချင်းဟယ် သည် ချက်ချင်း ထွက်ခွာဖို့ ပြင်လိုက်သည်။
"ဝှစ် ဝှစ်"
သို့သော် ကြွက်က သူ့ကို မြင်သွားပြီး တိုက်ခိုက်လာသည်။
"ဒုက္ခပါပဲ"
ရွှီချင်းဟယ် ၏ ဝိညာဉ်က အထောက်အပံ့ပေးသော အတန်းအစားသာ ဖြစ်၍ သူ မယှဉ်နိုင်ပါ။ သူသည် ပြင်ပ ဝိညာဉ်အရိုး (အတောင်ပံ)ကို ထုတ်ကာပျံပြီး အကွာအဝေး ယူကာ လေးဖြင့် ပစ်လိုက်သည်။
"ဘုန်း"
မြား သုံးစင်း တစ်ပြိုင်နက် ထွက်သွားသည်။
ဘုန်း ဘုန်း ဘုန်း...
မြားများက ကြွက်ကို ထိမှန်သွားသည်။ ကြွက်က ကြောက်လန့်ပြီး မြေပေါ် လဲကျသွားကာ အဆိပ်များ ပျံ့နှံ့သွားသည်။
"နှစ်တစ်သိန်း ဝိညာဉ်သားရဲလောက်က ငါ့မြားကို ရှောင်နိုင်မယ် ထင်နေတာလား"
ရွှီချင်းဟယ် အတောင်ပံ ခတ်ပြီး ဆင်းလာသည်။ လုံရှင်းထျန်း အနားတွင် ကျင့်ကြံခဲ့ရသောကြောင့် သူ၏ မြားပစ်နည်းမှာ အလွန် တိုးတက်နေပြီ။
"ဟင်... ဒါက ဘာလဲ"
ကြွက်အလောင်းနား ရောက်သောအခါ ရွှေရောင် အလင်းတစ်ခုကို တွေ့လိုက်ရသည်။ သူသည် အောက်သို့ ကိုင်းညွှတ်ပြီး ကောက်ယူလိုက်သည်။ ဒါဟာ ကြည်လင်တောက်ပနေသော အရိုးတစ်ခုဖြစ်သည်။
"ဝိညာဉ်အရိုး..."
ရွှီချင်းဟယ် ၏ မျက်လုံးများ ပြူးသွားပြီး အလွန် ပျော်ရွှင်သွားသည်။
"ဟားဟားဟား.. နှစ် နှစ်သောင်းသက်တမ်းရှိ ဘယ်ဘက်ခြေထောက် ဝိညာဉ်အရိုး..."
"ငါ့ရဲ့ ကံတရားက ဒီလောက်တောင် ကောင်းလိမ့်မယ်လို့ မထင်ထားဘူး"
သူသည် ပျော်ရွှင်စွာ ရယ်မောလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ အပြုံးမှာ တောင့်တင်းသွားသည်။ ကောင်းကင်ယံမှ ပုံရိပ်နှစ်ခု သူ့ဆီသို့ ပျံသန်းလာနေသောကြောင့် ဖြစ်သည်။
"ကောင်လေး.. ငါ့ရဲ့ ဝိညာဉ်အရိုး ကို လုရဲတယ်ပေါ့..."
ဒေါသတကြီး အော်သံနှစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးပမာ ပြင်းထန်သော စွမ်းအားများကြောင့် ရွှီချင်းဟယ် တစ်ယောက် သေလုမျောပါး ဖြစ်သွားသည်။
"သေပြီ"
ရွှီချင်းဟယ် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။ "ဆရာ... တပည့် ပညာမဆုံးသေးခင်မှာပဲ အသက်ပျောက်တော့မှာပါလား"
သူသည် တွန့်ဆုတ်မနေတော့ဘဲ အတောင်ပံကို ခတ်ကာ ပြန်ပြေးလိုက်သည်။
"ဆရာ... တပည့်ကို ကယ်ပါဦး"