အခန်း (၇၂) - ထန်ဆန်းကို ဝက်အူချောင်း ကိုယ်တိုင်ကျွေးမွေးခြင်း
ပုပ်ရဟန်းမင်းနန်းဆောင်။
ဘီဘီတုံသည် ဂရုအဖွဲ့ထဲက စာများကို မြင်လိုက်ရသောအခါ သူမရဲ့ မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူမရဲ့ တင်းရင်းလှပသော ရင်အစုံမှာ ဒေါသကြောင့် ပြင်းထန်စွာ တုန်ခါနေပြီး သူမအတွင်းစိတ်ထဲတွင် မည်မျှဒေါသထွက်နေသည်ကို ပြသနေသည်။
သောက်ကျိုးနည်း!
ငါ၊ ဂုဏ်သိက္ခာရှိတဲ့ ဝိဉာဉ်နန်းဆောင်ရဲ့ ပုပ်ရဟန်းမင်းတစ်ပါးကို ခေါင်းတိုးမြှုပ်ပြီး အမြီးဖွက်ထားတဲ့ ကြောက်တတ်တဲ့ ကြွက်တစ်စုက စနောက်ရဲတယ်ပေါ့လေ?
အဓိကအချက်ကတော့ သူတို့ပြောတာကို ငါ ဘာမှ ပြန်မချေပနိုင်ဘဲ စကားမပြောနိုင်ဖြစ်နေတာပဲ။
ဘန်း!
ဘီဘီတုံသည် သူမရဲ့ ရာဇပလ္လင်မှ ထရပ်လိုက်ပြီး သူမ၏ နန်းတုတ်ဖြင့် မြေကြီးကို ပြင်းပြင်းထန်ထန် ရိုက်ချကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘယ်သူရှိလဲ၊ ဒီကိုလာခဲ့!"
"ယွဲ့ကွမ်းနဲ့ ဂွေမေကို ချက်ချင်း ငါ့ဆီ ခေါ်ခဲ့ကြ!"
ဘီဘီတုံမှာ တကယ်ကို စိတ်အနှောင့်အယှက် အလွန်ဖြစ်နေသည်။
ဝိဉာဉ်နန်းဆောင်ရဲ့ သြဇာအာဏာသည် တစ်တိုက်လုံးအနှံ့ ပျံ့နှံ့နေသည်။
အခုတော့ "ငါကမိဘမဲ့တစ်ယောက်" နှင့် "ရတနာခုနှစ်ပါးမင်းသမီးလေး" တို့သည် "အရိပ်ထဲကကြောင်" ရဲ့ လျှို့ဝှက်ချက်ကို သိသွားကြပြီး ထန်ဆန်းအကြောင်း နောက်ဆုံးရသတင်းအချက်အလက်များကို အမြဲရနေကြသည်။ သူမကတော့ ဂရုအဖွဲ့ထဲမှာ ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဒါကို ဘယ်သူကများ သည်းခံနိုင်မှာလဲ?
...
ရှီလိုင်ခဲ့အကယ်ဒမီ။
အော်စကာသည် အခေါ်ခံရသောအခါ အပြေးအလွှား ရောက်လာသည်။
"အစ်ကိုဒိုင်၊ ကျွန်တော့်ကို ခေါ်တာလား?"
ဒိုင်မှုပိုင်က ပြောသည် - "မြန်မြန်၊ ဝက်အူချောင်းတွေ လုပ်ပေးစမ်း။ ထန်ဆန်း ဒဏ်ရာရထားတယ်၊ ဆရာကျောက်လည်း နည်းနည်းနေမကောင်းဖြစ်နေတယ်။"
စုယန်မှာ အပြစ်ကင်းဟန်ဆောင်ပြီး ပြောလိုက်သည်။
"အခု ဘယ်အချိန်ရှိပြီလဲ? ဘာလို့ ဒီဝက်အူချောင်းတွေကိုပဲ စားခိုင်းနေတာလဲ? ငါ့သူငယ်ချင်းကို ကုသပေးဖို့ ဝိဉာဉ်ကုသသူတစ်ယောက် အရင်ရှာပေးပါဦး!"
ဒိုင်မှုပိုင်က ရှင်းပြသည် -
"အော်စကာရဲ့ ဝက်အူချောင်းက သူ ပထမဆုံး ဝိဉာဉ်ကွင်းကနေ ရထားတဲ့ ဝက်အူချောင်းပဲ၊ စားလိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ မြန်မြန်သက်သာစေတယ်။"
ဒိုင်မှုပိုင်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် စုယန်က သူ့စိတ်ထဲတွင် တွေးလိုက်သည် - ငါ ဒီစကားကိုပဲ စောင့်နေတာ။
ချက်ချင်းပင် သူက စိုးရိမ်တကြီး မျက်နှာပေးဖြင့် ပြောလိုက်သည်။
"အော်... အဲလိုလား။ ဒါဆိုရင်လည်း မြန်မြန်ပဲ ငါ့သူငယ်ချင်းကို ပူပူနွေးနွေး ဝက်အူချောင်းတွေ ကျွေးလိုက်ပါဦး၊ အများကြီးယူလာခဲ့... ဘယ်လောက်ကုန်ကုန် ငါပေးမယ်!"
ကျူကျူချင်း၊ ရှောင်ဝူနှင့် နင်ရုံရုံတို့မှာ ဘေးတွင် ရပ်နေကြပြီး တစ်ယောက်စီတွင် ထူးဆန်းသော အမူအရာများဖြင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားကြသည်။
ဒီမြင်ကွင်းကို ကြည့်နေသူ ဘယ်သူမဆို စုယန်နဲ့ ထန်ဆန်းရဲ့ ဆက်ဆံရေးကို သံသယဝင်ကြမှာမဟုတ်လား?
စုယန်က ထန်ဆန်းအပေါ်မှာ တကယ်ပဲ ဂရုစိုက်တယ်၊ တကယ်ပဲ စိတ်ပူနေတယ်၊ တကယ်ပဲ စိုးရိမ်နေတယ်... ကြည့်ပါဦး၊ သူ ဘယ်လောက်တောင် စိုးရိမ်နေသလဲဆိုတာ။
အော်စကာသည် ချက်ချင်း ဝက်အူချောင်းစတင် လုပ်သည်။
"ကျွန်တော့်မှာ ကြီးမားတဲ့ ဝက်အူချောင်း ရှိတယ်။"
"ကျွန်တော့်မှာ သေးငယ်တဲ့ ဝက်အူချောင်း ရှိတယ်။"
စုယန်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်၊ ဒီကောင် အော်စကာဆိုတာကလည်း—အခြေအနေအရ လိုက်လျောညီထွေ လုပ်တတ်လိုက်တာ။
ထန်ဆန်းရဲ့ သတိမှာ အစက နည်းနည်းဝေဝါးနေသော်လည်း အော်စကာ၏ ဝက်အူချောင်းလုပ်ရန် ရွတ်ဆိုသော စကားလုံးများကို ကြားလိုက်သည်နှင့် သူ၏ ဗိုက်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားပြီး ချက်ချင်းပင် လန်းဆန်းသွားသည်။
"အဟွတ်။"
"ကျွန်တော့်ဒဏ်ရာက မပြင်းထန်ပါဘူး၊ နည်းနည်း ပင်ပန်းသွားတာပါ။ ခဏနားလိုက်ရင် သက်သာသွားမှာပါ။ ဝက်အူချောင်းကို ဆရာကျောက်ကိုသာ ကျွေးလိုက်ပါ!"
ဒါကို ကြားတော့ စုယန်က စိုးရိမ်သော မျက်နှာဖြင့် ပြောလိုက်သည် - "ထန်ဆန်း၊ မင်း ဒဏ်ရာရထားတာပဲ၊ အခုတော့ ဘာမှ မပြောနဲ့ဦး။"
ပြောပြီးသည်နှင့်။
စုယန်သည် အော်စကာရဲ့ ကြီးမားသော ပြန်လည်သက်သာစေသည့် ဝက်အူချောင်းကို ကောက်ကိုင်လိုက်ပြီး ထန်ဆန်းကို ထိန်းကိုင်ကာ ဝက်အူချောင်းကို ထန်ဆန်းရဲ့ လည်ချောင်းထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူက အပြစ်တင်သည့်ပုံစံဖြင့် ပြောလိုက်သည်။
"မင်းကို ကြည့်စမ်း၊ ခေါင်းမာပြန်ပြီမလား?"
"ဒါက ငါတို့အားလုံးအတွက် စမ်းသပ်မှုတစ်ခုဆိုတာ ရှင်းနေတာကို၊ မင်းက တစ်ယောက်တည်း ခေါင်းမာပြီး တိုက်ခိုက်နေတယ်။ နေ့တိုင်းလိုလို မင်း လုပ်သမျှက မင်းသူငယ်ချင်းကို စိတ်ပူအောင်ပဲ လုပ်နေတာ။"
လူတိုင်း:???
ဒိုင်မှုပိုင်မှာ မျက်လုံးများ ပြူးသွားသည်။
ဘာကိစ္စလဲ?
အော်စကာရဲ့ ကြီးမားတဲ့ ပြန်လည်သက်သာစေတဲ့ ဝက်အူချောင်းကို တိုက်ရိုက် ထိုးထည့်လိုက်တာလား?
မဖြစ်နိုင်တာ?
မင်းတို့နှစ်ယောက် ဒီလောက်တောင် ပြင်းပြင်းထန်ထန် လုပ်နေကြတာလား?
အော်စကာမှာလည်း အံ့အားသင့်သွားသည်။
မဟုတ်မှလွဲရော?
ဝက်အူချောင်းလုပ်တဲ့ ငါ့နည်းလမ်းက မှားနေတာလား၊ ဒါမှမဟုတ် ဝက်အူချောင်းစားတဲ့ မင်းတို့လူတွေက မှားနေတာလား?
ကျူကျူချင်း၊ နင်ရုံရုံနှင့် ရှောင်ဝူတို့မှာ ကြည့်မရတော့ပေ။
ငါတို့ သိထားတယ်၊ မင်း စုယန်ဆိုတဲ့ လူဆိုးကြီး၊ မင်းက ဘယ်လိုလုပ်ပြီး ထန်ဆန်းကို တကယ် ဂရုစိုက်မှာလဲ? ဒါကိုပဲ မင်း စောင့်နေတာပေါ့လေ?
ငါတို့ အခုနကပဲ ယုံလုနီးပါး ဖြစ်သွားခဲ့တာ။
ကြည့်လိုက်ဦး။
ကျောက်ဝူကျိမှာ အနည်းငယ် အလှမ်းဝေးနေပြီး အခြေအနေကို သေချာ မမြင်ရပေ၊ သူကပဲ ကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"မဆိုးဘူး! မဆိုးဘူး!"
"ကောင်လေးတွေက ဒီလောက်ထိ နက်နဲတဲ့ ခင်မင်မှု ရှိနေကြပြီပဲ၊ ဆရာတစ်ယောက်အနေနဲ့ ငါ တကယ်ကို ကျေနပ်တယ်။"
ဖတ်။
ကျူကျူချင်းနှင့် တခြားသူသုံးယောက်မှာ ဒါကို ကြားတော့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ဆရာ၊ ဆရာက တကယ့်ကို အူကြောင်ကြောင်ပါပဲ!
နားနားကပ်ပြီး သေချာကြည့်ပါဦးလား? ထန်ဆန်းရဲ့ မျက်နှာက ဘယ်လောက်တောင် ခုခံနေရသလဲ၊ ဝက်အူချောင်းနဲ့ အသက်ရှူကျပ်ပြီး သေတော့မလို ဖြစ်နေတာကို ကြည့်ပါဦး။
ထန်ဆန်းမှာ ငိုတော့မလို ဖြစ်နေသည်။
ဆရာက တကယ်ပဲ ကျေနပ်နေသေးတယ်ပေါ့လေ?
ဒိုင်မှုပိုင်နှင့် အော်စကာမှာ ဘေးတွင် ရပ်ရင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။
ပြောချင်ပေမယ့် မပြောဘဲ နေလိုက်ကြသည်။
သားရဲတွေ
မင်းတို့က တကယ့် သားရဲတွေပ!
"ဝူး ဝူး..."
ထန်ဆန်းမှာ တကယ်ကို ငိုသွားသည်
အော်စကာရဲ့ ဝက်အူချောင်းက သူရဲ့ လည်ချောင်းကို ပိတ်ဆို့ထားသဖြင့် စကားပင် မပြောနိုင်၊ စုယန်ရဲ့ အားကလည်း ပြင်းလွန်းသဖြင့် သူ လုံးဝ ငြင်းဆန်၍ မရပေ!
"ဝူးဝူး၊ ဝူးဟန်နီ။" (စုယန်၊ ငါ မင်းကို မုန်းတယ်)
"ဝူးဟန်နီ အာ!" (ငါ မင်းကို မုန်းတယ်!)
စုယန်မှာ ထန်ဆန်းရဲ့ "ဝူးဝူး ဝူးဝူး" ဖြစ်နေသည့် ပုံစံကို ကြည့်ရင်း အော်စကာရဲ့ ဝက်အူချောင်းကို ပြန်ထုတ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ထန်ဆန်း၊ မင်း ဘာဖြစ်တာလဲ?"
"အော့!"
"အဟွတ်၊ အဟွတ်၊ အဟွတ်..."
ထန်ဆန်းမှာ ထိန်းမရဘဲ အော့အန်နေပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးကာ အသက်ရှူမဝ ဖြစ်နေသည်။
ဒါက အော်စကာရဲ့ ဝက်အူချောင်း လုပ်တဲ့ စကားလုံးတွေကြောင့် မဟုတ်ပါ၊ အော်စကာရဲ့ ဝက်အူချောင်းကြီးနဲ့ အထိုးခံလိုက်ရတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ ပျို့အန်မှုပါ!!!
သို့သော်လည်း။
သူ စကားမပြောနိုင်ခင်မှာပဲ စုယန်က အော်စကာရဲ့ ဝက်အူချောင်းကို သူ့ပါးစပ်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။(ဖတ်နေတဲ့သူတောင် ဖျင်ကြိမ်းတယ်)
"မြန်မြန်စား၊ စားပြီးမှ စကားပြော။"
ထန်ဆန်း: အို?
စုယန်ရဲ့ ဒီလို ထိုးထည့်လိုက်၊ ပြန်ဆွဲထုတ်လိုက်၊ နောက်တစ်ကြိမ် ထပ်ထိုးထည့်လိုက်တဲ့ လုပ်ရပ်က ဘေးကလူအားလုံးကို ကြက်သေသေသွားစေသည်။
သူငယ်ချင်း!
ပြောရရင် အော်စကာရဲ့ ဝက်အူချောင်းက စားစရာပါ၊ ပါးစပ်ထဲမှာ အရည်ပျော်သွားတဲ့ ဝိဉာဉ်စွမ်းအင် မဟုတ်ဘူး၊ ဝါးစားဖို့ မလိုဘူးလား?
ထန်ဆန်းမှာ ဒေါသထွက်လွန်း၍ မျက်ရည်ပင် ကျလာသည်။
တမင်သက်သက်လုပ်တာ ဒါတမင်သတ်သတ်လုပ်တာ
စုယန်၊ မင်းဆိုတဲ့ လူယုတ်မာ၊ မင်း တမင်သက်သက် လုပ်တာပဲ။ ရှောင်ဝူရှေ့မှာ ငါ ထင်ရှားကျော်ကြားသွားမှာကို မနာလို ဖြစ်နေတာပေါ့၊ ဒီသောက်ကျိုးနည်းကောင်!
မင်း သေလမ်းရှာနေတာပဲ
"ဝူးဝူးဝူး..."
ထန်ဆန်းမှာ အပြင်းအထန် ခုခံရင်း နောက်ဆုံးတွင် စကားပြောရန် အခွင့်အရေး အနည်းငယ် ရလိုက်ပြီး မျက်ရည်စက်လက်ဖြင့် ပြောလိုက်သည် -
"စားမယ်၊ ငါ စားမယ်။"
စုယန်မှာ ကျေနပ်အားရသည့် မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်ပြီး အော်စကာရဲ့ ဝက်အူချောင်းကြီးနှင့် ဝက်အူချောင်းသေးကို ထန်ဆန်းရဲ့ လက်ထဲသို့ ထည့်ပေးလိုက်ကာ ကျေနပ်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
"အဲလိုမှပေါ့!"
"ဆေးကို သေချာသောက်၊ ဒါမှ မြန်မြန် သက်သာမှာ။ ငါတို့အားလုံးက သူငယ်ချင်းတွေပဲ၊ ယဉ်ကျေးနေဖို့ မလိုဘူး။ မင်းကို ဂရုစိုက်တာက ငါ့ရဲ့ တာဝန်ပဲ!"
လူတိုင်း:???
ထန်ဆန်းမှာ ဝက်အူချောင်းကို ကိုက်ဝါးရင်း စုယန်ကို အလွန်အမင်း မုန်းတီးသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ငါ မင်းမိသားစု တစ်စုလုံးကို ကျေးဇူးတင်လိုက်ချင်တယ်!
သောက်ကျိုးနည်း။
မင်းဆိုတဲ့ လူယုတ်မာကောင်
ဒါက တကယ်ပဲ မင်း ငါ့ကို ဂရုစိုက်တာ ဟုတ်ရဲ့လား?
မင်းက တမင် ငါ့ကို ကစားနေတာပဲ။
စုယန်: မင်းကလည်း လျှောက်ပြောနေတာပဲ! မင်းစားဖို့လုပ်ပေးတာ အော်စကာလေ ငါစုယန်နဲ့ဘာဆိုင်လို့လည်း?
အော်စကာ:???
စုယန်က ကျောက်ဝူကျိကို ကြည့်လိုက်ပြီး အော်စကာလက်ထဲက ဝက်အူချောင်းကြီးကို ယူကာ သူဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။
"ဆရာကျောက်၊ ဆရာ ဝက်အူချောင်း စားပြီးပြီလား? ကျွန်တော် ကူညီပေးမယ်လေ!"
ကျောက်ဝူကျိ:???
ပုပ်ရဟန်းမင်းနန်းဆောင်။
ဘီဘီတုံသည် နန်းတုတ်ကို ကိုင်ကာ ရာဇပလ္လင်ပေါ်တွင် ထိုင်နေပြီး သူမရဲ့ မျက်နှာမှာ နှင်းခဲကဲ့သို့ အေးစက်နေသည်။
ဂန္ဓမာတုန့်လော့နှင့် တစ္စေတုန့်လော့တို့မှာ အလောတကြီး ရောက်လာကြပြီး ဘီဘီတုံရဲ့ အေးစက်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။
"အရှင်မ"
ဘီဘီတုံက အမူအရာမဲ့စွာ ပြောသည် -
"ငါ စုံစမ်းခိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးတိုးတက်မှု ဘာရှိလဲ?"
ဒါကို ကြားတော့ ဂန္ဓမာတုန့်လော့နှင့် တစ္စေတုန့်လော့တို့မှာ ဘီဘီတုံကို ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"အရှင်မကို လျှောက်တင်ရရင်၊ ထန်ဟောက်ဟာ ထန်ဆန်းရဲ့ ဘေးမှာ ပုန်းအောင်းနေတယ်ဆိုတာကို အခု ကျွန်တော်တို့ အတည်ပြုလိုက်ပါပြီ၊ စုံစမ်းရေး အချက်အလက်တွေကိုလည်း ပို့ပေးပြီးပါပြီ။"
ဘီဘီတုံမှာ ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ပြီးတော့ရော?"
ဂန္ဓမာတုန့်လော့က အားမလိုအားမရဖြင့် ပြန်ဖြေသည် - "အခုလောလောဆယ်တော့ ဘာမှမရှိသေးပါဘူး။"
ဘန်း!
ဘီဘီတုံသည် သူမရဲ့ နန်းတုတ်ဖြင့် မြေကြီးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ ဝိဉာဉ်စွမ်းအင်များ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လှိုင်းထသွားပြီး ဂန္ဓမာတုန့်လော့နှင့် တစ္စေတုန့်လော့တို့ကို တစ်ဝက်လောက် နောက်ဆုတ်သွားစေကာ သူတို့မှာ ကြောက်လန့်တကြားနှင့် ဒူးတစ်ဖက်ထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်ကြရသည်။
"အရှင်မ၊ ဒေါသကို လျှော့ပေးတော်မူပါ။"
"အလကားလူတွေ!"
"အလကားလူ တစ်စုပဲ!"
ဘီဘီတုံက ဒေါသတကြီး အော်ဟစ်လိုက်သည် - "ဒီလောက် ရက်ပေါင်းများစွာ စုံစမ်းထားတာ၊ မင်းတို့ ရှာတွေ့ခဲ့တာက ထန်ဆန်းတစ်ယောက်နဲ့ ထန်ဆန်းဘေးမှာရှိတဲ့ ထန်ဟောက်ပဲလား။"
"ဒီလောက် အသုံးမကျတဲ့လူတွေကို ငါက ဘာလုပ်ရမလဲ?"
"ထန်ဆန်းအကြောင်း နောက်ဆုံးရသတင်းအချက်အလက် ဘာမှ မသိဘူးလား?"
ဝိဉာဉ်တုန့်လော့က အသံတိုးတိုးဖြင့် ရှင်းပြသည် -
"အရှင်မင်းကြီး၊ ဒေါသကို လျှော့ပေးတော်မူပါ။"
"ဒါအတွက် အကြောင်းရင်း ရှိပါတယ်။ ကျွန်တော်တို့ ဝိဉာဉ်နန်းဆောင်က ထန်ဆန်းကို စုံစမ်းဖို့ တာဝန်ယူထားတဲ့သူ အများအပြားမှာ ကံဆိုးသွားကြလို့ပါ။"
"ထန်ဟောက်က ထန်ဆန်းကို အရိပ်ထဲကနေ ကာကွယ်ပေးထားပြီး ကျွန်တော်တို့ရဲ့ စုံစမ်းမှုကို ပိတ်ပင်ထားတယ်လို့ ကျွန်တော် သံသယရှိပါတယ်။ ကျွန်တော်တို့ ဝိဉာဉ်နန်းဆောင်က စုံစမ်းဖို့ တာဝန်ယူထားသူတွေ အားလုံးကို ထန်ဟောက်က အသံတိတ်သွားအောင် လုပ်လိုက်တာ ဖြစ်နိုင်ပါတယ်…”