အခန်း ၅၆ -ကံကောင်းခြင်းကြယ်လေး
နဂါးပြာအကယ်ဒမီ
လျိုအာ့လုံသည် အတွင်းစိတ်ထဲတွင် ချက်ချင်းပင် တုန်လှုပ်သွားသည်။
"နေပါဦး၊ မဟုတ်လောက်ပါဘူး?"
"အဲဒီ ဘီဘီတုန်ဆိုတဲ့ မိန်းမယုတ်က အဆင့်ကိုးဆယ့်ကိုးကို ရောက်သွားပြီလား?"
"အရမ်းကိုနီးကပ်နေတာပဲ ။"
"ဘီဘီတုန်က ဒီဆုကို မပေါက်သင့်ဘူး၊ပြီးတော့... နောက်မှ ဘယ်သူပဲပေါက်ပေါက်၊ သူမကို ဘီဘီတုန်ဆီ လွှဲပြောင်းပေးခိုင်းလို့တော့ လုံးဝမဖြစ်ဘူး။"
【လျိုအာ့လုံ - အသုံးမကျတဲ့ ဘီဘီတုန်၊ ငါ့ကိုပဲ ကြည့်နေ။】
【လျိုအာ့လုံ - သုံး၊ နှစ်၊ တစ်။】
【ဘီဘီတုန် - ဟားဟားဟား!!】
【လျိုအာ့လုံ - ဒီချတ်ဂရုက လုံးဝပျော်စရာမကောင်းဘူး!】
လျိုအာ့လုံသည် ဒေါသအလွန်ထွက်သွားသဖြင့် ကျောက်စိမ်းမှန်ကို လွှင့်ပစ်လိုက်သည်။
နှင်းဆီဟိုတယ်
"ခဏ၊ ခဏလေး။"
"ငါ့ကို ဆုတစ်ခုလောက် ပေါက်ခွင့်ပေးပါ... အိုး..."
【အရိပ်ထဲကကြောင် - လေး၊ လေး၊ ငါး။】
【အားလုံး - ???】
ကျူကျူချင်းသည် ချက်ချင်းပင် ပျော်ရွှင်သွားပြီး စုယန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
"အရူးမလေး။"
စုယန်က အနည်းငယ် ရယ်မောရင်း ပြောလိုက်သည်။
"လူတွေအများကြီးပဲ၊ ၁၅ မှတ်အောက်ဆိုရင် မျှော်လင့်ချက်သိပ်မရှိဘူး၊ ဒါပေမဲ့ ဝိဉာဉ်ပေါင်းစပ်မှုကျွမ်းကျင်မှုကို ကိုယ်တို့ စနစ်တကျနဲ့ ဆက်တိုက်လေ့ကျင့်နေသရွေ့ ဝိဉာဉ်စွမ်းအား ၁ဆင့်ကို မကြာခင် ရနိုင်မှာပါ။"
ကျူကျူချင်းက တိုက်ရိုက် လက်မြှောက်အရှုံးပေးလိုက်သည်။
"တော်ပြီ"
"ဒီနေ့တော့ ငါ တကယ်ကို ထပ်မလေ့ကျင့်နိုင်တော့ဘူး၊ ဆက်လေ့ကျင့်ရင် ငါ့ခန္ဓာကိုယ် ပျက်စီးသွားလိမ့်မယ်။"
ဘေးခန်းထဲတွင်
နင်ရုံရုံနှင့် ရှောင်ဝူတို့က ထပ်မံ ဒေါသထွက်နေကြသည်။
"မဖြစ်နိုင်တာ?"
"ကျူကျူချင်းက တကယ်ပဲယူသွားတော့မှာလား?
【ရတနာခုနှစ်ပါးမင်းသမီးလေး : အရိပ်ထဲကကြောင်၊ နင်လွန်သွားပြီနော်။ နင်က ဆုတစ်ခုကို သီးသန့်ယူထားပြီးပြီ၊ အခု ငါတို့ဆီကနေ ထပ်လုဦးမလို့လား?】
【မုန်လာဥစားရတာကြိုက်တယ် : လုတာက တစ်ပိုင်းထား၊ နင်က ဘယ်လိုလုပ်ပြီး ဒီလောက်အမှတ်များတဲ့ ဂဏန်းကို လှိမ့်နိုင်ရတာလဲ?】
【ငါကမိဘမဲ့တစ်ယောက် : လေး၊ နှစ်၊ တစ်။】
ရှောင်ဝူသည် ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားခဲ့သည်။
"ရုံရုံ၊ ဝူးဝူးဝူး... နင် သူမကို အနိုင်ယူပြီး ငါတို့ ညီအစ်မတွေအတွက် ဂုဏ်သိက္ခာပြန်ယူပေးရမယ်။"
နင်ရုံရုံက ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်လိုက်သည်။
"ရှောင်ဝူ၊ ငါ့ကိုပဲ ကြည့်နေ!"
【ရတနာခုနှစ်ပါးမင်းသမီးလေး : သုံး၊ ငါး၊ သုံး။】
【ရတနာခုနှစ်ပါးမင်းသမီးလေး - ငါက ရယ်မောရတာကို ကြိုက်တဲ့သူပါ ဘာလို့ ငါ့ကံက ဒီလောက်တောင် ဆိုးရတာလဲ?】
"ဝူးဝူးဝူး..."
နင်ရုံရုံသည် ငိုယိုရင်း ရှောင်ဝူကို ပွေ့ဖက်လိုက်ပြီး ညီအစ်မနှစ်ယောက်သည် ဝမ်းနည်းပူဆွေးသော ဇနီးမောင်နှံပမာ ဖြစ်သွားကြသည်။
ကောင်းကင်ဒိုမြို့
ဒူဂူယန်သည် သူမ၏စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ဝိဉာဉ်စွမ်းအားကို တိုးမြှင့်ပေးတဲ့ ဆုမျိုး တကယ်ရှိတာလား?
သာမန်အားဖြင့် အကြိမ်ဒါဇင်ချီ ဖြစ်လာမယ်ဆိုရင် နတ်ဘုရားတစ်ပါး မဖြစ်လာနိုင်ဘူးလား?
【ယန်ဇီက ငှက်မဟုတ်ဘူး - လေး၊ လေး၊ တစ်။】
【ယန်ဇီက ငှက်မဟုတ်ဘူး - အရမ်းများတယ်၊ အုပ်ချုပ်သူကို ဆုသီးသန့်ပေးတာက တစ်ပိုင်း၊ အခု ဒီလောက်များတဲ့အမှတ် တွေကိုပေးလိုက်တာလား?】
တူညီသော အိပ်ဆောင်
နောက်အခန်းတစ်ခုတွင်
ယဲ့လင်းလင်းသည် ပါးစပ်ကို ပိတ်ဖုံးရင်း တခစ်ခစ် ရယ်မောနေသည်။
"ယန်ဇီရေ၊ နင့်ကံကတော့ သာမန်ပါပဲ၊ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ်ဆိုတာ ထင်ရှားနေတာပဲ!"
【ဂရုနံပါတ်9 - နင်တို့တွေ၊ ငါ နောက်ထပ် လီပါ့ (တူညီတဲ့ဂဏန်းသုံးလုံး) လှိမ့်နိုင်မယ်လို့ ထင်ကြလား?】
【ငါကမိဘမဲ့တစ်ယောက် - ခြောက်၊ သုံး၊ လေး။】
【ငါကမိဘမဲ့တစ်ယောက် - အို၊ မဟုတ်ပါဘူး၊ ငါတို့ ထပ်တူကျသွားပြန်ပြီ။ နင် တကယ်ပဲ လီပါ့ လှိမ့်မိတော့မှာလား?】
ချန်ရန်ရွှယ် အနည်းငယ် ထုံထိုင်းသွားသည်။
အမှတ်များများ ရဖို့ ကြိုးစားပြီးမှ ကျူကျူချင်းနဲ့ ထပ်တူကျသွားရတယ်။
ဝိဉာဉ်စွမ်းအား အဆင့် ၁ အတွက်တော့ မျှော်လင့်ချက် မရှိတော့ဘူးထင်တယ်။
【ဂရုနံပါတ်9 :သုံး၊ သုံး၊ သုံး။】
【ယန်ဇီကငှက်မဟုတ်ဘူး :ဟားဟား၊ ကလေးဘ၀လမင်းရေ၊ နင် တကယ်ပဲ လီပါ့ လှိမ့်လိုက်တာပဲ၊ ဒါပေမဲ့ ကံဆိုးတာက ထက်ဝက်ပဲ ဖြစ်သွားတယ်။】
ယဲ့လင်းလင်းရဲ့ မျက်နှာလည်း ကျသွားသည်။
အို၊ မဟုတ်ပါဘူး။
ဒီယန်ဇီဆိုတဲ့သူ့ဆီကနေ အလှောင်ခံလိုက်ရပြန်ပြီ။
ပုပ်ရဟန်းမင်းနန်းဆောင်
ဘီဘီတုန်က တည်တဲ့မျက်နှာဖြင့် ပြောလိုက်သည်။ "နာနာ၊ အခုပဲ၊ မြန်မြန်လှုပ်ရှားလိုက်!"
"ဟုတ်ကဲ့၊ ဆရာမ။"
ဟူလီနာသည် ချက်ချင်းပင် ပါဝင်ရန် နှိပ်လိုက်သည်။
【ဟူလီနာ - တစ်၊ နှစ်၊ သုံး။】
【ဟူလီနာ - ပျော်စရာမကောင်းဘူး၊ ဒီချတ်ဂရုက တကယ် လုံး၀ပျော်စရာမကောင်းဘူး။】
"ဆရာမ၊ ဒီထဲမှာ တစ်ခုခု လျှို့ဝှက်ချက်ရှိနေသလိုပဲ!"
"ကျွန်မက နောက်ဆုံးမှ ဖြစ်လာတာ။"
ဟူလီနာလည်း စိတ်ဓာတ်ကျသွားသည်!
ဘီဘီတုန်က အားမလိုအားမရဖြင့် ပြောလိုက်သည်။ "ထားလိုက်ပါတော့၊ ဘယ်သူဆုရမလဲ ကြည့်ရအောင်၊ ပြီးရင် တန်ဖိုးတစ်ခုခုပေးပြီး လဲလှယ်လို့ရမလား စမ်းကြည့်ကြတာပေါ့။"
လမင်းအဆောင်
တန်ယွဲ့ဟွာသည် ယခုအချိန်တွင် လူတိုင်းထက် ပို၍ စိတ်လှုပ်ရှားနေသည်။ အခြားသူတွေအတွက်တော့ ဒါက အဆင့် ၁ ဆုတစ်ခုသာ ဖြစ်ပေမဲ့ တန်ယွဲ့ဟွာအတွက်တော့ သူမ၏ အဆင့်တက်လမ်းကို ဖောက်ထွက်နိုင်မယ့် ကောင်းကင်ဘုံကပေးတဲ့ ဝိဉာဉ်စွမ်းအားပါ!
"ရအောင် ယူရမယ်!"
တန်ယွဲ့ဟွာသည် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။
"တစ်ယောက်ယောက်ရဲ့ ကံကို ပူဇော်ပေးပါ၊ ဒီဆုကို ငါယူနိုင်အောင် ကူညီပေးပါ။"
【လမင်းအဆောင် - လေး၊ ခြောက်၊ ငါး။】
"အို ဘုရားသခင်!"
တန်ယွဲ့ဟွာသည် သူမ၏ ဂုဏ်သိက္ခာကို မေ့လျော့သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အိပ်ရာပေါ်မှ ခုန်ချလိုက်သည်။
၁၅ မှတ်။
အဖွဲ့၀င်အသစ် မှလွဲ၍ လူတိုင်းနီးပါး လှုပ်ရှားလိုက်ကြပြီ။ နောက်ဆုံးအကြိမ် တစ်ခါ လက်လွတ်လိုက်ရပြီးနောက်မှာ ကံတွေက ဒီအချိန်အတွက် စုဆောင်းထားသလိုပါပဲ။
အရမ်းကောင်းတယ်။
ဒီနေ့ကစပြီး သူမဟာ အနာဂတ်မှာ ဝိဉာဉ်မာစတာတစ်ယောက် ဖြစ်လာတော့မယ်။
တန်ယွဲ့ဟွာ တကယ်ပဲ အလွန်ပျော်ရွှင်နေပြီး ဝိဉာဉ်မာစတာတစ်ယောက် ဖြစ်ချင်တဲ့ သူမရဲ့ ရည်မှန်းချက် အောင်မြင်မှုကို ဂုဏ်ပြုဖို့ နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ ဝိုင်နီတစ်ပုလင်းကို ချက်ချင်း ရှာဖွေဖောက်လိုက်သည်။
【စုယန် - ငါး၊ ငါး၊ ခြောက်။】
စုယန်သည် လေ့ကျင့်မှု ပြီးဆုံးသွားပြီး ကျူကျူချင်းရဲ့ ဝိဉာဉ်အပေါ်မှီကာ နားနေရင်း အသာလေး နှိပ်လိုက်သည်။
"စုယန်၊ နင် အရမ်းအံ့ဩဖို့ကောင်းတာပဲ"
ဒါကို မြင်တော့ ကျူကျူချင်းက စိတ်လှုပ်ရှားစွာဖြင့် စုယန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
စုယန် - ငါ အသက်ရှူလို့ မရတော့ဘူး။
【လမင်းအဆောင် - ငါ ကျိန်ဆိုပါတယ်၊ တကယ်ပါ၊ နောက်တစ်ခါ တစ်ဝက်တစ်ပျက်မှာ ရှန်ပိန်ဖောက်တာမျိုး လုံးဝမလုပ်တော့ဘူး၊ ဝူးဝူးဝူး—!】
စုယန်ရဲ့ အမှတ်ကို မြင်တော့ တန်ယွဲ့ဟွာသည် စိုးရိမ်စိတ်ဖြင့် တကယ်ပင် ငိုယိုနေမိသည်။
【ယန်ဇီက ငှက်မဟုတ်ဘူး - လူသစ်ရေ၊ မြန်မြန် လှိမ့်လိုက်။ စုယန်ကို အနိုင်ယူနိုင်မလားဆိုတာ နင့်အပေါ်မှာပဲ မူတည်တယ်။】
【ဘီဘီတုန် - မြန်မြန် လှိမ့်လိုက်၊ ဆုကိုသာ ရနိုင်မယ်ဆိုရင် ဒီပုပ်ရဟန်းမင်းက ဘယ်တန်ဖိုးကိုမဆို ပေးပြီး နင့်နဲ့ လဲလှယ်ပေးမယ်။】
မျိုးစေ့နယ်မြေ
အာရင်သည် ယခုအချိန်တွင် အလွန်တွေဝေနေဆဲဖြစ်ပြီး ဘာတွေဖြစ်နေမှန်းပင် မသိသေးပါ၊ လူတိုင်း လောင်းကစားနေကြတာလား?
ဒါဆိုရင် ငါလည်း စမ်းကြည့်မယ်!
【 နွေဦးလေပြေတိုက်လို့ ပြန်ပေါက်တဲ့မြက်) - တစ်၊ တစ်၊ တစ်။】
"ငါ အငယ်ဆုံးလား?"
အာရင်သည် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူမသည် ဆုကိုရပြီး ဘီဘီတုန်ဆိုတဲ့သူဆီကနေ ထန်ဆန်းအကြောင်း သတင်းအချက်အလက်တွေနဲ့ လဲလှယ်ဖို့ မျှော်လင့်ထားခဲ့တာ။
မျှော်လင့်ချက် မရှိတော့ဘူးထင်တယ်။
ဘာလို့ သူမကံက ဒီလောက်ဆိုးရတာလဲ၊ ဒီထက် ငယ်တဲ့ ဂဏန်းတောင် မရှိတော့ဘူး။
【ဆုမဲနှိုက်ခြင်း ပြီးဆုံးသွားပါပြီ၊ "စုယန်" အား ဆုရရှိသည့်အတွက် ဂုဏ်ယူပါသည်။】
နှင်းဆီဟိုတယ်
စုယန်သည် ဝိဉာဉ်စွမ်းအား အဆင့် ၁ ကို ရရှိသွားပြီး ကျူကျူချင်းရဲ့ ရင်ခွင်ထဲတွင် လှဲနေရင်း စိတ်ထဲတွင် ပျော်ရွှင်စွာ ပြောလိုက်သည်။
"ကျူကျူချင်း၊ နင်က ငါ့ရဲ့ ကံကောင်းခြင်းကြယ်လေးပဲ။"
ကျူကျူချင်းသည် သူမရဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"အင်း၊ နင်ကလည်း ငါ့ရဲ့ ကံကောင်းခြင်းကြယ်လေးပဲ။ အဲဒီ ရေစင်ပန်းကျောက်စိမ်းရိုးက ဘာအတွက် သုံးရတာလဲ?"
စုယန် ထိုင်လိုက်ပြီး ပြောလိုက်သည်။ "ဒီအရာက နတ်ဆေးပင်အမျိုးအစားတစ်ခုပဲ နင့်ရဲ့ လေ့ကျင့်တဲ့ ခန္ဓာကိုယ်ကို တိုးတက်စေနိုင်တယ်။"
"မြန်မြန် ထလိုက်!"
"ဘယ်လိုသုံးရမလဲဆိုတာ ငါပြောပြမယ်။ ခန္ဓာကိုယ်ကို တိုးတက်စေတဲ့အပြင် ဝိဉာဉ်စွမ်းအား အဆင့် ခုနစ်ဆင့်လောက်ကိုပါ တိုးမြှင့်ပေးနိုင်တယ်။"
"ဝိဉာဉ်စွမ်းအား ခုနစ်ဆင့်?"
ကျူကျူချင်းသည် အတွင်းစိတ်ထဲတွင် ချက်ချင်းပင် တုန်လှုပ်သွားပြီးနောက် "စုယန်၊ ငါ... ငါ ဒီဆုကို နင့်ကိုပဲ သုံးစေချင်တယ်၊ နင့်ရဲ့ ဝိဉာဉ်စွမ်းအား တိုးတက်တာက ငါ့ထက် ပိုအရေးကြီးတယ်။" ဟု ပြောလိုက်သည်။
စုယန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"မလိုပါဘူး။ ငါ့မှာလည်း ဆုတွေ ရှိသေးတယ်၊ ပြီးတော့ နောက်ထပ် နတ်ဆေးပင်တွေ အများကြီး ရှိတဲ့နေရာကိုလည်း ငါသိတယ်။ အခု နင် လုံခြုံနေပြီဆိုတော့ ငါ အချိန်မရွေး သွားယူနိုင်တယ်။"
"မရဘူး။"
ကျူကျူချင်းက တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။ "နတ်ဆေးပင်တွေ ရှိသေးတယ်ဆိုရင်တော့ ဒါကိုသုံးဖို့ ငါ ပိုပြီး အလျင်မလိုတော့ဘူး။"
"နင်ပဲ အရင်သုံးပြီး ဝိဉာဉ်စွမ်းအား တိုးမြှင့်လိုက်ပါ၊ ငါ နောက်မှသုံးလည်း ဘာမှမဖြစ်ဘူး။ ဒီလိုဆို နင် နတ်ဆေးပင်တွေ သွားယူတဲ့အခါ ပိုပြီး လုံခြုံမှာပေါ့။"
စကားပြောပြီးနောက်ချက်ချင်းပင်
ကျူကျူချင်းသည် ဝိဉာဉ်မြက်ကို ထုတ်ယူလိုက်ပြီး စုယန်ထံသို့ တိုက်ရိုက် ပေးအပ်လိုက်သည်။
စုယန်သည် အားမလိုအားမရဖြစ်ပြီး စိတ်မကောင်းဖြစ်ကာ ကျူကျူချင်းရဲ့ပါးကို ညင်သာစွာ ဆွဲညှစ်လိုက်ပြီး "အရူးမလေး၊ နင်က တကယ်ပဲ ကျင့်ကြံခြင်း ရူးသွပ်သူ အင်အားကြီးမားချင်တဲ့သူဖြစ်ရဲ့နဲ့ ဝိဉာဉ်မြက်ကို ငါ့ကိုပဲ ပေးသုံးနေတာလား?" ဟု ပြောလိုက်သည်။
"အနာဂတ်မှာ မင်း မရတော့မှာကို မကြောက်ဘူးလား?"
ကျူကျူချင်းက နူးညံ့စွာ ပြန်ဖြေသည်။ "အရင်ကဆိုရင် အားကိုးစရာမရှိလို့ အင်အားကြီးမားချင်ခဲ့တာပါ။ ငါ့မိသားစုရဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့အတွက် ကိုယ့်အားကိုယ်ကိုးပြီး အင်အားကြီးအောင် လေ့ကျင့်ရမှာပဲလေ။"
"အခု နင်က ငါ့ရဲ့ အရာအားလုံးပဲ။"
စုယန်သည် နတ်ဆေးပင်ကို အမြန်မစုပ်ယူသေးဘဲ ပြန်လှဲချလိုက်ကာ ကျူကျူချင်းကို ပွေ့ဖက်ရင်း နူးညံ့စွာ ပြောလိုက်သည်။
"အနာဂတ်မှာ ငါရှိနေသရွေ့ နင် ဘယ်အန္တရာယ်မှ ကြုံတွေ့ရမှာ မဟုတ်ဘူး။ ကျူမိသားစုရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို အချိန်နည်းနည်းပေးပါ၊ ဒါကို လုံးဝဖြေရှင်းပေးနိုင်မယ့် စွမ်းရည် ငါ့ဆီမှာ ရှိလာလိမ့်မယ်။"
"ငါတို့ အိပ်နေချိန်မှာ နင့်ကို ဖက်ထားပေးမယ်၊ မနက်ဖြန်ကျရင် နင်တို့ကို ရှီလိုင်ခဲ့အကယ်ဒမီထဲကို ပို့ပေးပြီး နေရာချထားပေးမယ်၊ ပြီးရင် ဝိဉာဉ်မြက်သွားယူဖို့ ငါ ထွက်သွားမယ်။"
နော်ဒင်အကယ်ဒမီက ကိစ္စကို ဘီဘီတုန် သိသွားမှာက သေချာတယ်။ စုယန်ရဲ့ မူလအစီအစဉ်က ဒူဂူယန်ဆီကို တို
က်ရိုက်သွားဖို့ ဖြစ်ပေမဲ့ ကျူကျူချင်းက အိမ်ကနေ ထွက်ပြေးလာတဲ့အတွက် နတ်ဆေးပင်တွေကို သွားယူဖို့ ရက်နည်းနည်းလောက်ပိုကြာတော့မယ်။