အခန်း ၅၄ - တားဆီးမရသော အားမာန်၊ အုပ်ချုပ်သူ
စုယန်က သူ့ဝိဉာဉ်ကို ထိန်းချုပ်ရင်း "ဝိဉာဉ်ပေါင်းစပ်မှုကို ကျင့်ကြံတာ ဒါ ပထမဆုံးအကြိမ်မို့လို့ ငါ သေချာပေါက် အလွန်သတိထားပြီး လုပ်ပေးမှာပါ" ဟု ပြန်ဖြေသည်။
"အခု ကျွန်တော်တို့ ကျင့်ကြံတော့မယ်။"
"အင်း!"
"ဒုတိယဝိဉာဉ်၊ ခွန်ဖန်း ဝိဉာဉ်ပေါင်းစပ်မှု — တားဆီးမရသော အားမာန်!"
"ငရဲကြောင် ဝိဉာဉ်ပေါင်းစပ်မှု — သွေးစွန်းနေသော စစ်မြေပြင်။"
"ဒုတိယဝိဉာဉ်၊ ခွန်ဖန်း ဝိဉာဉ်ပေါင်းစပ်မှု — တားဆီးမရသော အားမာန်!"
"ငရဲကြောင် ဝိဉာဉ်ပေါင်းစပ်မှု — ကြွေကျသော ပန်းများနှင့် စီးဆင်းသော ရေ။"
"ဒုတိယဝိဉာဉ်၊ ခွန်ဖန်း ဝိဉာဉ်ပေါင်းစပ်မှု — တားဆီးမရသော အားမာန်!"
"ငရဲကြောင် ဝိဉာဉ်ပေါင်းစပ်မှု — ကျေးဇူးတရားကို စမ်းရေဖြင့် ပြန်လည်ပေးဆပ်ခြင်း။"
"ဒုတိယဝိဉာဉ်၊ ခွန်ဖန်း ဝိဉာဉ်ပေါင်းစပ်မှု — တားဆီးမရသော အားမာန်!"
"ငရဲကြောင် ဝိဉာဉ်ပေါင်းစပ်မှု — ရေလွှမ်းမိုးခြင်း... တပ်ပေါင်းစု ခုနစ်ခု။"(သောက်ကျိုးနည်း စွမ်းရည်တွေ)
【ရတနာခုနှစ်ပါး မင်းသမီးလေး: ငါ အရမ်းဒေါသထွက်တယ်!】
【ရတနာခုနှစ်ပါး မင်းသမီးလေး: အားဟားဟား!!!!】
【လူတိုင်း:???】
ကျူကျူချင်း: မင်း ငါ့ကိုယ်စား ဘာတွေ အော်နေတာလဲ?
ဘေးခန်းတွင်
နင်ရုံရုံသည် နားကို နံရံတွင်ကပ်၍ ကြာရှည်စွာ ခိုးနားထောင်နေသော်လည်း ဘာသံမှ မကြားရပေ။ သူမသည် သူမရဲ့ ခံစားချက်များကို ဂရုချတ်ထဲတွင် အကူအညီမဲ့စွာဖြင့် ပေါက်ကွဲလိုက်သည်။
ရှောင်ဝူနှင့် မျောက်ကလေး တို့မှာ မုန်လာဥများကို ဝါးစားနေကြပြီး အနည်းငယ် စိတ်ပျက်စွာဖြင့် "ရုံရုံ၊ နားထောင်တာ ရပ်လိုက်တော့။ စုယန်နဲ့ သူတို့တွေ ဘာကောင်းတာမှ လုပ်နေမှာ မဟုတ်ဘူး" ဟု ပြောသည်။
"ကြည့်လေ၊ သူက မျောက်ကလေးကိုတောင် မလိုချင်တော့ဘူး။"
မျောက်ကလေး:???
【ယန်ဇီက ငှက်မဟုတ်ဘူး: မင်းသမီးလေးက ဘယ်လို လှုံ့ဆော်မှုမျိုး ခံလိုက်ရတာလဲ?】
【ဟူလီနာ: မင်း ဒါကို မခံနိုင်တော့ဘူး】
【ဘီဘီတုံ: စိတ်မလျှော့ပါနဲ့၊ ဒီပုပ်ရဟန်းမင်းကြီးက မင်းကို အားပေးနေတယ်။】
နင်ရုံရုံက ပြန်ဖြေမလို့ ရှိသေး ဂရုချတ်ထဲတွင် စနစ်သတိပေးချက်တစ်ခု ပေါ်လာသည်ကို ချက်ချင်း မြင်လိုက်ရသည်။
【"အရိပ်ထဲက ကြောင်" သည် (အက်ဒမင်ဆိုတာကြီးက စာဖတ်ရတာထောက်လို့) အုပ်ချုပ်သူ အဖြစ် အဆင့်မြှင့်တင်ခြင်း ခံရပါသည်။ ဂရုချတ် အဆင့်မြှင့်တင်တိုင်း အုပ်ချုပ်သူကို ဆုလာဘ်တစ်ခု တိုးပေးမည်။】
【လူတိုင်း:???】
【မုန်လာဥစားရတာကြိုက်တယ်: အဲ့ဒါ ဘာကို ဆိုလိုတာလဲ?】
【ယန်ဇီက ငှက်မဟုတ်ဘူး: ငါမသိဘူး! ဆုလာဘ်တစ်ခု အပိုရနိုင်ပုံပဲ၊ နေဦး၊ မဟုတ်ဘူး! သူမက တစ်ဦးတည်းသော အက်ဒမင်ဆိုတော့ ဆုလာဘ်က သူမအတွက် ဖြစ်ရမယ်။】
【ဂရုအဖွဲ့ဝင် နံပါတ် ၉: ဟင်?】
【ငါက မိဘမဲ့တစ်ယောက်: မဖြစ်နိုင်တာ၊ ကျွန်မတို့အားလုံးက ဂရုထဲမှာ ညီအစ်မတွေပဲ၊ ကြောင်လေးရေ၊ မင်းက ဘာလို့ ရုတ်တရက် ရာထူးတိုးသွားတာလဲ?】
【ကလေးဘ၀ လမင်း: မင်း ဘယ်လိုလုပ်လိုက်တာလဲ?】
【လျိုအာ့လုံ: ကြောင်လေး၊ အမြန်ထွက်ခဲ့စမ်း၊ ဘာဖြစ်နေတာလဲ ပြောပြပါဦး?】
【ဘီဘီတုံ: စုယန်၊ ဘာလို့ တစ်ယောက်ယောက်က ရုတ်တရက် အုပ်ချုပ်သူ ဖြစ်သွားရတာလဲ?】
နင်ရုံရုံသည် ဤတစ်ကြိမ်တွင် ဒေါသကြောင့် တကယ်ပင် အော်ငိုလိုက်မိလိုက်သည်။
တခြားသူတွေ နားမလည်ကြပေမဲ့
သူမနင်ရုံရုံ နားလည်သည်။
အုပ်ချုပ်သူ
ဒါက ဂရုပိုင်ရှင်ရဲ့ ဇနီးလို့ ရှင်းရှင်းလင်းလင်းပဲ။
သူမ စုယန်နဲ့ အရင်ဆုံး တွေ့ခဲ့တာပါ၊ ဘယ်လိုလုပ် ကျူကျူချင်းက သူမထက် လက်ဦးပြီး အသာစီးရသွားတာလဲ?
【ရတနာခုနှစ်ပါး မင်းသမီးလေး: ဝူးဝူးဝူး... အစ်ကိုစုယန်၊ ငါ အသက်မရှင်ချင်တော့ဘူး၊ ဘာလို့ ငါ မဖြစ်ရတာလဲ၊ ဘာလို့ ငါ မဖြစ်ရတာလဲ၊ ဘာလို့ ငါ မဖြစ်ရတာလဲ?】
【ရတနာခုနှစ်ပါး မင်းသမီးလေး: ဝူးဝူးဝူး...】
【ယန်ဇီက ငှက်မဟုတ်ဘူး: ငါ နားမလည်ဘူး၊ စုယန်၊ ထွက်လာပြီး ငါတို့ကို ရှင်းပြပါဦး?】
【ဂရုအဖွဲ့ဝင် နံပါတ် ၉: စုယန်၊ မင်း... မင်း လိမ်တယ်၊ မင်း ကြောင်လေးနဲ့ မတွေ့ဘူးလို့ ပြောခဲ့တယ်၊ မင်းတို့နှစ်ယောက် တစ်ခုခု လုပ်နေတာ သေချာတယ်။】
【ငါက မိဘမဲ့တစ်ယောက်: ဒါက လွန်လွန်းတယ်၊ ငါတို့နောက်ကွယ်မှာ ဘာတွေ လုပ်နေကြတာလဲ?】
【မုန်လာဥစားရတာကြိုက်တယ်: အုပ်ချုပ်သူ ဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ မေးလို့ရမလား?】
【ရတနာခုနှစ်ပါး မင်းသမီးလေး: ဝူးဝူးဝူး...】
ဘယ်လိုပင်ဖြစ်ပါစေ
အချိန်က သန်းခေါင်ကျော်သွားပြီဖြစ်ပြီး ဂရုချတ်ထဲမှ စာများကလည်း ဆက်တိုက် တက်နေခဲ့သည်။
စုယန်နှင့် ကျူကျူချင်းတို့မှာ အလွန်ရင်းနှီးစွာ ပွေ့ဖက်ထားကြပြီး ရှုပ်ထွေးနေသော ဂရုချတ်ကို ဂရုမစိုက်ကြပေ။
ကျူကျူချင်းက နောင်တရသံဖြင့် "စုယန်၊ ကျွန်မ အသုံးမကျဘူးလား? ကျွန်မတို့ ဝိဉာဉ်ပေါင်းစပ်မှုကို အတူတူ ကျင့်ကြံနေပေမဲ့ ကျွန်မ ခံနိုင်တဲ့ အချိန်က အရမ်းတိုလွန်းတယ်" ဟု တိုးတိုးလေး ပြောသည်။
စုယန်က ပြုံးလျက် "အရူးမလေး" ဟု ပြန်ဖြေသည်။
"မင်းက ဝိဉာဉ်ပေါင်းစပ်မှုကို အခုမှ စကျင့်တာဆိုတော့ မင်း မကျင့်သားရသေးတာ သေချာတယ်။ နောက်ပိုင်းတော့ ပိုကောင်းလာမှာပါ။"
ကျူကျူချင်းက အနည်းငယ် အပြစ်ရှိသလိုဖြင့် "ဒါပေမဲ့ မင်း ကျင့်ကြံရတာ မပျော်မှာကို ကျွန်မ မလိုလားဘူး၊ ပြီးတော့ မင်းရဲ့ ကျင့်ကြံမှု တိုးတက်မှုကိုလည်း နောက်မဆွဲချင်ဘူး" ဟု ပြောသည်။
စုယန်က သူ့ဝိဉာဉ်ကို ရုပ်သိမ်းလိုက်ပြီး "ဒါဆိုရင် ဝိဉာဉ်ပေါင်းစပ်မှု ကျင့်ကြံတဲ့ နည်းလမ်းကို ပြောင်းကြတာပေါ့" ဟု ပြောသည်။
( ) i ( )
【ရတနာခုနှစ်ပါး မင်းသမီးလေး: ဝူးဝူးဝူး...】
【ငါက မိဘမဲ့တစ်ယောက်: မင်းသမီးလေး၊ ဘာလို့ ငိုနေတာလဲ? ဘာဖြစ်သွားလဲ သိလား?】
【ဂရုအဖွဲ့ဝင် နံပါတ် ၉: တစ်ခုခု လွဲနေတယ်။ ဒီအခြေအနေကို ကြည့်ရင် မင်းသမီးလေး သိရမယ်။ မင်းသမီးလေး၊ အမြန်ပြောပြပါဦး?】
【ဘီဘီတုံ: အုပ်ချုပ်သူ တစ်ယောက် ဖြစ်ဖို့ ဘယ်လို လုပ်ရမလဲ?】
【ယန်ဇီက ငှက်မဟုတ်ဘူး: ကြောင်လေး၊ ငါ့ကို အမြန် ပြောပြပါဦး!】
【လျိုအာ့လုံ: ဒါက အရမ်း စိတ်ပျက်ဖို့ ကောင်းတာပဲ ငါတို့ ဆက်ပြီး ဂရုအဖွဲ့ဝင်ကောင်းတွေ ဖြစ်နိုင်သေးရဲ့လား?】
【ကလေးဘ၀ လမင်း: စုယန်နဲ့ ကြောင်လေး တစ်ခုခု လုပ်နေကြတာပဲ။ သူတို့ ညကတည်းက ခိုးကြောင်ခိုးဝှက် လုပ်နေတာ၊ ဒီညလည်း ဆက်လုပ်နေကြတုန်းပဲ။】
ဘေးခန်း။
ရှောင်ဝူသည် ငိုယိုပြီး ဝမ်းနည်းနေသော နင်ရုံရုံကို ကြည့်ရင်း အလွန်ပင် စိတ်ရှုပ်ထွေးသွားသည်။ သူမက "ရုံရုံ၊ ဒီလောက်ထိ ဝမ်းနည်းစရာ မလိုပါဘူးနော်" ဟု အကြံပေးလိုက်သည်။
နင်ရုံရုံသည် အလွန် ဝမ်းနည်းနေသည်။
"ရှောင်ဝူ၊ မင်း မသိသေးဘူးလား?"
"ဒါက ကျူကျူချင်း ဂရုချတ် အုပ်ချုပ်သူ ဖြစ်သွားတာလောက်ပဲ မဟုတ်ဘူးနော်။"
"ကျူကျူချင်းက ဂရုပိုင်ရှင်ရဲ့ ဇနီး ဖြစ်သွားပြီ! ငါက စုယန်နဲ့ အရင်ဆုံး တွေ့ခဲ့တာပါ၊ သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် တိုးတက်သွားတာလဲ!"
"ဝူးဝူးဝူး။"
"ဟင်?"
ရှောင်ဝူသည် ကြားလိုက်ရသည့် စကားကြောင့် ကြောင်သွားသည်။
"သေစမ်း။"
"အဲ့လိုလား။ ဒါဆိုရင် အုပ်ချုပ်သူ ဆိုတာ ဘာလဲဆိုတာ အခုမှ နားလည်တော့တယ်... အဲ့ဒါက ဂရုပိုင်ရှင်ရဲ့ ဇနီးပဲ!"(တကယ့်ယုန်ငတုံး)
"နေပါဦး?"
"စုယန်နဲ့ အရင်ဆုံး တွေ့ခဲ့တာ ငါပါ။ ငါ စုယန်ရဲ့ အတန်းဖော် ဖြစ်ခဲ့တာ ၆ နှစ်ရှိပြီ ကြည့်လေ၊ မျောက်ကလေးက ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ။"
"ဖူး"
နင်ရုံရုံ ဝမ်းနည်းစွာ ငိုနေသော်လည်း၊ ဤရုတ်တရက် အလှည့်အပြောင်းက သူမကို ရယ်မောစေခဲ့သည်၊ ရှောင်ဝူ၏ မိုက်မဲမှုက သူမကို တကယ်ပင် ရယ်ချင်စေသည်။
"ရှောင်ဝူ၊ ငါ့ကို ကတိပေး။"
"နောက်ပိုင်းတော့ သစ်ကြားသီးနဲ့ ငါးတွေ ပိုစား၊ ဒါက မင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။"
"၆ နှစ်!"
"မင်းက ရတနာသိုက်ကို ၆ နှစ်တိုင်တိုင် စောင့်ရှောက်ခဲ့ပေမဲ့ ကျူကျူချင်းရဲ့ တစ်ရက်လောက်တောင် မကောင်းခဲ့ဘူး ငါသာ မပြောပြရင် မင်း အခုထိ စုယန်ရဲ့ အထောက်အထားကို သိမှာ မဟုတ်ဘူး။"
ရှောင်ဝူ ဒီစကားကို ကြားသောအခါ အနည်းငယ် စိတ်ဓာတ်ကျသွားပြီး "ငါ ဒီလောက် မိုက်မဲတာလား?" ဟု ပြောသည်။
"မဟုတ်ပါဘူး။"
"ငါ့မှာ မျောက်ကလေးရှိသေးတယ် မဟုတ်လား? မျောက်ကလေး နဲ့ ငါက အကောင်းဆုံး သူငယ်ချင်းတွေလေ။"
မျောက်ကလေး က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။
နင်ရုံရုံသည် ရှောင်ဝူရဲ့ မိုက်မဲမှုကြောင့် ထပ်မံ ရယ်မောလိုက်မိသည်။
"အိမ်ရှင်မ နဲ့ အကောင်းဆုံး သူငယ်ချင်း၊ ဘယ်သူက ပိုအရေးကြီးလဲ?"
ရှောင်ဝူ:???
【မုန်လာဥစားရတာကြိုက်တယ်: ဝူးဝူးဝူး...】
【ရတနာခုနှစ်ပါး မင်းသမီးလေး: ဝူးဝူးဝူး...】
【အုပ်ချုပ်သူ "အရိပ်ထဲက ကြောင်" သည် "ရတနာခုနှစ်ပါး မင်းသမီးလေး" ကို အသံတိတ်စေလိုက်သည် (၅ မိနစ်)။】
【အုပ်ချုပ်သူ "အရိပ်ထဲက ကြောင်" သည် "မုန်လာဥစားရတာကြိုက်တယ်" ကို အသံတိတ်စေလိုက်သည် (၅ မိနစ်)။】
【အရိပ်ထဲက ကြောင်: ငိုတာ ရပ်လိုက်!】
【လူတိုင်း:???】
ဘာလဲ?
ဘေးခန်း။
နင်ရုံရုံနှင့် ရှောင်ဝူတို့ လုံးဝ ကြောင်သွားကြသည်။
အသံတိတ်စေလိုက်တာလား?
သူတို့နှစ်ယောက်လုံး ဂရုချတ်ထဲမှာ စကားပြောလို့ မရတော့တာကို သိလိုက်ရသည်။
မင်းက အသားကိုလည်း စားတယ်မင်းက ရာထူးတိုးတယ်။
မင်းက အကျိုးအမြတ်တွေ အကုန် ယူလိုက်တယ်။
အခု မင်းက ငါတို့ကို ငိုတာတောင် ခွင့်မပြုဘူးလား?
ဒါက လွန်လွန်းတယ်!
သူတို့နှစ်ယောက်လုံး ဒေါသထွက်လွန်းလို့ လက်သီးကို တင်းတင်းဆုပ်ကာ ဘေးခန်းနံရံကို နှစ်ချက်ထုလိုက်ပြီး "ကျူကျူချင်း!" ဟု ဒေါသတကြီး အော်လိုက်သည်။
"မင်း လွန်လွန်းနေပြီ။"
အခန်းထဲတွင်
ကျူကျူချင်းသည် သူမရဲ့ အကြီးမားဆုံး အားသာချက်ကို အသုံးပြု၍ စုယန်ကို ဝိဉာဉ်ပေါင်းစပ်မှု ကျင့်ကြံရာတွင် ကူညီပေးနေသည်။
သူမအတွက်ဒီနေ့က သူမဘဝရဲ့ အပျော်ရွှင်ဆုံးနေ့ပဲ။
ငိုစရာ ဘာရှိလို့လဲ?
အရမ်းကောင်းတယ်။
စုယန်ကလည်း အရမ်းကောင်းတယ်။
အုပ်ချုပ်သူ ဖြစ်ရတာလည်း
အရမ်းကောင်းတယ်။
ကျူကျူချင်းသည် စိတ်ထဲတွင် ပျော်ရွှင်နေပြီး စုယန်ကို ပိုမိုကြိုးစား ကျင့်ကြံနိုင်ရန် ကူညီပေးလိုက်သည်; သူမသည် စုယန်ရဲ့ ဒုတိယဝိဉာဉ်ကို တိုက်ရိုက်ပင် မျိုချလိုက်သည်။
စုယန်သည်လည်း တစ်ဖန်ပြန်၍ တားဆီးမရသော အားမာန် ဖြစ်လာပြန်သည်!