အခန်း ၅၂ - ဘီဘီတုံ၊ နင့်မှာ သိက္ခာမရှိတော့ဘူးလား?
ကျူကျူချင်းး စကားမပြောနိုင်တော့အောင် ဖြသ်သွားခဲ့တယ်
လက်ဖက်စိမ်းမလေး!
စတွေ့တာနဲ့ "အစ်ကို" လို့ ခေါ်တယ်ပေါ့?
အရမ်းကို ရဲတင်းလွန်းတယ်!
စုယန်က တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
"မင်္ဂလာပါ နင်ရုံရုံ၊ ငါတို့ အရင်က သိဖူးလို့လား?"
နင်ရုံရုံရဲ့ အမူအရာက အနည်းငယ် ထူးဆန်းသွာခဲ့းသည်။
သူမက ရှောင်ဝူကို တစ်ချက်ခိုးကြည့်ပြီး၊ ကျူကျူချင်းးကို တစ်ချက်ခိုးကြည့်ကာ စုယန်က ဟန်ဆောင်နေတာကို သိသဖြင့် ပြန်ဖြေလိုက်သည်။
"တွေ့ဖူးပါတယ် မနေ့ညနေက နော်တင်းမြို့ အပြင်ဘက် လမ်းမကြီးပေါ်မှာ အစ်ကိုက မြင်းစီးလာပြီး ကျွန်မတို့နဲ့ လမ်းချင်းဖြတ်ခဲ့တာလေ။ ဒီလောက်မြန်မြန် ပြန်တွေ့မယ်လို့ မထင်ထားဘူး။"
"ဟီးဟီး... ကျွန်မတို့ တကယ် ရေစက်ပါပဲ!"
ရှောင်ဝူက ဘေးမှာ နှုတ်ခမ်းစူလိုက်သည်။
တစ်ခုခုတော့ မမှန်ဘူး။
ချတ်ဂရုထဲမှာလည်း တစ်ယောက်ကိုတစ်ယောက် လိမ်ထားကြပြီး အပြင်မှာတွေ့တော့လည်း ဆက်လိမ်နေကြသေးတယ်။
လူတွေရဲ့ ရိုးသားမှုက ဘယ်ရောက်သွားတာလဲ?
စုယန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သုံးယောက်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့ချစ်သူ ကျူကျူချင်းးပါ။"
လက်ဖက်စိမ်းမလေး...
ကြားလိုက်လား?
ငါက ချစ်သူနော်!
ကျူကျူချင်းး ပျော်ရွှင်သွားခဲးသည်။
သူမက ရှေ့တိုးလာပြီး စုယန်ဘေးတွင် ရပ်ကာ ပြုံး၍ ပြောလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မနာမည် ကျူကျူချင်းးပါ။"
"ဟင်?"
နင်ရုံရုံ တစ်ယောက်လုံး ကျောက်ရုပ်လို ဖြစ်သွားခဲ့သည်။
ပြီးပြီ...
ဒီချိုမြိန်တဲ့ အချစ်ဇာတ်လမ်းက မစသေးခင်ပဲ ပျက်စီးရတော့မှာလား?
မဖြစ်နိုင်ဘူး!
ကြောင်မကြီးက ဒီလောက်တောင် စွမ်းတာလား?
စုယန်ကို ဒီလောက်မြန်မြန် သိမ်းပိုက်လိုက်ပြီလား?
မရဘူး!
ငါ နင်ရုံရုံ အရှုံးမပေးနိုင်ဘူး!
သူတို့ သိတာ တစ်ရက်ပဲ ရှိသေးတယ်။
ငါ စုယန်ကို သဘောကျနေတာတောင် အဲဒီထက်ပို ကြာသေးတယ်
သူတို့မှာ ဘာ စိတ်ခံစားချက် အခြေခံရှိလို့လဲ?
ရှောင်ဝူလည်း ကြောင်သွားသည်။
"မဟုတ်သေးပါဘူး?"
"စုယန်၊ နင် အပြင်ထွက်တာ တစ်ရက်တစ်ညပဲ ရှိသေးတာကို ချစ်သူရသွားပြီလား???"
သူမ နားမလည်နိုင်ပေ
ဘယ်လိုလုပ် ချစ်သူရသွားတာလဲ
တစ်ရက်တည်းရှိသေးတာကိုလေ
စိတ်ပျက်လိုက်တာ...
ဝမ်းနည်းလိုက်တာ...
ဒါပေမဲ့ ထန်ဆန်းကတော့ ပျော်လွန်းလို့ ခုန်မိတော့မလို ဖြစ်နေသည်။
စုယန်မှာ ချစ်သူရှိသွားတာက အာရင်မှာ ချစ်သူရသွားတာထက်တောင် သူ့ကို ပိုပျော်စေသည်။
"စုယန်၊ တကယ်လား?"
"မင်း တကယ် ချစ်သူရသွားပြီလား? တကယ်ကို ဂုဏ်ယူပါတယ်!"
ထန်ဆန်းက အလွန်ရိုးသားသည့် မျက်နှာဖြင့် ဂုဏ်ပြုလိုက်သည်။
သူ တကယ် ပျော်နေတာ!
ဒီကောင် စုယန်မှာ ချစ်သူရှိသွားပြီ။
ဒါဆို ရှောင်ဝူက ငါ့အပိုင်ပဲ!
စုယန်...
မင်း ချစ်သူရသွားတဲ့အတွက် မင်းကို သတ်မယ့်အစီအစဉ်ကို နှစ်နှစ်ခွဲလောက် ရွှေ့ထား ပေးလိုက်မယ်။
ရှောင်ဝူကို လိုက်ပြီးမှ မင်းကို ဆုံးဖြတ်မယ်။
နင်ရုံရုံနဲ့ ရှောင်ဝူတို့ နှစ်ယောက်စလုံး ထန်ဆန်းကို ကြည့်ပြီး ထိုးချင်စိတ်ပေါက်သွားသည်။
ဒီကောင်!
စုယန်မှာ ချစ်သူရှိတာ နင်နဲ့ ဘာဆိုင်လို့လဲ?
ဘာလို့ ဒီလောက်ပျော်နေတာလဲ?
【ယန်ဇီက ငှက်မဟုတ်ဘူး:မင်းသမီးလေး၊ အခြေအနေ ဘယ်လိုလဲ?】
【ဟူလီနာ:မင်းသမီးလေး အမနာနာရဲ့စကားနားထောင်။ အချစ်ရေးရေက နက်တယ် နင် ကိုင်တွယ်နိုင်မှာမဟုတ်ဘူးသူ့ကို ငါ့ဆီ မိတ်ဆက်ပေးလိုက်တော့။】
【ငါက မိဘမဲ့တစ်ယောက်၊ အတွေ့အကြုံရှိလို့လား?】
【ဟူလီနာ:ငါ့မှာ ဆရာမရှိတယ်လေ။】
【ဘီဘီတုံ:???】
【ရတနာခုနှစ်ပါး မင်းသမီးလေး:ဟူး~】
【ဂရုအဖွဲ့ဝင် နံပါတ် ၉:ဇာတ်လမ်းရှိလို့လား?】
【ကလေးဘဝ လမင်း:ဒီအခြေအနေကြည့်ရတာ ငြင်းခံလိုက်ရတာဖြစ်ဖြစ်၊ တစ်ဖက်လူမှာ ချစ်သူရှိနေတာဖြစ်ဖြစ်ပဲ။ မင်းသမီးလေး၊ လက်လျှော့တော့မလား?】
【အရိပ်ထဲကကြောင်:အမြန် လက်လျှော့လိုက်!】
【ရတနာခုနှစ်ပါး မင်းသမီးလေး:မလျှော့ဘူး။】
【ရတနာခုနှစ်ပါး မင်းသမီးလေး:ဘောလုံးသမားတွေမှာတောင် ဂိုးသမားရှိသေးတာပဲ။】
【အရိပ်ထဲကကြောင်:???】
ကျူကျူချင်းးက နင်ရုံရုံကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
နင် အရမ်းလွန်နေပြီ!
ရတနာခုနှစ်ပါးကျောင်းမှာ ယောက်ျားမရှိတော့ဘူးလား?
ဒီလောက်တောင် တန်ဖိုးရှိနေလို့လား?
ဒါပေမဲ့ ချက်ချင်းပင် ကျူကျူချင်းး စိုးရိမ်စိတ် ကြီးမားလာသည်။
စုယန်က သာမန်စုယန် မဟုတ်ဘူး။
ပါရမီရှင် စုယန်။
ချတ်ဂရုထဲက စုယန်။
အခု ပြထားတဲ့ အင်အားအရဆို မကြာခင် တိုက်ကြီးတစ်ခုလုံးကို လှန်ပစ်နိုင်လိမ့်မယ်။
နင်ရုံရုံ တစ်ယောက်တည်း မဟုတ်ဘူး။
အခုတော့ နင်ရုံရုံ တစ်ယောက်ပဲ သူ့ကို သိသေးတာ။
နောက်ပိုင်း ဘယ်နှယောက် လာလုကြမလဲ မသိနိုင်ဘူး။
ကျူကျူချင်းး : ငါ ထိန်းထားနိုင်မလားတောင် မသေချာတော့ဘူး။
【ဘီဘီတုံ:မင်းသမီးလေး၊ ငါ နင့်ဘက်က ထောက်ခံတယ်။ ချစ်သူရှိတော့ ဘာဖြစ်လဲ? အရင် သူ့ကို ချစ်သူလဲဖို့ စဉ်းစားမလား မေး ပြီးရင် နောက်တစ်ယောက် ထပ်ရှိတာကို စိတ်မရှိဘူးလား မေးလိုက်။】
【ဘီဘီတုံ:ထူးချွန်တဲ့ ယောက်ျားတွေမှာ မိန်းမတစ်ယောက်တည်း မရှိဘူးလို့ အားလုံး ပြောခဲ့ကြတာပဲ။ လက်မလျှော့နဲ့။ တစ်နေ့ သူ့ချစ်သူက မယားများတာကို လက်မခံနိုင်လို့ လမ်းခွဲသွားရင် နင် နိုင်ပြီလေ။】
【ဘီဘီတုံ:မုန်လာဥ၊ နင်လည်း ဝင်ပါဦး။ နင်နဲ့ မင်းသမီးလေး ပူးပေါင်းရင် သူ့ချစ်သူကို အနိုင်ယူနိုင်မှာ သေချာတယ်။】
ပုပ်ရဟန်းမင်းနန်းဆောင်ထဲတွင်...
ဘီဘီတုံ အလွန်ကျေနပ်နေသည်။
မြန်မြန် ရန်ဖြစ်ကြစမ်း!
ငါ ဒီမှာ ထိုင်ပြီး အတင်းအဖျင်း စားမယ်!
【အရိပ်ထဲကကြောင်:ဘီဘီတုံ၊ နင့်မှာ သိက္ခာတောင် မရှိတော့ဘူးလား?】
【ဘီဘီတုံ:ကြောင်လေး၊ ဘာလို့ အဲဒီလို ပြောတာလဲ? ဗီဒီယိုထဲက လူငယ်က တကယ် ရှားပါးတဲ့ ချောမောသူပဲ။】
【ဘီဘီတုံ:ဒီလို ချောမောတဲ့ လူငယ်ကို တခြားသူဆီ ပေးလိုက်မယ့်အစား ငါတို့ ဂရုထဲက ညီမတွေ ယူလိုက်တာ ပိုကောင်းတာပေါ့။】
【ကလေးဘဝ လမင်း:ပုပ်ရဟန်းမင်းကြီး ပြောတာ မှန်တယ်။ ဒီလိုလူမျိုးကို ဒီနေ့ မလုရင် နောက်နေ့ တခြားသူ လုသွားမှာပဲ။】
【ယန်ဇီက ငှက်မဟုတ်ဘူး:မင်းသမီးလေး၊ သူ့ကို ငါ့ဆီ မိတ်ဆက်ပေးလိုက်တော့။ ငါ ရေကူးတာ အရမ်းတော်တယ်။】
【ဟူလီနာ:ဆရာမ၊ မင်းသမီးလေးကို ပေးမယ့်အစား ကျွန်မကို ပေးလိုက်ပါလား?】
【ငါက မိဘမဲ့တစ်ယောက်၊ ဟားဟားဟား!】
【လျိုအာ့လုံ:ဘီဘီတုံရဲ့ တပည့်ပီသပါပေတယ်။】
【အရိပ်ထဲကကြောင်:???】
ကျူကျူချင်းး ဒေါသထွက်လွန်းလို့ ထုံကျင်နေခဲ့ပြီ။
မဟုတ်သေးဘူးလေ!!!
ငါ ချစ်သူရတာ တစ်ရက်တောင် မပြည့်သေးဘူး။
နင်တို့က အခုတည်းက လာလုဖို့ စီစဉ်နေကြပြီလား?
"မင်းတို့ကောင်တွေကတော့ ဒီအဆင့်ထိတောင် ကြံစည်နေကြပြီလား!"
နင်ရုံရုံ ကတော့ အခုချိန်မှာ ပြန်ပြီး စိတ်ချမ်းသာသွားခဲ့သည်။
လီဘီတုံ ပြောတာ မှန်တယ်!
ကလေးဘ၀ လမင်း ပြောတာလည်း မှန်တာပဲ!
ကျူကျူချင်းရေ...
ငါလုပ်နေတာက သိပ်တော့ မကောင်းဘူးဆိုတာ သိပါတယ်။
ဒါပေမဲ့ ငါ မလုယူရင် တခြားသူတွေ လုယူသွားမှာပဲ။
အဲဒီလို တခြားသူတွေ အကျိုးခံစားသွားတာထက် ဂရုချက် ထဲက ကိုယ့်လူတွေ အကျိုးခံစားရတာ ပိုကောင်းတယ်!
အဲဒီအချိန်မှာ...
စုယန်ကတော့ ဆွံ့အ သွားခဲ့သည်။
ဘီဘီတုန်ဆိုတဲ့ ဒီအရူးမ... ရူးသွားပြီလား?
တခြားလူရဲ့ ချစ်သူကို လုယူဖို့တောင် လူတွေကို လှုံ့ဆော်နေတာလား?
တကယ်ကို လွန်လွန်းတယ်!
နင်ရုံရုံက စုယန် နားကို တိုးကပ်လာပြီး ချိုသာစွာ မေးလိုက်သည်။
"အစ်ကို စုယန်၊ ရှင် ဒီဟိုတယ်မှာ တည်းနေတာလား?"
စုယန် က ခေါင်းညိတ်လိုက်ပြီး ပြန်မေးလိုက်သည်။
"ဟုတ်တယ် မင်းတို့က ဘာလုပ်ဖို့ စီစဉ်ထားတာလဲ?"
နင်ရုံရုံ က ရှောင်ဝူ ကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ဒါဆို အစ်ကို စုယန်ဒီမှာတည်းနေရင် ကျွန်မတို့လည်း ဒီမှာပဲ တည်းမယ်။"
"မနက်ဖြန် ရှိလိုင်ခဲ့ကို အတူတူ သွားပြီး ကျောင်းအပ်ကြတာပေါ့။"
ကျူကျူချင်းကက နင်ရုံရုံကို အမူအရာမဲ့စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်းတို့ တခြားဟိုတယ် ရှာရလိမ့်မယ်။"
"ဒီမှာ အခန်းတစ်ခန်းပဲ ကျန်တော့တာ၊ အဲဒီအခန်းကို ငါတို့ ကြိုတင်ငှားထားပြီးပြီ။"
"ဘာ!?"
"မင်းတို့ နှစ်ယောက် အခန်းတစ်ခန်းတည်းမှာ နေမှာလား!?"
နင်ရုံရုံ က ချက်ချင်း အံ့ဩသွားပြီး အနည်းငယ် ထိတ်လန့်သွားသည်။
‘’တိုးတက်နှုန်းက မြန်လွန်းတာ မဟုတ်ဘူးလား!?
မဖြစ်ဘူး!
ကျူကျူချင်း ငါ မင်းကို ခွင့်မပြုဘူး'’
Xiao Wu က ဧည့်ကြိုကောင်တာရှိ ဟိုတယ်မန်နေဂျာကို လှည့်မေးလိုက်သည်။
"ဒီမှာ အခန်းမကျန်တော့ဘူးလား?"
မန်နေဂျာက နဖူးပေါ်က ချွေးကို သုတ်ရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်။"
"ခုနတုန်းကပဲ ဒီအခန်းကိစ္စကြောင့် ဧည့်သည်နှစ်ယောက် ရန်ဖြစ်သွားသေးတယ်။"
"တောင်းပန်ပါတယ် ခင်ဗျာ၊ အခန်းတွေ အကုန်ပြည့်သွားပါပြီ။”