အခန်း ၅၁ - လူချောလေးကို အိမ်ခေါ်သွားမယ်
ကျူကျူချင်းးက မူလက စုယန် ဒိုင်မှုပိုင်ကို ရိုက်နှက်နေတာကို ကြည့်နေခဲ့တာဖြစ်ပြီး ဝင်ပေါက်ဘက်ကို သတိမထားမိခဲ့ပေ။ အဲဒီအချိန်မှာပဲ ချတ်ဂရုထဲက မက်ဆေ့ချ်တစ်ခု ရောက်လာခဲ့သည်။
ခဏ...
ဒါ ငါ့ကောင်လေးလေ!
ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ငါပဲ ရိုက်ရမှာပေါ့။ ဒီ လက်ဖက်စိမ်းမလေးတွေက အစကတည်းက အိမ်ရှင်မနေရာကို လုယူချင်နေကြတာလား?
ဘာ "အစ်ကို" လဲ?
သူက ငါ့လူလေ!!
ကျူကျူချင်းးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
【ငါက မိဘမဲ့တစ်ယောက်၊ မုန်လာဥစားရတာ ကြိုက်တယ်:???】
【ယန်ဇီက ငှက်မဟုတ်ဘူး:အို... တကယ် ဖမ်းမိသွားပြီပဲ။ မင်းသမီးလေးရေ၊ အပေးအယူတစ်ခု လုပ်ရအောင်လား။ မင်းရဲ့အစ်ကိုနဲ့ မိတ်ဆက်ပေးပါဦး?】
【ဟူလီနာ:မင်းသမီးလေး ပြောခဲ့သလိုပဲ မျက်နှာတစ်ခုလုံး မြင်ရတာ ဘေးတိုက်ပုံထက် အဆတစ်ရာလောက် ပိုချောတယ် အဲဒီ ဆွဲဆောင်မှုရှိတဲ့ မက်မွန်ပွင့်မျက်လုံးတစ်စုံက... ငါ့ကိုလည်း မိတ်ဆက်ပေးပါဦးလား?】
【ဘီဘီတုံ:နာနာ၊ ဒီကို ခဏပြန်လာဦး။ဆွေးနွေးစရာရှိတယ်။】
【ဟူလီနာ:ဆရာမ၊ သူက အသုံးမကျတဲ့လူ မဟုတ်ဘူးနော်။ ကျွန်မ လုယူနိုင်တယ်!】
【ဂရုအဖွဲ့ဝင် နံပါတ် ၉:မင်းသမီးလေး၊ မင်းအစ်ကိုဆိုတာ မြေကြီးပေါ် လဲနေတဲ့ ဆံပင်ရွှေရောင် ဝက်ခေါင်းကောင်ပဲ ဖြစ်ရမယ်ထင်တယ်။】
【ငါက မိဘမဲ့တစ်ယောက်:ငါလည်း အဲဒီလိုပဲ ထင်တယ်။】
【ရတနာခုနှစ်ပါး မင်းသမီးလေး:နှစ်ယောက်လုံး ပါးစပ်ပိတ်ထားစမ်း! ငါ့အစ်ကိုကို မကောင်းမပြောနဲ့! ဖွီး! ဆံပင်အနက်ရောင်နဲ့လူက ငါ့အစ်ကိုလေ မနေ့က ဓာတ်ပုံတွေ မတွေ့ကြဘူးလား?】
【ရတနာခုနှစ်ပါး မင်းသမီးလေး:ပြီးတော့ အပေါ်က ဖန်ဂဲလ် နှစ်ယောက်လည်း အိပ်မက်မက်နေတာ ရပ်လိုက်တော့။】
【လျိုအာ့လုံ:မင်းသမီးလေး၊ ငါ့စကားနားထောင်။ ဒီကောင်က ချောတော့ချောတယ်၊ ဒါပေမဲ့ ပြိုင်ဘက်ရဲ့မျက်နှာကိုပဲ အထူးရွေးရိုက်တတ်တယ် လူကောင်းတော့ မဟုတ်ဘူးနော်။】
စုယန်က ခေါင်းမော့ကြည့်လိုက်ပြီး သူ့ကို ချက်ဂရုထဲထပ်တင်လိုက်ကြပြန်ပြီဆိုတာ သဘောပေါက်သွားခဲ့သည်။
တကယ်ကို အဓိပ္ပာယ်မရှိဘူး
တစ်နေ့လုံး ဓာတ်ပုံတွေပဲ ခိုးရိုက်နေကြတယ်။ ဘီဘီတုံက အင်တာနက်ကြိုးကနေ လိုက်ရှာတဲ့အထိ စောင့်ကြည့်လိုက်ဦး!
"မျောက်လေး။"
အဲဒီအချိန်မှာ ရှောင်ဝူက ပျော်ပျော်ရွှင်ရွှင် ပြေးလာပြီး ပွေ့ဖက်ဖို့ လက်ဆန့်လိုက်သည်။
မျောက်လေးက လက်ဝှေ့ယမ်းပြပြီး ပြန်မနှုတ်ဆက်ဘဲ ဟိုတယ်ကောင်တာပေါ် တန်းခုန်တက်သွားကာ လူရိုက်နည်းကို ဆက်လေ့လာနေခဲ့သည်။
အဲဒါကြောင့် ရှောင်ဝူက စိတ်ဆိုးပြီး ခြေစောင့်လိုက်သည်။
ဒီအချိန်မှာ နင်ရုံရုံလည်း လျှောက်လာပြီး ကျူကျူချင်းးကို ခိုးကြည့်လိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ!
ကြောင်မကြီးတစ်ကောင် ဖြစ်နေခဲ့တာကိုး!
အ့ဒီ ဝိဉာဉ်နှစ်လုံးက တကယ် အားကြီးတဲ့ပြိုင်ဘက်ပဲ။
သေစမ်း...
အသက်အရွယ်တူတူပဲ ရှိကြတာကို ငါက မန်ထို မုန့်လုံးသေးသေးလေးတွေ စားနေတုန်း၊ နင်တို့က ဘောလုံးကန်နေကြပြီလား?
မင်းတို့က စည်းမျဉ်းတွေကိုချိုးဖောက်နေကြတာပဲ
ဒီအချိန်မှာ ဒိုင်မှုပိုင်က မြေကြီးပေါ်ကနေ ထပ်ထလာပြီး ဒေါသအပြည့်နဲ့ စုယန်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
"စုယန်! မင်း ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရသွားပြီ။ ဒါပေမဲ့ အခု ငါ အလေးအနက်ထားတော့မယ်။ သိုင်းဝိဉာဉ်ချင်း ယှဉ်ပြိုင်ရအောင်!"
မျောက်လေးက ဒီမြင်ကွင်းကို ကြည့်ပြီး နားမလည်နိုင်ဘဲ နားကုတ်၊ ပါးကုတ် လုပ်နေသည်။
ဒီလောက် အရိုက်ခံထားရတာတောင် ဘာလို့ ထနိုင်သေးတာလဲ?
ဒါကလူကိုဘယ်လိုရိုက်လဲဆိုတာပေါ့
"ကျားဖြူ၊ ပူးကပ်!"
ဒိုင်မှုပိုင်က ချက်ချင်း သိုင်းဝိဉာဉ်ကို ထုတ်သုံးလိုက်သည်။
အသက်အရွယ်နဲ့ ဝိဉာဉ်စွမ်းအားအဆင့် အားသာချက်ကို အသုံးချမှ စုယန်ကို အနိုင်ယူနိုင်မယ်လို့ သူသိထားသည်။
"ဒိုင်မှုပိုင်၊ သိုင်းဝိဉာဉ် ကျားဖြူ၊ အဆင့် ၃၇ တိုက်ခိုက်ရေး ဝိဉာဉ်ဘိုးဘေး။"
စုယန်က မျောက်လေးကို လှည့်ကြည့်ပြီး မေးလိုက်သည်။
"သင်ပြီးပြီလား?"
မျောက်လေးက စဉ်းစားဟန်နဲ့ မျက်တောင်ခတ်ကာ ခေါင်းညိတ်လိုက်သည်။
"သင်ပြီးရင် သွားရိုက်လိုက်တော့!"
ပြောပြီးနောက် စုယန်က ဒိုင်မှုပိုင်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"စုယန်၊ သိုင်းဝိဉာဉ် မျောက်၊ အဆင့် ၃၈ တိုက်ခိုက်ရေး ဝိဉာဉ်ဘိုးဘေး။"
"ဘာ!"
ဒိုင်မှုပိုင်က ချက်ချင်း အံ့ဩသွားသည်။
ဒီကောင်က သူ့ထက် ငယ်သေးသလို မြင်ရတာကို ဝိဉာဉ်စွမ်းအားက တစ်ဆင့်တောင် ပိုမြင့်နေသေးတယ်?
ခဏ...
ဒီမျောက်က သူ့သိုင်းဝိဉာဉ်လား?
မျိုးပြောင်းဝိဉာဉ်?
ဒါပေမဲ့ အစစ်အမှန်သိုင်းဝိဉာဉ်ခန္ဓာမရှိဘဲ ဘယ်လို ရုပ်ခန္ဓာရှိနေတာလဲ?
သခင်နဲ့ ခွဲပြီး တိုက်ခိုက်နိုင်တာလား?
ထန်ဆန်းကလည်း အာရုံစိုက်ပြီး ကြည့်နေခဲ့သည်။
ရောက်လာပြီ!
အရင်တစ်ခေါက်က သေချာမမြင်လိုက်ရဘူး။ ဒီတစ်ခါတော့ စုယန်ရဲ့သိုင်း၀ိဉာဉ် ဘာကြောင့် ဒီလောက် အားကြီးလဲ သိအောင် ကြည့်ရမယ်။
မဟုတ်သေးဘူး...
ဒီကောင်ကလူရိုက်နေချိန်မှာလည်း တကယ် ချောနေခဲ့တာပဲ!
သေစမ်း!
ရှောင်ဝူရှေ့မှာ ထပ်ပြီး အထင်ကြီးအောင် လုပ်ပြနေပြန်ပြီ။
မင်း သေဖို့လမ်းကို ရွေးနေပြန်ပြီပဲ
"မျောက်လေး၊ လုပ်ထား!"
ရှောင်ဝူက ဝင်အားပေးလိုက်သည်။
မျောက်လေးက နောက်လှည့်ကြည့်ပြီး သူ့ရဲ့ "အထင်ကြီးစေတဲ့ ပစ္စည်းသုံးမျိုး" ကို ထုတ်ယူကာ တိုက်ခိုက်ရေးအနှစ်သာရကို ပြန်စဉ်းစားလိုက်သည်။
"ဒုတိယဝိဉာဉ်စွမ်းရည် — ကျားဖြူအလင်းလှိုင်း!"
ဒိုင်မှုပိုင်က ဒုတိယဝိဉာဉ်စွမ်းရည်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။
ဒါပေမဲ့...
ဘုန်း!
စွမ်းရည် မပြီးဆုံးခင်မှာပဲ မျောက်လေးရဲ့ တုတ်ချက်က မျက်နှာပေါ် ကျသွားသည်။
မျက်နှာတစ်ခုလုံး ပုံပျက်သွားပြီး သွားနှစ်ချောင်းပါ လွင့်ထွက်သွားသည်။
ဘုန်း!
အလင်းလှိုင်းက မျက်နှာကျက်ကို ထိမှန်သွားပြီး အပေါက်ကြီးတစ်ပေါက် ပေါက်သွားသည်။
"သေစမ်း..."
"ကျားဖြူ..."
ဒိုင်မှုပိုင် စကားမဆုံးခင်မှာပဲ မျောက်လေးက ခုန်တက်သွားပြီး လှပတဲ့တုတ်ကစားကွက်တစ်စုံကို ထုတ်ပြလိုက်သည်။
ရိုက်!
ရိုက်!
ရိုက်!
ဒိုင်မှုပိုင်ကို ပြေးလွှားရှောင်တိမ်းနေရအောင် ရိုက်နှက်လိုက်ပြီး နောက်ဆုံးမှာ မြေကြီးပေါ် လှဲချကာ တင်ပါးကို သံတုတ်နဲ့ အားပါပါ ရိုက်ချလိုက်သည်။
ဒီကောင်...
စုယန်က မျက်နှာပဲ ရိုက်တာ။
ဒါပေမဲ့ ဒီမျောက်ကတော့ တင်ပါးကိုပဲ အသည်းအသန် ရိုက်နေတာ။
မသိတဲ့သူတွေ မြင်ရင် ဒိုင်မှုပိုင်ကို ကြိမ်ဒဏ် ရှစ်ရာပေးနေတယ်လို့တောင် ထင်ကြလိမ့်မယ်။
ထန်ဆန်း : ???
ဒိုင်မှုပိုင် အရိုက်ခံနေရတယ်။
ထန်ဆန်းကတော့ ရင်နာနေခဲ့တယ်။
ဒိုင်မှုပိုင်ရဲ့ တင်ပါးကို တုတ်နဲ့ရိုက်တဲ့ အသံတိုင်းက ထန်ဆန်းရဲ့ မျက်နှာကို ရိုက်နေသလို ခံစားရသည်။
သူ မုန်းလိုက်တာ!
စုယန်ရဲ့ သိုင်းဝိဉာဉ်က ဘာလို့ ဒီလောက် အားကြီးရတာလဲ?
မျောက်တစ်ကောင်ပဲ မဟုတ်ဘူးလား?
ဘာလို့ လက်နက်ကိုင်ထားရတာလဲ?
ပြီးတော့ ဒီတုတ်ကစားနည်းတွေကလည်း အရမ်းကျွမ်းကျင်နေသေးတယ်။
ဒါ ပုံမှန်ရော ဟုတ်သေးရဲ့လား?
နင်ရုံရုံကတော့ ဘေးကနေ ကြယ်ရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်။
သေချာသွားပြီ!
ဒါပဲ!
ဒါပဲ ငါ ရှာနေတဲ့ ယောက်ျား!
အင်အားကြီးတယ်
ချောတယ်
တိုက်ခိုက်ရေးအမျိုးအစား
ငါနဲ့ အလိုက်ဖက်ဆုံးပဲ
အတိုချုပ်ပြောရရင် နင်ရုံရုံက ဒီချောမောတဲ့ကောင်လေးကို အိမ်ပြန်ခေါ်သွားဖို့ ဆုံးဖြတ်ပြီးသွားခဲ့ပြီ။
သူ့အဖေကလည်း သေချာပေါက် ကျေနပ်မှာပဲ!
ပြီးတော့အခုကစပြီသူ့ ဓာတ်ပုံလည်း မရိုက်တော့ဘူး။
အခု သူမ ကာကွယ်နေရတာ ကျူကျူချင်းးတစ်ယောက်တည်း မဟုတ်တော့ဘူး။
ချတ်ဂရုထဲက တခြားလူတွေကိုပါ သတိထားနေရပြီ။
စုယန်က ချောရုံတင်မကဘဲ ဒီလောက် အားကြီးတယ်ဆိုတာ သူတို့ မသိစေရဘူး!
...
ဟိုတယ်ဧည့်ခန်းထဲတွင် ဒိုင်မှုပိုင်က တတိယဝိဉာဉ်စွမ်းရည်ကို ဖွင့်ထားပေမဲ့ တုတ်ဒဏ်ခံနေရဆဲပင်။
နောက်ဆုံးမှာ ဝိဉာဉ်စွမ်းအား ကုန်ခမ်းသွားပြီး သိုင်းဝိဉာဉ် ပြန်ပျောက်သွားချိန်မှ မျောက်လေးက ရပ်လိုက်သည်။
"ကောင်းလိုက်တာ!"
တိုက်ခိုက်တယ်ဆိုတာ ဒီလိုပဲ ဖြစ်ရမယ်!
တင်ပါးပန်းပွင့်သွားအောင် ရိုက်!
တစ်ကိုယ်လုံး ညိုမဲသွားအောင် ရိုက်!
ဒါပေမဲ့ ဒဏ်ရာအပြင်းအထန်ရအောင်မလုပ်ရဘူး
မဟုတ်ရင် နောက်တစ်ခါ ရိုက်ဖို့ စောင့်ရတဲ့အချိန် ကြာသွားမယ်။
ထန်ဆန်းက ဘေးကနေ ဒိုင်မှုပိုင်ရဲ့ အခြေအနေကို ကြည့်ပြီး ရင်နာနေပြန်သည်။
"မိတ်ဆွေ..."
"မင်း တကယ် အသုံးမကျဘူးပဲ!"
"ပြိုင်ဘက်ကို ဝိဉာဉ်စွမ်းရည်တောင် မသုံးခိုင်းနိုင်ဘူး ဒီအရိုက်ခံရတာ အလကားပဲ။"
မုန်းစရာကောင်းလိုက်တာ။
စုယန်က ရှောင်ဝူရှေ့မှာ ထပ်ပြီး အထင်ကြီးအောင် လုပ်ပြနေပြန်ပြီ။
စုယန်က ဒိုင်မှုပိုင် ခေါ်လာတဲ့ အမြွှာညီအစ်မနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဟိုတယ်ပျက်စီးသွားတာအတွက် လျော်ကြေးပေးခိုင်းလိုက်။ ပြီးရင် ကုသဖို့ ခေါ်သွားလိုက်။"
ညီအစ်မနှစ်ယောက်က အမြန် ခေါင်းညိတ်လိုက်ကြသည်။
လူငယ်သခင် ဒိုင်က ချောတယ်၊ ချမ်းသာတယ်လေ
အမြန် ကုသပေးရမယ်။
မဟုတ်ရင် ဒီလို အရည်အသွေးမြင့် ထောက်ပံ့ပေးသူကို ဘယ်မှာ ထပ်ရှာရတော့မှာလဲ?
ကိစ္စပြီးသွားတာကို မြင်တော့ နင်ရုံရုံက စုယန်ဆီ အမြန်ပြေးသွားပြီး ပြောလိုက်သည်။
"မင်္ဂလာပါ အစ်ကိုစုယန်၊ ကျွန်မနာမည် နင်ရုံရုံပါ။"
ကျူကျူချင်းး : ???