အခန်း (၅) - ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ဘာမှမဖြစ်ပါဘူး
ယွီရှောင်ဂန်း သည် စုယန်ကို အထင်သေးစွာ ကြည့်လေ့ရှိပြီး အမြဲတမ်း သူတစ်ယောက်တည်းသာ အရာရာကို သိနားလည်သယောင်၊ ထောင်လွှားသော အမူအရာဖြင့် ပြုမူလေ့ရှိသည်။
သူသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်အဖြစ် သရုပ်ဆောင်ကာ စုယန်ကို အမြဲတိုက်ခိုက်ခဲ့သည်။ သူ့ကို ကံကြမ္မာအတိုင်း လက်ခံရန်နှင့် အသုံးမဝင်သော ကြိုးစားအားထုတ်မှုများကို စွန့်လွှတ်ရန် အမြဲပြောလေ့ရှိသည်။
အသုံးမဝင်သူသည် အသုံးမဝင်သူသာ ဖြစ်သည်။
အသုံးမဝင်သော သိုင်းဝိညာဉ်။
အသုံးမဝင်သော ဝိညာဉ်ဆရာ။
ယွီရှောင်ဂန်းသည် စုယန်ကို မြင်တိုင်း စုယန်ရဲ့ ခန္ဓာကိုယ်ထဲတွင် သူရဲ့ယခင်က ရှက်ဖွယ်ကောင်းသော အတိတ်ကို မြင်ယောင်မိနေဟန်ရှိသည်။ ထိုေကြာင့်သူသည် စုယန်ကို မြင်တိုင်း သူရဲ့ အနာဟောင်းများကို ပြန်ဆွပေးနေသလိုမျိုး ဖြစ်နေသည်။
သူ ကြောက်နေသည်လည်း ဖြစ်နိုင်သည်—စုယန်သာ ဒီလိုကြိုးစားပါက အဆင့် ၃၀ ဝိညာဉ်စွမ်းအားသို့ တကယ်ရောက်သွားမည့်အရေးကို ကြောက်နေခြင်း ဖြစ်နိုင်သည်။ ဒီအချက်က ယွီရှောင်ဂန်းကို စုယန်အပေါ် အထူးပင် မုန်းတီးစေပြီး သူ၏ ကြိုးစားမှုများကို စွန့်လွှတ်စေရန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
အို၊ မဟုတ်ပါဘူး။
စုယန်သည် အဆင့် ၃၀ ဝိညာဉ်စွမ်းအားသို့ တက်လှမ်းနိုင်နေခဲ့ပြီ ဖြစ်ပြီး စုယန်ကိုယ်တိုင်က ဤအချက်ကို ကောင်းစွာသိထားသဖြင့် ယွီရှောင်ဂန်း၏ စကားများကြောင့် သူ စိတ်ဓာတ်ကျမသွားပေ။
တကယ်တော့။
စုယန် ထန်ဆန်းနှင့်အတူ ယွီရှောင်ဂန်းကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ယွီရှောင်ဂန်းသည် သူရဲ့ မျက်နှာကို တည်ထားပြီး ငြင်းပယ်ခဲ့သည်။
"ထန်ဆန်းက မင်းအကြောင်း ငါ့ကို ပြောပြပြီးပြီ။ ငါ မင်းကို တပည့်မခံဘူး၊ ဒါကြောင့် အဲဒီစိတ်ကူးကို စွန့်လွှတ်လိုက်!"
"ငါ့ဘဝတစ်ခုလုံးမှာ မအောင်မြင်ခဲ့တဲ့အရာကို မင်းက ပိုပြီးတော့တောင် မအောင်မြင်နိုင်ဘူး။ အဲဒီ အသုံးမဝင်တဲ့ စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်!"
ထိုအချိန်က စုယန်မှာ တကယ်ကို အံ့အားသင့်သွားခဲ့သည်။
မင်းကို ငါက!
ငါ့ဆရာအဖြစ် ခွေးတစ်ကောင်ကို ရှာရရင်တောင် မင်းလို ယွီရှောင်ဂန်းမျိုးကို ငါ့ဆရာအဖြစ် ဘယ်တော့မှ မတင်ဘူး!
မင်း ဘာတွေ တွေးနေတာလဲ?
မင်း ယွီရှောင်ဂန်းကို ငါ့ဆရာအဖြစ် တင်လိုက်ရင် ပထမဆုံး ဝိညာဉ်ကွင်း ရှာတဲ့အခါမှာတင် ငါ သေတော့မှာကို ကြောက်ရလိမ့်မယ်။
ထန်ဆန် နတ်ဘုရားဖြစ်နိုင်မဖြစ်နိုင်ဆိုတာ မင်း ယွီရှောင်ဂန်းနဲ့ ဘာများ ပတ်သက်နေလို့လဲ?
အတိုချုပ်ပြောရရင်၊ ဒါက ရယ်စရာကောင်းလှသည်။
ယခင်ဘဝက စုယန်သည် ယွီရှောင်ဂန်းမှာ လူယုတ်မာ၊ အသုံးမဝင်သူ ဖြစ်မှန်းသာ သိခဲ့သော်လည်း နော်ဒင်အကယ်ဒမီတွင် ခြောက်နှစ်ကြာ နေထိုင်ပြီးနောက်တွင်မူ ယွီရှောင်ဂန်းကို တကယ်ပင် စိတ်ကုန်ပြီး အလွန်မုန်းတီးသွားခဲ့သည်။
အသုံးမဝင်သူ ဖြစ်နေခြင်းမှာ ပြဿနာမဟုတ်ပါ—ပွင့်လင်းသောစိတ်ဖြင့် သင်ယူလိုပြီး ကြိုးစားလုပ်ဆောင်လိုပါက နှေးကွေးသော ငှက်ကလေးပင်လျှင် ရှေ့က ပျံနိုင်ပါသည်။ ပျံသန်းနိုင်ခြင်းမရှိလျှင်တောင် သူတစ်ပါး၏ လေးစားမှုကို ရရှိနိုင်သည်။
ထို့အပြင်။
သာမန်လူတစ်ယောက်ဖြစ်ပါက အသုံးမဝင်သည်ဖြစ်စေ၊ အသုံး၀င်သည်ဖြစ်စေ သူတစ်ပြားသား မှ မဆိုင်ပါဘူး။ သူတစ်ပါးကို ဘာကြောင့် ဒီလောက်ထိ ပျင်းစရာကောင်းပြီး သူတစ်ပါးကို လှောင်ပြောင်ဖို့ ကြိုးစားနေရတာလည်း???
သို့သော် ယွီရှောင်ဂန်းမှာမူ ကွဲပြားသည်။
သူသည် တကယ့်ကို ဟန်ဆောင်ကောင်းသူ ဖြစ်သည်။
သူသည် အရာရာတိုင်းကို နည်းနည်းစီ သိသယောင် လုပ်တတ်ပြီး အမြဲတမ်း "ငါက အရမ်းမိုက်တယ်" ဆိုသည့် အကြည့်မျိုး ရှိသည်။ သင်သာ မသိလျှင် သူ့ကို ပုန်းကွယ်နေသော ဘွဲ့အမည်ရတုန့်လော့ တစ်ယောက်ဟု ထင်မိလိမ့်မည်။
တကယ်တမ်းတွင်မူ သူသည် ဘာမှမဟုတ်ပေ။
ထန်ဆန်းကို ဝိညာဉ်ကွင်းရှာဖို့ ပထမဆုံးအကြိမ် ဦးဆောင်ခေါ်သွားတုန်းကပင် သူ အမှားလုပ်ခဲ့သူဖြစ်သည်။ ယွီရှောင်ဂန်းဆိုတာ ဘာအသုံးဝင်လို့လဲ?
ဒါပေမဲ့
စုယန်သည် နောက်ရက်အနည်းငယ်တွင် ကျင်းပမည့် ကျောင်းဆင်းပွဲ ပြိုင်ပွဲကို တကယ်ပင် စောင့်မျှော်နေခဲ့သည်။ ထိုနေရာတွင် ယွီရှောင်ဂန်း အထင်အသေးဆုံးဖြစ်သော "အသုံးမဝင်သူ" စုယန်က ယွီရှောင်ဂန်းရဲ့ ဂုဏ်ယူဝံ့ကြွားနေသော၊ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိသည့် သူရဲ့ဝိညာဉ်အမြွှာပိုင်ဆိုင်သော တပည့်ကို အနိုင်ယူပြလိမ့်မည်။
အ့ဒီအခါ ယွီရှောင်ဂန်းရဲ့ မျက်နှာကို တစ်ဖတ်ဖတ် လှည့်ရိုက်လိုက်သလို သူနာကျင်သွားမည့်အဖြစ်ကို တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာကောင်းလှသည်။
...
နောက်တစ်နေ့။
နေရောင်ခြည်များ အိပ်ဆောင်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ထန်ဆန်း၊ ဝမ်ရှန်းနှင့် ကျန်သူများသည် စောစောစီးစီး ထကြသော်လည်း စုယန်တစ်ယောက်သာ အလေ့အကျင့်အတိုင်း နောက်ကျမှ ထသည်။
သူတို့အားလုံးသည် သူ့ကို မနှောင့်ယှက်ကြပေ။ အကြောင်းမှာ စုယန်သည် ညတိုင်း ကျင့်ကြံရန် ခိုးထွက်သွားပြီးမှ အလွန်နောက်ကျမှ ပြန်လာကြောင်း သိကြသောကြောင့် ဖြစ်သည်။
【ရတနာခုနှစ်ပါးရဲ့ မင်းသမီးလေး: တောက်~ ဘယ်သူက မင်းတို့နဲ့ မိသားစုဝင် ဖြစ်ချင်မှာလဲ?】
【ယန်ဇီ က ငှက် မဟုတ်ဘူး: စုယန်? ဒီ စကားပြောခန်းက မင်းပိုင်တာလား? ကျောက်စိမ်းမှန်ကို မင်း ပို့ပေးလိုက်တာလား?】
【အရိပ်ထဲက ကြောင်: ဒီကျောက်စိမ်းမှန်က အံ့သြဖို့ကောင်းတယ်။ ဒါကို စိတ်ဝိညာဉ်ထဲမှာ သိမ်းထားလို့ရတာကို ငါတွေ့လိုက်တယ်။ စုယန်၊ မင်းက နတ်ဘုရားလား?】
【ကျွန်တော့်မျိုးရိုးက ယု မဟုတ်ဘူး: ကျောက်စိမ်းမှန်က စွမ်းအားကြီးတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီ အဘွားကြီးနဲ့ အတူတူ ဂရု ထဲမှာ ရှိနေရတာ ငါမကြိုက်ဘူး။ ဒီပစ္စည်းကို ဘယ်တော့ ပြန်ယူမှာလဲ!?】
【ဘီဘီတုန်: တော်ကြတော့! ယု ဆိုတဲ့မျိုးရိုးနဲ့ မင်း၊ ဒီပုပ်ရဟန်းမင်းကြီး မင်းကို မှတ်ထားလိုက်မယ်။ မင်း ဘယ်သူလဲဆိုတာ ငါ့လက်ထဲ မမိစေနဲ့၊ မဟုတ်ရင် မင်း သေချာပေါက် နောင်တရလိမ့်မယ်!】
ဝိညာဉ်မြို့။
ပုပ်ရဟန်းမင်းကြီးရဲ့ အိပ်ဆောင်။
ဘီဘီတုန်သည် နံနက်စောစော ထလိုက်ပြီး ပထမဆုံး လုပ်မိသည့်အရာမှာ ကျောက်စိမ်းမှန်ကို အားနှင့် ပစ်ပေါက်လိုက်ခြင်း ဖြစ်သည်။
【ကျွန်တော့်မျိုးရိုးက ယု မဟုတ်ဘူး: အဘွားကြီး စောစောထတာလား? သွေးဆုံးချိန်တန်ပြီး အိပ်မပျော်တာလား?】
ဘီဘီတုန်သည် ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းမှန်ထဲမှ မက်ဆေ့ချ်ကို ကြည့်ရင်း သူမ၏ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။ သူမရဲ့ လက်သည်းများမှာ အသားထဲကိုတောင် စိုက်ဝင်လုနီးပါး ဖြစ်နေသည်။
"လူယုတ်မာ!"
"ဒီပုပ်ရဟန်းမင်းကြီး မင်းကို မတွေ့စေနဲ့၊ မတွေ့ရင် ငါ မင်းရဲ့ မိသားစုတစ်စုလုံးကို သတ်ပစ်မယ်။"
【မုန်လာဥစားရတာ ကြိုက်သူ: အရုပ်ဆိုးတဲ့ မိန်းမ၊ အဘွားကြီး၊ ခြေတံတို၊ သွေးဆုံးချိန်တန်၊ ဘလဲ့ ဘလဲ့ ဘလဲ့!】
【မြေခွေးလေး: မင်းတို့နှစ်ယောက်၊ တော်ကြတော့! ပုပ်ရဟန်းမင်းကြီးက မင်းတို့ကို ဘာမှမလုပ်ထားဘူး၊ ဘာလို့ ပုပ်ရဟန်းမင်းကြီးကို အမြဲ ဆဲဆိုနေတာလဲ?】
【ကျွန်တော့်မျိုးရိုးက ယု မဟုတ်ဘူး: မင်းနဲ့ မဆိုင်ဘူး!】
【မုန်လာဥစားရတာ ကြိုက်သူ: မင်းနဲ့ မဆိုင်ဘူး!】
【ရတနာခုပါးရဲ့ မင်းသမီးလေး: မင်းနဲ့ မဆိုင်ဘူး!】
【ယန်ဇီ က ငှက်မဟုတ်ဘူး: မင်းနဲ့ မဆိုင်ဘူး!】
【ကျွန်မက မိဘမဲ့ တစ်ယောက်ပါ: ဝိညာဉ်ခန်းမရဲ့ ပုပ်ရဟန်းမင်းကြီး ဘီဘီတုန်ဆိုတာ မင်းကို အမြဲတမ်း လူတွေက မုန်းအောင် လုပ်တတ်တာပဲ။ မင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်သင့်ပြီ။】
【အရိပ်ထဲက ကြောင်: ပုပ်ရဟန်းမင်းကြီး၊ ဘာလို့ သူတို့ကို မတောင်းပန်လိုက်တာလဲ? ရှင် မှားတယ်လို့တော့ မထင်ပါဘူး၊ ဒါပေမဲ့လေ...】
ဝိညာဉ်ခန်းမ အကယ်ဒမီ။
ဟူလီနာ သည် လုံးဝ အံ့အားသင့်သွားသည်။
နေပါဦး၊ မဟုတ်လောက်ပါဘူး?
ဂရု ထဲမှာ စုစုပေါင်း လူဆယ်ယောက်ရှိတယ်။ ဂရု (စကားပြောခန်းနဲ့ အလျဉ်းသင့်သလို သူံနူန်းသွားပါမယ်ဗျ)ပိုင်ရှင် စုယန်ကို နှုတ်၊ ကိုယ့်ကိုယ်ကိုယ် နှုတ်လိုက်ရင် ကျန်တဲ့သူတွေက ဆရာ့ကို အကုန် မကျေနပ်ကြဘူးလား?
ဒါ ဘာတွေ ဖြစ်ကုန်တာလဲ!
ပုပ်ရဟန်းမင်းကြီး၏ အိပ်ဆောင်။
ဗုန်း!
ကျောက်စိမ်းမှန်သည် တစ်ခါပြန်ပြီး အကြမ်းဖက် ပစ်ပေါက်ခံလိုက်ရသည်။
ဘီဘီတုန်သည် ဒေါသကြောင့် တုန်ရီနေသည်။
သေစမ်း!
တကယ်ကို သေစမ်း!
ဒီလူယုတ်မာတွေ အကုန်လုံး သေသင့်တယ်။ ဒီ "အရိပ်ထဲက ကြောင်" ဆိုတဲ့လူလည်း ရူးနေတာပဲ၊ သူတို့ကို တောင်းပန်ဖို့ တိုက်တွန်းနေသေးတယ်။
မင်း မျက်စိကန်းနေတာလား!
ငါ ဘီဘီတုန် ဘာမှ မလုပ်ရသေးဘူး။ ဘာလို့ သူတို့ကို တောင်းပန်ရမှာလဲ? ဒီပုပ်ရဟန်းမင်းကြီး မင်းတို့ကို ဖမ်းမိရင်တော့ ကြည့်နေလိုက်! ဖမ်းမိရင် မင်းတို့အားလုံးကို လျှို့ဝှက်ခန်းထဲမှာ ထည့်ပိတ်ပြီး ပြင်းပြင်းထန်ထန် ညှဉ်းပန်းမယ်!
နော်ဒင် အကယ်ဒမီ။
စုယန်သည် မျက်လုံးဖွင့်လိုက်သည်နှင့် စကားပြောခန်း ထဲတွင် သူတို့ ပြန်ရန်တွေ့နေကြသည်ကို မြင်လိုက်ရသည်။
ဘီဘီတုန် တစ်ယောက်တည်းကို ရှစ်ယောက်က ဝိုင်းဆဲနေတာ...
အို ဘုရားသခင်!
မိန်းမသုံးယောက်ဆို ရန်ပွဲတစ်ခုဖြစ်တယ်လို့ ပြောကြတယ်၊ အခုတော့ မိန်းမကိုးယောက်က ရန်ပွဲသုံးခုဖြစ်နေပြီး ဘီဘီတုန်ကိုပဲ ပစ်မှတ်ထားနေကြတယ်?... ဂရု ပိုင်ရှင်အနေနဲ့ သူ နည်းနည်းတော့ ကြားဝင်ဖျန်ဖြေပေးမှ ဖြစ်တော့မယ်။
【စုယန်: ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ဘာမှမဖြစ်ပါဘူး။】
【မုန်လာဥစားရတာ ကြိုက်သူ: စုယန်၊ မြန်မြန်လုပ်၊ ဘီဘီတုန်ကို ငါတို့နဲ့အတူ ဝိုင်းဆဲပေးပါ။】
【ကျွန်တော့်မျိုးရိုးက ယု မဟုတ်ဘူး: စုယန်၊ တစ်ခုလောက် တိုင်ပင်ရအောင်။ ဘီဘီတုန်ကို ဂရုကနေ ထုတ်ပစ်လိုက်ရင် ကောင်းမလား?】
【ရတနာခုနှစ်ပါးရဲ့ မင်းသမီးလေး: စုယန်၊ မင်းက ညီလေးလား ဒါမှမဟုတ် ညီမလေးလား?】
【အရိပ်ထဲက ကြောင်: စုယန်၊ မင်းရဲ့ အဖွဲ့စကားပြောခန်း က အရမ်း ထူးဆန်းတယ်၊ မင်းလည်း အရမ်း စွမ်းအားကြီးတာလား?】
【စုယန်: @အရိပ်ထဲက ကြောင်၊ ကိစ္စမရှိပါဘူး။ မင်းမှာ ပြဿနာရှိရင် ငါ့ဆီ လာခဲ့လို့ရတယ်။】
【ဘီဘီတုန်: အရမ်းကောင်းတယ်! ဒီပုပ်ရဟန်းမင်းကြီးမှာ မင်းတို့ကို ရှာတွေ့နိုင်မယ့် နည်းလမ်း ရှိနေပြီ။ မင်းတို့ ဒီပုပ်ရဟန်းမင်းကြီး ရှေ့ရောက်တဲ့အခါမှာလည်း အခုလို ရဲရင့်နေဦးမယ်လို့ မျှော်လင့်ပါတယ်။】
ပုပ်ရဟန်းမင်းကြီး၏ အိပ်ဆောင်။
ဘီဘီတုန်သည် အဝတ်အစားများကို မြန်မြန်လဲလိုက်ပြီး ပုပ်ရဟန်းမင်းကြီး နန်းတော်သို့ သွားကာ ဂန္ဓမာတုန့်လော့ နှင့် တေစ္စတုန့်လော့ တို့ကို ဆင့်ခေါ်လိုက်သည်။
"ပုပ်ရဟန်းမင်းကြီး။"
ဂန္ဓမာတုန့်ေလာ့နှင့် တစ္စေတုန့်လော့ တို့ အမြန်ရောက်လာပြီး ဘီဘီတုန်ကို အရိုအသေပေးကြသည်။ သူတို့နှစ်ယောက်သည် ဘီဘီတုန်ရဲ့ မျက်နှာပေါ်ရှိ အေးစက်မှုကို သတိပြုမိသဖြင့် ချွေးပြန်သွားခဲ့ကြသည်။
အို၊ မဟုတ်ပါဘူး။
ပုပ်ရဟန်းမင်းကြီး ဒီနေ့ အလွန် ဒေါသထွက်နေတယ်!
မဟုတ်ဘူး။
တိတိကျကျပြောရရင် သူတို့ ဘီဘီတုန် ဒီလောက်ထိ ဒေါသထွက်တာ တစ်ခါမှ မမြင်ဖူးဘူး။
ဘီဘီတုန်သည် မျက်နှာကို တည်ထားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်၊ ချက်ချင်း ဝိညာဉ်ခန်းမရဲ့ အင်အားစုတွေအားလုံးကို လှုပ်ရှားလိုက်ပြီး တိုက်ကြီးပေါ်မှာ စုယန် လို့ နာမည်ရှိတဲ့သူတိုင်းကို စုံစမ်းပါ။"
"သူတို့ရဲ့ အချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီး ငါ့ဆီ ပို့ပေးပါ။"
"ဟုတ်ကဲ့၊ ပုပ်ရဟန်းမင်းကြီး။"
ဂန္ဓမာနှင့် တစ္စေတုန့်ေလာ့ တို့သည် ဘာမှ ထပ်မမေးရဲတော့ဘဲ ပြန်ဖြေကာ စုံစမ်းရန် ချက်ချင်း ထွက်သွားကြသည်။
【ကျွန်တော့်မျိုးရိုးက ယု မဟုတ်ဘူး: အဘွားကြီး၊ ရှင် ငါတို့ကို ရှာချင်နေသေးတာလား?】
【ရတနာခုနှစ်ပါး ရဲ့ မင်းသမီးလေး: ရှင်က ကျွန်မတို့နာမည်ကိုလည်း မသိဘူး၊ ရုပ်ရည်ကိုလည်း မသိဘူး။ ဝိညာဉ်ခန်းမရဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်နေရင်တောင် ဘာမှ လုပ်လို့မရဘူး!】
【မုန်လာဥစားရတာ ကြိုက်သူ: ဘလဲ့ ဘလဲ့ ဘလဲ့! ဘီဘီတုန်၊ ရှင် မိန်းမဆိုး၊ ကျွန်မတို့ ဘယ်သူတွေလဲဆိုတာ ရှင် လုံးဝ သိနိုင်မှာ မဟုတ်ဘူး။】
【ကျွန်မက မိဘမဲ့ တစ်ယောက်ပါ: အားလုံးကို သတိပေးချင်တာတစ်ခု ရှိတယ်။ မင်းတို့ ရန်တွေ့နေတာ ပျော်နေပေမဲ့ ဘီဘီတုန်သာ စုယန်ကို ရှာတွေ့သွားရင် မင်းတို့ကိုလည်း ရှာတွေ့သွားလိမ့်မယ်။】
【အားလုံး: ???】