အခန်း (၄၉) - အသက်ရှူစရာမလိုလည်း အဆင်ပြေတယ်
ပုပ်ရဟန်းမင်းနန်းဆောင်။
ဘီဘီတုံ ရုတ်တရက် ထရပ်လိုက်ပြီး ဟူလီနာကို စူးစူးရဲရဲ ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည် -
"မင်းလို မျက်ဖြူစိုက်တဲ့ ဝံပုလွေမလေးက မင်းရဲ့ဆရာမကို တကယ်ပဲ သတ်ပစ်ဖို့ ကြံစည်နေတာလား?"
ဟူလီနာက သူမ လည်ပင်းကို နောက်ပြန်ဆုတ်လိုက်ပြီး "မဟုတ်ရပါဘူး ဆရာမရယ်၊ နာနာက ဆရာမ သက်သာလာစေချင်ရုံ သက်သက်ပါ။"
"တကယ်လို့သာ အဲဒီလိုမျိုး ဖြစ်လာခဲ့ရင်တောင် နာနာက ဆရာမကို ထိခိုက်စေမယ့် အရာတစ်ခုခု လုပ်တာထက် ဆရာမ မသက်သာတာကိုပဲ ပိုလိုချင်ပါတယ်။"
ဘီဘီတုံက ဟူလီနာကို မျက်လုံးလှန်ကြည့်လိုက်ပြီး ပြန်ထိုင်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မိသည်။
ငါ တကယ်ပဲ အဲဒီလောက်တောင် ရယ်စရာ ကောင်းနေတာလား?
【လျိုအာ့လုံ: ဘီဘီတုံ၊ ဟားဟားဟား!】
【ဘီဘီတုံ: ယူအာ့လုံ၊ မင်းက ရယ်ရဲသေးတယ်ပေါ့လေ? ဘယ်လိုလုပ်ပြီး ရယ်နိုင်ရတာလဲ?】
【မုန်လာဥစားရတာကြိုက်တယ်: မိန်းမဆိုးမတွေ၊ မင်းတို့နှစ်ယောက်လုံး ဘာမှ မကောင်းဘူး၊ ဟူး!】
【လျိုအာ့လုံ: မုန်လာဥ ၊ ဒီအဘွားကြီးက မင်းကို ဘာများ လုပ်မိလို့လဲ?】
【မုန်လာဥစားရတာကြိုက်တယ်: မင်း ရူးနေတာလား! ယူရှောင်ဂန်းက မင်းကို စွန့်ပစ်သွားတာ၊ ဘာလို့များ ဝိဉာဉ်သားရဲ တောအုပ်တစ်ခုလုံးကို သတ်ဖြတ်ပြီး အပြစ်မဲ့တဲ့ ဝိဉာဉ်သားရဲတွေကို ဒေါသထုတ်နေရတာလဲ?】
【ယန်ဇီက ငှက်မဟုတ်ဘူး: ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ဘယ်သူမှ မလွယ်ကူကြပါဘူး။】
【ဂရုအဖွဲ့၀င်နံပါတ် 9: မင်းကတော့ အမြန်ပဲ သင်ယူတတ်တာပဲ။】
【ကလေးဘ၀လမင်း: တကယ်တော့ အခု ငါ ပိုစိတ်ဝင်စားတာက လျိုအာ့လုံ၊ မင်းက လူသားယဉ်ကျေးမှု တိုးတက်ဖို့အတွက် ကြီးကျယ်တဲ့ ပံ့ပိုးမှုတွေ ဆက်လုပ်ဦးမှာလား?】
【ရတနာခုနှစ်ပါးမင်းသမီးလေး: မင်း တကယ်ပြောနေတာလား?】
【အရိပ်ထဲကကြောင်: ကလေးဘ၀လမင်းမှာ ကလေးဘ၀ အမှတ်တရတွေ ရှိနေတာပဲ ဖြစ်ရမယ်၊ သူမ အပြုအမူတွေက တကယ်ကို ထူးဆန်းနေလို့ပါ။】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဖရဲသီး ဖရဲသီး ဖရဲသီး 🍉】
【လျိုအာ့လုံ: ကလေးဘ၀လမင်း၊ မင်းမှာ တစ်ခုခုများ မှားနေတာလား?】
လှည်းတစ်ခုထဲမှာ
ကျူးကျူးချင်း ထိုင်လိုက်ပြီး စုယန်ကို ကြည့်ကာ "ရှင်လည်း နည်းနည်းလောက် အနားယူမလား?" လို့ ပြောလိုက်သည်။
"အင်း။"
စုယန်က အားနာမနေတော့ဘဲ ကျူးကျူးချင်းရဲ့ ပေါင်ပေါ်မှာ သဘာဝအတိုင်း လှဲအိပ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူမရဲ့ တောင်ထွတ်ကြီး နှစ်ခုက ဝမ်ဝူတောင်နဲ့ တိုင်ဟန်တောင်တွေ ဖြစ်လာပြီး သူတို့နှစ်ယောက်ရဲ့ အကြည့်တွေကို လုံးဝ ပိတ်ဆို့သွားစေသည်။
ကျူးကျူးချင်း မျက်နှာ ရဲသွားသည်။
ဒါပေမဲ့ သူမ ရှေ့ကို မငုံ့သရွေ့ စုယန်က သူမ ရှက်ရဲနေတာကို မမြင်နိုင်ဘူးဆိုတာကို သဘောပေါက်သွားသည်။
အင်း၊ ကြီးတာကလည်း တော်တော် ကောင်းတာပဲ။
စုယန်က "မင်း ပင်ပန်းနေရင် ငါ့မျက်နှာပေါ်မှာ အနားယူလို့ ရပါတယ်။ ငါ့ရဲ့ ကိုးပါးယန် ပညာရပ်မှာ အသက်အောင့်တဲ့ နည်းစနစ် ရှိတယ်၊ ဒါကြောင့် ငါ အသက်မရှူရင်လည်း အဆင်ပြေပါတယ်။" လို့ ပြောချင်နေမိသည်။
"စုယန်။"
ကျူးကျူးချင်းက နူးညံ့စွာ မေးလိုက်သည် - "ကလေးဘ၀လမင်းဆိုတာ ဘယ်သူလဲ? သူမ စနောက်နေတာ မဟုတ်ဘူးလို့ ငါခံစားရတယ်၊ သူမက ဒီစိတ်ကူးယဉ် အချစ်ဇာတ်လမ်းကို တကယ်ကို လေးလေးနက်နက် ကြည့်နေပုံပဲ။"
စုယန်က ခဏလောက် စဉ်းစားပြီး "အစတုန်းကတော့ သူမ ဘယ်သူလဲဆိုတာ ငါ တကယ်မသိဘူး။ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ သူမက ထန်ယွဲ့ဟွာ ဖြစ်နိုင်တယ်။"
"ဘာပဲဖြစ်ဖြစ်၊ ဘယ်လူကောင်းကများ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းကို စိတ်ဝင်စားမှာလဲ?"
ကျူးကျူးချင်း အံ့သြသွားပြီး တုန်လှုပ်သွားသည်။
"ထန်ယွဲ့ဟွာ?"
"သူမရဲ့ အစ်ကိုအရင်းနဲ့ ချစ်မိသွားတဲ့ ထန်ယွဲ့ဟွာပေါ့?"
"ဟုတ်တယ်။" စုယန်က ပြန်ဖြေသည်။
"ဒါဆို ဂရုချတ်ထဲက လူတိုင်းရဲ့ အထောက်အထားကို ရှင် သိလား?"
ကျူးကျူးချင်း အရမ်း စူးစမ်းချင်နေသည်။
စုယန်က စဉ်းစားပြီး "နံပါတ်ကိုး (Number Nine) ကိုတော့ ငါ ခန့်မှန်းလို့ မရဘူး။" လို့ ပြန်ဖြေလိုက်သည်။
"တကယ်လို့များ အဲဒီပုံကို မပို့ခဲ့ရင်ရော၊ ရှင် ကျွန်မရဲ့ အထောက်အထားကို သိမှာလား?" ကျူးကျူးချင်းက စူးစမ်းချင်နေသည်၊ ဂရုချတ်ထဲမှာ သူမရဲ့ လျှို့ဝှက်ချက် ဘယ်လောက် ပေါက်ကြားနေလဲဆိုတာ သိချင်လို့ပါ။
စုယန်က လျှို့ဝှက်သလို လေသံနဲ့ ပြောလိုက်သည် -
"ဟုတ်တယ်။"
"မင်း၊ ရှောင်ဝူ၊ နင်ရုံရုံ၊ ဘီဘီတုံ၊ ဟူလီနာ၊ ချန်ရင်းရွှဲ့ - မင်းတို့ ခြောက်ယောက်ထဲက တစ်ယောက်ယောက်က နည်းနည်းလေးပဲ မှားယွင်းသွားရင်တောင် ငါ ခန့်မှန်းလို့ ရတယ်။"
"ဘာလို့လဲ?"
ကျူးကျူးချင်း ရှေ့ကို ငုံ့ကြည့်လိုက်ပြီး တောင်ထွတ်ကြီး နှစ်ခုကြားကနေ စုယန်ရဲ့ အကြည့်ကို ဆုံလိုက်သည်။
တုံ့ပြန်တဲ့အနေနဲ့ စုယန်က တည်ကြည်တဲ့ မျက်နှာနဲ့ "ကျူးကျူးချင်း၊ ကလေးတွေတောင် မေးခွန်းတစ်ခုကို ဖြေရင် ဆုလာဘ် ရှိတယ်ဆိုတာ သိကြတယ်။ မေးခွန်းမေးပြီး ဆုလာဘ် မပေးဘဲ နေလို့ မရဘူးလေ!" လို့ ပြောလိုက်သည်။
ကျူးကျူးချင်း:???
မကြာခင်မှာပဲ။
ကျူးကျူးချင်းက စုယန်ရဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီး သူမရဲ့ မျက်နှာက ရှက်ရွံ့မှုကြောင့် ချက်ချင်း ရဲတွတ်သွားသည်။
သူမက အစက စုယန်ကို ဆုလာဘ်အဖြစ် နမ်းဖို့ စိတ်ကူးထားပေမဲ့ သူမရဲ့ ရင်သား အကြီးကြီးကို သူမကိုယ်တိုင် လျှော့တွက်မိပြီး စုယန်ရဲ့ မျက်နှာကို တောင်ထွတ်ကြီးနှစ်ခုနဲ့ ဖိကပ်မိသလို ဖြစ်သွားသည်။
"အာ... ဆောရီး၊ ငါ တမင်လုပ်တာ မဟုတ်ဘူး။"
ကျူးကျူးချင်း အရမ်း ရှက်သွားသည်။
စုယန်လည်း ဒီတစ်ခါမှာတော့ မျက်နှာ ရဲသွားသည်။
"မ-မဟုတ်ပါဘူး၊ အဆင်ပြေပါတယ်။"
"ဘာလို့လဲဆိုတော့ မင်းတို့ ခြောက်ယောက်က အရေးကြီးလွန်းလို့..."
စုယန်က သူတို့ရဲ့ ဇာတ်ကောင် အထောက်အထားတွေကို အတိုချုပ် ရှင်းပြလိုက်သည်။
ကျူးကျူးချင်းက စဉ်းစားဟန်ဖြင့် -
"နားလည်ပါပြီ။"
"ရှင်... ရှင် ဆုလာဘ် ထပ်လိုချင်သေးလား?"
စုယန်: "မင်းက ငါ့ကို ပေးပြီးသား မဟုတ်ဘူးလား?"(တကယ့်ငစား)
ကျူးကျူးချင်း: "???"
...
အချိန်အတော်ကြာပြီးတဲ့နောက်။
စုယန်နဲ့ ကျူးကျူးချင်း ဆူတိုမြို့ကို ရောက်သွားကြသည်။ ဆူတိုမြို့က ဘာလက်နိုင်ငံရဲ့ အရှေ့တောင်ဘက်၊ စတားလော့အင်ပါယာနဲ့ အရမ်းနီးတဲ့အတွက် အချိန်က တော်တော်လေး စောနေသေးသည်။
သူတို့က ဟိုတယ်တစ်ခုမှာ တည်းခိုဖို့ ဆုံးဖြတ်လိုက်ကြသည်၊ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံး တစ်ရက်၊ တစ်ညလုံး မအိပ်ရသေးဘူးလေ။
လှည်းမောင်းသူ လှည်းကို ရပ်လိုက်ပြီး စုယန် ဆင်းလာတဲ့အခါ ဟိုတယ်နာမည်ကို မြင်ပြီး ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
နှင်းဆီဟိုတယ် ။
ဒါက တော်တော်လေး တိုက်ဆိုင်နေတာပဲ!
ကျူးကျူးချင်းက လှည်းထဲမှာ အဝတ်အစားကို ပြင်ဆင်ပြီး သူနဲ့အတူ လိုက်ဆင်းလာသည်။ စုယန်ရဲ့ ထူးဆန်းတဲ့ အမူအရာကို မြင်တော့ သူမ နားမလည်စွာ မေးလိုက်သည် -
"တစ်ခုခု မှားနေလို့လား?"
စုယန်က ပြုံးပြီး "ဒိုင်မူဘိုင် နဲ့ တွေ့ဖို့ အခွင့်အရေး အရမ်းများတယ်လေ။" လို့ ပြန်ဖြေလိုက်သည်။
"ဒီမှာလား?"
ကျူးကျူးချင်း ဘယ်ညာ ကြည့်လိုက်ပြီး ဒီလောက်ထိ တိုက်ဆိုင်စရာ မရှိလောက်ဘူးလို့ ခံစားလိုက်ရသည်။
စုယန်ကတော့ ရှင်းမပြတော့ပါ။
သူတို့ ရောက်လာတဲ့ အချိန်က မူလဇာတ်လမ်းနဲ့ အတိအကျ မတူပေမဲ့၊ ဒိုင်မူဘိုင်က ဒီဟိုတယ်ရဲ့ ပုံမှန်ဧည့်သည် တစ်ယောက်ပါ။ တူညီတဲ့ နေ့ မဟုတ်ရင်တောင် သူ့နဲ့ တွေ့ဖို့ အခွင့်အရေးက မြင့်မားနေဆဲပါ။
"သွားကြရအောင်။"
စုယန်က ကျူးကျူးချင်းကို ပြောပြီး သူတို့နှစ်ယောက် ဟိုတယ်အဝင်ဝဆီကို အတူတူ လျှောက်သွားကြသည်။
ဝေးလံတဲ့ လမ်းမပေါ်မှာ။
"ဟင်?"
ရှောင်ဝူ ရုတ်တရက် ရပ်လိုက်ပြီး နှစ်ကြိမ်လောက် ရှူသွင်းလိုက်သည်။
ထန်ဆန်းနဲ့ နင်ရုံရုံတို့ ရှောင်ဝူကို ကြောင်တောင်တောင် ဖြစ်နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။
နင်ရုံရုံက မေးလိုက်သည် -
"မင်း ဘာဖြစ်နေတာလဲ?"
ရှောင်ဝူက ပျော်ရွှင်စွာ ပြောလိုက်သည် - "မျောက်ကလေး ပါ စုယန် ရောက်နေပြီ။"
"ဘာ?"
ထန်ဆန်း လုံးဝ နားမလည် ဖြစ်သွားသည်။
နင်ရုံရုံလည်း ရှောင်ဝူကို ထူးဆန်းသလို ကြည့်လိုက်သည်။ အဲဒီလို အနံ့ခံလိုက်တာနဲ့ စုယန် ရောက်နေတာကို သိတာလား?
ရှောင်ဝူက နင်ရုံရုံကို ကြည့်ပြီး "မြန်မြန် လာခဲ့၊ ငါ မျောက်ကလေးရဲ့ အနံ့ကို ရနေပြီ။ ဒါ စုယန်ဆိုတာ သေချာပေါက် အာမခံတယ်။" လို့ ပြောလိုက်သည်။
နင်ရုံရုံက ဒါကို နည်းနည်းတော့ ရယ်စရာကောင်းတယ်လို့ ခံစားမိသည်။
အစ်မရေ၊ အဲဒီလောက်ထိ လွန်မနေနဲ့လေ၊ ဟုတ်တယ်မလား?
လမ်းမကြီးပေါ်မှာ။
လူတစ်ယောက်ကို အနံ့ခံပြီး လိုက်ရှာနေတာလား?
ထန်ဆန်းက ပိုလို့တောင် ဘာမှ မတတ်နိုင်တော့ဘူး။ ရှောင်ဝူ၊ မင်းရဲ့ ဝိဉာဉ်က ယုန်လေ!
မင်းက ခွေးမှ မဟုတ်တာ။
တကယ်တော့၊
ယုန်ရဲ့ နှာခေါင်းက ခွေးလောက် အာရုံခံနိုင်စွမ်း မရှိပေမဲ့ လူတွေထက်တော့ ဆယ်ဆ ပိုကောင်းပါတယ်။ မျောက်ကလေးက ထူးခြားတဲ့ သတ္တဝါ ဖြစ်တဲ့အတွက် ရှောင်ဝူက သူ့ကို လမ်းပေါ်မှာ သဘာဝအတိုင်း အာရုံခံမိနေတာပါ။
နှင်းဆီဟိုတယ်
ဧည့်ခန်းမ
စုယန်က ရွှေဒင်္ဂါးပြား အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ထုတ်လိုက်ပြီး ရှေ့စားပွဲပေါ် တင်ကာ အေးဆေးစွာ ပြောလိုက်သည် -
"အခန်း နှစ်ခန်း ပေးပါ။"
"ဟုတ်ကဲ့၊ ဧည့်သည်တော်။"
ဧည့်ကြိုက လုပ်ဆောင်ပေးဖို့ ပြင်နေပေမဲ့ စစ်ဆေးပြီးနောက် မော့ကြည့်ကာ တောင်းပန်စကား ပြောလိုက်သည် - "ဆောရီးပါ ဧည့်သည်တော်၊ အခု အခန်းတစ်ခန်းပဲ ကျန်တော့လို့ပါ။"
စုယန်က ကျူးကျူးချင်းကို ကြည့်လိုက်ရာ သူမ ခေါင်းငုံ့ပြီး ရှက်ရွံ့နေသည်။ စုယန်က "ဒါဆိုလည်း အခန်းတစ်ခန်းပဲ ပေးလိုက်ပါ!" လို့ ပြန်ဖြေလိုက်သည်။
"ခဏလောက် စောင့်ပေးပါရှင်။"
ရှေ့စားပွဲမှာ အခန်းယူနေတုန်း စုယန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ လှည့်လိုက်တာနဲ့ လက်မှာ အမြွှာညီအစ်မ နှစ်ယောက်ကို ဖက်ထားတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသည်။
ဒါက ဒိုင်မူဘိုင် မဟုတ်ဘူးလား?
အမြွှာညီအစ်မတွေ။
တော်တော်လှသားပဲ
ဒိုင်မူဘိုင်ရဲ့ စရိုက်ကို မေးခွန်းထုတ်လို့ ရပေမဲ့ သူ့ရဲ့ အရသာကိုတော့ ဘယ်တော့မှ မေးခွန်းမထုတ်နိုင်ဘူး။ ဒီကောင်လေး တကယ် ပျော်ဖို့ ကောင်းတာကို သိတာပဲ!
"တကယ်ပဲ သူ့နဲ့ တွေ့သွားပြီ။”