အခန်း ၄၇၇ စားမယ်၊ အိပ်မယ်၊ ပဲစေ့လေးကို ထုမယ်
ဝမ်တုန်းအာ၏ ပြန်လှန်ပက်ကနဲ ပြောလိုက်သည့် စကားကြောင့် ထန်ဟောက်တစ်ယောက် တကယ်ပဲ မှင်တက်သွားရသည်။
ဒါက တကယ်ကို လွန်လွန်းလှသည်
အငယ်ကောင် (ထန်ဆန်း) က ဘယ်လိုသမီးမျိုးကို ပြုစုပျိုးထောင်ခဲ့တာလဲ
မဖြစ်နိုင်ဘူး
အဲဒီ အနှစ်တစ်သိန်း ဝိဉာဉ်သားရဲ နှစ်ကောင် (ရှောင်ဝူနဲ့ အာရင်ကို ဆိုလိုခြင်း) မွေးမြူထားတဲ့ သမီးတွေက တကယ့်ကို အဆုံးအမ မရှိတာပဲ
"ဝမ်တုန်းအာ"
ထန်ဟောက်၏ လေသံတွင် ဒေါသသံများ စွက်ဖက်လာပြီး - "မင်း ဘာတွေ ပြောနေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား"
မင်းက ဘယ်သူ့ကို မုန်းတာလဲ
"မင်းက ငါတို့ ဟောက်တျန်းဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ။ မဟုတ်ဘူးလို့ ပြောရအောင် မင်းကို တစ်ယောက်ယောက်က တစ်ခုခု လျှောက်ပြောထားလို့လား"
ဝမ်တုန်းအာကတော့ စိတ်နှလုံး ကြေကွဲပြီး အလွန်အမင်း နာကျင်နေခဲ့ရသည်။
အဓိက ပြဿနာက သူမ၏ အခြေအနေပင်။ မည်သူကမျှ သူမကို ဂရုမစိုက်ကြချေ။ ထန်ဆန်းက သူမကို ယခုကဲ့သို့ အခြေအနေမျိုးဖြစ်အောင် စီမံခြယ်လှယ်ထားခဲ့သော်လည်း ရှောင်ဝူ၊ ထန်ဟောက် သို့မဟုတ် အာရင်တို့ကပင် သူမကို တားဆီးပေးခြင်း သို့မဟုတ် ကူညီပေးခြင်းမျိုး မရှိခဲ့ကြ။
ပုံမှန် ဇာတ်ကွက်အတိုင်းဆိုလျှင် ရှီလိုင်ခဲ့အကယ်ဒမီမှာ သူမ ဘာပဲဖြစ်ဖြစ်၊ ‘မတ္တာမေးခွန်းချိုင့်ဝှမ်း’ မှာ သေလုနီးပါး ဖြစ်ခဲ့ရင်တောင် ထန်ဟောက်က ပေါ်လာမှာ မဟုတ်ဘူး မဟုတ်လား
သူ့ရဲ့ ပေါ်လာမှုဟာ စုယန်ကြောင့် ထန်ဆန်းရဲ့ အစီအစဉ်တွေ ပျက်ပြားသွားခဲ့ရလို့သာ ဖြစ်သည်။ သူက ထန်ဆန်းရဲ့ နေရာမှာ အစားထိုးပြီး သူမကို နယ်ရုပ်တစ်ခုလို ဆက်လက်အသုံးချကာ ထန်ဆန်းရဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဒီကို ရောက်လာခဲ့ခြင်းသာ။
ဝမ်တုန်းအာသည် ဒါကို တွေးမိလေလေ ရင်ကွဲမတတ် ခံစားရလေလေ ဖြစ်ပြီး စိတ်ပျက်အားငယ်စွာဖြင့် - နင်တို့မျက်လုံးထဲမှာ ငါ ဝမ်တုန်းအာက ဘာလဲ
ဝမ်တုန်းအာသည် မျက်ရည်များ ဝိုင်းစပြုလာကာ ငိုချလိုက်တော့သည်။
ထန်ဟောက် မျက်မှောင်ကြုတ်သွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်မူ သူ၏ လေသံနှင့် အမူအရာကို အနည်းငယ် လျှော့ချလိုက်ပြီး -
"ဝမ်... ကလေးလေး၊ မင်း တစ်ယောက်ယောက်ရဲ့ လှည့်စားမှုကို ခံလိုက်ရတာ ဖြစ်လိမ့်မယ်။ ဘာမှ အတုအယောင် မဟုတ်ဘူး။ မင်းက ဟောက်တျန်းဂိုဏ်းရဲ့ သွေးသားပဲ၊ မင်းရဲ့ ဟောက်တျန်းတူက အတုအယောင် ဖြစ်လို့မရဘူး။"
ဝမ်တုန်းအာက နီမြန်းနေသော မျက်လုံးများဖြင့် ထန်ဟောက်ကို စိုက်ကြည့်ကာ - "ဒီနေ့ကစပြီး ငါ ဒီသိုင်းဝိဉာဉ်ကို ဘယ်တော့မှ ထပ်မသုံးတော့ဘူး။ ငါ ဝမ်တုန်းအာက ဒီသိုင်းဝိဉာဉ် ငါ့မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုမျိုး နေသွားမယ်။"
"ငါက ဝမ်တုန်းအာပဲ၊ ထာဝရ ဝမ်တုန်းအာပဲ။"
"မဖြစ်ဘူး"
ထန်ဟောက်က ပျာပျာသလဲ တားမြစ်လိုက်ပြီး - "ကလေးလေး၊ မင်း တကယ်ပဲ လှည့်စားခံရတာ ဖြစ်မယ်။ မင်းက... ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုကော သိလား"
မင်းရဲ့ ကိုယ်ပိုင် ဇာစ်မြစ်ကိုကော သိရဲ့လား
"ပါးစပ်ပိတ်စမ်း"
ဝမ်တုန်းအာတစ်ယောက် ချက်ချင်း စိတ်ဒဏ်ရာရသွားကာ အော်ဟစ်လိုက်သည် - "ငါ မသိချင်ဘူး၊ ငါ နင့်ကိုလည်း မမြင်ချင်ဘူး၊ နင်တို့အားလုံးကို လုံးဝ မမြင်ချင်ဘူး"
ထန်ဟောက်၏ မျက်နှာအမူအရာ တည်တံ့သွားသည်။ ဝမ်တုန်းအာသည် တစ်ခုခုကို သိနေသည်မဟုတ် — မဟုတ်သေး၊ ဝမ်တုန်းအာသည် အရာအများကြီးကို သိနေခြင်း ဖြစ်ပြီး သူမ၏ နောက်ခံအကြောင်းအရင်းကိုပါ သိရှိထားပုံရကြောင်း သူ သဘောပေါက်လိုက်သည်။
ဒါက ဖြစ်နိုင်ပါ့မလား
အဲဒီ အယုတ်တမာ စုယန်က အချင်းချင်း သွေးခွဲဖို့ ကြိုးစားနေတာလား
ထန်ဟောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အသံနိမ့်ဖြင့် မေးလိုက်သည် - "ငါ မင်းကို မေးမယ်၊ အဲဒီ စုယန်ဆိုတဲ့လူက ဘယ်သူလဲ သူ မင်းကို ဘာတွေ ပြောခဲ့လဲ"
"မင်း တစ်ခုခုကို သိထားတာလား"
ငါ့ကို ဖြေစမ်း
ထန်ဟောက်၏ နောက်ဆုံးလေသံမှာ အေးစက်ခက်ထန်သွားသဖြင့် ဝမ်တုန်းအာကို ထိတ်လန့်သွားစေသည်။
"ဟက်"
ဝမ်တုန်းအာက ထန်ဟောက်ကို ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးဖြင့် စိုက်ကြည့်ကာ - "နင် တကယ်ပဲ သိချင်တာလား"
"ကောင်းပြီလေ။"
"ငါ့ကို သတ်ပစ်လိုက်၊ ငါ့ကို သတ်ပစ်လိုက်ရင် အရာအားလုံး ပြီးဆုံးသွားမှာပဲ"
"မင်း..."
ဝမ်တုန်းအာ၏ ပုန်ကန်သည့် အမူအရာနှင့် သေကြောင်းကြံစည်ချင်သည့် ပုံစံကြောင့် ထန်ဟောက်တစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ လက်လျှော့လိုက်ရတော့သည်။ သူ တကယ်ပဲ သူမကို မနိုင်ချေ။
ဟူး...
ထန်ဟောက် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူသည် စကားပြောဆို ဆက်ဆံရေးတွင် မကျွမ်းကျင်သဖြင့် လောလောဆယ်တွင် အရင်ဆုံး ထွက်ခွာသွားပြီး၊ အာရင်ကို ခေါ်လာကာ အာရင်နှင့် သူမကို သေသေချာချာ စကားပြောခိုင်းရန်သာ တတ်နိုင်တော့သည်။
ထန်ဟောက် ထွက်သွားပြီးနောက် ဝမ်တုန်းအာသည် မြေပြင်ပေါ်တွင် ဝပ်ထိုင်ကာ အထိန်းအကွပ်မဲ့စွာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
အားငယ်ခြင်း။
နာကျင်ခြင်း။
မာရှောင်ထောင်၊ ကျန်းလဲ့ရွှမ်နှင့် မူကျင်တို့ ရောက်လာပြီး ဝိုင်းဆွဲထူမှသာ ဝမ်တုန်းအာတစ်ယောက် ထနိုင်ခဲ့တော့သည်။
မွန်းလွဲပိုင်း။
စုယန်၏ မွမ်းမံဖန်တီးပေးမှုအပြီးတွင် ပိုမိုအစွမ်းထက်သော ‘လျှို့ဝှက်ဆန်းကျယ်ကောင်းကင်မှတ်တမ်း’ ကို ထန်ယာ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီး၊ သူမ၏ ‘ထူးခြားသွေးကြောရှစ်သွယ်’ ကိုပါ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်တွင်မူ လူတိုင်းသည် ထန်ဆန်းကို ထပ်မံရှာဖွေရန် ‘တျန်းဒိုတော်ဝင်အကယ်ဒမီ’ သို့ ဦးတည်ခဲ့ကြသည်။
အချိန်အကန့်အသတ်ကြောင့် စုယန်သည် အခြားကျင့်စဉ်များကို ပေါင်းစပ်ဖန်တီးခြင်း မလုပ်ရသေးချေ။ နောက်ပိုင်း အချိန်ပိုရမှသာ ထိုအရာကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
ထန်ယာမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ‘သတ်ဖြတ်ခြင်းမြို့တော်’ သို့ သွားခဲ့သည့် ခရီးစဉ်ကြောင့် သူမ၏ ဝိဉာဉ်စွမ်းအား အပါအဝင် အစွမ်းများစွာ တိုးတက်လာခဲ့ပြီး ‘ဝိဉာဉ်ဘုရင်’ အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခု စုယန်က သွေးကြောရှစ်သွယ်ကိုပါ ဖွင့်ပေးလိုက်သဖြင့် သူမ၏ ဝိဉာဉ်စွမ်းအားမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး၊ ယခင်က စုပ်ယူထားသော ‘သက်စောင့်စွမ်းအား’ များမှာလည်း ခန္ဓာကိုယ်နှင့် လုံးဝ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ကာ အစွမ်းမှာ ‘ဝိဉာဉ်ဧကရာဇ်’ အဆင့်နီးပါးသို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။
ဒါက ထန်ဆန်းအတွက်တော့ နောက်ထပ် ရက်စက်တဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်လာဦးမည်
【 အမှောင်ကလဲ့စားချေသူ - နင်တို့ ထင်တာတော့... ငါ ထန်ဆန်းကို ငွေပြာမြက်ချင်း အရင် စိန်ခေါ်ရမလား၊ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကျယ်ကောင်းကင်မှတ်တမ်းချင်းပဲ အရင် ပြိုင်ရမလား 】
【 ဂရုအဖွဲ့၀င်နံပါတ် ၉ - အရင်ဆုံး ငွေပြာမြက်ချင်း ပြိုင်၊ ပြီးမှ လျှို့ဝှက်ဆန်းကျယ်ကောင်းကင်မှတ်တမ်းချင်း ပြိုင်။ အကောင်းဆုံးကတော့ လျှို့ဝှက်လက်နက်ချင်းပါ ပြိုင်လိုက်ဦး။ 】
【 အနီရောင်ဖုန်မှုန့်အိပ်မက် - စုယန်... ငါ အခုပဲ ရှီလိုင်ခဲ့မြို့ကို လာခဲ့ရမလား 】
【 ရဲ့ကူယီ - ???】
【 စုယန် - မလိုဘူး၊ ငါတို့ အဲဒီကို ရောက်ရင် မျောက်ကလေး ကို လွှတ်ပြီး နင်တို့ကို လာခေါ်ခိုင်းလိုက်တာ ပိုမြန်လိမ့်မယ်။ 】
【 ဂူယွဲ့နာ ၂ -??? 】
【 ရွှယ်တိ- ကျွန်မတို့ကိုပါ လာခေါ်ပေးလို့ ရမလားဟင် 】
【 ဂူယွဲ့နာ ၁ - နင်က အာနာ (ဂူယွဲ့နာ ၂) ကို ဒီကို တိုက်ရိုက် ခေါ်လာခိုင်းလိုက်တာဆိုတော့ ပိုမြန်မှာပေါ့ ဟုတ်တယ်မလား 】
【 ရွယ်တိ - နတ်ဘုရားဘုရင် ထန်ဆန်းက ဒိုလော့ကမ္ဘာ ၂ မှာ ရှိနေတာလေ။ အကယ်၍ သခင်မကြီးရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားရင်၊ သူက နတ်ဘုရားဘုရင် ထန်ဆန်းရဲ့ လှည့်ကွက်တွေအောက်မှာ သားကောင် ဖြစ်သွားနိုင်တယ်။ 】
【 ဂရုအဖွဲ့၀င်နံပါတ် ၉ - နင်တို့ စိုးရိမ်တာက အခြေအမြစ် မရှိတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အပိုပါပဲ။ 】
【 ရွှယ်တိ - ???】
【 ကျူကျူချင်း - ဂူယွဲ့နာ ၁ ကလည်း ငါတို့နဲ့အတူ လိုက်လာမှာလေ၊ ဒါကြောင့် ဒီလိုကိစ္စတွေကို စိုးရိမ်နေဖို့ မလိုပါဘူး။ စုယန်ကို ထားလိုက်ဦး၊ ဂူယွဲ့နာ ၁ ကိုယ်တိုင်ကလည်း အခု နတ်ဘုရားဘုရင် အဆင့် ဖြစ်နေပြီ။ 】
【 ဂူယွဲ့နာ ၂ - ... 】
ဒိုလော့ကမ္ဘာ ၂။
သက်စောင့်ရေအိုင်
ဂူယွဲ့နာတစ်ယောက် ပျော်သင့်သော်လည်း မပျော်နိုင်ခဲ့ချေ
ဂူယွဲ့နာ ၁ က နတ်ဘုရားဘုရင် အဆင့် ဖြစ်နေပြီတဲ့လား။
အား~
ဒါက တကယ့်ကို နာကျင်စရာကောင်းတဲ့ အမှန်တရားပဲ
"ရွှယ်တိ... ဂူယွဲ့နာ ၁ လာတော့မယ် ဂူယွဲ့နာ ၁ လာတော့မယ် သူမက နတ်ဘုရားဘုရင်ရဲ့ အစွမ်းနဲ့ ငါတို့ကမ္ဘာကို ဆင်းသက်လာတော့မှာ"
နှင်းဧကရီကတော့ အားကိုးရာမဲ့စွာ ကြည့်နေမိသည်။ သူမကော ဘာတတ်နိုင်မှာလဲ
သူတို့နှစ်ယောက်စလုံးက ဂရုထဲကို တစ်ချိန်တည်း ဝင်ခဲ့ကြတာ ဖြစ်သော်လည်း ဂူယွဲ့နာ ၁ က အရင် လက်ဦးမှု ရယူနိုင်ခဲ့ပြီး၊ အခုထိ စီမံခန့်ခွဲသူ နေရာကို ရဖို့ ကြိုးစားနေရတုန်းပဲလေ
"သခင်မကြီး... အချိန် ရှိပါသေးတယ်။ စုယန်တို့ အဖွဲ့က ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ရောက်လာကြတော့မှာ။ အကယ်၍ သခင်မကြီးအနေနဲ့ အခွင့်အရေးကို လက်ဦးမှု ယူနိုင်ရင် ပြဿနာ ရှိမှာ မဟုတ်ဘူးလို့ ထင်ပါတယ်"
ဂူယွဲ့နာက စိတ်ရှုပ်ထွေးစွာဖြင့် - "မဖြစ်နိုင်လောက်ဘူး ထင်တယ်။ ပြီးခဲ့တဲ့အကြိမ်က စုယန် ဂူယွဲ့နာ ၁ ကို ကုသပေးတုန်းက စွမ်းအင်တွေ အများကြီး ကုန်ခမ်းသွားပုံရတယ်။"
"သူတို့ ပြောတာတော့... ငါ့ကို ကုသပေးတဲ့အခါမှာလည်း တစ်ဆင့်ချင်းစီပဲ ကုပေးရမှာတဲ့၊ တစ်ခါတည်းနဲ့ အကုန်လုံး ကောင်းသွားအောင် ကုလို့ မရဘူးတဲ့။"
နှင်းဧကရီက သူမ၏ သခင်မကြီး ဂူယွဲ့နာကို ကြည့်ကာ၊ ဂူယွဲ့နာကို ဆွံ့အသွားစေမည့် မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်သည် - "သခင်မကြီး... နောင်ကျရင် စုယန်ရဲ့ ဒီလောက်ကြီးမားတဲ့ ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်ဖို့ စဉ်းစားထားလဲဟင်"
အလုပ်အကျွေးပြုတဲ့ တိရစ္ဆာန်တစ်ကောင်လို နေပေးရမှာလား
ဒါမှမဟုတ် ကိုယ်တိုင်ပဲ ပေးဆပ်ရမှာလား
ဂူယွဲ့နာတစ်ယောက် ခေတ္တမျှ မှင်တက်သွားရသည်။
အာ
ငါ ဘယ်လို ပြန်ဆပ်ရမှာလဲ ငါ မသိဘူး ငါ သူ့ကို ကျေးဇူးပြန်ဆပ်ဖို့ လုံးဝ မတွေးဖူးဘူး ထင်တယ်၊ ဟူး... ငါ တကယ်ပဲ အဲဒီမေးခွန်းကို မစဉ်းစားမိခဲ့ဘူးပဲ...
ဒိုလော့ကမ္ဘာ ၁။
တျန်းဒိုတော်ဝင်အကယ်ဒမီ။
ထန်ဆန်းသည် စိတ္တဇဝေဒနာ ခံစားနေရသော သူ၏ ဆရာ (ယွီရှောက်ကန်း) နှင့်အတူ ရှိနေဆဲ ဖြစ်သည်။ ထိုစဉ် ရုတ်တရက် အပြင်ဘက်မှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည် -
"ထန်ဆန်း မင်းရဲ့ သူငယ်ချင်းကောင်း စုယန်က လူအချို့ခေါ်ပြီး မင်းဆီကို ထပ်လာပြန်ပြီဟေ့"
"ဘာလဲ"
ထန်ဆန်း ချက်ချင်းပင် ဆတ်ခနဲ ထထိုင်လိုက်မိပြီး၊ သူ၏ မျက်နှာတွင် စိတ်ပျက်အားငယ်လုနီးပါး အမူအရာများ ပေါ်လာတော့သည်။
ဒါက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်တော့ဘူးလား
အဲဒီ အယုတ်တမာ စုယန်က ဒီနေရာကို ရှီလိုင်ခဲ့အကယ်ဒမီလို့ ထင်နေတာလား၊ ငါ့ကို နေ့တိုင်း လာပြီး နှိပ်စက်နေရအောင်
မင်း တကယ်ပဲ သေလမ်းကို ရှာနေတာပဲ
ယွီရှောက်ကန်းလည်း စိတ်လှုပ်ရှားစွာဖြင့် ထထိုင်လိုက်ပြီး - "ဖလန်းဒါ... ငါ ပုပ်ရဟန်းမင်းမြို့တော်ကို သွားမယ် ငါ ပုပ်ရဟန်းမင်းမြို့တော်ကို သွားပြီး ဘီဘီတုံကို ဒီအယုတ်တမာကို သတ်ခိုင်းမယ်"
"ဒါက တကယ်ကို လွန်လွန်းလှတယ်"
ဖလန်းတယ်လည်း ယခုအချိန်တွင် ကြောင်အမ်းအမ်း ဖြစ်နေရသည်။
မဖြစ်နိုင်တာ
မနေ့က ရခဲ့တဲ့ ဒဏ်ရာတွေတောင် အခုထိ မပျောက်သေးဘူးလေ... နေပါဦး ထန်ဆန်းရဲ့ ဒဏ်ရာတွေက မနေ့ကတင် ပျောက်သွားတာပဲ၊ ဒါပေမဲ့ ဒါက နေ့တိုင်း ဖြစ်ပျက်နေလို့ မရဘူး မဟုတ်လား
မင်းတို့ အယုတ်တမာတွေ... ထန်ဆန်းကို ပဲစေ့လေးတစ်စေ့လို့ ထင်နေကြတာလား
စားလိုက်ရင်လည်း ထုတယ်၊ အိပ်ယာနိုးရင်လည်း ထုတယ်၊ အပျင်းပြေရင်လည်း ပဲစေ့လေးကိုပဲ ထိုင်ထုနေကြတယ်