အခန်း (၄၇) - ဒါက ရိုးသားတဲ့သူတစ်ယောက်ကို အနိုင်ကျင့်တာ မဟုတ်ဘူးလား?
ကျူးကျူးချင်းက ခဏလောက် စဉ်းစားပြီး "ရှောင်ဝူက မင်းရဲ့ အထောက်အထားကို သိလား?" လို့ မေးလိုက်သည်။
"သူမနဲ့ မင်းသမီးလေးတို့ နှစ်ယောက်လုံးက မင်းရဲ့ အထောက်အထားကို သိနေပုံပဲ၊ ဂရုချတ်ထဲက သူတို့ရဲ့ အပြုအမူတွေက အရမ်း သိသာနေတာပဲ။"
စုယန်က ပြုံးပြီး "ငါ အသေးစိတ် မကြည့်ရသေးဘူး၊ ဒါပေမဲ့ ရှောင်ဝူက အရင်က ငါ့အထောက်အထားကို မသိဘူး။ ဘာလို့လဲဆိုတော့ ရှောင်ဝူက ဦးနှောက်နည်းနည်းပဲ သုံးတဲ့သူမို့လို့ပါ။ တိတိကျကျ ပြောရရင် သူမက ယုန်တစ်ကောင်၊ လူသားအဖြစ် ပြောင်းလဲထားတဲ့ နှစ်တစ်သိန်း ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်နေလို့ပဲ။"
"ဒါပေမဲ့ နင်ရုံရုံကတော့ တော်တော် ထက်မြက်တယ်။ သူမ မနေ့က ရှောင်ဝူနဲ့ တွေ့ပြီး ငါ နော်ဒင်းအကယ်ဒမီမှာ နေခဲ့တာကို သိသွားတယ်။ ငါ မနေ့ညက ထွက်သွားတာကို ပိုင်းခြားစိတ်ဖြာပြီးတဲ့နောက် ငါ့အထောက်အထားကို သူမ ခန့်မှန်းမိလောက်ပြီ။"
ကျူးကျူးချင်းက ဒါကို ကြားတော့ အနည်းငယ် ထိတ်လန့်သွားသည်။
"နှစ်တစ်သိန်ဝိဉာဉ်သားရဲတစ်ကောင် ဟုတ်လား?"
"ဒါဆို သူမက အန္တရာယ် အလွန်များနေမှာ မဟုတ်ဘူးလား?"
စုယန်က ဒါကို ကြားတော့ ရယ်ချင်စိတ် ဖြစ်သွားသည် - "အန္တရာယ်တော့ များတာပေါ့၊ ဒါပေမဲ့ သူမရဲ့ အခြေအနေကိုယ်တိုင်က အန္တရာယ်များနေတာပါ။ သူမက နေ့တိုင်း ကြိုးတန်းလျှောက်နေရသလိုမျိုးပဲ။"
"ငါတို့ မြင်းလှည်းတစ်စီး သွားငှားရအောင်။ ဒီနေ့ မွန်းလွဲပိုင်းမှာ မင်း ကောင်းကောင်း အနားယူသင့်တယ်။ လမ်းတစ်လျှောက်မှာ ငါ အသေးစိတ် ပြောပြမယ်။"
【ဘီဘီတုံ: လျိုအာ့လုံ၊ မင်းလို အသုံးမကျတဲ့သူ၊ ထွက်လာပြီး ငါ့ကို ရင်ဆိုင်စမ်း။】
【ဟူလီနာ: လျိုအာ့လုံ၊ ထွက်လာပြီး မင်းရဲ့ ဇာတ်လမ်းကို ပြောပြစမ်း။】
【ကလေးဘ၀လမင်း: ဒါကတော့ တကယ်ကောင်းတာပဲ။ မနေ့က ဘီဘီတုံ တစ်ယောက်တည်း အော်နေတာ၊ ဒီနေ့တော့ ဟူလီနာကပါ ကူအော်ပေးနေပြီ။】
【ယန်ဇီက ငှက်မဟုတ်ဘူး: 6။】
【ငါကမိဘမဲ့တစ်ယောက်: မိုက်မဲတဲ့သူတွေကြားထဲမှာ တစ်ယောက်ကိုတစ်ယောက် ဒီလောက်တောင် ထိခိုက်အောင် လုပ်စရာ မလိုဘူးလို့ ငါထင်တယ်။】
【ဘီဘီတုံ: မိဘမဲ့ကောင်၊ မင်း ပါးစပ်ကို ပိတ်ထား။ မင်း ဘယ်သူလဲဆိုတာသာ ငါ သိသွားရင် မင်းကို အလွတ်မပေးဘူး!】
【ငါကမိဘမဲ့တစ်ယောက်: မင်းမျက်လုံးတွေက ကန်းနေတာ။ ငါ မင်းရှေ့တည့်တည့်မှာ ရပ်နေရင်တောင် မင်း ငါ့ကို မှတ်မိမှာ မဟုတ်ဘူး။】
【ဂရုအဖွဲ့၀င်နံပါတ် 9: ဘာလို့များ အမျိုးသမီးတွေက အမျိုးသမီးချင်း အခက်တွေ့အောင် လုပ်နေကြတာလဲ?】
ကျူးကျူးချင်းက စုယန်နောက်လိုက်ပြီး လှည်းစီးဖို့ ပြင်လိုက်သည်။ ဂရုချတ်ထဲက စာတွေကို ကြည့်ရင်း သူမ မရယ်ဘဲ မနေနိုင်တော့ပေ။
ပြောရမယ်ဆိုရင်တော့။
ဒီဂရုချတ်က တကယ်ကို ပျော်စရာကောင်းတာပဲ!
【အရိပ်ထဲကကြောင်: ညီအစ်မတို့၊ အပြင်မှာ တွေ့ဖို့ အဆင်သင့်ဖြစ်ပြီလား?】
【ဂရုအဖွဲ့၀င်နံပါတ် 9: ဟင်? ကြောင်မလေး မင်း ဘယ်သူ့ကို သွားတွေ့မှာလဲ?】
【မုန်လာဥစားရတာကြိုက်တယ်: မင်း စုယန်ကို သွားတွေ့မှာ မဟုတ်ဘူးလား?】
နော်ဒင်းမြို့ကနေ ဆူတိုမြို့ကို သွားတဲ့လမ်းမှာ။
နင်ရုံရုံက လှည်းထဲမှာ ထိုင်ရင်း ရှောင်ဝူကို ဆွဲလိုက်သည်။ ရှောင်ဝူကတော့ ဘာမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။
နင်ရုံရုံက သူတို့ လှည်းအပြင်မှာ လိုက်ပါလာတဲ့ ထန်ဆန်းကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောသည် - "အရိပ်ထဲကကြောင် က ငါတို့ကို ပြောနေတာ ဖြစ်နိုင်တယ်။"
ရှောင်ဝူက ဒါကိုကြားတော့ နားမလည် ဖြစ်သွားသည်။ သူတို့က ဆိုတိုမြို့ကို သွားနေတာ၊ အရိပ်ထဲကကြောင်ကို ဘယ်လိုလုပ် တွေ့မှာလဲ?
ယင်းကိုမြင်တော့ နင်ရုံရုံမှာ လုံးဝ စိတ်ဓာတ်ကျသွားရသည်!
ကောင်းကင်ကြီးရေ။
အရိပ်ထဲကကြောင်ကို ကြည့်လိုက်ပါဦး၊ သူမက စာကြောင်းတစ်ကြောင်းထဲနဲ့ အကုန်လုံးကို ရိပ်မိနေပြီ
ပြီးတော့ ဒီဂရုအဖွဲ့၀င်ကို ကြည့်ပါဦး၊ ငါက အချက်ပြပေးတာတောင် ဘာမှ နားမလည်ဘူး။
နင်ရုံရုံက စကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ ရှေ့က လှည်းမောင်းသူဘေးမှာ ထိုင်နေတဲ့ ထန်ဆန်းက ခိုးကြောင်ခိုးဝှက်နဲ့ နားထောင်နေတာကို သတိထားမိလိုက်သည်။
"ထန်ဆန်း နားထောင်တာ ရပ်လိုက်တော့ နားကို ပိတ်ထားလိုက်။"
တန်ဆန်က ခေါင်းလှည့်ကြည့်ပြီး နင်ရုံရုံကို စိတ်မသက်မသာ အကြည့်နဲ့ ကြည့်လိုက်သည်။
ဒီမိန်းမ
မင်းက သေလမ်းကို လျှောက်ချင်နေတာလား?
ရှောင်ဝူလည်း ဒီအချိန်မှာ သတိထားမိသွားပြီး "ထန်ဆန်း တခြားသူပြောတာကို ခိုးနားထောင်တာ မကောင်းဘူးလေ။ ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ?" လို့ ဒေါသတကြီး အော်ပြောလိုက်သည်။
ထန်ဆန်းက စိတ်ထဲမှာ စိတ်ဓာတ်ကျသွားသည်!
ငါက စုယန်လောက် မကောင်းဘူးလား?
မင်း အခုမှ သိတဲ့ သူငယ်ချင်းလောက်တောင် ငါ မကောင်းဘူး ဖြစ်နေတာလား!?
မတတ်နိုင်ဘူးလေ။
သူက အဝတ်စ နှစ်စကို ယူပြီး နားကို ပိတ်ထားလိုက်ရုံပဲ ရှိတော့သည်။
နင်ရုံရုံက တိုးတိုးလေး ပြောလိုက်သည် - "စုယန်က အလုပ်ကိစ္စလေး လုပ်စရာရှိတယ်၊ ပြီးသွားရင် ဆိုတိုမြို့ကို သွားမယ်လို့ မင်း မပြောခဲ့ဘူးလား။"
"အခု ငါတို့က ဆိုတိုမြို့ကို သွားနေတာ၊ ဒါဆို အရိပ်ထဲကကြောင်က စုယန်နောက်ကို လိုက်လာပြီး ဆိုတိုမြို့မှာ တွေ့ကြဖို့ ဖြစ်လိမ့်မယ်။"
"အော်၊ အဲဒီလိုလား!"
ရှောင်ဝူ ရုတ်တရက် နားလည်သွားသည်။
"နေပါဦး၊ အဲဒါ မမှန်ဘူးမဟုတ်လား?"
ရှောင်ဝူက "စုယန်က သူမကို လွတ်မြောက်အောင် ကူညီပေးတာပဲ၊ ဘာလို့ သူမက စုယန်နောက်ကို လိုက်ပြီး ဆိုတိုမြို့ကို သွားရမှာလဲ?" လို့ မေးလိုက်သည်။
နင်ရုံရုံက ဒီမေးခွန်းကို မဖြေဘဲ လက်သီးကို တင်းတင်းဆုပ်ကာ "ငါ့မှာ ပြိုင်ဘက်အသစ်တစ်ယောက် ပေါ်လာပြီ ထင်တယ်" လို့ ပြောလိုက်သည်။
ရှောင်ဝူ:???
ယုန်ပေါက်စလေးမှာ ဦးနှောက် သိပ်မရှိပေမဲ့ နင်ရုံရုံကတော့ ထက်မြက်သူမို့ စုယန်က အလှပဂေးကို ကယ်တင်လိုက်ပြီး ကြောင်မလေးက ကိုယ်ကိုကိုယ် အပ်နှံလိုက်တယ်ဆိုတာကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဒါမှာ သံသယဖြစ်စရာ မလိုတော့ဘူး။ စုယန်က ဒီလောက် ခန့်ညားတာ၊ ဘယ်မိန်းကလေးကများ နောက်ဘဝမှာ မြင်းလို ဝန်တင်ရမယ့်သူ ဖြစ်ချင်ပါ့မလဲ၊ အားလုံးက သူ့ကို ကိုယ်တိုင် လာအပ်နှံကြမှာပဲ!
ဒါပေမဲ့။
နင်ရုံရုံက သူမရဲ့ စိတ်အာရုံထဲက ကျောက်စိမ်းမှန်ကို လှန်ကြည့်လိုက်ရာ ဂရုချတ်ထဲမှာ ပထမဆုံး တင်ထားတဲ့ ပုံ - ကျူးကျူးချင်း ပို့လိုက်တဲ့ ရင်သားကြီးတဲ့ ပုံ - ကို တွေ့သွားသည်။
"သေစမ်း!" နင်ရုံရုံက သွားကို ကြိတ်လိုက်သည်။ ဒီပြိုင်ဘက်က တော်တော်လေး စွမ်းတာပဲ။
ဖိအားက အရမ်းများတယ်!
【ရတနာခုနှစ်ပါးမင်းသမီးလေး: ငါလည်း စုယန်အစ်ကိုနဲ့ တွေ့ဖို့ မျှော်လင့်နေတယ်။】
တစ်ဖက်မှာ။
ကျူးကျူးချင်းကလည်း ရတနာခုနှစ်ပါး ကျောက်စီကျောက်ရံဂိုဏ်းက နင်ရုံရုံ၊ ရတနာခုနှစ်ပါးမင်းသမီးလေးဆိုတာ တကယ့်ကို မင်းသမီးလေးပဲလို့ တွေးနေမိသည်။
သူမရဲ့ ပြိုင်ဘက်က မသေးဘူးပဲ။
စုယန်က ကျူးကျူးချင်းကို ဆွဲပြီး သူ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီး အနားယူဖို့ အချက်ပြကာ နူးညံ့စွာ ပြောလိုက်သည် -
"မင်း တစ်ညလုံး မအိပ်ရသေးဘူး၊ လှဲအိပ်လိုက်ဦး။"
ကျူးကျူးချင်းက မငြင်းဆန်ဘဲ စုယန်ရဲ့ ပေါင်ပေါ်မှာ လှဲအိပ်လိုက်သည်။ သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိကြရာ သူမ ရှက်ရွံ့စွာနဲ့ မျက်လုံးကို မှိတ်လိုက်သည်။
နင်ရုံရုံ၊ အို နင်ရုံရုံ။
မင်းက ရတနာခုနှစ်ပါး ပြဿဒ်က မင်းသမီးလေး ဖြစ်ပေမဲ့၊ ငါကတော့ အနိုင်ယူပြီးပြီ။
ဒါပေမဲ့။
သူမက စိတ်လှုပ်ရှားပြီး ရှက်ရွံ့နေတာကြောင့် ကျူးကျူးချင်း အိပ်မပျော်ခဲ့ပါ။ သူမ မျက်လုံးကို ခိုးဖွင့်ကြည့်လိုက်ရာ စုယန် အိပ်ပျော်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမ စိတ်ထဲမှာ အရမ်းပျော်ပြီး ဒီလူသားလေး အိပ်ပျော်နေတဲ့ ပုံကို ဓာတ်ပုံရိုက်ပြီး ဒီပျော်ရွှင်မှုကို ကမ္ဘာကြီးနဲ့ ဝေမျှချင်နေမိသည်။
ဒါပေမဲ့ သူမ သူတို့ကို ပြလို့ မရဘူးလေ!
ကျူးကျူးချင်းရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။ ပျော်ရွှင်မှုတွေကြောင့် သူမဟာ ဒီလှပမှုတွေအားလုံးက အိပ်မက်တစ်ခုလိုပဲ ဖြစ်နေဆဲလို့ ခံစားနေရသည်။
တကယ်လို့ ဒါက အိပ်မက်တစ်ခုဆိုရင်၊ ဒီအိပ်မက်က ဘယ်တော့မှ နိုးမလာပါစေနဲ့လို့ပဲ ဆုတောင်းလိုက်သည်။
【ဘီဘီတုံ: လျို... စုယန် ရှိလား? တစ်ခုလောက် ဆွေးနွေးရအောင်၊ အားလုံးရေ?】
【ဟူလီနာ: စုယန်၊ ထွက်လာခဲ့။ ငါ့ဆရာမ မင်းကို ရှာနေတယ်။】
【ငါကမိဘမဲ့တစ်ယောက်: မင်းတို့လည်း ရူးသွားကြတာလား?】
【ယန်ဇီက ငှက်မဟုတ်ဘူး: ပုပ်ရဟန်းမင်းကြီးကလည်း စုယန်နဲ့ တွေ့ချင်နေတာလား?】
【အရိပ်ထဲကကြောင်: သူ အိပ်ပျော်နေတယ်။】
【အားလုံး:???】
စာတစ်စောင်ကို ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီးနောက် ကျူးကျူးချင်းက မျက်လုံးကို မှိတ်ကာ ပျော်ရွှင်စွာနဲ့ အိပ်ပျော်သွားသည်။
ပျော်စရာကောင်းလိုက်တာ။
ပျော်ရွှင်မှုကို ဝေမျှရတာ တကယ်ကို ပျော်စရာကောင်းတာပဲ။
【ဂရုအဖွဲ့၀င်နံပါတ် 9: ငါလည်း စုယန်နဲ့ တွေ့ချင်တယ်၊ ခဏနေပါဦး? ကစ်တီ ကြောင်မလေး မင်း ဘာပြောတာလဲ? ဘယ်သူက အိပ်ပျော်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောစမ်း။】
【ကလေးဘ၀လမင်း: ငါ နည်းနည်း နားမလည်ဘူး။ အရိပ်ထဲကကြောင်၊ မင်းက ဘီဘီတုံကို ပြန်ဖြေနေတာလား?】
【မုန်လာဥစားရတာကြိုက်တယ်:???】
【ရတနာခုနှစ်ပါးမင်းသမီးလေး: အား!!!!】
လူတိုင်းက သေချာ နားမလည်နိုင်ကြပေ။
ဒါပေမဲ့ နင်ရုံရုံကတော့ အသေအချာကို နားလည်သွားသည်။
အရမ်းဒေါသထွက်တာပဲ။
ဒီလို စိတ်ပျက်စရာကောင်းတဲ့ ကြောင်မ
ဒါက ရိုးသားတဲ့သူတစ်ယောက်ကို အနိုင်ကျင့်တာ မဟုတ်ဘူးလား?
သူ အိပ်ပျော်နေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ?
မင်းတို့နှစ်ယောက် နေ့ခင်းကြောင်တောင် ဘာတွေ လုပ်နေကြတာလဲ?
အရှက်မရှိဘူး။
နင်ရုံရုံက သွားတွေကို ကြိတ်လိုက်တာ အသံတောင် မြည်သွားသည်။
ရှောင်ဝူက ကြောင်တောင်တောင် ဖြစ်သွားပြီး "ရုံရုံ၊ မင်း ဘာဖြစ်နေတာလဲ?" လို့ မေးလိုက်သည်။
နင်ရုံရုံက အရမ်းဒေါသထွက်လွန်းလို့ မျက်ရည်တောင် ဝဲလာပြီး "မင်းက ဘာဖြစ်နေတာလဲလို့ ငါ့ကို လာမေးနေသေးတာလား?" လို့ ပြောလိုက်သည်။