အခန်း (၄၄) - ဘီဘီတုံရဲ့ ဟန်ဆောင်ရူးခြင်း
"နေပါဦး၊ ဘာဖြစ်တာလဲ?"
"တစ်ယောက်ယောက်က ငါ့ကို ခိုးပြီး ဓာတ်ပုံရိုက်သွားတာလား?"
စုယန်က ဂရုချတ်ထဲက စာတွေကို စစ်ဆေးဖို့ အချိန်ရလိုက်ချိန်မှာပဲ သူ မြင်းစီးနေတဲ့ ရှက်ဖို့ကောင်းတဲ့ ပုံတစ်ပုံကို တစ်ယောက်ယောက်က ခိုးရိုက်သွားမှန်း သိလိုက်ရသည်။
သူက အဲဒီတုန်းကမှ မြင်းစီးခါစဖြစ်ပြီး သူ့ဖင်တောင် မြင်းနဲ့ မကျင့်သားရသေးတဲ့ အချိန်လေးပါ။
ဟင်?
ရှောင်ဝူနဲ့ နင်ရုံရုံတို့ တွေ့သွားကြပြီ။
သေစမ်း။
စုယန်မှာ ပြောစရာစကားတောင် မရှိတော့ပေ။ သူကတော့ သူ့အထောက်အထားကို ရှီလိုင်ခဲ့အကယ်ဒမီ ရောက်မှပဲ ပေါ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။
အခု အခြေအနေကို ကြည့်ရရင် နင်ရုံရုံရဲ့ ထက်မြက်မှုနဲ့ဆိုရင် သူမ သူ့ကို သံသယဝင်နေလောက်ပြီဖြစ်ပြီး သူ့ကိုတောင် ပစ်မှတ်ထားမိနေလောက်ပြီ။
【စုယန်: ညက ရှည်လျားပြီး အိပ်ချင်စိတ်လည်း မရှိဘူး။ ငါ နဝမအဆင့် ရွှေဆေးလုံး အချို့ကို ပြုလုပ်နေတာ၊ မင်းတို့တွေ တကယ်တွေ့ဆုံကြလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။】
【မုန်လာဥစားရတာကြိုက်တယ်: ဟဲဟဲ။】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဝိုး၊ ကိုစုယန်က အရမ်းတော်တာပဲ! နဝမအဆင့် ရွှေဆေးလုံးဆိုတာ ဘာလဲဟင်?】
【စုယန်: ကလေးတွေက အဲလောက် အမေးများမနေသင့်ဘူး။ အများကြီး သိရင် အရိုက်ခံရတတ်တယ်ဆိုတာ မင်းတို့ နားလည်တယ်မဟုတ်လား?】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဟားဟား!】
【မုန်လာဥစားရတာကြိုက်တယ်:မင်း ဘာကို ရယ်နေတာလဲ?】
【ယန်ဇီက ငှက်မဟုတ်ဘူး: စုယန်၊ မင်း ဒီညလုံး မပေါ်လာဘူး၊ အခုဆိုရင် အားလုံးလည်း အိပ်ဖို့ပြင်နေကြပြီ။】
【ဂရုအဖွဲ့၀င်နံပါတ် 9: ရွှေဆေးလုံးလုပ်တာက အပို၊ အိမ်ကနေ ထွက်ပြေးလာတဲ့ တစ်ယောက်ယောက်ကို ကူညီပေးတာက အဓိကပဲ မဟုတ်လား?】
【ဘီဘီတုံ: အရိပ်ထဲကကြောင် ၊ တကယ်လို့ မင်း ဒုက္ခရောက်နေရင် ဒီနေရာကို လာခဲ့နိုင်ပါတယ်။ ဂရုချတ်မှာ အတူရှိနေတဲ့အတွက် ငါ ငြင်းမှာ မဟုတ်ပါဘူး။】
【ငါကမိဘမဲ့တစ်ယောက်: သူမက သာမန်လူတစ်ယောက်၊ မင်းလို ရူးသွပ်နေတဲ့သူကို ဘယ်လိုလုပ်ပြီး ချဉ်းကပ်ရဲမှာလဲ?】
【ဘီဘီတုံ: မိဘမဲ့ကောင်၊ မင်း တော်တော်လွန်နေပြီနော်!】
"ဆရာ။"
ပုပ်ရဟန်းမင်းနန်းဆောင်။
ဟူလီနာက အလန့်တကြား ပြေးဝင်လာပြီး အထဲရောက်တာနဲ့ ဘီဘီတုံက ကျောက်စိမ်းမှန်ကို ရိုက်ခွဲဖို့ လက်မြှောက်ထားတာကို တွေ့လိုက်ရသည်။
ဟူလီနာ: ငါ အထဲရောက်တာနဲ့ ချန်ဝေက လိုင်ဖူကို ရိုက်နေတာကို တွေ့လိုက်ရတယ်။ ဆရာမက ကိုယ်ခံပညာ မတတ်ဘူးလို့ ပြောပြီးမှ(အင်တာနက်ပေါ်မှဟာသတစ်ခု) - အို၊ မဟုတ်ပါဘူး ဆရာမ ရူးမသွားသေးဘူးလို့ ပြောနေတာလား?
ဘီဘီတုံမှာ တကယ်ကို ဒေါသထွက်နေရသည်။
ဘာဖြစ်တာလဲ?
လျိုအာ့လုံ တစ်ယောက်ကို ပိတ်လှောင်ထားတာတောင် မလုံလောက်သေးဘူးလား။
ဒီ မိဘမဲ့ကောင်ကလည်း နေ့တိုင်း ငါ့ကို အပြစ်ရှာဖို့ လာနေသေးတယ်။
ငါ ဘီဘီတုံက အနိုင်ကျင့်လို့ ကောင်းတဲ့သူလား?
"နာနာ၊ ပြန်ရောက်လာပြီလား။"
ဘီဘီတုံက သူမလက်ကို ချလိုက်ပြီး ဟူလီနာကို မျက်နှာပေါ်မှာ တည်ငြိမ်တဲ့ အပြုံးနဲ့ ကြည့်လိုက်သည်။
ဟူလီနာက စိုးရိမ်တကြီးနဲ့ "ဆရာမ၊ အဆင်ပြေရဲ့လား?"
"ဟဲဟဲ။"
ဘီဘီတုံက ခပ်ပေါ့ပေါ့ ပြုံးပြီး "ငါ ဘာဖြစ်ရမှာလဲ? ငါ ကြုံတွေ့ခဲ့ရသမျှကို မင်း မသိတာလည်း မဟုတ်ဘူး။ ဒီလောက် အသေးအဖွဲ ကိစ္စလေးတွေနဲ့ ငါ တကယ် ရူးသွားမယ်လို့ ထင်နေတာလား?"
ဟူလီနာက စိုးရိမ်နေဆဲဖြစ်ပြီး "ဒါပေမဲ့ ဆရာမ၊ ဂရုချတ်ထဲမှာ ဆရာမရဲ့ အပြုအမူတွေက အရမ်း အရမ်း ထူးဆန်းနေသလိုပဲ..."
ဘီဘီတုံလည်း စိတ်ပင်ပန်းနေပြီ။
"မိုက်မဲလိုက်တာ!"
"မင်းရဲ့ ဆရာမက ဘာလုပ်နိုင်မှာလဲ?"
"သူတို့ကို ငါ့ကို အားမနာတမ်း ရယ်မောခွင့် ပေးထားရမှာလား? အခုတော့ သူတို့အားလုံး ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို သိသွားပြီ၊ ငါ ဘယ်လို မျက်နှာနဲ့ သူတို့ကို ရင်ဆိုင်ရမှာလဲ?"
"အာ!"
ဟူလီနာက အံ့အားသင့်သွားပြီး "ဒါဆို ဆရာမ တကယ် မရူးသွားပဲ၊ ဟန်ဆောင်နေတာကိုး! အရမ်းကောင်းတာပဲ။"
"ဆရာမက တကယ်တော့ ဟန်ဆောင်ရူးနေတာပဲ။"
ဘီဘီတုံက ဟူလီနာကို စိတ်ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်ပြီး -
"မဟုတ်ရင် မင်း ဘာထင်နေတာလဲ?"
"လျိုအာ့လုံက ဝမ်းနည်းတာ မပြီးသေးဘူးလို့ မင်း ထင်နေတာလား?"
"သူမ ဝမ်းနည်းတာ မပြီးသေးတာ မဟုတ်ဘူး၊ သူမက လူတွေကို ရင်ဆိုင်ဖို့ မျက်နှာမရှိလို့ပဲ။ သူမ ထွက်လာတာနဲ့ လူတိုင်းရဲ့ လှောင်ပြောင်မှုကို ခံရပြီး သေလောက်အောင် ရှက်ရလိမ့်မယ်။"
ဟူလီနာ အခုမှ နားလည်သွားသည်။
အံ့ဩဖို့ကောင်းလိုက်တာ!
ဆရာမနဲ့ ထိုက်တန်ပါတယ်။
【ဟူလီနာ: လျိုအာ့လုံ၊ မြန်မြန်ထွက်လာပြီး ငါ့ဆရာမကို ရင်ဆိုင်စမ်း။】
【ဟူလီနာ: ငါ ဟူလီနာက ဆရာမ ဘီဘီတုံကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးမယ်။】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဟူလီနာက ပုပ်ရဟန်းမင်းနန်းဆောင်ကို ပြန်ရောက်သွားပြီ ထင်တယ်။】
【ဂရုအဖွဲ့၀င်နံပါတ် 9: ဟူလီနာ၊ မင်း အကျပ်ကိုင်ခံနေရရင် မျက်စိတစ်ချက်မှိတ်ပြပါ!】
ချွတ်~
ဟူလီနာက သူမစိတ်ထဲမှာ လှောင်ပြုံး ပြုံးလိုက်သည်။
မိုက်မဲတဲ့ လူအုပ်ကြီး!
ငါ့ဆရာမက ဘယ်လောက်တောင် ပညာဉာဏ်ကြီးပြီး ရဲရင့်လဲဆိုတာ မင်းတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ?
【ဘီဘီတုံ: လျိုအာ့လုံ၊ မြန်မြန်ထွက်လာပြီး ဒီနေရာကို ရင်ဆိုင်စမ်း။】
【ကလေးဘ၀လမင်း: ပုပ်ရဟန်းမင်းကြီး၊ ဒီနေ့ တစ်နေ့တည်းနဲ့ ဒီစကားကို အခါငါးဆယ်လောက် ပြောနေပြီ။ သူမကို လွှတ်ပေးလိုက်ပါတော့လား?】
【ဘီဘီတုံ: ငါက ရူးသွပ်နေတဲ့ ပုပ်ရဟန်းမင်းကြီး၊ သူတော်စင် ပုပ်ရဟန်းမင်း မဟုတ်ဘူး။ ငါ သူမကို လွှတ်ပေးရင် မင်းတို့ထဲက တစ်ယောက်ယောက်ကရော ငါ့ကို လွှတ်ပေးခဲ့လို့လား?】
【ငါကမိဘမဲ့တစ်ယောက်: ဟဲ့၊ ရူးနေတဲ့သူ။】
ဘီဘီတုံ ဒေါသပေါက်ကွဲသွားသည်။
သူမက မိဘမဲ့ကောင်ကို ပြန်ပြောဖို့ ပြင်နေချိန်မှာပဲ ဟူလီနာက သူမကို ဆွဲထားလိုက်သည်။ သူမက ဟူလီနာကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ပြီး -
"ဘာဖြစ်တာလဲ?"
ဟူလီနာက ခေါင်းခါလိုက်ပြီး သူမရဲ့ အမူအရာ ရှုပ်ထွေးစွာနဲ့ "ဘာမှမဟုတ်ပါဘူး။ ဆရာမ၊ သူမကို မိဘမဲ့လို့ပဲ သဘောထားလိုက်ပါ၊ သူ့အဆင့်ကို လိုက်မဆင်းပါနဲ့။"
ဘီဘီတုံက စိတ်တိုတိုနဲ့ -
"ငါ သူမကို မျက်နှာသာ ပေးရမှာလား?"
"ဒီဂရုချတ်မှာ စုယန်ကို မျက်နှာသာ ပေးတာကလွဲရင် ငါ ဘယ်သူ့ကိုများ မျက်နှာသာ ပေးစရာ လိုသေးလို့လဲ?"
【ဘီဘီတုံ: ဟဲ့၊ မိဘမဲ့ကောင်။】
ဟူလီနာက သူမရဲ့ မျက်နှာကို လက်နဲ့ အုပ်ထားလိုက်ရသည်။ ကြည့်မရတော့ဘူး။
ရန်ဖြစ်ကြပါစေတော့!
အမှန်တရား ပေါ်ပေါက်လာမယ့်နေ့ကျရင် ဆရာမ ဘယ်လို မျက်နှာနဲ့ ရင်ဆိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
【ယန်ဇီက ငှက်မဟုတ်ဘူး: တခြား ဘာသတင်းတွေ ရှိသေးလဲ? မရှိရင် ငါ အိပ်တော့မယ်၊ နောက်ကျနေပြီ။】
【ဂရုအဖွဲ့၀င်နံပါတ် 9: သတင်းတွေတော့ ရှိတယ်၊ ဒါပေမဲ့ မင်း စောင့်နိုင်မယ် မထင်ဘူး။】
【ယန်ဇီက ငှက်မဟုတ်ဘူး:???】
【ငါကမိဘမဲ့တစ်ယောက်: အမှတ် 9၊ မင်းပြောတာ စုယန်နဲ့ အရိပ်ထဲကကြောင် ကြားက သတင်းကို ပြောတာလား?】
【ဂရုအဖွဲ့၀င်နံပါတ် 9: ဟုတ်တယ်၊ သူတို့နှစ်ယောက်က လမ်းကြောင်းချင်း ဆုံကြမှာ သေချာတယ်၊ ဒါပေမဲ့ ဘာသတင်းမှ မကြားသေးဘူး။ ဖြစ်ပျက်နေတာ ဖြစ်နိုင်သလို၊ မစရသေးတာလည်း ဖြစ်နိုင်တယ်။】
【ယန်ဇီက ငှက်မဟုတ်ဘူး: အဲဒါ မမှန်ဘူး! 'နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ၊ လောကကြီးကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ စုယန်ရှိနေသ၍ ကောင်းကင်ဘုံတည်ရှိလိမ့်မယ်'။ စုယန်က လူကို ကယ်ဖို့ အဲလောက်တောင် နှေးကွေးနေတာလား?】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဗလာနယ်မြေ ကို ဖြတ်သန်းရတဲ့ ခရီးက နည်းနည်းတော့ ကြမ်းတမ်းနိုင်တယ်၊ နတ်မြင်းလေးလည်း အနားယူဖို့ လိုအပ်မှာပါ။]
【မုန်လာဥစားရတာကြိုက်တယ်: ဟားဟား!!】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဒါဆိုရင်လည်း ငါ စောင့်မယ်။ စုယန်၊ အရိပ်ထဲကကြောင်၊ မင်းတို့ နှစ်ယောက်လုံး ငါတို့ကို ပြောပြဖို့ သေချာ မှတ်ထားပါ။ မင်းတို့ကို စောင့်ရင်းနဲ့ ငါ အိပ်တောင် မအိပ်တော့ဘူး။】
【ဂရုအဖွဲ့၀င်နံပါတ် 9: အံ့ဩဖို့ကောင်းလိုက်တာ။】
နော်ဒင်းမြို့။
ရှောင်ဝူနဲ့ နင်ရုံရုံတို့ ခဏတာ လမ်းခွဲလိုက်ကြပြီး မနက်ဖြန် မနက်မှာ ဆိုတိုမြို့ကို အတူသွားဖို့ သဘောတူလိုက်ကြသည်။
ရှောင်ဝူမှာ တကယ်ကို အကြံအစည် မရှိဘဲ သူမရဲ့ ဦးနှောက်ကလည်း သိပ်မထက်မြက်ပေ။ နင်ရုံရုံ နော်ဒင်းမြို့ကို လာတဲ့ ရည်ရွယ်ချက်က သူမကို ရှာဖို့ မဟုတ်ဘဲ စုယန်ကို ရှာဖို့ဆိုတာကို သူမ လုံးဝ မေ့သွားခဲ့သည်။
နင်ရုံရုံက တကယ်တော့ စုယန်ကို လာရှာတာလေ!
ရှောင်ဝူကတော့ ဆိုတိုမြို့ကို အဖော်နဲ့ သွားရတော့မယ်ဆိုပြီး စိတ်ထဲမှာ ပျော်ရွှင်နေသည်။ အဖော်တစ်ယောက်တင် မဟုတ်ဘူး၊ နောက်ထပ် ပြိုင်ဘက်တစ်ယောက် ရသွားတာမှန်း သူမ မသိရှာဘူး။
မနက်စောစော။
စတားလော့အင်ပါယာ အတွင်းရှိ ဝါးတောတစ်ခုတွင်၊ အရိပ်တစ်ခုက တောအုပ်ထဲတွင် လျင်မြန်စွာ ပြေးလွှားနေသည်။
ထိုအရိပ်က အရိပ်ထဲကကြောင် (ကျူကျူချင်း)ပဲဖြစ်သည်။
တစ်ညလုံး ပြေးလွှားလာခဲ့ရတာကြောင့် သူမရဲ့ မြင်းက လုံးဝ ပင်ပန်းနွမ်းနယ်နေပြီ။ နောက်ထပ် မြင်းရှာဖို့ အချိန်မရှိတော့တဲ့အတွက် မြင်းကို စွန့်ပစ်ပြီး တောအုပ်ထဲကို ပြေးဝင်သွားလိုက်သည်။
အရိပ်ထဲကကြောင် (ကျူကျူချင်း) ရဲ့ နောက်မှာတော့ သူမနဲ့ အလားတူ လှပတဲ့ ခန္ဓာကိုယ်ပိုင်ရှင်၊ မျက်နှာကို အနက်ရောင်နဲ့ ဖုံးအုပ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဝိဉာဉ်မာစတာ အချို့နဲ့အတူ အဆက်မပြတ် လိုက်လံ ဖမ်းဆီးနေသည်။
ရှူး!
မြားတစ်စင်းက လေကို ထိုးဖောက်သွားသည်။
အရိပ်ထဲကကြောင် (ကျူကျူချင်း) က ဘာဖြစ်နေမှန်း ချက်ချင်း သိလိုက်ပြီးသူမ ခုန်ပေါက်ပြီး ရှောင်တိမ်းကာ ကောင်းကင်ဒို အင်ပါယာ ဘက်ကို ဆက်လက် ပြေးသွားသည်။
ခွပ်။
ပြေးပြီး မကြာခင်မှာပဲ အရိပ်ထဲကကြောင် (ကျူကျူချင်း) က လေဟာနယ်ကို နင်းမိသလို ဖြစ်ပြီး တောအုပ်ထဲက တိရစ္ဆာန်ဖမ်းတဲ့ ကျင်းတစ်ခုထဲ ပြုတ်ကျသွားသည်။
ကျူးကျူးယွင် လည်း သူမရဲ့လူတွေကို ခေါ်ပြီး ကျင်းနားကို ရောက်လာသည်။
မကြာခင်မှာပဲ။
အရိပ်ထဲကကြောင် (ကျူကျူချင်း) က အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း၊ ကျူးကျူးယွင် အပါအဝင် ဝိဉာဉ်ဘိုးဘေး ငါးယောက်ကို ရင်ဆိုင်လိုက်ရသည်။
စကားပုံအတိုင်းပဲ၊ အရေးအကြောင်းဆိုရင် မထိတ်လန့်ပါနဲ့၊ အရင်ဆုံး ကျောက်စိမ်းမှန်ကို ထုတ်ပြီး ကိုယ့်ရဲ့ အခြေအနေကို ပို့စ်တင်လိုက်ပါ။
အရိပ်ထဲကကြောင် (ကျူကျူချင်း) က တကယ်ပဲ အဲဒီလို လုပ်လိုက်သည်။ စုယန် ရောက်တော့မယ်လို့ တွက်ချက်ပြီး သူမရဲ့ ကျောက်စိမ်းမှန်ကို ထုတ်ကာ ဓာတ်ပုံရိုက်ပြီး ဂရုထဲမှာ ပို့စ်တင်လိုက်သည်။
【အရိပ်ထဲကကြောင်: မျက်နှာဖုံးစွပ် လူသတ်သမား ငါးယောက်.jpg】
【အရိပ်ထဲကကြောင်: အသက်အန္တရာယ် ရှိနေတယ်။】
ထို့နောက်။
အရိပ်ထဲကကြောင် (ကျူကျူချင်း) က စုယန်နဲ့ စကားပြောဖို့ ပုဂ္ဂလိက စာတိုကို ဖွင့်လိုက်သည်။
【အရိပ်ထဲကကြောင်: သူတို့ ငါ့ကို မိသွားပြီ။】