အခန်း (၄၃) - ဖော်ထုတ်ခံရခြင်း၊ စုယန် နှစ်ယောက်
"ဟင်?"
နင်ရုံရုံ ရဲ့ မျက်လုံးများ ချက်ချင်းလင်းလက်သွားသည်။
စုယန်?
မဖြစ်နိုင်ဘူး မဟုတ်လား?
သူမရဲ့ ကံကြမ္မာက တကယ်ပဲ အဲလောက်တောင် ကောင်းတာလား? သူမက လမ်းမှာတွေ့တဲ့ ခန့်ညားတဲ့လူကို မေးချင်တာကနေ စုယန်နဲ့ တကယ်ပဲ တွေ့ဆုံသွားတာလား?
စုယန်နဲ့ သူမတွေ့ခဲ့တဲ့လူ ဘယ်သူက ပိုခန့်လဲဆိုတာကို သူမ မသိရသေးဘူး။
သူတို့နှစ်ယောက်လုံးက သူမကို လိုက်မယ်ဆိုရင် သူမ ဘယ်သူ့ကို ရွေးရမလဲ?
စုယန်:???
"ရှောင်ဝူ၊ စုယန် ဖော်ထုတ်ခံရတော့မယ်လို့ မင်း အခုလေးတင် ပြောလိုက်တာ မဟုတ်လား။ စုယန် အခု ဘယ်မှာလဲ?"
ရှောင်ဝူက ယင်းကိုကြားသော် ပြန်ဖြေသည်၊ "စုယန်က အလုပ်ကိစ္စတစ်ခုကို ကိုင်တွယ်ဖို့ အပြင်သွားတယ်။ မင်း သူ့ကို လမ်းမှာ မတွေ့ခဲ့ဘူးလား?"
ယင်းကိုကြားသောအခါ နင်ရုံရုံ နည်းနည်း ကြောင်သွားသည်၊ "ငါ စုယန်ကို မတွေ့ခဲ့ပါဘူး!"
ရှောင်ဝူလည်း ကြောင်သွားပြီး ပြန်ဖြေသည်၊ "မင်း တွေ့ခဲ့ပါတယ်!"
"မင်း စုယန်ကို တွေ့ခဲ့တယ်၊ သူ့ဓာတ်ပုံရိုက်ခဲ့တယ်၊ အဲဒီကနေမှ ဒီနေရာကို ရောက်လာပြီး ငါတို့တွေ့ခဲ့ကြတာလေ။"
"အာ!"
"အဲဒီလူက စုယန်လား?"
နင်ရုံရုံ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ချက်ချင်း ပြည့်နှက်သွားသည်။ ဒါက အရမ်းကောင်းတာပဲ! သူကသာ စုယန်ဆိုရင် သူမ ရွေးချယ်စရာ မလိုတော့ဘူး။
ဒါက အံ့ဩဖို့ကောင်းတယ်။
"နေပါဦး၊ မဟုတ်ဘူး။ အဲဒါ မဟုတ်သေးဘူး။"
ရှောင်ဝူက စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလိုက်သည်၊ "မင်း စုယန်ကို မသိလို့ ငါ့ကို လာမေးတာ မဟုတ်ဘူးလား?"
နင်ရုံရုံက သူမရဲ့ ဦးနှောက်နဲ့ လိုက်မမှီတော့သလို ခံစားလိုက်ရသည်။
သူတို့နှစ်ယောက်လုံး တစ်နေရာတည်းမှာ ရှိနေတာ မဟုတ်ဘူးလား?
ဘာလို့ အရာအားလုံးက ထူးဆန်းနေသလို ဖြစ်နေတာလဲ?
"ရှောင်ဝူ၊ ငါက ဘယ်လိုလုပ် စုယန်ကို မသိဘဲ နေမှာလဲ? ငါက သူ ဘယ်လိုပုံစံလဲဆိုတာကိုပဲ မသိတာပါ။ သူက ဒီလောက်တောင် ချောမောလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။"
ရှောင်ဝူက နင်ရုံရုံကို ကြည့်လိုက်ပြီး စိတ်ထဲတွင် အလွန်ထူးဆန်းနေသည်။
"မင်း ဘာလို့ စုယန်ကို သိနေရတာလဲ?"
နင်ရုံရုံက မုန်လာဥကို ကိုင်ထားတဲ့ ရှောင်ဝူရဲ့ ရှုပ်ထွေးနေတဲ့ မျက်နှာကို ကြည့်ပြီး ဒီညီမလေးဟာ သူ့ဦးနှောက်ကို အာဟာရဖြစ်စေဖို့ သစ်ကြားသီးနဲ့ ငါးတွေ ပိုစားဖို့ လိုအပ်တယ်လို့ ခံစားလိုက်ရသည်။
"စုယန်က ဒီနေ့ ဂရုချတ်မှာ ယုရှောင်ဂန်းအကြောင်းကို ငါတို့နဲ့ ပြောနေတာပဲ။ ငါက ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ?"
"အော်!"
ရှောင်ဝူ အခုမှ သဘောပေါက်သွားသည်။ နားလည်မှုလွဲနေမှန်း သိလိုက်ရတော့ သူမ ရှင်းပြသည်၊ "မဟုတ်ဘူး၊ အဲဒါ မဟုတ်ဘူး။ ငါပြောနေတဲ့ စုယန်နဲ့ ဂရုချတ်ထဲက စုယန်က တစ်ယောက်တည်း မဟုတ်ဘူး။"
"ဂရုချတ်ထဲက စုယန်က စုယန်ပဲ၊ ဒါပေမဲ့ ငါပြောတဲ့ စုယန်က ငါ့ရဲ့ သူငယ်ချင်း။ သူက မျောက်ကလေးရဲ့ပိုင်ရှင် စုယန်၊ နော်ဒင်းအကယ်ဒမီက ငါ့ရဲ့ အတန်းဖော်၊ ပြီးတော့ မင်းတွေ့ခဲ့တဲ့ လူပဲ။"
နင်ရုံရုံလည်း ကြောင်သွားသည်။
"မဖြစ်နိုင်တာ?"
"စုယန် နှစ်ယောက်?"
"အင်း!"
ရှောင်ဝူက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။
နင်ရုံရုံက ထပ်မေးလိုက်သည်၊ "ဒါဆို ဒီ စုယန် နှစ်ယောက်ကြားမှာ ဘာတွေကွာခြားတာလဲ?"
ရှောင်ဝူက ခေါင်းခါလိုက်သည်။
"ငါလည်း မသိဘူး!"
"ဒါပေမဲ့ ငါ ပြောပြနိုင်တာကတော့ ဒီ နော်ဒင်းအကယ်ဒမီက စုယန်ကလည်း အံ့ဩဖို့ကောင်းတယ်။ သူက မျောက်ကလေးရဲ့ ပိုင်ရှင်၊ မျောက်လေးက သူ့ရဲ့ သိုင်းဝိဉာဉ်ပဲ၊ ပြီးတော့ သူက ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ..."
ရှောင်ဝူက အတော်လေး ကြာအောင် ပြောနေမိသည်။
ဒါက နင်ရုံရုံကို ခေါင်းယားသွားစေသည်။
တစ်ခုခုတော့ မှားနေပြီ!
တစ်ခုခုတော့ မဟုတ်တော့ဘူး!
တစ်ခုခုတော့ အလွန်မှားယွင်းနေပြီ!
"မင်းပြောတာက စုယန်က ယုရှောင်ဂန်းလိုပဲ အသုံးမကျတဲ့သူ ဖြစ်ခဲ့ပေမဲ့၊ နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့ ဝိဉာဉ်စွမ်းအားက အဆင့် ၃၈ ကို ရောက်သွားတယ်၊ ပြီးတော့ သူက နတ်ဘုရားဖြစ်လာမဲ့ ထန်ဆန်းကိုတောင် အနိုင်ယူခဲ့တယ်ပေါ့။ ယုရှောင်ဂန်းကို ငိုအောင် လုပ်ခဲ့တဲ့သူက သူလား?"
ရှောင်ဝူက ခေါင်းညိတ်လိုက်သည်၊ "ဟုတ်တယ်၊ စုယန်က အံ့ဩဖို့ကောင်းတယ် မဟုတ်လား?"
နင်ရုံရုံက အတွေးနက်စွာ ခေါင်းညိတ်ပြီး မေးလိုက်သည်၊ "ဒါဆိုရင် ဒီ စုယန်က ဂရုချတ်ထဲက စုယန် ဖြစ်နိုင်ခြေ ရှိမရှိ မင်းစဉ်းစားကြည့်ဦး။"
ရှောင်ဝူက အလျင်အမြန် ခေါင်းခါလိုက်သည်၊ "မဖြစ်နိုင်ဘူး။ ငါ သူ့ကို မေးကြည့်တော့ သူက လုံးဝ မဟုတ်ဘူးလို့ ပြောတယ်။"
"အမ်၊ ဟဲဟဲ။"
နင်ရုံရုံကတော့ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူက အမှန်တရားလေးတွေကို ပြောရတာ ကြိုက်တဲ့သူ၊ သူပြောသမျှတိုင်းက အမှန်တရားပဲလို့ ဘယ်သူမှ အာမခံနိုင်ဘူးလေ!
အသုံးမကျသူရဲ့ ပြန်လည်ရောက်ရှိလာခြင်း။
အဆင့် ၃၈ ဝိဉာဉ်စွမ်းအား။
ထန်ဆန်းနဲ့ ယုရှောင်ဂန်း နှစ်ယောက်လုံး ပါဝင်ပတ်သက်နေခြင်း။
ဒီမှာ ပေါ်လာတဲ့ စုယန်က နေရာတိုင်းမှာ ထူးဆန်းမှုတွေကို ဖော်ပြနေတယ်။ ပြဿနာ မရှိဘူးဆိုတာတော့ နင်ရုံရုံက ၁၀၀ ရာခိုင်နှုန်း မယုံနိုင်ဘူး။
ရှောင်ဝူက နင်ရုံရုံကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်ပြီး မေးလိုက်သည်၊ "မင်း ဘာကို ရယ်နေတာလဲ?"
နင်ရုံရုံက သူမရဲ့ မေးစေ့ကို ပွတ်ပြီး ပြောလိုက်သည်၊ "မင်းပြောတာ ဂရုထဲမှာ အကူအညီလိုနေတဲ့ အရိပ်ထဲကကြောင် ရှိတယ်၊ ပြီးတော့ စုယန်ကလည်း အဲလောက်တောင် အလျင်စလို ထွက်သွားတယ်။ ပြဿနာ မရှိဘူးလို့ မင်းထင်လား?"
"ဒုတိယအချက်အနေနဲ့၊ ငါ ထန်ဆန်းနဲ့ မတွေ့ဖူးပေမဲ့ ဂရုချတ်ကနေကြည့်ရင် ထန်ဆန်းဆိုတာ နက်နဲသောကောင်းကင်ရတနာမှတ်တမ်း ဆိုတဲ့ နတ်ဘုရားဆန်တဲ့ ကျွမ်းကျင်မှုကို ယူဆောင်လာတဲ့ ဝိဉာဉ်ပြောင်းရွှေ့သူ တစ်ယောက်ဆိုတာ ငါ အသေအချာ ပြောနိုင်တယ်။ သူ့အရွယ်တူ ဘယ်သူမှ သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ စုယန်က သူ့ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူနိုင်ခဲ့တယ်။"
"အာ???"
ရှောင်ဝူ ခေါင်းယားသွားသည်၊ သူမရဲ့ ဦးနှောက် ကြီးထွားလာနေတဲ့ လက္ခဏာလိုပဲ။
နင်ရုံရုံက ဆက်ပြောသည်၊ "ရိုးရိုးသားသားပြောရရင်၊ ဂရုချတ်ထဲက စုယန်တစ်ယောက်တည်းကလည်း မှော်ဆန်နေပြီ။ ဒီမှာလည်း အဲလောက်တောင် အံ့ဩဖို့ကောင်းတဲ့ နောက်ထပ် စုယန်တစ်ယောက် ရှိနေတယ်ဆိုတာကို ငါ မယုံဘူး။ လူနှစ်ယောက်လုံးက စုယန်လို့ နာမည်တူပြီး နှစ်ယောက်လုံးကလည်း မှော်ဆန်နေကြတယ်။ ဒီလောက်တောင် တိုက်ဆိုင်မှုတွေ ဒီလောကမှာ ရှိနိုင်မယ်လို့ မင်းထင်လား?"
ရှောင်ဝူ ခေါင်းကိုကုတ်ပြီး အတွေးနက်စွာ ပြောလိုက်သည်၊ "အရမ်း ထူးဆန်းတယ်။ ငါလည်း အရင်ကတည်းက တစ်ခုခု အရမ်းမှားနေတယ်လို့ ခံစားခဲ့ရတယ်။"
"ဒါဆို သူတို့က လူတစ်ယောက်တည်း ဖြစ်နေတာလား?"
"သေချာပေါက်ပဲ။"
နင်ရုံရုံက ပြတ်ပြတ်သားသား အတည်ပြုလိုက်သည်။
ရှောင်ဝူ ခဏတာ ကြောင်သွားပြီးမှ ပြောလိုက်သည်၊ "အဲဒါ မမှန်ဘူး! ဂရုချတ်ထဲက စုယန်က အရမ်း အံ့ဩဖို့ကောင်းတယ်။ ဒီ စုယန်က အံ့ဩဖို့ကောင်းပေမဲ့ နှစ်ယောက်လုံးကို လုံးဝ ယှဉ်လို့ မရဘူး!"
နင်ရုံရုံက သူမရဲ့ နဖူးကို သူမကိုယ်တိုင် ရိုက်လိုက်သည်။ သူမ တကယ်ကို အရှုံးပေးချင်သွားပြီ။
ညီမလေးရေ၊ ကျေးဇူးပြုပြီး မုန်လာဥ စားတာကိုရပ်ပြီးအခုကစပြီးငါးနဲ့ သစ်ကြားသီးများ စားပါတော့
"ဘီဘီတုံကလွဲရင် ဂရုထဲမှာ ငါတို့ထဲက ဘယ်သူကများ လျှို့ဝှက်ချက် မရှိလို့လဲ? အပြင်ထွက်တဲ့အခါ အထောက်အထားတွေက ကိုယ့်ဘာသာ လုပ်ယူထားတာပဲ!"
ရှောင်ဝူက နှုတ်ခမ်းကို စူလိုက်ပြီး မုန်လာဥကို ဒေါသတကြီး ကိုက်စားလိုက်ကာ၊ "ဒါပေမဲ့လည်း ငါတော့ မမှန်ဘူးလို့ ခံစားရတယ်။ သူတို့က လူတစ်ယောက်တည်းဆိုရင် စုယန်က ဘယ်လိုလုပ်ပြီး ဒီလောက်အကြောင်းအရာတွေကို သိနေရတာလဲ?"
"ငါတို့က နော်ဒင်းအကယ်ဒမီရဲ့ ကျောင်းသားတွေပဲ၊ သူ ဘယ်လိုလုပ်ပြီး ဘီဘီတုံနဲ့ ယုရှောင်ဂန်းအကြောင်းကို သိမှာလဲ?"
နင်ရုံရုံမှာ တကယ်ကို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီ!
"ကောင်းတဲ့ ညီမလေး၊ ငါတို့မှာ ဂရုချတ် ရှိတယ်လေ!"
"ဂရုချတ်က စုယန်ရဲ့ ဟာ ဂရုချတ်က ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ မင်း ဝိဉာဉ်ကွင်း ဆုလာဘ်တွေကနေ မြင်နိုင်တာပဲ။ စုယန် ဒီအကြောင်းတွေကို သိတာက ထူးဆန်းလို့လား?"
"ဟုတ်သားပဲ!"
"မင်း စုယန်နဲ့ အရိပ်ထဲကကြောင် တို့ ဒီည ဘာမှမပြောကြတာကို မသတိထားမိဘူးလား?"
【မုန်လာဥစားရတာကြိုက်တယ်: စုယန်၊ မင်း ဘာလုပ်နေတာလဲ? ထွက်လာပြီး စကားပြောပါဦးလား?】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဘာလို့ မင်းသမီးလေးနဲ့ မကစားဘဲ စုယန်ကို လိုက်ရှာနေရတာလဲ?】
【မုန်လာဥစားရတာကြိုက်တယ်: ဘာမှမဟုတ်ပါဘူး၊ သူ့ကို မေးစရာ ရှိလို့ပါ။】
ရှောင်ဝူက အကြာကြီး စောင့်ခဲ့ပေမဲ့ စုယန်ဆီက ဘာအကြောင်းပြန်ချက်မှ မရခဲ့ပေ။ ဘာလို့လဲဆိုတော့ စုယန်က ဂရုထဲမှာ အရေးကြီးတာ ဘာမှမရှိဘူးလို့ ယူဆပြီး ဂရုချတ်ကို အာရုံမစိုက်ထားလို့ ဖြစ်သည်။
【ရတနာခုနှစ်ပါးမင်းသမီးလေး: အရိပ်ထဲကကြောင်၊ မင်း အိမ်ကနေ ထွက်ပြေးလာတာလား? ငါ အပြင်ရောက်တော့ မုန်လာဥစားရတာကြိုက်တယ်နဲ့တွေ့တယ်၊ ငါတို့လည်း နော်ဒင်းမြို့ကနေ ထွက်လာခဲ့ပြီ။ ငါတို့လည်း တွေ့ကြမလား?】
အကြာကြီး စောင့်ပြီးနောက် နင်ရုံရုံက ပြောလိုက်သည်၊ "ကြည့်လိုက်၊ ဒီနှစ်ယောက်ကြားမှာ သေချာပေါက် တစ်ခုခု ဖြစ်နေတာ။"
"ဒီ စုယန်ဆိုတဲ့ကောင်၊ ဒီ မင်းသမီးလေးက သူ့ကို တွေ့ဖို့အတွက် နှလုံးသားကို အရင်းအနှီးပြုပြီး လိုက်ရှာနေတာ၊ သူကတော့ တခြားမိန်းကလေးတစ်ယောက်ကို လိုက်ရှာဖို့ ထွက်သွားတာပဲ။"
"ရွံစရာကောင်းလိုက်တာ!"
နင်ရုံရုံက ဒေါသတကြီးနဲ့ ခြေထောက်ကို စောင့်လိုက်သည်။
ပြောရရင်။
လမ်းတစ်ဝက်လောက် ခရီးသွားရတာက စုယန်အတွက် သိပ်ပြီးတော့ သက်သောင့်သက်သာ မရှိလှဘူး။ လမ်းတစ်လျှောက် အတော်လေး စီးလာပြီးမှပဲ သူ တဖြည်းဖြည်းနဲ့ အကျင့်ရလာခဲ့သည်။
ဂရုချတ်ကို ဖွင့်လိုက်ပြီးနောက်မှာတော့ သူ အရိပ်ထဲကကြောင် ကျူကျူချင်း ဆီကို ပုဂ္ဂလိက စာတို ပို့လိုက်သည်။
【စုယန်: မင်း အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရလား?】
【အရိပ်ထဲကကြောင်: နောက်က လိုက်နေသူတွေ ရှိတယ်၊ သူတို့ကို ငါ မဖြတ်နိုင်ဘူး။ အမြန်နှုန်းကို အတတ်နိုင်ဆုံးပဲ တိုးမြှင့်နိုင်တော့တယ်။】
【စုယန်: လုံခြုံအောင် နေပါ။ ငါ နယ်စပ်နဲ့ သိပ်မဝေးတော့ဘူး။ ငါ ရောက်ရင် မင်းရဲ့ လမ်းကြောင်းအတိုင်း လာတွေ့မယ်။】
【အရိပ်ထဲကကြောင်: အိုကေ၊ ငါ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ အတတ်နိုင်ဆုံး သွားမယ်။ ငါ လမ်းကြောင်းလွဲသွားရင် မင်းကို အချိန်မရွေး ပြောပြမယ်။】
စုယန်က ဒီကိစ္စကို သိပ်ပြီးတော့ စိုးရိမ်မနေဘူး။ နောက်ကလိုက်နေသူတွေက ကျူးကျူးယွင် ခေါ်လာတဲ့ လူတွေပဲ ဖြစ်ရမယ်။ ကျူးကျူးယွင်က တကယ်တော့ ကျူးကျူးချင်းကို သတ်ချင်တာ မဟုတ်ဘူး။
မဟုတ်ရင်။
မူလဇာတ်လမ်းအတိုင်းဆိုရင် အဆင့် ၄၀ ကျော် ဝိဉာဉ်အကြီးအကဲေတွကက အဆင့် ၂၀ ကျော် ဝိဉာဉ်မာစတာဖြစ်တဲ့ ကျူးကျူးချင်းကို မသတ်နိုင်စရာ အကြောင်းမရှိဘူး။