အခန်း ၃၄။ ယုရှောင်ဂန်း ခါးသီးစွာ ငိုကြွေးနေသည့် ပုံရိပ်
လူတိုင်းက တုံ့ပြန်ဖို့ အချိန်အနည်းငယ် ယူလိုက်ရပြီးနောက် ဆရာတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ကုသပေးတဲ့ ဝိဉာဉ်မာစတာတွေ၊ မြန်မြန် လိုက်ခဲ့ကြ!"
ဆရာအချို့ အပြင်ကို ပြေးထွက်သွားတဲ့အချိန်မှာ ယုရှောင်ဂန်းရဲ့ မျက်နှာက တောင့်တင်းသွားပြီး သူတို့နောက်ကို ချက်ချင်း လိုက်သွားတော့တယ်။
မဖြစ်ရဘူး! သောက်ကျိုးနည်း။
ဒီလောက်မြင့်တဲ့အထိ ပျံသွားတာ၊ ရှောင်ဆန်း အသက်ဆုံးရှုံးတော့မှာလား?
သူ့ကို ဘာမှ မဖြစ်ပါစေနဲ့!
ထန်ဆန်းသာ သေသွားရင် သူ့ရဲ့ ဂုဏ်သိက္ခာကို ဖယ်ထားဦး၊ သူက ထန်ဟောက်ရဲ့ လက်ချက်နဲ့ အရိုက်ခံပြီး သေရတော့မှာ သေချာတယ်။
"ရှောင်ဆန်း ရှောင်ဆန်း၊ မင်း လုံးဝ ထိခိုက်မှု မဖြစ်ရဘူး!"
ယုရှောင်ဂန်းက ပြေးရင်းနဲ့ စိုးရိမ်လွန်းလို့ ငိုချလိုက်တော့တယ်။
သူ အရမ်းကို ခါးသီးစွာ ငိုကြွေးနေခဲ့တာ
ထန်ဆန်းရဲ့ လုံခြုံရေးအတွက် စိုးရိမ်တာက တစ်ပိုင်း၊ ဒါပေမဲ့ သူက အခုချက်ချင်း ကောင်းကောင်းကြီး ငိုပွဲဆင်ချင်နေတာပါ!
စုယန်က သူ့ကို ခွေးတစ်ကောင်လို နင်းချေပစ်လိုက်ပြီ။
ဒါတင်မကသေးဘူး...
ဒီနေ့ကစပြီး။
သူ နော်ဒင်းအကယ်ဒမီမှာ ဘယ်တော့မှ ဆက်ပြီး ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး။ စုယန်က နော်ဒင်းအကယ်ဒမီရဲ့ စံပြကျောင်းသား ဖြစ်လာတော့မှာ၊ သူ ယုရှောင်ဂန်းကတော့ အမှိုက်ဆိုတဲ့ စံနှုန်း ဖြစ်လာတော့မှာပါ။
မဟုတ်ဘူး။
နော်ဒင်းအကယ်ဒမီမှာတင် မဟုတ်ဘူး။ မကြာခင်မှာပဲ ဒါက တိုက်ကြီးတစ်ခုလုံးအထိ ပျံ့နှံ့သွားလိမ့်မယ်။ အမှိုက် ဂရမ်းမာစတာ ယုရှောင်ဂန်းနဲ့ အလားတူ အတွေ့အကြုံရှိတဲ့ စုယန်ဆိုတဲ့ လူငယ်တစ်ယောက် ရှိတယ်ဆိုတာ လူတိုင်း သိသွားကြလိမ့်မယ်။
စုယန်က သူ့ကိုယ်သူ သန်မာလာအောင် ကြိုးစားခဲ့ပြီး ဝိဉာဉ်ကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်ရုံတင်မကဘဲ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့တယ်၊ မွေးရာပါ ဝိဉာဉ်စွမ်းအား နိမ့်ကျမှုဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ရိုက်ချိုးပစ်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ၊ သူ ယုရှောင်ဂန်းကတော့ နှိုင်းယှဉ်စရာ အမှိုက်တစ်ခု ဖြစ်လာလိမ့်မယ်!!
လူတွေက ယုရှောင်ဂန်းရဲ့ ကိုယ်ပိုင် စကားကိုတောင် သုံးပြီး သူ့ကို နံရံမှာ ရိုက်သွင်းပစ်လိမ့်မယ်: "အသုံးမကျတဲ့ သိုင်းဝိဉာဉ်ဆိုတာ မရှိဘူး၊ အသုံးမကျတဲ့ ဝိညာဉ်မာစတာပဲ ရှိတာ။"
အဲဒါက အတိအကျကြီး ကိုက်ညီနေတာ မဟုတ်ဘူးလား?
ယုရှောင်ဂန်း ဒီအကြောင်း တွေးလေ ပိုပြီး မျှော်လင့်ချက် ကင်းမဲ့လေပါပဲ။ သူ စိတ်ဒုက္ခနဲ့ ငိုတယ်၊ စိတ်ပျက်အားငယ်မှုနဲ့ ငိုတယ်၊ မိုးရေတွေလို ငိုကြွေးရင်း နှလုံးသား ကျိုးပဲ့မတတ် ဖြစ်နေခဲ့ရတယ်။
သူ ငိုနေတာကို ရှောင်ဝူက မနေနိုင်တော့ဘဲ သူမရဲ့ ကျောက်စိမ်းမှန်ကို လျှို့ဝှက်စွာ ထုတ်ပြီး အဝေးကနေ ဓာတ်ပုံ ရိုက်လိုက်တော့တယ်။
အရမ်းကို ကျေနပ်ဖို့ ကောင်းတာပဲ ဟဟဟဟ!!!
ဂရုအဖွဲ့ဝင်တွေနဲ့ မျှဝေလိုက်ရတာ တကယ့်ကို ပျော်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်လာတယ်။
【မုန်လာဥစားရတာကြိုက်တယ်: ယုရှောင်ဂန်း ငိုနေပုံ.jpg】
【အားလုံး: ???】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဒီမုတ်ဆိတ်နဲ့ ဦးလေးကြီးရဲ့ ဇနီးက တခြားသူတစ်ယောက်နဲ့ ထွက်ပြေးသွားတာလား?】
【ယန်ဇီက ငှက်မဟုတ်ဘူး: မဟုတ်ဘူး၊ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းအောင် ငိုရအောင် ဇနီးတွေက ထွက်ပြေးသွားတာလဲ?】
【ကလေးဘ၀လမင်း: မုန်လာဥ၊ မင်း ဒီလူကို ငိုတဲ့အထိ ရိုက်လိုက်တာလား?】
【ဂရုအဖွဲ့၀င်နံပါတ် ၉: သူက ဒီလောက်ထိ စိတ်ပျက်စရာကောင်းအောင် ငိုနေပေမဲ့ ဘာလို့ ငါက ရယ်ချင်စိတ်ပေါက်နေတာလဲ?】
【အရိပ်ထဲကကြောင်: ငါလည်း အဲဒီလို ခံစားနေရတယ်။ ငါ့ရဲ့ စိတ်နေသဘောထားမှာ တစ်ခုခု မှားနေပြီလို့ ထင်တယ်။】
【ဟူလီနာ: ဟားဟား! ဒါ အဲဒီ အမှိုက် ယုရှောင်ဂန်း မဟုတ်ဘူးလား? နေဦး၊ ဒါ မမှန်ဘူး။ ယုရှောင်ဂန်းက ဒီလို စရိုက်မျိုး မရှိဘူးလို့ ငါမှတ်မိတယ်။ ဘာလို့ အခု မိန်းမလျာလေးလို ငိုနေရတာလဲ?】
【အားလုံး: ???】
【ငါကမိဘမဲ့တစ်ယောက်: ယုရှောင်ဂန်း ဘာလို့ ဒီလောက် ခါးသီးစွာ ငိုနေရတာလဲဆိုတာ ငါ တကယ် သိချင်တယ်။ မုန်လာဥ၊ မြန်မြန် ပြောပြစမ်းပါ။】
【ရတနာခုနှစ်ပါးမင်းသမီးလေး: စောက်တလွဲပဲ၊ ဒီလူက ယုရှောင်ဂန်းလား?】
【ဂရုအဖွဲ့၀င်နံပါတ် ၉: ဟားဟား၊ အခုတော့ ငါ ရယ်လို့ရပြီ။】
【အရိပ်ထဲကကြောင်: ဟားဟား၊ ငါလည်း ရယ်ချင်တယ်၊ ဘာလို့လဲဆိုတော့ ငါ့ရဲ့ အသိစိတ်က ငါ့ကို အပြစ်မတင်တော့ဘူးလေ။ ယုရှောင်ဂန်း ငိုရင် အရမ်းကို ရုပ်ဆိုးတာပဲ။】
ဝိညာဉ်နန်းဆောင်
ဘီဘီတုံက ခဏလောက် ကြောင်အသွားခဲ့တယ်။
ရှောင်ဝူ တင်လိုက်တဲ့ ပုံကို ကြည့်ရင်း သူမရဲ့ နှလုံးသားထဲမှာ ဝမ်းနည်းမှု လှိုင်းတံပိုးတစ်ခု ဖြစ်ပေါ်လာတယ်။
ရှောင်ဂန်း။
သူမ နေ့ရောညပါ တွေးနေရတဲ့ ရှောင်ဂန်း အစစ်ပဲ။ ဒါပေမဲ့ ရှောင်ဂန်း ဘာလို့ ဒီလောက်ထိ စိတ်ပျက်စရာကောင်းအောင် ငိုနေရတာလဲ?
သောက်ကျိုးနည်း!
ဘယ်သူက ရှောင်ဂန်းကို အနိုင်ကျင့်လိုက်တာလဲ?
【ဘီဘီတုံ: ပြောစမ်း၊ မင်း ဘယ်မှာလဲ? ရှောင်ဂန်း ဘာလို့ ဒီလောက် ခါးခါးသီးသီး ငိုနေရတာလဲ? ဘယ်သူက သူ့ကို အနိုင်ကျင့်တာလဲ?】
နဂါးပြာအကယ်ဒမီ
လျိုအာ့လုံက သူမရဲ့ အရင် ဝမ်းနည်းမှုကနေတောင် မသက်သာသေးဘူး၊ အခုတော့ ပိုပြီးတောင် နှလုံးကွဲရပြီ။
ရှောင်ဂန်း ရှောင်ဂန်းပဲ!
ရှောင်ဂန်းက တကယ်ကို ခါးခါးသီးသီး ငိုနေတာ။ ဘယ်လူယုတ်မာက ရှောင်ဂန်းကို ဒီလောက်တောင် ဆိုးဆိုးရွားရွား အနိုင်ကျင့်လိုက်တာလဲ?!
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: ဘာလို့လဲ? ဘာလို့ ရှောင်ဂန်းကို အနိုင်ကျင့်ရတာလဲ? မင်းတို့ ဘာလို့ ရှောင်ဂန်းကို အနိုင်ကျင့်နေကြတာလဲ?】
【မုန်လာဥစားရတာကြိုက်တယ်: မင်းတို့ အရူးတွေလား? ရှောင်ဂန်းက ဘယ်သူလဲဆိုတာ ငါဘယ်လိုလုပ် သိမလဲ? ငါက ကောင်းကင်ဒို မြို့ကို သွားနေတာ၊ ဒီနေ့ နော်ဒင်းမြို့ကို ဖြတ်သွားတာ။ နော်ဒင်းအကယ်ဒမီမှာ ဝိဉာဉ်မာစတာ ပြိုင်ပွဲ ရှိနေလို့ နည်းနည်း ကြည့်လိုက်တော့ ဒီလူကို တွေ့တာပဲ။】
【မုန်လာဥစားရတာကြိုက်တယ်: ဘီဘီတုံ၊ သိချင်လား? ငါ့ကို အနီရောင်ပို့လိုက်၊ ငါ မင်းအတွက် ဘာဖြစ်နေလဲဆိုတာ သွားမေးပေးမယ်။】
ရှောင်ဝူက အခုဆိုရင် ပျော်နေရပြီ
ဟဲဟဲဟဲ
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနေ့က နော်ဒင်းအကယ်ဒမီမှာ သူမရဲ့ နောက်ဆုံးနေ့ပဲ။ မနက်ဖြန် မနက်ဆို ထွက်သွားေတာ့မှာ ဘီဘီတုံက လူလွှတ်လိုက်တဲ့အချိန်ဆို သူမက ဆိုတို မြို့ကို ရောက်နေမှာပါ။
ဒါ့အပြင်၊ သူမကပြောထားတာပဲလေ ပျော်ပွဲစားထဲမှာ ပါဝင်နေတဲ့ ခရီးသွားသက်သက်ဆိုတော့ သူမ မကြောက်ဘူး။
ဟုတ်တယ်
သူမ သူတို့နှစ်ယောက်လုံးဆီက ငွေအိတ်တွေကို လိမ်ယူပြီး ပိုက်ဆံအပို ရှာထားတာ ကောင်းပါတယ်။ စုယန်နောင်မှာ ပိုက်ဆံကုန်သွားရင် ဆိုတိုမြို့ကိုလာပြီးသူမကိုရှာမှာ သေချာတယ်။
ငါက တကယ်ကို ပါရမီရှင်လေးပဲ။
【ဘီဘီတုံက မုန်လာဥစားရတာကြိုက်တယ် ဆီသို့ စာအိပ်နီ ပို့လိုက်သည်။】
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး ဆီသို့ စာအိပ်နီ ပို့လိုက်သည်။】
ရှောင်ဝူ ချက်ချင်း ပျော်သွားတယ်။ သူမ မြန်မြန်ပဲ လက်လှမ်းပြီး နှိပ်လိုက်ရာ စာအိပ်နီနှစ်ခုလုံးကို အောင်မြင်စွာ ရလိုက်တယ်။
ဘီဘီတုံရဲ့ ရွှေဒင်္ဂါး နှစ်သောင်း။
ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး ရဲ့... ရွှေဒင်္ဂါး နှစ်ထောင်လား?
【မုန်လာဥစားရတာကြိုက်တယ်: နေပါဦး၊ ဘာလဲ? ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး၊ မင်း ဘာလို့ ဒီလောက် စေးနဲတာလဲ? ဘီဘီတုံက နှစ်သောင်း ပေးတယ်၊ မင်းက နှစ်ထောင်ပဲ ပေးတာလား?】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး၊ မင်းရဲ့ ငွေကြေး အင်အားက မလုံလောက်ဘူး! ငါ့ညီမက မင်းအတွက် အချက်အလက် ရှာပေးမလို့ကို မင်းက ရွှေဒင်္ဂါး နှစ်ထောင်ပဲ ပေးတာလား။ မင်း ဘယ်သူ့ကို အထင်သေးနေတာလဲ?】
【ဟူလီနာ: တကယ်ကို စေးနဲတာပဲ။】
【ငါကမိဘမဲ့တစ်ယောက်က မုန်လာဥစားရတာကြိုက်တယ် ဆီသို့ စာအိပ်နီ ပို့လိုက်သည်။】
【ငါကမိဘမဲ့တစ်ယောက်: မြန်မြန် သွားရှာပြီး ဘာဖြစ်လဲဆိုတာ ပြန်လာပြောပြ။】
ချန်ရန်ရွှယ် က သူတို့နဲ့ ငြင်းမနေတော့ဘဲ ရွှေဒင်္ဂါး နှစ်သောင်းပါတဲ့ ငွေအိတ်ကို တိုက်ရိုက် ပို့လိုက်တယ်။
ရှောင်ဝူ ပျော်လွန်းလို့ သေတော့မလိုပါပဲ။
အို ဘုရားသခင်။
ဒီဂရုချက်က တကယ့်ကို အရမ်း အံ့သြဖို့ကောင်းတာပဲ။
【မုန်လာဥစားရတာကြိုက်တယ်: ညီမလေးတို့၊ စောင့်နေလိုက်။ ငါ အခုချက်ချင်း တစ်ယောက်ယောက်ကို သွားမေးပေးမယ်။】
【ယန်ဇီက ငှက်မဟုတ်ဘူး: ပျော်စရာပဲ၊ အရမ်း ပျော်စရာကောင်းတယ်။】
စုယန်က ဒါကို ကြည့်ရင်း သူ့မျက်ခုံးတွေ တွန့်ချိုးသွားတယ်။
စိတ်တိုဖို့ကောင်းလိုက်တာ!
ဒီမုန်လာဥတုံးမလေးက ဂရုချက်ကို သုံးပြီး ပိုက်ဆံရှာဖို့တောင် တတ်နေပြီလား?
ဒါက တကယ့်ကို ဒေါသထွက်စရာပဲ!
【စုယန်: တကယ်ကြီး ဘာဖြစ်သွားတာလဲ?】
【စုယန်: @မုန်လာဥစားရတာကြိုက်တယ်၊ မင်း ယုရှောင်ဂန်းရဲ့ ပုံကို ဘယ်မှာ ရိုက်ခဲ့တာလဲ? ဒီလူ ဘာလို့ အခုလိုမျိုး သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားတာလဲ?】
【စုယန်: သူ့ကို အမှိုက်လို့ ဆက်ပြောဖို့တောင် ခက်ခဲအောင် ငိုနေတာပဲ။ ဒီလိုလုပ်မလား? သူ့ကို စိတ်တည်ငြိမ်အောင် ငါးမိနစ်ပဲ အချိန်ပေးမယ်။ ငိုတာ ရပ်သွားရင် ငါ မင်းတို့ကို ပြောပြမယ်။】
【ရတနာခုနှစ်ပါးမင်းသမီးလေး: မင်းက အံ့သြစရာကောင်းလောက်အောင် သဘောကောင်းတာပဲ!】
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: စုယန်၊ မင်းမှာ သိက္ခာရော ကျန်သေးလား? ရှောင်ဂန်းက ဒီလောက်တောင် ခါးသီးစွာ ငိုနေတာကို ငါးမိနစ်ပဲ အချိန်ပေးတယ် ဟုတ်လား?】
【စုယန်: ဒါဆိုရင် ၁၅ မိနစ် လုပ်လိုက်မယ်။ သူ့ကို မြန်မြန် စိတ်တည်ငြိမ်အောင် လုပ်ခိုင်းလိုက်။ ငါတို့ ဂရုထဲက သူငယ်ချင်းတွေကို ကြာကြာ စောင့်ခိုင်းလို့ မဖြစ်ဘူးလေ။】
【ဘီဘီတုံ: ???】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဟားဟား! စုယန်၊ မင်း ငါတို့ကို ရယ်ရလွန်းလို့ သတ်မလို့လား?】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ငါထင်တာတော့ စိတ်တည်ငြိမ်အောင် လုပ်ရမှာက ယုရှောင်ဂန်း မဟုတ်ဘူး၊ ဘီဘီတုံနဲ့ ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး တို့ပဲ မဟုတ်လား?】
【အရိပ်ထဲကကြောင်: မှားတယ်။ စိတ်တည်ငြိမ်အောင် လုပ်တာ မဟုတ်ဘူး၊ မုန်လာဥ အချက်အလက် ရှာဖို့ စောင့်နေတာ။】
ဒီအချိန်မှာ။
ရှောင်ဝူက အလုပ်မရှုပ်မနေဘူး တကယ်တမ်းမှာ သူမက ဖရဲသီးစား(အတင်းပြော)ဖို့ ပြေးသွားတာပါ။
ယုရှောင်ဂန်းကတော့ သူ့အဖေ သေသွားသလိုမျိုး မျက်ရည်တွေမြစ်တစ်စင်းစာလောက် ငိုနေတယ်။
"ရှောင်စန်း ရှောင်စန်း မင်း အဆင်ပြေရဲ့လား?"
ထန်ဆန်းက မြေပြင်ပေါ်မှာ မျှော်လင့်ချက်မဲ့နေတဲ့ မျက်နှာနဲ့ လဲလျောင်းနေခဲ့တယ်၊ သူ့မျက်လုံးထဲက အရောင်တွေက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။
မဟုတ်ဘူး
ထန်ဆန်းရဲ့ အခြေအနေက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ မဟုတ်ဘူး တကယ်တော့ စုယန်က သူ့ကို တကယ် အားမသုံးခဲ့တဲ့အတွက် သူ့ကိုယ်ခန္ဓာမှာ ဘာမှ မဖြစ်ပါဘူး။ သူက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ အကြီးအကျယ် ရသွားတာပါ!
သူ့အထင်အသေးဆုံး စုယန်ရဲ့ ရိုက်ချက် တစ်ချက်တည်းနဲ့ လွင့်စင်သွားခဲ့တာ။
တုတ်တစ်ချက်တည်းနဲ့ပါ။
သူ့ကို ဘာကြောင့် ဒီလောက်ဝေးတဲ့အထိ လွင့်စင်သွားအောင် လုပ်လိုက်မှန်းတောင် သူ မသိလိုက်ဘူး။ ဒါက ဘယ်လိုလုပ်ပြီး တူညီတဲ့ အတိုင်းအတာထဲက ပညာဖလှယ်မှုဖြစ်နိုင်မှာလဲ?!