အခန်း ၃၂။ အဆင့် ၃၈ အစွမ်းထက် တိုက်ခိုက်ရေးအမျိုးအစား သိုင်းဝိညာဉ်
ထန်ဆန်းက ရှုံးနိမ့်ဖို့ အရမ်းစိတ်လောနေပြီး ယုရှောင်ဂန်းကလည်း ကောင်းကောင်းကြီး ငိုပွဲဆင်ချင်နေတာကြောင့် သူတို့ကို အချိန်စောပြီး စီစဉ်ပေးလိုက်တော့မယ်။
"စုယန်။"
စုယန် ရှေ့ကို တိုးတော့မည့်အချိန်မှာ ရှောင်ဝူက သူ့ကို ဆွဲထားပြီး "ထန်ဆန်းက အရမ်းတော်တာ။ မင်း သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး" လို့ အကြံပေးလိုက်တယ် ပြီးတော့အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ!"
ဝမ်ရှန်းကလည်း ခေါင်းကို လေးလံစွာညိတ်ရင်း "ဒီပြိုင်ပွဲက အရေးကြီးတာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ဝိဉာဉ်စွမ်းအားက အခုဆိုရင် အားနည်းတာ မဟုတ်တော့ဘူး၊ ဒါကြောင့် နောင်အဆင့်မြင့် ဝိဉာဉ်မာစတာ အကယ်ဒမီကို သွားဖို့ ပြဿနာရှိမှာ မဟုတ်ဘူး" ဟု ပြောသည်။
စုယန်က တည်ငြိမ်စွာနဲ့ "သူ့ရဲ့ အစွမ်းအစလေးတွေနဲ့ ငါက အရှုံးပေးရမှာလား ဟု ပြန်ပြောလိုက်သည်။
အဲဒီနောက်မှာတော့ စုယန်က မြေပြင်ခြေထောက် နဲ့တွန်းကန်ပြီး စင်မြင့်ပေါ်ကို တိုက်ရိုက် ခုန်တက်သွားတော့သည်။
ထန်ဆန်းက စုယန် အရှုံးပေးသွားမှာကို စိုးရိမ်နေခဲ့တာ၊ အခု စုယန် ခုန်တက်လာတာကို မြင်တော့ ဝမ်းသာသွားသည်။
မင်းက ရှောင်ဝူကို တပ်မက်ရဲတယ်ပေါ့လေ?
အရမ်းကောင်းတယ် မင်းက သေလမ်းကို ကိုယ်တိုင် ရွေးချယ်လိုက်တာပဲ!
ထန်ဆန်းက တည်ငြိမ်ပြီး နောက်ပြောင်တဲ့ အမူအရာနဲ့ "မင်း အရှုံးပေးတော့မယ် ထင်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ အရည်အချင်းက အရမ်းညံ့ပြီး မင်းရဲ့ ဝိဉာဉ်ကလည်း ချို့ယွင်းချက်ရှိနေတာကိုး" ဟု ပြောသည်။
စုယန်က ထန်ဆန်းကို အလေးအနက် ကြည့်လိုက်ပြီး "ဂရမ်းမာစတာ တစ်ခါက ပြောဖူးတယ်၊ အသုံးမကျတဲ့ ဝိဉာဉ်ဆိုတာ မရှိဘူး၊ အသုံးမကျတဲ့ ဝိဉာဉ်မာစတာတွေပဲ ရှိတာ။ ဒီအတွက် ငါက အဆတစ်ရာလောက် ကြိုးစားထားတယ်" ဟု ခံ့ညားစွာ ပြောလိုက်သည်။
"ထန်ဆန်း၊ ငါတို့က တူတဲ့ဇာတိနဲ့ အတန်းဖော်တွေ ဖြစ်ပြီး တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ပေမဲ့ ဒီတစ်ခါတော့ ငါ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါ ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်လို့ပဲ။"
"ငါ သုံးနှစ်လုံးလုံး စောင့်ခဲ့တာက အခွင့်အရေးတစ်ခုအတွက်ပဲ။ ငါက ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲဆိုတာ သက်သေပြဖို့ မဟုတ်ဘူး၊ ငါ့ရဲ့ အသက်ရှုသံလေး တစ်ချက်အတွက် တိုက်ခိုက်ချင်တာ။ ငါ စုယန် ဆိုတာ အသုံးမကျတဲ့သူ မဟုတ်ဘူး၊ ငါ့ရဲ့ ဝိဉာဉ်ကလည်း အမှိုက်သရိုက် ဝိဉာဉ်မဟုတ်ဘူးဆိုတာကို တခြားသူတွေကို ပြောပြချင်ရုံတင်ပါပဲ။"
???
ထန်ဆန်း နည်းနည်း ခေါင်းရှုပ်သွားသည်။
နေပါဦး၊ ငါတို့ ဘယ်တုန်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားတာလဲ?
ထန်ဆန်း စိတ်ရှုပ်ထွေးသွားပြီး စုယန်က သူ့ကို အလွယ်တကူ အနိုင်ပေးစေချင်လို့ ချဉ်းကပ်နေတာလို့ ထင်လိုက်သည်။
ဒါပေမဲ့ စုယန်က တကယ်တမ်းမှာ ထန်ဟောက်ကို လမ်းကြောင်းလွဲအောင် လုပ်နေတာပါ။ သူ့အရည်အချင်းက အဓိကပြဿနာ မဟုတ်ဘူး၊ သူ ဝိဉာဉ်နန်းတော်ကို မဝင်ဘူးဆိုတာနဲ့ သူနဲ့ ထန်ဆန်းတို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်တယ်ဆိုတာကို ထန်ဟောက် သိဖို့ လိုအပ်နေတာပါ။
"ကောင်းတယ်!"
ပတ်ဝန်းကျင်က ကျောင်းသားတွေဆီကနေ ချီးကျူးသံတွေ ထွက်လာပြီးတော့ လူအများက စုယန်ကို အားပေးကြသည်။
"စီနီယာအကို စုယန်၊ ကျွန်တော်ခင်ဗျားကို သိတယ်။ ခင်ဗျားက ကျွန်တော်တို့ရဲ့ စံပြပဲ။"
"ခင်ဗျားရဲ့ မွေးရာပါ ဝိဉာဉ်စွမ်းအား နည်းတယ်ဆိုတာ သိပေမဲ့ ခင်ဗျားက အကယ်ဒမီတစ်ခုလုံးမှာ အကြိုးစားဆုံးသူဆိုတာလည်း ကျွန်တော်တို့ သိတယ်။"
"ဆက်လုပ်ပါ စီနီယာစုယန်၊ ကျွန်တော်တို့အားလုံး ခင်ဗျားကို အားပေးတယ်!"
"ထန်ဆန်းကို အနိုင်ယူပြီး ခင်ဗျားကိုယ်ခင်ဗျား သက်သေပြလိုက်ပါ။"
"ခင်ဗျား ရှုံးသွားရင်တောင် ကိစ္စမရှိပါဘူး။ ခင်ဗျားက ကျွန်တော်တို့အားလုံး သင်ယူရမယ့် စံပြပုဂ္ဂိုလ် ဖြစ်နေတုန်းပါပဲ!"
ဒါက ထန်ဆန်းကို လုံးဝ ကြောင်သွားစေခဲ့သည်။
နေပါဦး၊ မင်းတို့က ဒီလောက် စိတ်ဓာတ်တက်ကြွစရာတွေ ပြောနေပြီး တကယ်တမ်းမှာတော့ ငါ့ကို အနိုင်ယူဖို့ ပြင်နေတာလား?
မင်းတို့မှာ ကိုယ့်ကိုယ်ကိုယ် အသိစိတ်ဆိုတာ မရှိဘူးလား?
စင်မြင့်ပေါ်မှာ။
ယုရှောင်ဂန်းရဲ့ မျက်နှာက မနာလိုမှုတွေနဲ့ ပုံပျက်သွားသည်။ သူ တကယ်ကို မုန်းတီးမိတယ်!
ငါတို့နှစ်ယောက်လုံးက အသုံးမကျတဲ့သူတွေချည်းပဲလေ မင်း စုယန် က ဘာလို့ လူအများရဲ့အသိအမှတ်ပြုမှုကို ရနိုင်တာလဲ?
ဘာလို့လဲ?
ငါ ယုရှောင်ဂန်းက မင်းထက်ပိုလုပ်ခဲ့တာပါ။ ငါ ယုရှောင်ဂန်းမှာ ဂရမ်းမာစတာဆိုတဲ့ ဘွဲ့ရအောင် လုပ်ပေးတဲ့ သီအိုရီကြီး (၁၀) ခုတောင် ရှိသေးတယ်။ မင်း စုယန်က လူငယ်လေး တစ်ယောက်ပဲ။ ဘာလို့ လူတွေက မင်းကို အသိအမှတ်ပြုရတာလဲ?
ယုရှောင်ဂန်း မုန်းတီးလွန်းသဖြင့် အံကြိတ်မိသွားခဲ့သည်
နော်ဒင်းအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးကလည်း ဒီအချိန်မှာ ကျေနပ်နေတဲ့ အပြုံးနဲ့ သူ့ဘေးက ဆရာတွေကို "ဒီကလေးက တကယ်ကို ထူးခြားတာပဲ!" လို့ ပြောသည်။
"သူက ကံကြမ္မာကို လက်မခံဘူး၊ အရှုံးမပေးဘူး၊ ပြီးတော့ ငါတို့ အကယ်ဒမီမှာ အကြိုးစားဆုံး ကျောင်းသားပဲ။"
ပတ်ဝန်းကျင်က ဆရာတွေလည်း သဘောတူခေါင်းညိတ်ပြီး "ဒီကလေးက ဆင်းရဲဒုက္ခကို သည်းခံနိုင်တယ်!" လို့ ပြောကြတယ်။
"သူက ညတိုင်း ကြာရှည်စွာ လေ့ကျင့်တယ်လို့ ကြားတယ်၊ တခြားသူတွေထက် နောက်ကျမှ အိပ်တာ။"
"ဒါတင်မကဘူး၊ ဒီကလေးက အရမ်းလည်း သိတတ်တယ်။ အဆောင်မှာ တခြားသူတွေကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ ညဘက်ဆို တိတ်တိတ်ကလေး ထွက်ပြီး လေ့ကျင့်တယ်၊ မနက်စောစောမှပဲ ပြန်လာတတ်တယ်။"
"ကျွန်တော်တို့ ကျောင်းက နောင်လာမဲ့ ကလေးတွေအတွက် စုယန်ရဲ့ ဇာတ်လမ်းကို သိမ်းဆည်းထားပြီး စံနမူနာ ပြသင့်တယ်လို့ ထင်တယ်။"
"ဟုတ်တယ်၊ ကျွန်တော်လည်း သဘောတူတယ်။"
သူတို့ပြောနေကြချိန်မှာ သူတို့ရဲ့ မျက်လုံးတွေက ချီးကျူးမှုနဲ့ အံ့သြမှုတွေနဲ့ ပြည့်နေသည်။ စုယန်ရဲ့ မွေးရာပါ ဝိဉာဉ်စွမ်းအားက မကောင်းပေမဲ့၊ ဝိဉာဉ်မှာ ချို့ယွင်းချက် ရှိနေပေမဲ့၊ စုယန်က တကယ်ပဲ အကြိုးစားဆုံးပါပဲ! အားလုံးက သူ့ကို အများကြီး အသိအမှတ်ပြုကြသည်။
ကျောင်းအုပ်ကြီးက ပြုံးရင်း "အဲဒါ ကောင်းတဲ့ အကြံပဲ။ ဒီကလေးရဲ့ ဝိဉာဉ်မှာ ချို့ယွင်းချက် ရှိတယ်။ အနာဂတ်မှာ အဆင့် ၃၀ ကို မရောက်နိုင်ဘူးဆိုရင် သူပြန်လာပြီး ငါတို့ အကယ်ဒမီမှာ ဆရာ လုပ်ဖို့ တောင်းဆိုမယ်" ဟု ပြောသည်။
ယုရှောင်ဂန်းကတော့ တိတ်ဆိတ်နေသည်။
သူ နားမလည်နိုင်ဘူး!
စုယန်ရဲ့ အခြေအနေက သူ့နဲ့ တူလွန်းနေတယ်၊ တကယ်ကို တူလွန်းနေတယ်။
ဘာလို့လဲဆိုတော့ ယုရှောင်ဂန်းလည်း အတိတ်က အများကြီး ကြိုးစားခဲ့ဖူးပေမဲ့ သူ့မိသားစုဆီက အသိအမှတ်ပြုမှုကို မရခဲ့သလို အပြင်လူတွေဆီကလည်း အသိအမှတ်ပြုမှုကို မရခဲ့လို့ပါပဲ။
ဘာလို့ စုယန်ကျမှသူများတွေကအသိအမှတ်ပြုကြတာလည်း ယုရှောင်ဂန်းရဲ့ မျက်နှာက မနာလိုမှုေကြာင့် ရုပ်ဆိုးသွားခဲ့သည်
ဘာလို့လဲ? ဘာလို့လဲ??
အခြေအနေက အတူတူပဲ ဖြစ်နေတာကို၊ ဘာလို့ စုယန်နဲ့ သူနဲ့က ကွဲပြားတဲ့ အဆက်ဆံမျိုး ခံရတာလဲ? သူကတော့ လူတိုင်းရဲ့ လှောင်ပြောင်မှုကို ခံရပြီး စုယန်ကတော့ လူတိုင်းရဲ့ အားပေးမှုကို ရနေရတာလဲ?
သူက ရုပ်ချောနေလို့လား?
တကယ်ဖြစ်နိုင်တယ်!
သောက်ကျိုးနည်း လူယုတ်မာ!
ယုရှောင်ဂန်း ရုတ်တရက် အချက်အလက် အဓိကကျတဲ့အချက်ကို ရှာတွေ့သွားတယ် - အဲဒါက စုယန်ဆိုတဲ့ လူယုတ်မာက ရုပ်ချောနေလို့ပဲ!
သူက ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတယ်၊ မျက်ခုံးထူထူနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေ၊ ကျောက်စိမ်းလို တောက်ပတဲ့ မျက်နှာ၊ သူရဲကောင်းဆန်တဲ့ အရှိန်အဝါတွေနဲ့ ပြည့်နေတယ်။ အထူးသဖြင့် သူ့ရဲ့ ထူထဲတဲ့ မျက်ခုံးနဲ့ မက်မွန်ပွင့် မျက်လုံးတွေက ဆွဲဆောင်မှုရှိပြီး လွတ်လပ်ပေါ့ပါးတဲ့၊ ဆိုးသွမ်းတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတယ်။
ကောက်ကွေးပြီး ဖွာနေတဲ့ အနက်ရောင် ဆံပင်တွေနဲ့ သူ့ရွယ်တူတွေထက် အရပ်ပိုရှည်တာကြောင့် သူက ရုပ်ချောပြီး တက်ကြွကာ ချောမောလှသည်၊ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ချောမောတဲ့သူပဲ ချီးးးးး!!!
အတိုချုပ်ပြောရရင်၊ ယုရှောင်ဂန်းက စုယန်ရဲ့ ပုံပန်းသဏ္ဌာန်ကို လုံးဝ အသိအမှတ်ပြုပြီး အလွန်မနာလို ဖြစ်နေသည်။ ရုပ်ချောတဲ့ ကောင်လေးတွေက တကယ်ပဲ သေသင့်တာ!
ယုရှောင်ဂန်းက သွားတွေကို ကြိတ်ပြီး ဘာမှ မပြောဘဲ နေလိုက်တယ်။
စုယန်က လူတိုင်းရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရင်တောင် ဘာဖြစ်လဲ?
သူက ထန်ဆန်းရဲ့ တိုက်ခိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။ အမှိုက်ဆိုတာ အမှိုက်ပါပဲ။ ရုပ်ရည်ကို အခြေခံပြီး အသိအမှတ်ပြုခံရတာက ငါ ယုရှောင်ဂန်းရဲ့ ဆံပင်တစ်မျှင်နဲ့တောင် မတန်ဘူး။
ယုရှောင်ဂန်း စောင့်နေတယ်။
ယုရှောင်ဂန်းက ပြိုင်ပွဲ စတင်ဖို့၊ ထန်ဆန်းက စုယန်ကို အပြင်းအထန် ရိုက်နှက်ဖို့၊ စုယန်ကို အမှိုက်ဆိုတဲ့ အဖြစ်မှန်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ဖို့၊ စုယန်ရဲ့ ရုပ်ချောတဲ့ မျက်နှာ ဖောရောင်လာတာကို ကျေနပ်စွာေစာင့်နေခဲ့တယ်
ဒီအတွေးကတင် သူ့ကို အရမ်း သက်သာရာရစေတယ်။
စင်မြင့်ပေါ်မှာ။
ထန်ဆန်း ဒီအချိန်မှာ အရမ်း မကျေမနပ် ဖြစ်နေခဲ့တယ်။ လူတိုင်းက စုယန်ကိုပဲ အားပေးနေကြတယ်၊ ရှောင်ဝူနဲ့ ဝမ်ရှန်းတောင် စုယန်အတွက် အားပေးနေတာကို သူ သတိထားမိတယ်။
သူ့ကို အားပေးတဲ့သူ တစ်ယောက်မှ မရှိဘူးလား? မရှိဘူးလား?
ဘာလို့လဲ?
သူက စွမ်းရည်တွေနဲ့ အရည်အချင်းကောင်းတွေ ရှိနေတာကို ဘာလို့ လူတိုင်းက စုယန်ကိုပဲ အားပေးနေကြတာလဲ?
ဒါပေမဲ့။
သူကိုယ်တိုင်ကတော့ ပန်းပဲဆိုင်မှာ အလုပ်လုပ်ဖို့ နေ့တိုင်း သွားတယ်၊ အကယ်ဒမီမှာ တွေ့တဲ့သူတွေကိုလည်း ပုံမှန် နှုတ်မဆက်ဘူး။ အခုလည်း သူ့ရဲ့ ပုံပန်းသဏ္ဌာန်က ထူးခြားမနေတာကြောင့် တစ်ယောက်ယောက်က အားပေးရင် ဒါက ထူးဆန်းနေမှာပါ။
ထန်ဆန်းကတော့ မခံနိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ရှေ့ကို တိုးလာကာ လက်ကို ယှက်ပြီး "ထန်ဆန်း သိုင်းဝိဉာဉ် - ငွေပြာမြက် အဆင့် ၂၈ ထိန်းချုပ်ရေးအမျိုးအစား ဝိဉာဉ်မာစတာ" ဟု ပြောသည်။
ဒီစကားကို ကြားတော့ ပတ်ဝန်းကျင်က လူအားလုံး အံ့သြသွားကြသည်။
"အို ဘုရားသခင်!"
"ထန်ဆန်းက အဆင့် ၂၈ ဖြစ်နေပြီလား?"
"အရမ်းတော်တာပဲ။"
"စုယန်ကတော့ သူ့ရဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်တော့ဘူး။ စိတ်မကောင်းလိုက်တာ! စုယန်က အကြိုးစားဆုံးဆိုတာ ထင်ရှားပေမဲ့ အဆုံးမှာတော့ အရည်အချင်းရှိသူလောက် မကောင်းဘူးပဲ။"
"ထန်ဆန်းမှာ မွေးရာပါ ဝိဉာဉ်စွမ်းအား အပြည့်ရှိတယ်လို့ ကြားတယ်၊ အဲဒါကိုတော့ ဘာမှ လုပ်လို့မရဘူး။"
"စုယန်ရဲ့ ဝိဉာဉ်စွမ်းအားလည်း အခု အားနည်းတာ မဟုတ်ဘူးလို့ ကြားတယ်၊ ဒါပေမဲ့ ထန်ဆန်းနဲ့ တွေ့လိုက်ရတာ စိတ်မကောင်းလိုက်တာ... မဟုတ်ရင် သူ တကယ်ပဲ တောက်ပလာမှာ!"
စင်မြင့်ပေါ်မှာ
ယုရှောင်ဂန်းလည်း ဒီတုံ့ပြန်မှုအတွက် အရမ်း ကျေနပ်နေသည်။ အမှိုက်တွေ! အခုတော့ ငါ့တပည့် ဘယ်လောက် တော်သလဲဆိုတာ သိပြီမလား?
ငါ ယုရှောင်ဂန်းကတော့ အစွမ်းထက်ဆုံး ဘွဲ့အမည်ရတုန့်လော့ ကို လေ့ကျင့်ပေးမှာပါ။
ဟွန်း ယုရှောင်ဂန်းက နတ်ဘုရား အကြောင်းကို မသိသေးတာကြောင့် အလွန်အကျွံ ကြွားဝါဖို့ မဝံ့ရဲဘူး။ထန်ဆန်းသာ နတ်ဘုရာဖြစ်မယ်ဆိုတာသိရင် သူနှာခေါင်းက ကောင်းကင်ပေါ်ရောက်နေလောက်ပြီ
ဒါပေမဲ့။
ယုရှောင်ဂန်းရဲ့ ကျေနပ်မှုက သုံးစက္ကန့်တောင် မခံလိုက်ရဘဲ ချက်ချင်းပဲ အံ့သြတုန်လှုပ်သွားပြီး စိတ်တည်ငြိမ်မှုေတွပါပျောက်ဆုံးသွားရသည်။
စုယန်က စင်မြင့်ပေါ်မှာ ရပ်နေပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ 'မျောက်ကလေး' က သူ့ရှေ့ကို ခုန်တက်လာသည်။
"စုယန်၊ သားရဲ ဝိဉာဉ် ဝိဉာဉ်မျိုးကွဲ - ချီထျန်း ဝိဉာဉ်မျောက် အဆင့် ၃၈ တိုက်ခိုက်ရေးအမျိုးအစား တိုက်ခိုက်ရေး ဝိဉာဉ်အကြီးအကဲ"
အဲဒီစကားနဲ့အတူ မျောက်ကလေးက ရွှေရောင် သံချပ်ကာအလွှာနဲ့ တိုက်ရိုက် ဖုံးလွှမ်းသွားပြီး လက်ထဲမှာ သံတုတ်တစ်ခု ပေါ်လာတယ် ၀တ်ရုံရှည်ကို ဘယ်ကရမှန်းမသိဘူ။ တိုက်ခတ်တဲ့ လေပြေက ၀တ်ရုံရှည်ကို အသာအယာ လှုပ်ယမ်းစေပြီး ခြေထောက်က ဝါ၊ ဝါ၊ ခရမ်းရောင် ဝိဉာဉ်ကွင်းတွေက တောက်ပနေကာ လွှမ်းမိုးမှု အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။
ဒါက စုယန်ရဲ့ အရှိန်အဝါကို လုံးဝ ပိုပြီး တောက်ပသွားစေသည်။
ဝိုး!
အဲဒီမှာတင် နော်ဒင်းအကယ်ဒမီတစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားတော့သည်။
အားလုံးက စုယန်ကို မယုံနိုင်စရာ မျက်လုံးတွေနဲ့ ကြည့်နေကြပြီး သူတို့ရဲ့ မျက်လုံးတွေက ပြူးထွက်လုနီးပါး ဖြစ်သွားကာ "စုယန်၊ သူက မဖြစ်နိုင်တာ" ဟု တုန်လှုပ်စွာ အော်လိုက်ကြသည်။
"ဒါ အစစ်မှ မဟုတ်တာ ဖြစ်နိုင်မလား?"
"သူ့ရဲ့ ဝိဉာဉ်က တစ်ခါပြန်ပြီး မျိုးပြောင်း သွားတာလား? မျောက်ကလေး အခု ဘယ်လောက်တောင် ချောလဲ ကြည့်စမ်းပါ။"
"အို ဘုရားသခင်!"
"စုယန်က တကယ်ပဲ အဆင့် ၃၈ ဝိဉာဏ်အကြီးအကဲ တစ်ယောက်လား?"
"မျောက်ကလေးက အရမ်း အံ့သြဖို့ကောင်းတာပဲ။"
"စုယန်က ဒီနှစ်တွေအတွင်းမှာ သူများတွေ သူ့ကို ဘယ်လိုမြင်လဲ ဂရုမစိုက်ဘဲ သူ့ရဲ့ စွမ်းအားကို အဆင့် ၃၈ အထိ တိတ်တိတ်ကလေး မြှင့်တင်ထားပြီး ဒီနေ့မှပဲ ပြသလိုက်တာလား?"
"စုယန်ရဲ့ ဝိဉာဉ်မျိုးကွဲမှာ ချို့ယွင်းချက် ရှိပြီး အဆင့် ၃၀ ကို မကျော်နိုင်ဘူးလို့ မပြောဘူးလား?"
"ဘယ်သူက မင်းကို ချို့ယွင်းချက် ရှိတယ်လို့ ပြောတာလဲ? စုယန်ရဲ့ ဝိဉာဉ်က တခြားဘယ်သူ့ထက်မဆို မလျော့ကျဘဲ အစွမ်းထက်တယ်၊ သူက စားနိုင်သောက်နိုင်တောင် ရှိသေးတယ်။ ဒါကို မင်းက အမှိုက် ဝိဉာဉ်လို့ ခေါ်နေတာလား?"
"ဘယ်သူ့ ဝိဉာဉ်က သာမန်လူလို စားနိုင်သောက်နိုင် ရှိမှာလဲ?"
"ငါ ပြောတာ မဟုတ်ဘူး၊ ဂရမ်းမာစတာ ပြောတာ!"
"သေစမ်း! ဂရမ်းမာစတာဆိုတာ ဘယ်လိုလူမျိုးလဲ?
အကယ်ဒမီတစ်ခုလုံးမှာ ဘယ်သူက မသိပဲရှိလို့လည်း? မင်းက အသစ်လား?”