အခန်း (၂၅) - ဆုလာဘ်အတွက် ရူးရူးမိုက်မိုက် လုယက်ခြင်း
ဒရစ်!
【ချက်ဂရု အဆင့်မြှင့်တင်လိုက်ပြီ၊ အိမ်ရှင်အနေနဲ့ အဖွဲ့ဝင်အသစ်တွေကို ဖိတ်ခေါ်ဖို့ ဒိုလော့လောက တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။】
"အို?" စုယန် က ဒီအချက်ပေးသံကို ကြားတော့ စိတ်လှုပ်ရှားစွာ ထိုင်လိုက်ပြီး သူ့ရဲ့ စိတ်အသိထဲမှာ မေးလိုက်သည်: "စနစ်ရေ၊ ငါ ဒိုလော့လောက ထဲက လူတွေကိုပဲ ဖိတ်ခေါ်လို့ ရတာလား?"
"တခြား သင့်တော်တဲ့ ရွှမ်ဟွမ် လောက က လူတွေကို မဖိတ်ခေါ်နိုင်ဘူးလား?"
ဒရစ်!
【တခြားလောက က အဖွဲ့ဝင်တစ်ယောက် ဝင်ရောက်လာတိုင်း၊ လောကအချင်းချင်း ကြား ပို့ဆောင်ပေးတဲ့ လုပ်ဆောင်ချက်ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Host ရဲ့ လက်ရှိ ခွန်အားအရ၊ တခြားလောက တွေကနေ ဖိတ်ခေါ်ခြင်းကို လက်ရှိအချိန်မှာ ပံ့ပိုးမပေးထားသေးပါဘူး။】
ဒီစကားကို ကြားတော့ စုယန် စိတ်ပျက်သွားသည်။
သူကတော့ ရွှမ်ဟွမ် လောက က လူတစ်ယောက်ကို ဖိတ်ခေါ်ပြီး ကျင့်ကြံခြင်းနည်းစနစ် တစ်ခုလောက် ထုတ်ပြလိုက်ရင် ဒိုလော့လောက မှာ ဘုရင်ဖြစ်နိုင်မယ်လို့ တွေးထားခဲ့တာလေ။ အခုတော့ ဖြတ်လမ်းနည်းနဲ့ သွားလို့မရဘူး ဆိုတာ သိလိုက်ရပြီ။
ဒိုလော့လောက တွေက အများကြီးရှိတယ်။
အနာဂတ်က လူတွေကို ဖိတ်ခေါ်ရင်လည်း သူ့ရဲ့ သတင်းပြောကြားသူ နေရာကို လုယူသွားမှာ စိုးရိမ်ရသလို၊ ပို့ဆောင်တဲ့စနစ်က ဘယ်လို အလုပ်လုပ်လဲဆိုတာကိုလည်း သူ မသိသေးဘူး။
အနာဂတ်နှစ်ပေါင်းတစ်သောင်း ကြာပြီးမှ ဝိဉာဉ်ကိရိယာ နည်းပညာတွေ ပေါ်လာမှာ၊ အဲဒီအချိန်က လူကို ဖိတ်ခေါ်ပြီး ဘီဘီတုံ ရဲ့အလိမ်ခံလိုက်ရတယ်ဆိုရင် ဒိုလော့လောကကြီး အရမ်းနစ်နာသွားလိမ့်မယ်။
ဘီဘီတုံ ကို ထိန်းချုပ်နိုင်ပြီး တခြားလောက က အရေးပေါ် ကိစ္စတွေကို ဖြေရှင်းနိုင်တဲ့အထိ ခွန်အား တိုးတက်လာပြီဆိုမှပဲ သူ စိတ်ပူစရာ မလိုတော့မှာ။
"အရင်ဆုံး ဒိုလော့ (၁) လောက က လူတစ်ယောက်ကို ဖိတ်ခေါ်လိုက်မယ်။"
ဒရစ်!
【ဒိုလော့ (၁) လောက ကနေ အဖွဲ့ဝင်အသစ် တစ်ယောက်ကို ကျပန်း ဖိတ်ခေါ်နေပါတယ်။】
ကောင်းကင်ဒိုမြို့
လမင်းအဆောင်။ ထန်ယွဲ့ဟွာ တစ်ယောက် အိပ်ပျော်နေရင်း သူမစိတ်ထဲမှာ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။
【"ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်း မိသားစု" ချက်ဂရု သို့ ကြိုဆိုပါတယ်။】
ထန်ယွဲ့ဟွာ: ???
အစပိုင်းမှာတော့ ထန်ယွဲ့ဟွာ အိပ်မက် မက်နေတယ်လို့ ထင်လိုက်တယ်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ လက်ထဲမှာ သတင်းအချက်အလက်တွေ ပြနေတဲ့ မျက်နှာပြင် မှန်တစ်ချပ်ကို တွေ့လိုက်မှ မျက်လုံးကို ပွတ်ပြီး မယုံနိုင်စရာ ဖြစ်သွားရသည်။
"ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်း မိသားစု?"
"ဘာလဲ?"
ထန်ယွဲ့ဟွာ တစ်ယောက် စိတ်ရှုပ်ထွေးသွားပြီး ချက်ဂရု ထဲက အကြောင်းအရာတွေကို စစ်ဆေးဖို့ နှိပ်လိုက်သည်။
ကြည့်လိုက်တဲ့အခါမှာတော့ တုန်လှုပ်သွားပြီး "ဘီဘီတုံ" ဆိုတဲ့ အဖွဲ့ဝင် နာမည်ကို မြင်လိုက်ရတော့ လန့်သွားသည်။
မဖြစ်နိုင်တာ! ငါ... ထန်ယွဲ့ဟွာ က ဘီဘီတုံ နဲ့ မိသားစု ဖြစ်နေတာလား????
ထန်ယွဲ့ဟွာ တစ်ယောက် ဦးနှောက်တွေ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူမ နဲ့ ဘီဘီတုံ က ရန်သူတွေလေ၊ တစ်သက်လုံး မိသားစု ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ချစ်ခြင်းမေတ္တာနဲ့ သတ်ဖြတ်ခြင်း? သတ်ဖြတ်တာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ချစ်ကြမှာလဲ?
ထန်ယွဲဟွာ ထလိုက်ပြီး သူမရဲ့ အလှအပကို ဖုံးကွယ်ထားတဲ့ ဝတ်ရုံကို ဆွဲယူကာ ဒီ "မိသားစု" ချက်ဂရု အကြောင်းကို စတင် လေ့လာတော့သည်။
【စုယန် က ဂရုနာမည်ကို "ဒိုလော့လောက ချက်ဂရု" ဟု ပြောင်းလဲလိုက်သည်။】
【ရတနာခုနှစ်ပါးမင်းသမီးလေး က ဂရုနာမည်ကို "ချစ်စရာ မိသားစု" ဟု ပြောင်းလဲလိုက်သည်။】
【ငါကမိဘမဲ့တစ်ယောက် က ဂရုနာမည်ကို "ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်း မိသားစု" ဟု ပြောင်းလဲလိုက်သည်။】
ထန်ယွဲ့ဟွာ: ???
ချက်ဂရု ထဲက စာသားတွေကို ကြည့်ပြီး ထန်ယွေဟွာ စကားမပြောနိုင် ဖြစ်သွားသည်။
ဒိုလော့လောက ချက်ဂရု။
အဲဒါကြောင့် အကြမ်းဖျင်းတော့ နားလည်သွားသည်။
ဒါပေမဲ့။
ချစ်စရာ မိသားစု?
ဘယ်လိုတောင် တွေးလိုက်တာလဲ!
【စုယန်: မင်းတို့နှစ်ယောက် ဘာလို့ ဂရုနာမည်တွေကို လျှောက်ပြောင်းနေတာလဲ??? အဖွဲ့ဝင်အသစ်တွေ ဘာဖြစ်နေမှန်း နားလည်မှာ မဟုတ်ဘူး။】
【ရတနာခုနှစ်ပါးမင်းသမီးလေး: "ချစ်စရာ မိသားစု" က နွေးထွေးတယ်လို့ ထင်တယ်၊ ဘာလို့ "ချစ်ခြင်းမေတ္တာနဲ့ သတ်ဖြတ်ခြင်း" ဖြစ်နေရမှာလဲ?】
【ငါကမိဘမဲ့တစ်ယောက်: ဘာလို့လဲဆိုတော့ ငါတို့က ချက်ဂရု မိသားစု ဖြစ်နိုင်ပေမဲ့၊ ချစ်စရာ မိသားစု ဖြစ်ဖို့က မဖြစ်နိုင်လို့လေ။ "ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်း" က ပိုပြီး ယုတ္တိရှိတယ်။】
【ဘီဘီတုံ: ဆုလာဘ်က ဘယ်မှာလဲ?】
စုယန် က ဂရုထဲက စာတွေကို ဖတ်ပြီး ရယ်ရခက်နေသည်။
"စနစ်ရေ၊ အဆင့်မြှင့်တင်မှု ဆုလာဘ်ကို ထုတ်ယူမယ်။"
ဒင်!
【ဆုလာဘ်များကို ကျပန်း ခွဲဝေပေးလိုက်ပါပြီ။】
【Host အတွက် ဝိဉာဉ်စွမ်းအား အဆင့် (၁) ရရှိပါတယ်။】
【Host အတွက် နတ်ဘုရားအဆင့်ဝိဉာဉ်ကွင်း (အဆင့်မြင့်ဗားရှင်း) ရရှိပါတယ်။】
【နတ်ဘုရားအဆင့် ဝိဉာဉ်ကွင်း (အဆင့်မြင့်ဗားရှင်း) - ၁: စနစ်မှ ပေးအပ်သော ဝိဉာဉ်ကွင်း ဖြစ်ပြီး၊ အသုံးပြုသူရဲ့ ခံနိုင်ရည်ရှိသည့် အမြင့်ဆုံး အတိုင်းအတာပေါ် မူတည်၍ သင့်လျော်သော အဆင့်ရှိ ဝိဉာဉ်ကွင်းကို ဖန်တီးပေးသည်။
၂: ဝိဉာဉ်ကွင်း၏ သက်တမ်းသည် Host ၏ ခွန်အားနှင့်အတူ အလိုအလျောက် တိုးပွားလာမည်ဖြစ်သည်။
၃: အသုံးပြုသူအနေဖြင့် ဝိဉာဉ်စွမ်းရည်ကို မိမိစိတ်ကြိုက် ဖန်တီးနိုင်သည်။
၄: လက်ရှိ ဝိဉာဉ်ကွင်းကို အစားထိုးပြီး ဝိဉာဉ်ကွင်းသစ် အဖြစ် ပြောင်းလဲနိုင်သည်။】
【အဖွဲ့ဝင်များအတွက် ဆုလာဘ်များကို ခွဲဝေပေးရမလား?】
ဘာလဲဟ? ဝိဉာဉ်ကွင်းရဲ့ ဖော်ပြချက်ကို မြင်လိုက်ရတော့ စုယန် အံ့ဩသွားသည်။
သောက်ကျိုးနည်း!!!
သက်တမ်း အလိုအလျောက် တိုးလာတဲ့ နတ်ဘုရားပေး ဝိဉာဉ်ကွင်း?
ဝိဉာဉ်စွမ်းရည်ကို ကိုယ်တိုင် ဖန်တီးနိုင်တာ?
ဝိဉာဉ်ကွင်းကို အစားထိုးနိုင်တာ?
စနစ်ကတော့ တကယ်ပဲ အစွမ်းထက်လွန်းတယ်!!
ဘာလို့ ဒါကို နတ်ဘုရားပေး ဝိဉာဉ်ကွင်း လို့ ခေါ်ရမှာလဲ? "စနစ်ပေး ဝိဉာဉ်ကွင်း" လို့ပဲ ခေါ်လိုက်တော့မယ်။ "စနစ်" ဆိုတဲ့ စကားလုံးရဲ့ တန်ဖိုးကို ဘယ်သူမှ မသိဘဲ မနေဘူး!
နတ်ဘုရား? နတ်ဘုရား ဆိုတာ ဘာမှ မဟုတ်ဘူး နတ်ဘုရားဘုရင် တစ်ယောက်တောင် စနစ်ရဲ့ ဆံပင်တစ်မျှင်လောက် မကောင်းဘူး။
"အဖွဲ့ဝင်တွေအတွက် ဆုလာဘ်ကို ခွဲဝေပေးလိုက်!"
【ချက်ဂရု အဆင့်မြှင့်တင်ပြီး၊ အဖွဲ့ဝင်များအတွက် ဆုလာဘ်များကို ကျပန်း ခွဲဝေပေးလိုက်ပါပြီ။】
【ဆုလာဘ်: နတ်ဘုရားပေး ဝိဉာဉ်ကွင်း (အဆင့်မြင့်ဗားရှင်း)】
【...】
【ချက်ဂရု အဖွဲ့ဝင် အားလုံး ဆုမဲနှိုက်ခြင်းမှာ ပါဝင်နိုင်ပါတယ်။】
【အားလုံး: ???】
ဒီအချိန်မှာပဲ အဖွဲ့ဝင် အားလုံး ချက်ဂရုထဲက အကြောင်းအရာကြောင့် တုန်လှုပ်သွားကြသည်။
နတ်ဘုရားပေး ဝိဉာဉ်ကွင်း!
သူတို့ တစ်ခါမှ မကြားဖူးဘူး။
ပြီးတော့ အလိုအလျောက် အဆင့်တက်တဲ့ ဝိဉာဉ်ကွင်းတဲ့လား?
ဝိဉာဉ်စွမ်းရည်ကို ကိုယ်တိုင် ဖန်တီးနိုင်တာတဲ့?
ဘုရားရေ။
ဒါက ပိုတောင် လက်ခံရခက်သေးတယ်။
ပုံမှန်ဆိုရင် ကိုယ်နဲ့ သင့်တော်တဲ့ ဝိဉာဉ်စွမ်းရည်ကို ရွေးရတာ၊ အခုတော့ ကိုယ်တိုင် ဖန်တီးခိုင်းနေတာလား?
ဝိဉာဉ်ကွင်းကို အစားထိုးနိုင်တာတဲ့?
ဒါဆိုရင် ပထမဆုံး ဝိဉာဉ်ကွင်း ကိုလည်း အကန့်အသတ်မရှိ သက်တမ်းရှိတဲ့ ဝိဉာဉ်ကွင်း အဖြစ် ပြောင်းလို့ရမှာပေါ့?
ဒါ... ချက်ဂရုရေ၊ မင်း တကယ်ပြောနေတာလား?
မင်းကို သတင်းပေးနိုင်တဲ့ ကိရိယာ လောက်ပဲ ထင်ထားတာ၊ အခုတော့ မင်းက ဒိလို လှည့်စားတဲ့နည်းတွေကို ပေးနေတာလား၊ ဒီလောက်ထိတောင်လား?
ကြောက်စရာကောင်းလိုက်တာ။
အားလုံး မစဉ်းစားရသေးခင်မှာပဲ၊ ဂရုထဲမှာ လူတစ်ယောက်က စတင် လုယက်နေပြီ။
ပထမဆုံး လုတဲ့သူက စုယန် ဖြစ်ပြီး သူ့နာမည် နောက်မှာ အန်စာတုံး သုံးခု ပေါ်လာသည်။
【စုယန်: သုံး၊ နှစ်၊ ငါး။】
【စုယန်: 10!】
ပုပ်ရဟန်းမင်းကြီးရဲ့ အိပ်ဆောင်။
ဘီဘီတုံ လည်း ကြောင်သွားသည်။
သောက်ကျိုးနည်း?
ဒီချက်ဂရု ဆုလာဘ်က သူမအတွက် သီးသန့် ဖန်တီးထားတာပဲ။ ဒီ အဆင့်မြင့် နတ်ဘုရားပေး ဝိဉာဉ်ကွင်းသာ တကယ်မှန်ရင်၊ ဒီ ဝိဉာဉ်ကွင်းကို ရလိုက်တာနဲ့ သူမက ဒိုလော့လောက ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်လာမှာ။
ချန်တောက်လျို က ဘာဟုတ်လို့လဲ?
ထန်ချန် က ဘာဟုတ်လို့လဲ?
ပိုဆိုင်ရှီ က ဘာဟုတ်လို့လဲ?
ဒီနေ့ကစပြီး ဒိုလော့ တိုက်ကြီး မှာ ဘုရင် တစ်ယောက်ပဲ ရှိတော့မယ်၊ အဲဒါက ငါ၊ ဘီဘီတုံ ပဲ။
အရမ်းကောင်းတယ်!
အရမ်းကောင်းတယ်!
ဘီဘီတုံ စိတ်လှုပ်ရှားစွာနဲ့ တုန်ယင်ပြီး အန်စာတုံးကို လှည့်ဖို့ လက်ကို အမြန်ဆန့်လိုက်သည်။
ဒူလော့ တိုက်ကြီး ရေ၊ မင်းရဲ့ ဘုရင် ရောက်လာပြီ။
အားလုံးပဲ တုန်ယင်ကြတော့!
【ဘီဘီတုံ: တစ်၊ သုံး၊ နှစ်။】
【ဘီဘီတုံ: ???】
【စုယန်: ကျစ် ကျစ် 】
အိမ်ရှေ့စံ မင်းသား နေအိမ်။
ချန်ရန်ရွှယ် နဲ့ ဟူလီနာ တို့လည်း အံ့ဩသွားကြသည်။
တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဘာမှ မပြောကြတော့ဘဲ သူတို့ရဲ့ မျက်လုံးတွေက တစ်ခုတည်းကိုပဲ ဖော်ပြနေတယ် - "လု!"
【ဟူလီနာ: နှစ်၊ သုံး၊ လေး။】
【ငါကမိဘမဲ့တစ်ယောက်: လေး၊ တစ်၊ သုံး။】
【ဟူလီနာ: ငါ နားလည်ထားတာ မှန်လား? အန်စာတုံး သုံးခုရဲ့ ပေါင်းလဒ် အများဆုံးသူက နိုင်တာလား?】
【စုယန်: ဟုတ်တယ်၊ ငါက အမှတ် (၁၀) နဲ့ အခု ဦးဆောင်နေတယ်။】
နဂါးပြာကျောင်းတော်။
လျိုအာ့လုံ လည်း အခုအချိန်မှာတော့ စိတ်လှုပ်ရှားသွားသည်။
ဟုတ်တယ် စိတ်လှုပ်ရှားနေတာ!!!
ဒီလိုမျိုး စနစ်ရဲ့ ဆုလာဘ်တွေက ပြောင်းရွှေ့လာသူ တစ်ယောက်ကိုတောင် ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ သူတို့လို လောက ကို မမြင်ဖူးတဲ့ ဒေသခံတွေ အတွက်ဆိုရင်တော့ အသက်တောင် ရှူရခက်တဲ့အထိ စိတ်လှုပ်ရှားစရာ ဖြစ်နေပြီ။
ဘီဘီတုံ!
ငါ နင့်ကို ဘယ်လို ကျော်တက်သွားမလဲ ဆိုတာ ကြည့်ထား။
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: တစ်၊ တစ်၊ နှစ်။】
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: ငါ့လက် ချော်သွားလို့၊ ထပ်ပြီး လှိမ့်လို့ ရသေးလား?】