အခန်း (၂၄) - ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်း မိသားစု
လျိုအာ့လုံ တစ်ယောက် ဒေါသထွက်လွန်းလို့ ပေါက်ကွဲနေခဲ့သည်။
"သောက်ကျိုးနည်း။"
"ဘီဘီတုံ၊ နင် ဒီမိန်းမယုတ်၊ နင့်မှာ လူ့စိတ်ဓာတ် ရှိသေးရဲ့လား?"
"ငါ့ကို မြင်ရတာ ခက်ခဲတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ?"
"ငါက အပြစ်မဲ့တဲ့သူ မဟုတ်ဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲ?"
"ငါလည်း နင့်ကို မြင်ရတာ စိတ်ညစ်တယ်၊ ဒီအဘွားကြီးရေ။"
ကျန်တဲ့ အဖွဲ့ဝင်တွေလည်း အခုဆိုရင် စိုးရိမ်လာကြပြီ။
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဘီဘီတုံ၊ ဒီလိုမျိုး မလုပ်ပါနဲ့!】
【အရိပ်ထဲကကြောင်: ခန့်မှန်းချက် တစ်ခုတည်းနဲ့ လူတစ်ယောက်ကို သတ်မလို့လား? နင် ဒီအတိုင်းပဲ ဆက်လုပ်နေရင်၊ ကျွန်မတို့ ဘယ်တော့မှ ထွက်ပြောတော့မှာ မဟုတ်ဘူး၊ နင်နဲ့ အတူတူ ချက်ဂရုထဲမှာ ရှိနေရမှာတောင် ကြောက်လာပြီ။】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဘီဘီတုံ၊ နင် လွန်လွန်းနေပြီ။】
【ငါကမိဘမဲ့တစ်ယောက်: ဘီဘီတုံ၊ နင် ရူးနေပြန်ပြီလား?】
【ဂရုအဖွဲ့၀င်နံပါတ် 9: ဘီဘီတုံ၊ နင် တကယ်စွမ်းရင် ငါ့ကို လာရှာလေ။ နင် ငါ့ကို ရှာတွေ့ရင်၊ နင့်ကို... တကယ်တော့ ငါ့ကို သတ်ခွင့်ပေးမှာ မဟုတ်ပါဘူး။】
【ဟူလီနာ: ဆရာမ၊ ဒါက အပြစ်မဲ့တဲ့သူတွေကို ထိခိုက်စေလိမ့်မယ်။ အရင်ဆုံး သေချာ စုံစမ်းကြည့်ရင် မကောင်းဘူးလား?】
【မုန်လာဥစားရတာကြိုက်တယ်: ဘီဘီတုံ! နင်က တကယ် ဆိုးတဲ့ မိန်းမပဲ။ အပြစ်မဲ့တဲ့သူတွေကို ဒီအတိုင်း လျှောက်သတ်နေရင်၊ ကျွန်မတို့ အားလုံး နင့်ကို နောက်ဆို လျစ်လျူရှုထားလိုက်မယ်။】
ဝိဉာဉ်ခန်းမ
ဘီဘီတုံ တစ်ယောက် ဒေါသကြောင့် စကားမပြောနိုင် ဖြစ်သွားသည်။
"ယုတ္တိမရှိလိုက်တာ!"
"ငါ အခုလေးတင်ပဲ ပြောလိုက်တာ မဟုတ်ဘူးလား? ငါ မှားခန့်မှန်းမိရင်တောင် သူမက အပြစ်မဲ့တဲ့သူ မဟုတ်ဘူး!"
"လျိုအာ့လုံ က ငါ့ရဲ့ အချစ်ပြိုင်ဖက်လေ ငါ သူမကို မုန်းလာတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ သူမကို သတ်တာက ဘယ်လိုလုပ်ပြီး အပြစ်မဲ့တဲ့သူကို သတ်တာ ဖြစ်ရမှာလဲ?"
"ဒါ့အပြင်။"
"စုယန် က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ။"
"ငါ၊ ဘီဘီတုံ ဆိုတာ ရူးနေတဲ့ မိန်းမတစ်ယောက်လေ!"
"ရူးနေတဲ့ ပုပ်ရဟန်းမင်းကြီး တစ်ယောက်က လူတစ်ယောက်ကို သတ်ချင်တာက ယုတ္တိရှိတဲ့ ကိစ္စ မဟုတ်ဘူးလား?"
【ဘီဘီတုံ: ကောင်းပြီလေ!】
【ဘီဘီတုံ: ဒီနေ့တော့ မင်းတို့ အားလုံးကို မျက်နှာထောက်ပြီး သူမကို အသက်ချမ်းသာ ပေးလိုက်မယ်။ 'ယု' မျိုးရိုးနဲ့ မင်း၊ ကောင်းကောင်း ပုန်းနေဖို့သာ ပြင်ထား။ နောက်ရက်အနည်းငယ်မှာ ငါ နင့်ကို ဘယ်လို အပိုင်းပိုင်း ဖြတ်ပစ်မလဲဆိုတာ ကြည့်ထား။】
ဘီဘီတုံ တစ်ယောက် ဒီကိစ္စအတွက် အရမ်း ဒေါသထွက်နေပေမဲ့ တခြား ရွေးချယ်စရာ မရှိတော့ပေ။
သူမသာ အခု လျိုအာ့လုံ ကို တကယ်သွားလုပ်ရင်၊ ဂရုဝင်တွေအားလုံးရဲ့ ဝိုင်းပယ်ခြင်းကို ခံရမှာ သေချာသည်။
စုယန် ဘာကို ဆိုလိုတာလဲဆိုတာ သူမ သေချာ မသိပေမဲ့၊ ဘီဘီတုံ ရဲ့ ပြဿနာတွေကြောင့် အားလုံးက စကားတောင် မပြောရဲအောင် ဖြစ်သွားရင်၊ စုယန် က သူမကို ချက်ချင်း ဂရုထဲကနေ ကန်ထုတ်ပစ်မှာဆိုတာကိုတော့ သူမ သေချာပေါက် သိနေသည်။
【ရတနာခုနှစ်ပါးမင်းသမီးလေး: အားလုံးက ချက်ဂရု အတူတူပဲကို၊ ကျွန်မတို့က ချစ်စရာ မိသားစု တစ်စုလေ! ဘာလို့များ တိုက်ခိုက်ပြီး သတ်ဖြတ်နေရမှာလဲ?】
【ရတနာခုနှစ်ပါးမင်းသမီးလေး က ဂရုနာမည်ကို "ချစ်စရာ မိသားစု" ဟု ပြောင်းလဲလိုက်သည်။】
【ငါကမိဘမဲ့တစ်ယောက်: "ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်း မိသားစု" ဆိုရင် ပိုသင့်တော်မယ် ထင်တယ်။】
【ငါကမိဘမဲ့တစ်ယောက် က ဂရုနာမည်ကို "ချစ်ခြင်းမေတ္တာနှင့် သတ်ဖြတ်ခြင်း မိသားစု" ဟု ပြောင်းလဲလိုက်သည်။】
【အားလုံး: ???】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဘီဘီတုံ၊ စိတ်မတိုပါနဲ့။ သူမက နင့်ကို အဘွားကြီးလို့ ခေါ်တာ၊ ဒါပေမဲ့ သူမကိုယ်တိုင်က ယုရှောင်ဂန်း ရဲ့ အမေ ဖြစ်ဖို့ အလားအလာ ရှိနေတာလေ။ သူမက နင်ထက်တောင် ပိုအဘွားကြီး ဖြစ်နေဦးမှာ။】
【ဂရုအဖွဲ့၀င်နံပါတ်9: ယန်ဇီ၊ ဦးနှောက်လေးနဲ့တွေးပါ! သူမက ယုရှောင်ဂန်း ရဲ့ အမေ မဟုတ်ဘူးလို့ ပြောထားပြီးသားလေ။ ဒီအကြောင်းကို ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ?】
【စုယန်: ကျွန်တော်တို့ အားလုံး ဒီလို စုစည်းမိတာက ကံကြမ္မာပဲ။ ကံကြမ္မာဆိုတာ ကောင်းကင်ဘုံက စီစဉ်ပေးတဲ့ အကောင်းဆုံး အစီအစဉ်ပဲ! ပဋိပက္ခတွေက ရှောင်လွှဲလို့ မရပေမဲ့၊ ကျန်းဟူ(သိုင်းလောက) ဆိုတာ ဘာလဲ? ကျန်းဟူ ဆိုတာ တိုက်ခိုက်ပြီး သတ်ဖြတ်တာ ပဲမဟုတ်ဘူး၊ လူသးပေါင်းသင်းဆက်ဆံရေးနဲ့ လောကီပညာကို ပြောတာ။】
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: အဘွားကြီး၊ ငါ အခုချက်ချင်း ပုန်းဖို့ နေရာရှာတော့မယ်။ နင် လိုသလောက်သာ ခန့်မှန်းနေလိုက်!】
【ဟူလီနာ: 'ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး'၊ နင် တကယ်စွမ်းရင် ဓာတ်ပုံ ပို့ရဲလား? ငါ့ဆရာမ က အဘွားကြီး မဟုတ်ဘူး။ ငါ့ဆရာမ က နင်ထက် ပိုလှတယ်ဆိုတာ ငါ အာမခံတယ်။】
【ဂရုအဖွဲ့၀င်နံပါတ်9: တကယ်လား? ငါတော့ မယုံဘူး!】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ကျွန်မလည်း မယုံဘူး!သူတို့နှစ်ယောက်လုံး ဓာတ်ပုံရိုက်ပြီး ပို့ခိုင်းကြမလား၊ ပြီးရင် ဘယ်သူက အလှဆုံးလဲဆိုတာ တရားမျှတစွာ မဲပေးကြတာပေါ့။】
【အရိပ်ထဲကကြောင်: အဲဒါတော့ အဆင်ပြေမယ် ထင်တယ်။】
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: မျက်နှာဓာတ်ပုံရိုက်ရင် မရဘူး၊ ဘီဘီတုံ ငါ့ကို မြင်သွားမှာပေါ့။ ရင်ဘတ်၊ ခါး၊ တင်ပါးနဲ့ ခြေထောက်ကို ရိုက်ပို့မယ်။ ဘီဘီတုံ ထွက်လာပြီး ယှဉ်ရဲလား?】
【ယန်ဇီက ငှက်မဟုတ်ဘူး: *ကျစ် ကျစ်*~ ဒါမျိုးတော့ ကြိုက်တယ်၊ ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတယ်။】
【စုယန်: မင်း တစ်ယောက်တည်း မဟုတ်ပါဘူး။】
【ဂရုအဖွဲ့၀င်နံပါတ် 9: ဒါက စိတ်ဝင်စားဖို့ ကောင်းသားပဲ။】
【ဘီဘီတုံ: ပျင်းစရာကောင်းလိုက်တာ။】
【ရတနာခုနှစ်ပါးမင်းသမီးလေး: အား!!!】
【မုန်လာဥစားရတာကြိုက်တယ်: အစ်မရေ၊ နင် ဘာဖြစ်တာလဲ?】
နော်ဒင်းအကယ်ဒမီ
စုယန် စားသောက်ပြီးတဲ့နောက်၊ မျောက်ကလေး ကို ယူပြီး လေ့ကျင့်ခန်း လုပ်ဖို့ နေရာရှာလိုက်သည်။
ဒီချက်ဂရုက တကယ်ကို နေ့တိုင်း စိတ်ဝင်စားဖို့ ကောင်းလာတယ်။
ဒါပေမဲ့ နှမြောစရာကောင်းတာက... ဘီဘီတုံ ဆိုတဲ့ ဒီလူက အားမရစရာပဲ!
"သူမနဲ့ ဘာလို့ မယှဉ်ချင်တာလဲ?"
"ရင်ဘတ်၊ ခါး၊ တင်ပါး၊ ခြေထောက်။"
"ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ?"
"ချက်ဂရုထဲမှာ မဟုတ်တာတွေ ပါလာမှာကိုတောင် ငါ မကြောက်ဘူး၊ နင်က ဘာကို စိုးရိမ်နေတာလဲ?"
ဒါပေမဲ့
လက်ရှိ အခြေအနေအရဆိုရင် ချက်ဂရု ရဲ့ တိုးတက်မှုက အရမ်း မြန်ဆန်နေတယ်။ သူက အရသာရှိတဲ့ သတင်းကြီးတွေ မပေးရင်တောင် သူတို့ကိုယ်တိုင် "စကား" ပြောရင်း ပျော်ရွှင်နေကြတာပဲ။
...
အချိန်တွေက မြှားတစ်စင်းလိုပဲ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။
သုံးရက် ကုန်ဆုံးသွားပြီး ချက်ဂရုက ဆက်လက်ပြီး မီးတောက်လိုပူပြင်းနေတုန်းပဲ။
စုယန် က နေ့တိုင်း သူတို့နဲ့ ပေါ့ပေါ့ပါးပါး စကားပြောရင်း တိတ်တိတ်ကလေး လေ့ကျင့်ခန်း လုပ်ဖို့ နေရာရှာနေခဲ့တယ်။
ညဘက်
ကြယ်ရောင်တွေက တောက်ပနေခဲ့တယ်။
စုယန် က တောင်ကုန်းနောက်ဘက်မှာ လှဲအိပ်ရင်း ကောင်းကင်က လမင်းကြီးကို ငေးကြည့်နေပြီး စိတ်လှုပ်ရှားနေတယ်။
【စုယန်: အိပ်ရာရှေ့ လရောင်ဖြာ၊ မြေပြင်မှာနှင်းဆီ ဝါ၊ ခေါင်းမော့ လမင်းကိုကြည့်ကာ၊ ခေါင်းငုံ့ကာဇာတိကို လွမ်းမိလေပြီ၊၊】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ကဗျာကောင်း၊ ကဗျာကောင်း။】
【ဂရုအဖွဲ့၀င်နံပါတ် 9: လမင်းကြီး ဆိုတာ ဘယ်သူလဲ၊ ဘာလို့ အဝတ်မဝတ်ထားတာလဲ?】
【အားလုံး: ???】
ချက်ဂရုထဲက စာသားကို မြင်လိုက်ရတော့ စုယန် လည်း ကြောင်သွားသည်။
ပါရမီရှင် တစ်ယောက်များ ဒီထဲ ရောက်လာတာလား?
【စုယန်: သူငယ်ချင်းတို့၊ ချက်ဂရုရဲ့ တိုးတက်မှုက အခု တကယ်ကို အားရစရာ ကောင်းနေပြီ၊ အဆင့်မြှင့်တင်ဖို့ ၃ ရာခိုင်နှုန်းပဲ လိုတော့တယ်။ သန်းခေါင်ယံမှာ ယင် နဲ့ ယန် လဲလှယ်တဲ့အခါ၊ နေ့သစ်တစ်ခု စတင်တော့မှာပါ။】
【ဘီဘီတုံ: ပြီးတော့?】
【ငါကမိဘမဲ့တစ်ယောက်: ပြီးရင်တော့ မျက်နှာသစ်ပြီး အိပ်လိုက်တော့။】
【စုယန်: ငါပြောချင်တာက၊ နောက်နေ့မရောက်ခင် ကျွန်တော်တို့ အမှတ်ကို ဆက်ပြီး တိုးမြှင့်လို့ရတယ်။ အားလုံး စကားနည်းနည်း ပြောပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မိသားစုကြီးကို အဆင့်မြှင့်တင်လို့ ရပြီ။】
【ယန်ဇီက ငှက်မဟုတ်ဘူး: ဒီည သတင်းတွေ စားရမှာလား?】
【ဟူလီနာ: အာ? ဒီအချိန်မှာတော့ အရမ်းအိပ်ငိုက်နေပြီ။】
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: ညှိနှိုင်းလို့ ရမလား၊ ရှောင်ဂန်း အကြောင်း ရေးတာ ရပ်ပြီး တခြားအကြောင်း ပြောကြမလား?】
【အားလုံး: မရဘူး။】
စုယန် တောင် ပါးစပ်ဟစရာ မလိုဘဲ လူအုပ်စုလိုက်က လျိုအာ့လုံ ရဲ့ တောင်းဆိုချက်ကို တိုက်ရိုက် ပယ်ချလိုက်ကြတယ်။
【စုယန်: သတင်းတွေ စားချင်ရင် မနက်ဖြန် စလို့ရတယ်။ ယုရှောင်ဂန်း အကြောင်းက စားစရာတွေ အများကြီး ရှိသေးတယ်။ အခု စလိုက်ရင် ဒီညတော့ အိပ်ရမှာ မဟုတ်ဘူး။】
【ဂရုအဖွဲ့၀င်နံပါတ် 9: ဒါဆိုရင် သတင်းမစားဘူးဆိုရင် အဆင့်မြှင့်ဖို့ ဘာစောင့်နေတာလဲ? မနက်ဖြန်ထိ အိပ်ပြီးမှ အဆင့်မြှင့်လိုက်မယ်။】
【အရိပ်ထဲကကြောင်: မင်းတို့ တစ်ခု မေ့နေတာ ဖြစ်မယ်။ စုယန် အရင်က ပြောဖူးတယ်၊ ချက်ဂရု အဆင့်မြှင့်တိုင်း ဆုလာဘ်တွေ ပေးတယ်ဆိုတာ။ ငါတို့အားလုံး ဒီဆုလာဘ်မှာ ပါဝင်လို့ ရတယ် ကံကောင်းရင် ရနိုင်တယ်။】
ဒီစကားကို ပြောလိုက်တာနဲ့ အားလုံး ချက်ချင်းပဲ ထိုင်လိုက်ကြတယ်။
သိသာပါတယ်။
သူတို့က ဆုလာဘ်က ဘာလဲဆိုတာ မသိပေမဲ့၊ ဆုလာဘ်က သတင်းစကားထက် ပိုအရေးကြီးတယ်ဆိုတာကိုတော့ သိထားကြတယ်။
【ဘီဘီတုံ: ဆုလာဘ်? ဒီရာထူးမှာ ရှိတဲ့ ငါ့ကို ဆွဲဆောင်နိုင်မယ့် ဆုလာဘ်မျိုး ငါ တစ်ခါမှ မတွေးဖူးဘူး။】
【စုယန်: နောက်တစ်ခါ စပြန်ပြီပေါ့?】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဘယ်တော့မှ မဆုံးနိုင်တော့ဘူးလား?】
【မုန်လာဥစားရတာကြိုက်တယ်: ဆိုးသွမ်းတဲ့ မိန်းမရေ၊ နင်ကတော့ ခြေလှမ်းတိုင်းမှာ ကြွားနေတော့တာပဲ။】
ပုပ်ရဟန်းမင်းကြီးရဲ့ အိပ်ဆောင်။
ဘီဘီတုံ က ပါးလွှာတဲ့ ခရမ်းရောင် အိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်စွန်းမှာ ထိုင်နေကာ သူမရဲ့ ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ်ကို ပြသနေပြီး၊ မျက်နှာမှာတော့ မထီမဲ့မြင်ပြုတဲ့ အကြည့်တွေနဲ့ပါ။
ဆုလာဘ်?
ကျစ်~
"ငါ၊ ဘီဘီတုံ က ဒီကနေ ခုန်ချပြီး အသေခံ သေလိုက်မယ်၊ မင်းတို့ရဲ့ အသုံးမကျတဲ့ ဆုလာဘ်တွေကိုတော့ လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး..."
ဘီဘီတုံ က လက်ကို ဆန့်ထုတ်ပြီး ခွက်ကို ကိုင်ကာ ရေတစ်ကျိုက် သောက်လိုက်ပြီး၊ ဆုလာဘ်ကို ပေးပြီးတဲ့အခါ စုယန် ကို အပြင်းအထန် တိုက်ခိုက်ပြီး ဝိဉာဉ်ခန်းမ ရဲ့ ပုပ်ရဟန်းမင်းကြီး တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကို ပြန်ယူဖို့ စီစဉ်လိုက်သည်။