အခန်း (၂၁) - ဒီချက်ဂရုကတော့ အရမ်းပျော်ဖို့ကောင်းတာပဲ
"အာ..." ဟူလီနာ ကြောင်အပြီး ကြောင်သွားသည်။
"နင်က မိဘမဲ့ တစ်ယောက်ဆိုတဲ့သူလား?"
"ဖူး..."
"ချန်ရန်ရွှယ်၊ နင်... ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ နာမည်မျိုး ရွေးလိုက်တာလဲ? နင်... ငါဆိုရင် 'ဂရုအဖွဲ့၀င် နံပါတ်9' လို့ပဲ နာမည်ပေးလိုက်တော့မယ်။ နောက်ကျ ဆရာမကသိသွားရင် နင့်ကို ဘယ်လိုမြင်မလဲ!"
ဟူလီနာ တကယ်ကို စကားမပြောနိုင်တော့ပေ။
အစ်မကြီးရေ
နင့်အမေက အခုထိ အသက်ရှင်လျက်နဲ့ ကျန်းမာနေတာကို၊ ဘယ်လိုလုပ် မိဘမဲ့ ဖြစ်ရတာလဲ?
ချန်ရန်ရွှယ်က အနည်းငယ် ပြုံးလျက် ပြန်ဖြေခဲ့သည်၊ "ငါ ဒီနာမည်ကို သူမမြင်အောင် ရည်ရွယ်ချက်ရှိရှိ ရွေးထားတာလို့ နင်မထင်ဘူးလား?"
"အာ..."
ဟူလီနာ နည်းနည်း ပင်ပန်းလာသလို ခံစားရသည်။
"အရှင်ငယ်လေး"
ဒီအချိန်မှာပဲ အခန်းပြင်ကနေ မြွေလှံတုန့်လော့ ရဲ့ အသံ ထွက်ပေါ်လာသည်။
ချန်ရန်ရွှယ်က အေးဆေးစွာ ပြန်ဖြေသည်၊ "ဝင်ခဲ့!"
မြွေလှံတုန့်လော့က လူအနည်းငယ်ကို ခေါ်ဆောင်လာပြီး ပြင်ဆင်ထားတဲ့ အစားအစာတွေကို တည်ခင်းပေးကာ ပြန်ထွက်သွားခဲ့သည်။
ချန်ရန်ရွှယ်က ဟူလီနာကို ကြည့်ပြီး ပြောသည်၊ "နင် ဝိဉာဉ်မြို့တော်ကနေ တစ်ရက်တည်းနဲ့ အရောက်လာခဲ့တာ၊ တစ်နေရာမှ မနားရသေးသလို ရေတစ်ခွက်တောင် မသောက်ရသေးဘူးဆိုတာ ငါသိတယ်။ အရင်စားလိုက်ဦး! စားပြီးရင် ကောင်းကောင်း အိပ်စက်နားယူလိုက်ပါ။"
ဟူလီနာက ချန်ရန်ရွှယ်ကို မကျေမနပ် မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်ပြီး"နင် ဒီချက်ဂရုထဲမှာ ရှိနေမှန်း ငါသာ သိရင် လာမှာမဟုတ်ဘူး။ နင်က အနည်းဆုံးတော့ ကြိုမပြောထားတားမဟုတ်ဘူး"
ချန်ရန်ရွှယ်က ဟူလီနာကို ကြည့်ကာ စကားမပြောနိုင် ဖြစ်သွားပြီး မေးလိုက်သည်၊ "ငါ့ကို ပြောစမ်းပါဦး၊ ငါ ဘယ်လိုလုပ်ပြီး နင့်ကို ကြိုပြောရမှာလဲ?"
"နင် လာမယ်ဆိုတာ မပြောထားတာ တစ်မျိုး၊ ငါသာ နင်လာမယ်ဆိုတာ သိရင်တောင် 'ငါက ချန်ရန်ရွှယ်ပါ၊ မလာပါနဲ့' လို့ ချက်ဂရုထဲမှာ ချက်ချင်း ရေးလို့ရမတဲ့လား?"
ဟူလီနာက ချန်ရန်ရွှယ်ကို ကြည့်ပြီး နောက်ထပ် ဘာမှ မပြောတော့ဘဲ အစားအစာတွေကို အငမ်းမရ စားသောက်လိုက်ေတာ့သည်၊ သူမ တစ်နေ့လုံး ဘာမှ မစားရသေးဘူးလေ ဗိုက်ပြန်ဖြည့်မှရတော့မယ်
"အိုး.... ဒါနဲ့ ချန်ရန်ရွှယ်၊ အခု နင် သိသွားပြီဆိုတော့ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ?"
ချန်ရန်ရွှယ် ထရပ်လိုက်ပြီး ဘေးကို လျှောက်သွားကာ ပြတင်းပေါက်အပြင်ဘက်က ညကောင်းကင်ကို ကြည့်ရင်း တွေးတောနေသည်၊ "ငါ လူတွေကို စုံစမ်းခိုင်းထားပြီးပြီ။"
"ဒါပေမဲ့ ဒီနေ့ စုယန် ပေးတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင်၊ လက်ရှိ ငါပိုင်ဆိုင်ထားတဲ့ အင်အားနဲ့ဆိုရင်တော့ ထန်ဆန်း နဲ့ ယုရှောင်ဂန်း ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အဘိုးကို ဘယ်လိုပြောရမလဲဆိုတာ ငါ စဉ်းစားနေတယ်။"
ဟူလီနာက ခွက်ထဲက ရေကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ပြန်ဖြေသည်၊ "ဝိဉာဉ်ခန်းမ ရဲ့ အင်အားစုတွေ အားလုံးကို ဆရာမကပဲ ထိန်းချုပ်ထားတာလေ။ အထွတ်အမြတ် အကြီးအကဲ ကိုယ်တိုင် မဝင်ရောက်လာသရွေ့တော့ လှုပ်ရှားဖို့ အရမ်းခက်ခဲလိမ့်မယ်။"
"ငါ ဆရာမဆီက အခြေအနေကို အတည်ပြုပြီးပြီ၊ စုယန် ပြောတဲ့အတိုင်းပဲ။ သူက အချစ်အတွက်ပဲ ရှင်သန်နေတဲ့ ဦးနှောက်မရှိတဲ့သူ ဖြစ်နေပြီး ကုစားလို့ မရတော့ဘူး။"
ချန်ရန်ရွှယ်က ခေါင်းလှည့်ပြီး ဟူလီနာကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ဘီဘီတုံ က ကျေးဇူးကန်းတဲ့သူပါ၊ သူ့အကြောင်း မပြောတာပဲ ကောင်းပါတယ်။"
ဟူလီနာက အားမလိုအားမရ မေးလိုက်သည်၊ "ဒါဆို နောက်တစ်ဆင့် ဘာဆက်လုပ်ကြမလဲ? ထန်ဆန်း တို့ရဲ့ အထောက်အထားတွေကို သိနေမှတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေလို့ မဖြစ်ဘူး မဟုတ်လား?"
ချန်ရန်ရွှယ် အတွေးထဲ နစ်မြုပ်သွားသည်။
ဒီအချိန်မှာပဲ ချက်ဂရုထဲက တစ်ယောက်ယောက်က မေးလိုက်သည်။
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဟူလီနာ၊ နင် ချန်ရန်ရွှယ်ကို တွေ့ခဲ့ပြီလား?】
【ယန်ဇီက ငှက်မဟုတ်ဘူး: ချန်ရန်ရွှယ် ဘာပြောလဲ?】
【အရိပ်ထဲကကြောင်: ဒီဇာတ်လမ်းပုံစံအတိုင်းဆိုရင်၊ နင်တို့နှစ်ယောက်က ပူးပေါင်းပြီး ဝိဉာဉ်ခန်းမကို ပြန်သိမ်းပိုက်ဖို့ ကြံစည်နေတာလား?】
【ဘီဘီတုံ: ???】
ပုပ်ရဟန်းမင်းကြီးရဲ့ အိပ်ဆောင်။
ဘီဘီတုံ တစ်ယောက် ဒေါသထွက်လွန်းလို့ အိပ်မရ ဖြစ်နေချိန်၊ 'အရိပ်ထဲကကြောင်' ရဲ့ ဒီစာသားကို မြင်လိုက်ရတော့ ဒေါသကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။
သူတို့အားလုံးက လူလိုမပြော၊ လူလိုမဟုတ်တဲ့ လူ့အဖွဲ့အစည်းပဲ!
【ဘီဘီတုံ: ဟူလီနာ! နင်သာ ချန်ရန်ရွှယ်နဲ့ ပူးပေါင်းပြီး ကစားဖို့ ကြိုးစားရင် ဆရာမ နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။】
【ငါကမိဘမဲ့တစ်ယောက်: ဟား? ဘီဘီတုံ၊ နင် ထပ်ပြီး စိုးရိမ်နေပြန်ပြီလား။ 'အရိပ်ထဲကကြောင်' ပြောတာ မှန်တယ်လို့ပဲ ငါထင်တယ်။ နင်က အချစ်အတွက်ပဲ ဦးနှောက်သုံးနေတဲ့ အသုံးမကျတဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်နေမှတော့၊ သူတို့နှစ်ယောက် ပူးပေါင်းပြီး အာဏာသိမ်းဖို့ ကြိုးစားတာက တရားမျှတတဲ့ လုပ်ရပ်ပဲ။】
ဟူလီနာ တစ်ယောက် ဘယ်လိုပြန်ပြောရမှန်း မသိဖြစ်နေပေမဲ့၊ ချန်ရန်ရွှယ် ပြောလိုက်တဲ့ စကားကြောင့် လုံးဝ ကြက်သေသေသွားရသည်။
"အာ?" "ချန်ရန်ရွှယ်၊ နင် ဘာတွေပြောနေတာလဲ?" "နင် တကယ်ပဲ အာဏာသိမ်းချင်နေတာလား?"
ချန်ရန်ရွှယ်က စိတ်တိုတိုနဲ့ ပြန်ဖြေသည်၊ "နင် တုံးလိုက်တာ!"
"ငါက သူ့ကို ဒေါသထွက်အောင် ပြောလိုက်တာ၊ နောက်ပြီး ငါ့ရဲ့ အထောက်အထားကို ကာကွယ်ဖို့အတွက်လည်း ပါတယ်လေ။"
"ငါလုပ်ချင်တဲ့ အစီအစဉ်တွေက အခုတော့ အဓိပ္ပာယ်မဲ့သွားပြီဆိုပေမဲ့၊ လက်ရှိမှာ ငါက ကောင်းကင်ဒိုအင်ပါယာ ရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်နေတော့ အင်အားအချို့ကို စုစည်းလို့ ရနေသေးတယ်။ အခြေအနေမဆိုးဘဲနဲ့တော့ ဒီအထောက်အထားကို စွန့်လွှတ်လို့ မဖြစ်သေးဘူး။"
ဟူလီနာ ခေါင်းညိတ်ပြီး မေးလိုက်သည်၊ "ကောင်းကင်ဒိုအင်ပါယာ မှာ ထန်ဆန်း ကို သတ်နိုင်မယ့် ကျွမ်းကျင်သူတွေ ရှိလား?"
"ရှိတယ်၊ ဒါပေမဲ့ သုံးလို့မရဘူး။" ချန်ရန်ရွှယ် ရှင်းပြသည်၊ "ရတနာခုနှစ်ပါးကျောင်းတော် က အင်အားရှိပေမဲ့ ငါက သူတို့ကို အမိန့်ပေးလို့ မရသလို၊ ထန်ဟောက် ကို သတ်ဖို့အတွက် ဟောက်တျန်းဂိုဏ်း ကို ရန်စဖို့ သူတို့ဘက်ကလည်း လုပ်မဟုတ်ဘူး။"
"ဟူး"
ဟူလီနာ သက်ပြင်းချပြီး ပြောသည်၊ "ထန်ဆန်း က ငါတို့ ဝိဉာဉ်ခန်းမ ကို ဖျက်ဆီးမယ့် ရန်သူဆိုတာ မထူးဆန်းတော့ပါဘူး။ အကုန်လုံး ပေါ်နေပေမဲ့ သူ့ကို ဘာမှ လုပ်လို့မရဘူး။"
ချန်ရန်ရွှယ် ဟူလီနာကို ကြည့်ပြီး ဘာမှ မပြောတော့ပေ။
တကယ်ပါပဲ။
သူတို့ လက်ရှိ သိထားတဲ့ အချက်အလက်တွေအရဆိုရင်။
ဘီဘီတုံ နဲ့ အဘိုး ချန်တောက်လျို တို့ကလွဲရင် ထန်ဆန်း ကို ရင်ဆိုင်ဖို့ အရမ်း ခက်ခဲပါတယ်။
【ဟူလီနာ: ဆရာမ၊ စိတ်ချပါ! ကျွန်မကတော့ ဆရာမကို အမြဲတမ်း ထောက်ခံနေမှာပါ၊ ချန်ရန်ရွှယ်နဲ့ ပူးပေါင်းပြီး ဆရာမရဲ့ အာဏာကို သိမ်းယူမှာ မဟုတ်ပါဘူး။】
【ဘီဘီတုံ: နင် သူ့ကို တွေ့ခဲ့ပြီလား? အကုန်လုံး ပြောပြလိုက်ပြီလား? သူ... သူ ဘယ်လိုတုံ့ပြန်လဲ?】
ဝိဉာဉ်မြို့တော်။း
ပုပ်ရဟန်းမင်းကြီးရဲ့ အိပ်ဆောင်
ဘီဘီတုံ ရဲ့ စိတ်ထဲမှာ မငြိမ်မသက် ဖြစ်နေပြီဖြစ်သည်။
သူမ အခု တကယ်ကို စိုးရိမ်နေမိသည်၊ ချန်ရန်ရွှယ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်သလို၊ ကြားလိုက်ရတဲ့အခါ ချန်ရန်ရွှယ်ရဲ့ တုံ့ပြန်ပုံကို သိရမှာလည်း ကြောက်နေသည်။
သူမကတော့ ဒီလျှို့ဝှက်ချက်တွေကို တစ်သက်လုံး မြှုပ်ထားဖို့ ရည်ရွယ်ခဲ့ပေမဲ့၊ လက်ရှိ အခြေအနေအရဆိုရင် ဟူလီနာက ချန်ရန်ရွှယ်ကို အကုန်လုံး ပြောပြလိုက်မှာ သေချာနေသည်။
"ဟူး..." ဘီဘီတုံ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ကောင်းကင်ဒိုမြို့။
ဟူလီနာက ချန်ရန်ရွှယ်ကို ကြည့်ပြီး မေးသည်၊ "ချန်ရန်ရွှယ်၊ ဆရာမကို ဘယ်လို ပြန်ပြောရမလဲ?"
ချန်ရန်ရွှယ်က အေးစက်စက် ပြန်ဖြေသည်၊ "သူကိုယ်တိုင် ယုရှောင်ဂန်း ရဲ့ ခြေထောက်တွေကို မချိုးသရွေ့ ငါ သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောလိုက်။"
"အာ?"
ဟူလီနာက ခက်ခဲတဲ့ပုံစံနဲ့ ပြောသည်၊ "အဲလောက်ထိ မလုပ်ပါနဲ့လား?"
"ဆရာမက နင့်ကို အခု အမုန်းမပွားတော့ပါဘူး၊ တကယ်တော့ ပြန်လည်သင့်မြတ်လို့ ရတာပါ... ချန်ရန်ရွှယ်၊ ဆရာမနဲ့ ကောင်းကောင်း ပြောကြည့်ကြမလား?"
"မဖြစ်ဘူး!" ချန်ရန်ရွှယ်က တည်ကြည်တဲ့ မျက်နှာနဲ့ ပြောသည်၊ "ဘီဘီတုံ ကို အဲဒီအတိုင်းပဲ ပြောလိုက်၊ သူသာ အဲဒီလို မလုပ်ရင် ယုရှောင်ဂန်း ကို ငါကိုယ်တိုင် သွားရှာပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်လို့ ထပ်ပြောလိုက်!"
ဟူလီနာက ချန်ရန်ရွှယ်ကို ကြည့်ပြီး အတော်လေး စိတ်ညစ်နေပုံရသည်။
ချန်ရန်ရွှယ်က အေးစက်တဲ့ အသံနဲ့ ပြောသည်၊ "ပို့လိုက်၊ အခုချက်ချင်း ပို့လိုက်။ ပို့ပြီးရင် စောစောကြီး အိပ်စက်နားယူကြမယ်။"
ချန်ရန်ရွှယ်ရဲ့ အေးစက်တဲ့ မျက်ဝန်းနဲ့ လုံးဝ အလျှော့မပေးတဲ့ သဘောထားကို ရင်ဆိုင်ရင်း၊ ဟူလီနာမှာ ချက်ဂရုထဲ ပြန်ဖြေဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။
【ဟူလီနာ: ဆရာမ၊ ချန်ရန်ရွှယ် ပြောတာက... ဆရာမ ကိုယ်တိုင် ယုရှောင်ဂန်း ရဲ့ ခြေထောက်ကို မချိုးသရွေ့ သူမ ခွင့်လွှတ်မှာ မဟုတ်ဘူးတဲ့။ နောက်ပြီး သူမ ပြောတာက ဆရာမ မလုပ်ရင်တောင် သူမကိုယ်တိုင် ယုရှောင်ဂန်း ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်တဲ့။】
【ဟူလီနာ: ဆရာမ၊ ထန်ဆန်း နဲ့ ယုရှောင်ဂန်း ကို ရှာပြီး ကိုယ်တိုင်ပဲ သတ်လိုက်ပါလား? အားလုံး မိသားစုလို ပြန်ပြီး ပျော်ရွှင်စွာ နေကြရအောင်လေ မကောင်းဘူးလား?】
【ငါကမိဘမဲ့တစ်ယောက်: ဘီဘီတုံ၊ အခုတော့ နင် ယုရှောင်ဂန်း နဲ့ ချန်ရန်ရွှယ် နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရတော့မယ်။】
【ငါ့မျိုးရိုးနာမည်က ယု မဟုတ်ဘူး: မဟုတ်ပါဘူး? နင်တို့ မိသားစု ကိစ္စတွေကို ဘာလို့ ရှောင်ဂန်း ကို ဆွဲထည့်နေတာလဲ? ဘာလို့ ရှောင်ဂန်း ကို ဒုက္ခပေးချင်နေတာလဲ?】
【ရတနာခုနှစ်ပါးမင်းသမီးလေး: ဒီချက်ဂရုကတော့ အရမ်း ပျော်ဖို့ကောင်းတာပဲ။】
【ယန်ဇီက ငှက်မဟုတ်ဘူး: တော်တယ်၊ တကယ်ကို တော်တယ်။】
【ဂရုအဖွဲ့၀င် နံပါတ် 9: ဒါဆိုရင် ဘီဘီတုံ က သူမရဲ့ ရည်းစားဟောင်း နဲ့ သူမရဲ့ သမီးအရင်း နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရတော့မယ်လို့ ပြောတာလား?】
【မုန်လာဥစားရတာကြိုက်တယ်: ဘီဘီတုံ၊ နင်က ဒီလောကမှာ အဆိုးရွားဆုံး အမျိုးသမီးပဲ၊ ယုရှောင်ဂန်း လို အသုံးမကျတဲ့သူအတွက်နဲ့ နင့်ရဲ့ သမီးအရင်းကိုတောင် စွန့်လွှတ်ရက်တယ်ပေါ့။】
【စုယန်: မေ့လိုက်ပါတော့မေ့လိုက်ပါတော့ အရာအားလုံးက အဓိပ္ပာယ်မဲ့နေပါပြီ】