အခန်း (၄၃) - ဝိညာဉ်များ၏ နယ်ပယ်
မက်စ်သည် ဝိညာဉ်အရောင်းဆိုင်ထံသို့ တိုက်ရိုက်မသွားဘဲ မျက်နှာဖုံးများအပြည့်ရှိသော ဆိုင်ခန်းတစ်ခုဆီသို့ အရင်ဦးတည်လိုက်သည်။ သို့သော်လည်း ဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ်မှုများကြောင့် ဆိုင်ခန်းမှာ မှောက်ခုံဖြစ်နေပြီး မျက်နှာဖုံးများမှာလည်း ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသည်။ သူက တစ်ခုကိုကောက်ယူပြီး စစ်ဆေးကြည့်လိုက်ရာ ထူးဆန်းသည်မှာ မျက်စိကြည့်ရန် အပေါက်များမပါရှိချေ။ မျက်နှာဖုံးတစ်ခုလုံးမှာ အဖြူရောင်သက်သက်သာ ဖြစ်သည်။
"ငါ သုံးဖက်မြင်ခန္ဓာကိုယ် (Three-dimensional body) အခြေအနေမှာ ရှိနေတဲ့အချိန်ဆို မျက်လုံးတွေ မလိုပါဘူး" ဟု မက်စ်က တိုးတိုးလေးရေရွတ်ရင်း မျက်နှာဖုံးကို စွပ်လိုက်သည်။
သူ့အမြင်အာရုံမှာ အမှောင်ထုက လွှမ်းမိုးသွားသော်လည်း မကြာမီမှာပင် ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်တွေ့လာရသည်။ မျက်နှာဖုံးစွပ်ပြီးနောက် သူသည် အချိန်ဆွဲမနေဘဲ ဆိုင်ရှိရာသို့သာ ဦးတည်လိုက်သည်။ လမ်းတလျှောက်တွင် သူ့ဆီသို့ ဦးတည်လာသော မကောင်းဆိုးဝါး (monster) အားလုံးကို လျစ်လျူရှုထားခဲ့သည်။ သူ၏ အဓိကဦးစားပေးမှာ မီမီ၏ သူငယ်ချင်းများကို ကယ်တင်ရန်သာ ဖြစ်သည်။
ခဏအကြာတွင် မက်စ်သည် ဈေးတန်းတလျှောက် သောင်းကျန်းနေသော မကောင်းဆိုးဝါးများ ဝန်းရံနေသည့် ဆိုင်ရှေ့သို့ ရောက်ရှိလာသည်။ သူက ပစ်မှတ်များကို မှတ်သားပြီး အနားသို့ တိုးသွားလိုက်သည်။ သူ ဘာလုပ်နေသလဲ သို့မဟုတ် ဘာလိုချင်သလဲဆိုသည်ကို မည်သူမျှ လာရောက်မမေးမြန်းကြချေ။ လူအများစုမှာ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်နေကြရခြင်း (သို့မဟုတ်) အသက်လုပြေးနေကြရခြင်းတို့ကြောင့်ပင် ဖြစ်သည်။
'ဒီဝိညာဉ်တွေကို ငါ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားလို့ရမလား' မက်စ်က စဉ်းစားရင်း မီးလျှံဝိညာဉ်ပါဝင်သော စက်လုံးကို ကိုင်လိုက်သည်။ ထိုခဏမှာပင် သူ့ရှေ့၌ အသိပေးချက်တစ်ခု ပေါ်လာသည်။
[မက်စ် ဗွိုက်ဝေါလ်ကာသည် ဝိညာဉ်များနှင့် ထိတွေ့မှုရှိခဲ့သည်။]
[သတ်မှတ်ချက်များ ပြည့်မီသည်။]
[ဝိညာဉ်များ၏ နယ်ပယ် (Dimension of Spirits) အား ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မက်စ် ဗွိုက်ဝေါလ်ကာအား ဂုဏ်ပြုပါသည်။]
အသိပေးချက် သုံးခုကို မြင်လိုက်ရသောအခါ မက်စ်၏ စိတ်ထဲသို့ ဝိညာဉ်များ၏ နယ်ပယ်နှင့် ပတ်သက်သည့် အမှတ်တရသစ်များ စီးဝင်လာပြီး သူက အနည်းငယ် ပြုံးလိုက်မိသည်။
'ဒါမျိုးကိုး... ဒီ ဝိညာဉ်များ၏ နယ်ပယ် ထဲမှာ ဝိညာဉ်တွေကို ထည့်ထားလို့ရရုံတင်မကဘဲ သူတို့ ကြီးထွားလာဖို့အတွက်ပါ ကူညီပေးနိုင်တာပဲ' ဝိညာဉ်များ၏ နယ်ပယ်၏ စွမ်းဆောင်ရည်အပြည့်အဝကို နားလည်သွားပြီးနောက် မက်စ်က တွေးလိုက်သည်။
သူသည် ဝိညာဉ်နှစ်ခုစလုံးဆီသို့ လှည့်ကာ မီးလျှံဝိညာဉ်နှင့် နှင်းခဲဝိညာဉ်တို့ကို တို့ထိလိုက်ပြီး ဝိညာဉ်များ၏ နယ်ပယ်ထဲသို့ ထည့်သွင်းလိုက်သည်။
"ကဲ... အားလုံးပြီးပြီဆိုတော့ ဒီမကောင်းဆိုးဝါးတွေကို စပြီးသတ်လို့ရပြီ" ဟု မက်စ်က သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေသော မီမီကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ "ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း တခြားလူတွေပဲ ကိုင်တွယ်ပါစေတော့။ ဒီဂူသင်္ချိုင်း (Dungeon) က ဘာပဲဖြစ်ဖြစ် အဆင့် F ပဲဟာကို။"
မီမီသည် သူမ၏ အစ်ကိုကြီး မည်သည့်အချိန်တွင် ရောက်လာမည်နည်းဟု တွေးတောရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသည်။
"ကိုကို ရောက်ပြီ မီမီ" မက်စ်က သူမရှေ့၌ ပေါ်လာပြီး ခေါင်းကို အသာအယာ ပုတ်လိုက်သည်။
"ကိုကို မီမီ့သူငယ်ချင်းတွေကို ခေါ်လာပေးတာလားဟင်" မီမီက သူမ၏မျက်နှာလေး ဝင်းပသွားကာ ဝမ်းသာအားရ ပြုံးရင်း မေးလိုက်သည်။
မက်စ်က ခေါင်းညိတ်ပြလိုက်သည်။ "သူတို့ ငါနဲ့အတူ ရှိနေပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ အပြင်မှာ လူဆိုးတွေ အများကြီးမို့ သူတို့ကို အပြင်ထုတ်လို့ မရသေးဘူး။"
"မီမီ နားလည်ပါတယ်။ ထပ်ပြီး စောင့်နေပါ့မယ်" ဟု မီမီက ဆိုသည်။
မက်စ်က ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်မှ ရုန်းရင်းဆန်ခတ်မှုများကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် ဓားတစ်လက်ကို ကိုင်စွဲကာ လူတစ်စုနှင့် တိုက်ခိုက်နေသော နွားတစ်ပိုင်း ဘီလူးကြီး (Minotaur) တစ်ကောင်ကို သူ သတိပြုမိသွားသည်။ ထိုလူတစ်စုမှာ ဘီလူးကြီးကို ထိရောက်သော ပျက်စီးမှု (damage) မပေးနိုင်ဘဲ ဖြစ်နေကြသည်။ သူတို့အခြေအနေကို မြင်သောအခါ မက်စ်က သက်ပြင်းချလိုက်မိသည်။
"မီမီ... နောက်ထပ် မိနစ်အနည်းငယ်လောက် ထပ်စောင့်ပေးနိုင်မလား။ ကိုကို အဲဒီ မကောင်းဆိုးဝါးဆိုးတွေကို သွားသတ်ချင်လို့။"
မီမီက ခဏမျှ စဉ်းစားလိုက်ပြီး "ဒါဆိုရင် မီမီလည်း ကိုကိုနဲ့အတူ လိုက်ခဲ့မယ်" ဟု ပြောကာ မက်စ်ရှေ့မှ ပျောက်ကွယ်သွားသည်။
'သူ ပျောက်သွားတာလား... ဒါမှမဟုတ်...' မက်စ်က မျက်လုံးမှိတ်ကြည့်လိုက်သောအခါ သူမသည် ဝိညာဉ်များ၏ နယ်ပယ်ထဲသို့ ရောက်ရှိနေပြီး သူမ၏ သူငယ်ချင်းများနှင့် ကစားနေသည်ကို မြင်လိုက်ရသည်။ 'သူကလည်း ဝိညာဉ်တစ်မျိုးများလား' သူမ၏ စွမ်းအားနှင့် စွမ်းရည်များကို ကြည့်လျှင် လူသားဖြစ်ရန် မဖြစ်နိုင်ဟု သူ ယုံကြည်နေသည်။
"ကိုကို... မကောင်းဆိုးဝါးဆိုးတွေကို သွားသတ်လိုက်နော်။ မီမီကတော့ သူငယ်ချင်းတွေနဲ့ ဆော့နေမယ်။" ထိုအချိန်တွင် မီမီ၏ အသံက မက်စ်၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
"ကောင်းပြီ မီမီ" မက်စ်က ပြောလိုက်ပြီးနောက် နွားတစ်ပိုင်း ဘီလူးကြီး (Minotaur) ဆီသို့ အပြေးအလွှား ဦးတည်လိုက်သည်။
နွားတစ်ပိုင်း ဘီလူးကြီးနှင့် တိုက်ခိုက်နေသော လူတစ်စုမှာ အနိုင်နိုင် ခုခံနေရသည်။ သတ္တဝါကြီး၏ ဓားချက်တစ်ခုစီတိုင်းက သူတို့ကို လွင့်ထွက်သွားစေပြီး အချို့မှာလည်း ထပ်ခါတလဲလဲ အရိုက်ခံရ၊ အလွင့်ခံရနှင့် အရေးနိမ့်နေသော တိုက်ပွဲတစ်ခု ဖြစ်နေသည်။ ဂျိန်းဈေးတန်း (Jane Market) သည် ခရက်စဖို့ဒ်မြို့ (Crestford City) တစ်ဝှမ်းတွင် ပြန့်ကျဲနေသော ဈေးတန်းအသေးစားလေးများထဲမှ တစ်ခုသာဖြစ်ပြီး လူအများစု၏ အဆင့် (rank) မှာ အဆင့် ၅ မှ အဆင့် ၈ အတွင်းသာ ရှိကြသည်။ အဆင့် ၉ ရှိသူကို မြင်တွေ့ရခဲပြီး အဆင့် ၁၀ ဆိုသည်မှာ ဂျိန်းဈေးတန်းတွင် ပျောက်ကွယ်လုနီးပါးပင် ဖြစ်နေပြီ။
အဆင့်မြင့်သူများသည် ဈေးဝယ်ရာတွင် ပိုမိုကြီးမားသော ဈေးကြီးများသို့သာ သွားလိုကြပြီး ဆိုင်ခန်းလေးများနှင့် ဆိုင်ငယ်လေးများသာရှိသော နေရာမျိုးကို စိတ်ဝင်စားလေ့မရှိကြချေ။ ထို့ကြောင့် ဤဈေးတန်းတွင် အဆင့်မြင့် တိုက်ခိုက်ရေးသမားများ နည်းပါးနေခြင်းဖြစ်သည်။ အဆင့်အတန်အသင့်ရှိသော လူအနည်းငယ်သာ ဤဈေးလေးသို့ ဈေးဝယ်လာတတ်ကြသည်။ ထို့ကြောင့်ပင် အဆင့် ၁၀ ရှိသော အရှင်သခင်ေဘာစ့် (Boss) အဆင့်ရှိ နွားတစ်ပိုင်း ဘီလူးကြီးက ဤလူများကို အလွယ်တကူ ဗိုလ်ကျနိုင်နေခြင်း ဖြစ်သည်။
နွားတစ်ပိုင်း ဘီလူးကြီးက ထိုလူတစ်စုကို ထပ်မံလွင့်ထွက်သွားအောင် လုပ်လိုက်သည့်အချိန်တွင် မက်စ်က သူတို့ရှေ့၌ ပေါ်လာပြီး "ဖယ်လိုက်ကြ... ငါ ကိုင်တွယ်လိုက်မယ်" ဟု အော်ပြောလိုက်သည်။
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် နွားတစ်ပိုင်း ဘီလူးကြီးက ၎င်း၏ဓားကြီးဖြင့် မက်စ်ကို ခုတ်ချလိုက်သည်။ "ဟေ့... လူလေး! သတိထား!" မက်စ်၏ အဆင့်မှာ အဆင့် ၅ သာရှိသည်ကို သတိထားမိသော လူတစ်ယောက်က အော်ပြောလိုက်သည်။
မက်စ်က မျက်နှာဖုံးနောက်ကွယ်မှ ပြုံးလိုက်ပြီး နဂါးအနှစ်သာရ (Draconic Essence) လေးခု၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ ထိန်းမနိုင်သိမ်းမရသော စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းလာသည်နှင့်အမျှ ရိုင်းစိုင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်ထွက်ပေါ်လာသည်။
ထိုခဏမှာပင် နွားတစ်ပိုင်း ဘီလူးကြီး၏ ဓားကြီးက အားပြင်းစွာ ကျရောက်လာသည်။ ဘီလူးကြီးနှင့် တိုက်ခိုက်နေခဲ့သော လူများသည် မက်စ်၏ ခန္ဓာကိုယ် ဓားဖြင့် အပိုင်းပိုင်းပြတ်သွားမည့် ကြောက်မက်ဖွယ် မြင်ကွင်းကို မကြည့်ရက်သဖြင့် မျက်နှာလွှဲလိုက်ကြသည်။
"ချွပ်!"
ဓားချက်က ထိမှန်သွားသော်လည်း သွေးထွက်သံယိုဖြစ်မှု သို့မဟုတ် အရိုးကြေမွသံများ ထွက်မလာခဲ့ဘဲ လူအများကို အံ့အားသင့်သွားစေသည်။ အချို့ကသာ အမှန်တကယ် ဘာဖြစ်သွားသည်ကို မြင်လိုက်ရသည်။
ကြီးမားသော ဓားကြီးက သူ့ကို ရိုက်ခတ်တော့မည့် ဆဲဆဲတွင် မက်စ်က တည်ငြိမ်စွာပင် လက်ကို ဆန့်ထုတ်လိုက်ပြီး ဓားသွားကို အလွယ်တကူ ဖမ်းဆွဲလိုက်ခြင်း ဖြစ်သည်။ ဓားချက်၏ ပြင်းထန်သော အရှိန်ကြောင့် သူရပ်နေသော မြေပြင်မှာ အက်ကွဲသွားသော်လည်း မက်စ်ကမူ မည်သို့မျှမဖြစ်ဘဲ ငြိမ်သက်စွာပင် ရှိနေသည်။ သူသည် ဒေါသတကြီး တိုက်ခိုက်လာသော ဘီလူးကြီး၏ လေးလံလှသော ဓားကြီးကို မဟုတ်ဘဲ သာမန်လက်နက်တစ်ခုကို ကိုင်ထားသကဲ့သို့ တည်ငြိမ်နေသည်။
"ဒါကိုရော ဘယ်လိုသဘောရလဲ" မက်စ်က တည်ငြိမ်သော်လည်း အန္တရာယ်ရှိသော အသံဖြင့် ပြောလိုက်သည်။
နဂါးအနှစ်သာရ (Draconic Essence) ငါးခု၏ စွမ်းအားကို စုစည်းလိုက်ပြီး ဓားကြီးပေါ်ရှိ သူ၏ဆုပ်ကိုင်မှုကို တင်းကြပ်လိုက်သည်။
ဂွမ်း!
လူတိုင်း အံ့အားသင့်သွားရသည်မှာ ကြီးမားလှသော ဓားသွားကြီးသည် မှန်တစ်ချပ် ကွဲကြေသွားသကဲ့သို့ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး လွင့်စင်သွားခြင်းပင် ဖြစ်သည်။ ဓားကြီး ပျက်စီးသွားသော အသံမှာ ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ကြည့်နေသူများမှာလည်း မယုံကြည်နိုင်လောက်အောင် မှင်သက်သွားကြသည်။
နွားတစ်ပိုင်း ဘီလူးကြီးမှာလည်း သူ့မျက်စိရှေ့တွင်ပင် ဓားက ပျောက်ကွယ်သွားသဖြင့် သူ့လက်ကို ကြောင်ကြည့်နေမိပြီးနောက် ဒေါသများ ပေါက်ကွဲလာသည်။ သူသည် မက်စ်ကို အာရုံစိုက်လိုက်ပြီး လက်သီးနှစ်ဖက်လုံးဖြင့် အားကုန်ထိုးချလိုက်သည်။
မက်စ်က ထိုလက်သီးနှစ်ဖက်ကို သူ၏ဘယ်ဘက်လက်မောင်းဖြင့် ခုခံလိုက်ပြီးနောက် ပြင်းထန်သော လက်သီးတစ်ချက်ကို ပြန်လည်ထိုးနှက်လိုက်သည်။
ဒိုင်း!
နွားတစ်ပိုင်း ဘီလူးကြီးမှာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားသော်လည်း မသေသေးချေ။ အဆင့် ၁၀၀ ရှိသော လျင်မြန်သော ပြေးလွှားမှု (Swift Dash) ၏ ပြိုင်ဘက်ကင်း အရှိန်ကို အသုံးပြုကာ မက်စ်သည် ရုတ်ချည်း ပျောက်ကွယ်သွားပြီး လေထဲတွင် နောက်သို့ လွင့်ထွက်နေဆဲဖြစ်သော ဘီလူးကြီး၏ အပေါ်တည့်တည့်တွင် ပြန်လည်ပေါ်လာသည်။
သူ၏လက်သီးမှာ နဂါးအနှစ်သာရ (Draconic Essence) ခြောက်ခု၏ စစ်မှန်သော စွမ်းအားများဖြင့် တောက်ပနေပြီး "ဟား!" ဟု အော်ဟစ်ကာ မြေကမ္ဘာကို တုန်လှုပ်စေမည့် အားအင်ဖြင့် ထိုးနှက်ချလိုက်သည်။
ဂျိမ်း!
သက်ရောက်မှုမှာ ပြင်းထန်လှသည်။ နွားတစ်ပိုင်း ဘီလူးကြီးမှာ မြေပြင်ထဲသို့ နစ်ဝင်ကာ ပျက်စီးသွားပြီး ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့သည်။ သွေးများနှင့် ကြေမွနေသော အရိုးအစအနများမှာ အရပ်မျက်နှာအနှံ့ ပျံနှံ့သွားပြီး တစ်ချိန်က အစွမ်းထက်ခဲ့သော ဘီလူးကြီး၏ အကြွင်းအကျန်များဖြင့် စစ်တလင်းကို ဆေးခြယ်လိုက်သကဲ့သို့ ရှိနေသည်။ ထိုပြင်းထန်လှသော စွမ်းအားကြောင့် လေထုထဲတွင် တုန်ခါမှုများ ကျန်ရစ်နေပြီး ကြည့်နေသူများမှာ ဆွံ့အလျက် ရှိနေကြသည်။ အဆင့် ၅ သာရှိသော ကလေးတစ်ယောက်က ဤမျှအစွမ်းထက်နိုင်သည်ကို သူတို့ မယုံကြည်နိုင်ကြချေ။
"ဒီကလေးက ဘယ်သူလဲ။ ဒီလောက်အစွမ်းထက်ရအောင်!"
"သူက တကယ့်ကို လျှို့ဝှက်ဆန်းပြားတာပဲ။ သူစွပ်ထားတဲ့ မျက်နှာဖုံးကို ကြည့်ဦး၊ အပေါက်လည်းမပါဘဲ ဘယ်လိုမြင်နေတာလဲ။"
"သူက ကလေး ဟုတ်ရောဟုတ်ရဲ့လားလို့တောင် ငါတွေးမိတယ်။ အေခြခံအဆင့် (Apprentice Rank) ရောက်နေတဲ့သူတွေမှ ဒီလောက်အစွမ်းမျိုး ရှိကြတာ။"
"ငါ့အထင်တော့ သူက ကလေးပါပဲ။ ခုနက သူတို့ အော်ပြောလိုက်တဲ့ အသံကို မင်းတို့မကြားမိဘူးလား။"
"တကယ်လို့ သူက ကလေးသာဆိုရင်တော့ သူက တကယ့်ကို ပါရမီရှင်ပဲ။ အဆင့် ၅ နဲ့ အဆင့် ၁၀ ရှိတဲ့ မကောင်းဆိုးဝါးကို ဒီလောက်အလွယ်တကူ သတ်နိုင်ဖို့ဆိုတာ ဘယ်သူမှ မလုပ်နိုင်တဲ့အရာပဲ။"
မက်စ်သည် သူတို့၏ မှတ်ချက်များကို ကြားလိုက်ရသဖြင့် သူတို့ကို လှည့်ကြည့်လိုက်သည်။ "ခင်ဗျားတို့ အားလုံး အဆင်ပြေကြရဲ့လား" ဟု သူက မေးလိုက်သည်။
"ငါတို့ အဆင်ပြေပါတယ် လူလေး" ဟု လူတစ်ယောက်က ပြောလိုက်ပြီး တခြားလူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူက ဆက်လက်၍ "လူလေး... မင်းက ငါတို့ကို ကယ်တင်ခဲ့တာဆိုတော့ မင်းကို လက်ချည်းဗလာနဲ့ မပြန်ခိုင်းပါဘူး။ မင်း ဘာပဲလိုချင်လိုချင် ပြောပါ၊ ငါတို့ မင်းကို အလကားပေးပါ့မယ်" ဟု ဆိုသည်။
မက်စ်က ခေတ္တမျှ စဉ်းစားလိုက်ရာ စိတ်ကူးတစ်ခု ရလာသည်။ "ကျွန်တော့်မှာ ခင်ဗျားတို့ သဘောကျမယ့် အပေးအယူတစ်ခု ရှိတယ်။"