အခန်း (၃၆) အဆင့် (၁၀၀) စွမ်းရည်၏ အစွမ်းကုန်စွမ်းအား
"ဟဲဟဲ... မကြာခင် မင်းသိရမှာပါ"
မက်စ်က ဖြီးပြလိုက်သည်။ မက်စ်၏ အပြုံးကို ကြည့်ပြီး ဘီလီ့ရင်ထဲတွင် မကောင်းသော အငြိမ်းဓာတ်တစ်ခု စိမ့်တက်လာကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ရွှပ်! ရွှပ်! ရွှပ်!...
ချက်ချင်းဆိုသလိုပင် အပြာရောင်အလင်းစက်လေးများသည် မဆုံးနိုင်သော ကျည်ဆန်မိုးများအလား
အေစာင့်အေရှာက် အဖွဲ့ဝင် ငါးဦးထံသို့ တရစပ် ပြေးဝင်သွားတော့သည်။ ထိုအလင်းစက်များသည် သူတို့၏ ခန္ဓာကိုယ်များကို ဖောက်ထွက်သွားပြီး အပေါက်အပြဲများစွာ ဖြစ်ကျန်ရစ်စေကာ ရက်စက်စွာပင် မိုးရွာသကဲ့သို့ ကျရောက်လာသည်။ လေဆာတန်းများဖြင့် ပစ်ခတ်နေသကဲ့သို့ အလင်းစက်များမှာ အလွန်များပြားလှသဖြင့် မည်သို့မျှ ရှောင်တိမ်း၍ မရနိုင်တော့ပေ။ အပြာရောင်အလင်းစက်များက ကျည်ဆန်များကဲ့သို့ တစ်ခုပြီးတစ်ခု မှန်ကာ သူတို့၏ ခန္ဓာကိုယ်များကို အပေါက်အပြဲများ ဖြစ်သွားသည်အထိ မနားတမ်း ဖောက်ဝင်သွားသည်။
ထိုတိုက်ခိုက်မှုမှာ ထာဝရကြာညောင်းနေသကဲ့သို့ ခံစားရသော်လည်း လက်တွေ့တွင်မူ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတောက်ပသော အလင်းစက်လေး ကျဆင်းလာချိန်တွင်မှ ထိုရက်စက်လှသော ပစ်ခတ်မှုကြီး ပြီးဆုံးသွားလေသည်။
"မင်း... မင်းက..."
ဘီလီသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားပြီး မက်စ်ကို စိုက်ကြည့်နေစဉ် ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူနှင့် သူ၏အဖွဲ့သည် ကလေးတစ်ယောက်လက်တွင် အသက်ပျောက်ရလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပေါက်အပြဲများဖြင့် ဗရပွဖြစ်နေပြီး ဒဏ်ရာတစ်ခုချင်းစီမှ သွေးများ တရဟောစီးကျနေကာ ခြေထောက်အောက်ရှိ မြေပြင်မှာ သွေးအိုင်ကြီး ဖြစ်နေတော့သည်။
ဘုတ်!
ခဏအကြာတွင် သူသည်လည်း ကျန်အဖွဲ့ဝင်လေးဦးနည်းတူ ပြန်လည်ခုခံခြင်းငှာ မစွမ်းသာတော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ဤသို့ဖြင့် နာမည်ကြီး ဘောင်ဆာအဖွဲ့ကြီးမှာ ဘဝဇာတ်သိမ်းသွားရတော့သည်။
"ဒါ... ဒါက ဘာကြီးလဲ"
အဲလစ်က အံ့အားသင့်လွန်းသဖြင့် အော်ဟစ်လိုက်မိသည်။ ခုနက မြင်ကွင်းကို စိတ်ထဲတွင် ပြန်လည်ပုံဖော်ကြည့်ရင်း စိတ်လှုပ်ရှားမှုများ မြင့်တက်လာကာ လက်မောင်းပေါ်ရှိ အမွှေးအမျှင်များပင် ထောင်ထလာသည်။ ၎င်းမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ သူမမြင်တွေ့လိုက်ရသည့် အရာအပေါ် အံ့ဩလေးစားမိခြင်းကြောင့်ပင်။ ဒီနေ့တစ်နေ့တည်းမှာပင် သူမ မည်မျှအကြိမ်ကြိမ် အံ့အားသင့်ခဲ့ရသည်ကို မမှတ်မိတော့သော်လည်း ထိုအရာအားလုံးမှာ လူတစ်ယောက်တည်းကြောင့် ဖြစ်နေရသည်။
"ဒါက လျှို့ဝှက်ချက်လေ"
မက်စ်က နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြကာ တိတ်တိတ်နေရန် အမူအရာလုပ်ပြလိုက်သည်။ ထို့နောက် သူ၏ မန္တန်ကျည်ဆန်ဖြင့် ပစ်ထုတ်လိုက်သော စွမ်းအင်စာသားကျောက်တုံးရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ စွမ်းအင်စာသားကျောက်တုံးမှ ထွက်ပေါ်နေသော စွမ်းအားများက သူတို့အပေါ် သက်ရောက်နေဆဲဖြစ်၍ တစ်လှမ်းချင်းစီကို အားစိုက်ကာ နှေးကွေးစွာ လျှောက်လှမ်းနေရသည်။ မိနစ်အနည်းငယ်အကြာတွင် သူသည် ထိုနေရာသို့ ရောက်ရှိသွားပြီး လဲကျနေသော စွမ်းအင်းစာသားကျောက်တုံးကို တွေ့လိုက်ရသည်။ ၎င်းကို ကောက်ယူစစ်ဆေးကြည့်စဉ် အလွန်ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသော်လည်း ဤစွမ်းအင်စာသားကျောက်တုံးမျိုးကို အရင်က မြင်ဖူးခြင်း သို့မဟုတ် ထိတွေ့ဖူးခြင်း ရှိ၊ မရှိကိုမူ သူ မမှတ်မိတော့ပေ။
'ဒါပေမဲ့ ဘာလို့ ဒီပစ္စည်းကို ဝါးမြိုပစ်ချင်တဲ့ စိတ်တွေ ရုတ်တရက် ဖြစ်ပေါ်လာရတာလဲ'
မက်စ် ခေါင်းကို ခါယမ်းလိုက်ပြီး အမြန်ပြန်လာခဲ့သည်။
"ငါ စွမ်းအင်းစာသားကျောက်တုံးကို ရပြီ... ဒါကို ဘယ်လိုရပ်ရမလဲ။ ငါတို့အပေါ် သက်ရောက်နေတဲ့ စွမ်းအားကို ဘယ်လိုဖြတ်ရမလဲ"
အဲလစ်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
"ဒါကို ရပ်လို့မရဘူး။ စွမ်းအင်စာသားကျောက်တုံးဆိုတာ ဒီလိုမျိုး သုံးဖို့ မဟုတ်ဘူး။ တစ်ခါ အသက်သွင်းလိုက်ပြီဆိုရင် ထဲမှာရှိတဲ့ စွမ်းအင်တွေ ကုန်သွားမှပဲ ရပ်တန့်သွားမှာ။ ပြီးတော့ ဒီကျောက်တုံးက အဆင့်မြင့်ပညာရှင်အဆင့် (Adept Rank) ရှိတဲ့သူရဲ့ သွေးအဆီအနှစ်နဲ့ အသက်သွင်းထားတာဆိုတော့ အရှိန်သေဖို့ အချိန်တော်တော်ကြာလိမ့်မယ်"
မက်စ်က မျက်မှောင်ကြုတ်ကာ သူမစကားကို စဉ်းစားနေသည်။
"တစ်ခုခု စမ်းကြည့်ပါရစေ" ဟု ပြောကာ သူတို့ဘက်သို့ ကျောခိုင်းလိုက်သည်။
"ဘာလုပ်မလို့လဲ" အဲလစ်က မေးသည်။
မက်စ် ပြန်မဖြေဘဲ လက်ထဲရှိ စွမ်းအင်စာသားကျောက်တုံးကိုသာ အာရုံစိုက်လိုက်ပြီး ဝါးမြိုလိုသော ဆန္ဒကို လွှတ်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ လက်များမှ အနက်ရောင် မီးတောက်များ ထွက်ပေါ်လာပြီး စွမ်းအင်စာသားကျောက်တုံးကို ရစ်ပတ်သွားတော့သည်။ ထိုမီးတောက်များက ကျောက်တုံးကို ဝါးမြိုပစ်လိုက်ပြီး ခဏအကြာတွင် မီးတောက်များ ပျောက်ကွယ်သွားသည်။ စွမ်းအင်စာသားကျောက်တုံးမှာလည်း ဘာမျှမကျန်တော့ဘဲ နုညက်သော ဖုန်မှုန့်များအဖြစ် ကြေမွသွားတော့သည်။
ဘုတ်! ဘုတ်!
ထိုအချိန်မှာပင် လူနှစ်ယောက် လဲကျသွားသော အသံကို မက်စ် ကြားလိုက်ရသဖြင့် ပြုံးလိုက်မိသည်။
"မင်း ဘာလုပ်လိုက်တာလဲ" အဲလစ်က အံ့ဩတကြီး ထပ်မေးပြန်သည်။
"လျှို့ဝှက်ချက်ပါပဲ" မက်စ်က ထပ်မံ၍ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြလိုက်သည်။
"ဟွန့်... မင်းရဲ့ အလကား လျှို့ဝှက်ချက်ကြီးကိုပဲ သိမ်းထားလိုက်ပါ" အဲလစ်က ဒေါသတကြီး ခြေဆောင်ကာ အေမီ့ဘက်သို့ လှည့်သွားသည်။ မက်စ်က ပုခုံးတွန့်လိုက်ပြီး တစ်ခုခုကို သတိရသွားကာ သူတို့နှစ်ယောက်ဘက်သို့ လှည့်လိုက်သည်။
"မင်းတို့နှစ်ယောက် ငါ့ရဲ့အစွမ်းကို တခြားသူတွေ၊ အထူးသဖြင့် အဖွဲ့ချုပ်ကို လျှို့ဝှက်ထားပေးရမယ်" ဟု သူက တည်တည်လင်းလင်း ပြောလိုက်သည်။
အဲလစ်က နှာခေါင်းရှုံ့ကာ... "သိပါတယ်ဟဲ့၊ လူအ"
"အင်း... ကောင်းပြီ" မက်စ် ခေါင်းငြိမ့်လိုက်သော်လည်း သူမက သူ့ကို ဘာကြောင့် 'လူအ' ဟု ခေါ်သည်ကိုမူ တွေးမရပေ။
"မင်း ဘာလို့ အစကတည်းက အပြာရောင်အလင်း ကျည်ဆန်တွေကို မသုံးခဲ့တာလဲ" အဲလစ်က သိလိုစိတ်ပြင်းပြစွာဖြင့် ရုတ်တရက် မေးလိုက်သည်။
မက်စ်က သူမ၏ သံသယဖြစ်နေသော လေသံကို သိသဖြင့် ရယ်လိုက်ပြီး... "ဟာဟ၊ သူတို့မှာ တခြားဘာ လှည့်ကွက်တွေ ကျန်သေးလဲဆိုတာ ငါ မသေချာလို့လေ။ ဒါကြောင့် ပထမဆုံး လုပ်ရမှာက စွမ်းအင်စာသားကျောက်တုံးကို သူတို့ဆီကနေ ဝေးရာကို ပို့ဖို့ပဲ။ အဲဒါကို ငါလုပ်ခဲ့တာပဲလေ။ ကျန်တာကတော့ မင်းမြင်တဲ့အတိုင်းပဲပေါ့"
"ဒါဆို အဲဒီ အပြာရောင် အလင်းစက်လေးတွေက ဘာတွေလဲ" အဲလစ်က မေးခွန်းထုတ်နေဆဲပင်။
'အဲဒါက အဆင့် (၁၀၀) ရှိတဲ့ မေှာ်ကျည်ဆန် (Magic Bullet) စွမ်းရည်ရဲ့ အသွင်အပြင်လေ' ဟု မက်စ်က စိတ်ထဲကသာ ကြုံးဝါးလိုက်ပြီး အပြင်သို့ ထုတ်မပြောပေ။ မက်စ် ငြိမ်နေသည်ကို မြင်သောအခါ အဲလစ် သက်ပြင်းချလိုက်သည်။
"ထားပါတော့၊ မင်း ဘာပဲသုံးသုံး ငါ ဂရုမစိုက်တော့ဘူး။ ဒါပေမဲ့ ဒီတစ်ခါ မင်းကူညီပေးခဲ့တာကိုတော့ ကျေးဇူးတင်ပါတယ်"
"ငါ သိပါတယ်၊ မင်းတို့ အဖွဲ့ချုပ်ထဲ ငါဝင်တဲ့အခါ မင်း ငါ့ကို ပြန်ပေးဆပ်ရလိမ့်မယ်" မက်စ်က ခပ်နောက်နောက် အပြုံးဖြင့် ပြောလိုက်သည်။
"အဲ... အဲဒီအချိန်ကျမှပဲ ကြည့်ကြသေးတာပေါ့" အဲလစ်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။ သူမက ချောင်းတစ်ချက်ဟန့်ကာ ဘော့စ် (Boss) ရှိရာ အခန်းတံခါးဘက်သို့ ညွှန်ပြလိုက်သည်။ "သွားကြစို့၊ ဘော့စ် မေကာင်းဆိုး၀ါးကို သတ်ရမယ်"
မက်စ်က အဲလစ်ကို အဓိပ္ပာယ်ပါပါနှင့် အကြာကြီး စိုက်ကြည့်နေမိသည်။
"ကောင်းပါပြီ" ဟု သူက မသိစိတ်ဖြင့် ပြန်ဖြေလိုက်မိသည်။
'တောက်... ငါ ဘာဖြစ်နေတာလဲ။ ဘာလို့ သူမကို လူအလို စိုက်ကြည့်နေမိရတာလဲ။ ငါ သူမကို စိတ်ဝင်စားနေတာလား။ မဖြစ်နိုင်တာ၊ ငါက ၁၅ နှစ်ပဲ ရှိသေးတာလေ!' မက်စ်က မိမိကိုယ်ကိုယ် စိတ်ထဲမှ ကြိမ်းမောင်းလိုက်ပြီး စိတ်ကို ပြန်လည်စုစည်းကာ ဘော့စ်အခန်းတံခါးကိုသာ အာရုံစိုက်လိုက်သည်။ ထို့နောက် အဲလစ်နှင့် အေမီတို့ ဘော့စ်အခန်းထဲသို့ ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရသည်။
"ဟဲဟဲ... ကဲ... အခု စကားလေး ဘာလေး ပြောကြရအောင်လား" မက်စ်က ထူးဆန်းစွာ ရယ်မောလိုက်ပြီး ချောက်ကမ်းပါး၏ ထောင့်တစ်နေရာသို့ လှည့်ကြည့်လိုက်သည်။
"မင်း ပုန်းနေတာ တော်တော်လေး ကျွမ်းကျင်တာပဲ၊ မမြင်ရသလောက်နီးပါးပဲ။ ဒါပေမဲ့ ငါရှိနေတာက မင်းအတွက် ကံဆိုးတာပဲ" သူက ခေါင်းခါရင်း ပြောလိုက်သည်။ သူ၏ မျက်နှာထားက ခက်ထန်သွားပြီး အေးစက်စက် ဆက်ပြောလိုက်သည်။ "မင်း ဘယ်သူလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ မုန်တိုင်းချောက်ကမ်းပါးကို စရောက်ကတည်းက မင်း အဲလစ်ကို စောင့်ကြည့်နေတာ ငါသတိထားမိတယ်။ ဒါပေမဲ့ မင်း အခုထိ ဘာမှ လှုပ်ရှားမှု မလုပ်သေးတာက ကောင်းတယ်။ မဟုတ်ရင် မင်းလည်း ဟိုလူတွေလို အလောင်းဖြစ်နေလောက်ပြီ"
မက်စ်၏ စကားအဆုံးတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြီးနောက် ချောက်ကမ်းပါး၏ တစ်နေရာမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"မင်း ငါ့ကို သတ်မပစ်ခဲ့တာ အဲဒီအကြောင်းပြချက်တစ်ခုတည်းကြောင့်လို့ ငါ မယုံဘူး" အသံက လှောင်ပြောင်လိုက်သည်။ "ဘာလို့လဲဆိုတော့ မင်း ငါ့ကို မသတ်နိုင်လို့ပဲ။ ငါက ဒီမှာ တကယ်ရှိနေတာမှ မဟုတ်တာ။ မရှိတဲ့အရာကို မင်း ဘယ်လိုသတ်မလဲ... ဟဲဟဲ"
မက်စ် မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒါကြောင့် မင်းရဲ့ အရှိန်အဝါက အမြဲတမ်း ပျောက်ကွယ်နေတာကိုး" ထို့နောက် သူ ခံစားမိနေသော နေရာဘက်သို့ အာရုံစိုက်ကာ ပစ်ခတ်လိုက်သည်။
ဒိုင်း! ဒိုင်း! ဒိုင်း!...
သို့သော် သူ၏ ကျည်ဆန်တိုင်းမှာ ချောက်ကမ်းပါး နံရံကိုသာ ထိမှန်သွားသည်။
"ငါ ပြောသားပဲ၊ ရုပ်ပိုင်းဆိုင်ရာအရ ဒီမှာ မရှိတဲ့သူကို မင်း မသတ်နိုင်ဘူးလို့" ထိုအသံက ပျော်ရွှင်နေသော လေသံဖြင့် လှောင်ပြောင်နေသည်။ "ဒါပေမဲ့ မင်းကတော့ တကယ်ကို ထူးခြားတာပဲ... အဆင့် ၅ ပဲ ရှိသေးပြီးတော့ အဆင့် ၁၀ ရှိတဲ့သူတွေကို ဟင်းသီးဟင်းရွက်တွေလို သတ်ပစ်နိုင်တယ်လား။ ငါ့ဘဝမှာ မြင်ဖူးသမျှထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါ သွားရတော့မယ်"
ထိုအသံက မထွက်ခွာမီ နောက်ဆုံးစကားတစ်ခွန်းကို ပြောသွားခဲ့သည်။ "ဪ... နောက်ပြီး တစ်ခုရှိသေးတယ်၊ မင်းရဲ့ လျှို့ဝှက်ချက်တွေကို ငါ သိတယ်။ ကြောက်နေလိုက်စမ်းပါ... တုန်လှုပ်နေလိုက်စမ်းပါဦး"
ထို့နောက် အားလုံး တိတ်ဆိတ်သွားတော့သည်။
'သူ ပျောက်သွားပြီ...' မက်စ်က ထိုသူ၏ အရှိန်အဝါ မရှိတော့သည်ကို ခံစားမိပြီး သက်ပြင်းချလိုက်သည်။ 'သူက ဘယ်သူပါလိမ့်'
ထိုသူသည် သူ အစောင့်အေရှာက်အဖဲွ့ကို သတ်လိုက်သည်ကို သိနေသည်။ ထိုသူကို မသတ်နိုင်လိုက်သဖြင့် မက်စ် အနည်းငယ် နောင်တရမိသည်။ 'သူသာ ငါ့ကို တိုက်ရိုက် ရင်ဆိုင်ခဲ့ရင် ကောင်းမှာပဲ...' သူက နှမြောတသစွာ ခေါင်းခါလိုက်သည်။ 'ဘယ်သူပဲဖြစ်ဖြစ်၊ သူ့ဆီကနေ ငါနဲ့ ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခု ထွက်နေတယ်' မက်စ်က ထိုသို့ အဘယ်ကြောင့် ခံစားရသနည်းဆိုသည်ကို စဉ်းစားမရဖြစ်နေစဉ် တစ်ခုခုကို သတိရသွားသည်။
'ဪ... ဟုတ်သားပဲ!'
"ငါ စွမ်းအင်စာသားကျောက်တုံးကို ဝါးမြိုလိုက်တော့ တစ်ခုခု ပြောင်းလဲသွားသင့်တယ် မဟုတ်လား" မက်စ်က ရေရွတ်ရင်း သူ၏ အခြေအနေ (Status) ကို စစ်ဆေးလိုက်သည်။
[မက်စ်] – အဆင့်သတ်မှတ်ချက်: [အဆင့်သစ် (Novice)]
– အဆင့် (Level): ၅
– အသက်မွေးဝမ်းကျောင်း (Class): [ဖန်တီးရှင် နယ်ပယ်ထိန်းသိမ်းသူ (Dimensional Keeper)]
– ရုပ်ပိုင်းဆိုင်ရာ (Physique): ၆.၅
– ဝိညာဉ်စွမ်းအား (Soul): ၇
– စွမ်းအင် (Energy): ၁၀
– စွမ်းရည်များ (Skills):
—» အသက်မွေးဝမ်းကျောင်း စွမ်းရည်များ: [သုံးဖက်မြင်ခန္ဓာကိုယ် (Three Dimensional Body)၊ အချိန်နယ်ပယ် (Dimension of Time)]
—» ရရှိထားသော စွမ်းရည်များ: [မေှာ်ကျည်ဆန် (Lvl-၁၀၀)၊ အခြေခံဓားသိုင်း (Lvl-၁၀၀)၊ လျင်မြန်စွာပြေးခြင်း (Lvl-၁၀၀)၊ တရစပ်တိုက်ခိုက်မှု (Lvl-၁၀၀)၊ မီးတောက်ဖန်တီးခြင်း (Lvl-၁)]
—» နားလည်သဘောပေါက်မှုများ: [ဓားအရှိန်အဝါ (Lvl-၁)]
– သွေးမျိုးဆက် (Bloodline): [နဂါးနက် ကစဉ်ကလျား သွေးမျိုးဆက် (Black Dragon Chaotic Bloodline)]
—» နဂါးအဆီအနှစ် (Draconic Essence): [၁၀]
—» နဂါးအကြေးခွံ (Dragon Scales): [၂]
'နဂါးအကြေးခွံက တစ်ခုကနေ နှစ်ခု ဖြစ်သွားတာပဲ!' မက်စ် အံ့ဩသွားသည်။ ၎င်းကို လက်ရှိတွင် မည်သို့ အသုံးချရမည်ကို မသိသေးသော်လည်း အနည်းဆုံးတော့ ယင်း၏ တန်ဖိုးကို မည်သို့ မြှင့်တင်ရမည်ကို သိလိုက်ရသဖြင့် သူ ဝမ်းသာသွားသည်။
'အခုတော့ နဂါးအဆီအနှစ်ကို ဘယ်လိုတိုးအောင်လုပ်ရမလဲနဲ့ နဂါးအကြေးခွံရဲ့ အသုံးဝင်ပုံကို ရှာဖွေဖို့ပဲ ကျန်တော့တယ်' မက်စ် တွေးတောနေမိသည်။ ထို့နောက် သူသည်လည်း ဘော့စ်အခန်းတံခါးကို ထိတွေ့လိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။