အခန်း(၅၀)
ဟီမဲဂျီမား ဂယိုမေနှင့် "လျှံပယ်တောက်ပြောင်သော"
ဥဇီ တန်ဂန်တို့ကို နှုတ်ဆက်ပြီးနောက် ကာကူရှီအဖွဲ့ဝင်သည် ရှင်အိချိီကို ဥဘူယာရှိကီ အိမ်တော်၏ အတွင်းအကျဆုံးနေရာဆီသို့ ခေါ်ဆောင်လာခဲ့သည်။ လက်ရာမြောက်လှသော သစ်သားအိမ်ကြီး၏ ရှေ့တွင် ကျောက်ခဲဖြူလေးများ ခင်းကျင်းထားသည့် ကွင်းပြင်ငယ်တစ်ခု ရှိနေသည်။ ချောမွေ့ဝိုင်းစက်နေသော အလှဆင်ကျောက်တုံးများက တောင်ထိပ်များဆီမှ ကြည်လင်သော စမ်းရေများ စီးဆင်းရာ ရေကန်ငယ်လေးတစ်ခုကို ဝန်းရံထားကြသည်။ ရေကန်ထဲတွင်မူ ဝဝကုန်းကုန်း ရွှေငါးအုပ်စုငယ်လေးတစ်စုသည် ဘာအပူအပင်မှမရှိဘဲ လွတ်လပ်ပျော်ပါးစွာ ကူးခတ်နေကြသည်။ ခြံဝင်းတံတိုင်းများ၏ အလွန်တွင်မူ ဝစ္စတာရီးယား (Wisteria) ပန်းများက ဝေဆာစွာ ပွင့်လန်းနေပြီး ၎င်းတို့၏ သင်းပျံ့သောရနံ့က လေထုထဲတွင် ပျံ့လွင့်နေသည်။ ရှုခင်းက အလွန်အမင်း ဆန်းပြားခမ်းနားမနေသော်လည်း ရှားပါးလှသော ငြိမ်းချမ်းမှုနှင့် စိတ်သက်သာရာရမှုကို ပေးစွမ်းနေ၏။
"ဝုဖ်! ဝုဖ်!"
မာရုနိီသည် ရှင်အိချိီ၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ရေကန်အစပ်သို့ ပြေးသွားပြီး သူ၏ မျက်လုံးဝိုင်းလေးများဖြင့် ရွှေငါးအုပ်ကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်ထို့ကြောင့် ငါးများမှာ လန့်ဖျတ်ပြီး ထွက်ပြေးကုန်ကြတော့သည်။
"မာရုနိီ လျှောက်မဆော့နဲ့! ပြန်လာခဲ့!" ရှင်အိချိီက ထိုခွေးပေါက်လေးကို အလျင်အမြန် လှည့်အော်လိုက်သည်။
အတိအကျပင် ထိုအချိန်၌ သူ၏ အနောက်ဘက်မှ နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ရှင်အိချီ”
"ဗျာ?"
မိမိနာမည်ကို ကြားလိုက်ရသဖြင့် ရှင်အိချိိီ ဗီဇအရ တောင့်တောင့်ကြီး ဖြစ်သွားပြီးမှ နောက်သို့ လှည့်ကြည့်လိုက်သည်။ သစ်သားအမိုးအောက်တွင် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးသည် သူ့ကို နွေးထွေးစွာ ပြုံးပြရင်း မတ်တပ်ရပ်နေသည်။
ထိုလူငယ်သည် ရှင်အိချိီနှင့် အသက်အရွယ်ချင်း သဏ္ဍာန်တူပြီး ရိုးရှင်းသော အဝါရောင်ခါးပတ် စည်းနှောင်ထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အပေါ်မှ ခရမ်းရောင် မီးတောက်ပုံစံများ ပါရှိသော အဖြူရောင် ဟာအိုရီဝတ်ရုံကို ထပ်လွှမ်းထားသည်။ သူ၏ နုနယ်ချောမောသော မျက်နှာသွင်ပြင်က အနည်းငယ် ဖြူဖျော့နေသော်လည်း အရောင်ဖျော့ဖျော့ ခရမ်းရောင်မျက်ဝန်းများကမူ တောက်ပနေသည်။
ရှင်အိချိီ၏ ဘေးနားရှိ ကာကူရှီအဖွဲ့ဝင်သည် ထိုလူငယ်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ရိုသေလေးမြတ်စွာဖြင့် ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်သည်။
"အိုယာကာတာဆာမာ!"
"အိုယာကာတာဆာမာ?" ရှင်အိချိီသည် မိမိရှေ့မှ လူကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ရှင်အိချိီကွန်။ ငါက ဥဘူယာရှိကီ ကာဂါယာ (Kagaya Ubuyashiki) ပါ၊ နတ်ဆိုးသုတ်သင်သူအဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့။
" ဆံပင်အနက်ရောင်နှင့် လူငယ်က နှုတ်ဆက်သည့်အနေဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။
အမှန်စင်စစ် ရှင်အိချိီ၏ ရှေ့တွင် မတ်တပ်ရပ်နေသူမှာ နတ်ဆိုးသုတ်သင်သူအဖွဲ့၏ လက်ရှိခေါင်းဆောင် ဥဘူယာရှိကီ ကာဂါယာပင် ဖြစ်သည်။
"ခင်ဗျားက နတ်ဆိုးအမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင်ဟုတ်လား? ဒါပေမဲ့ ခင်ဗျားက အရမ်းငယ်သေးတယ်နော်?" ရှင်အိချိီက မစဉ်းစားဘဲ သူ၏ မယုံကြည်နိုင်မှုကို လွှတ်ခနဲ ပြောချပစ်လိုက်သည်။
သူ့စိတ်ကူးထဲတွင်မူ ရာစုနှစ်ပေါင်းများစွာ နတ်ဆိုးဆိုးများနှင့် ကျိန်စာများကို တိုက်ခိုက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခုကို အမိန့်ပေးကွပ်ကဲနိုင်သောသူသည် အနည်းဆုံးတော့ အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ဝန်းကျင်ရှိသော ပညာရှိအဖိုးအိုတစ်ဦးမဟုတ်ရင်တောင် အသက်သုံးဆယ်၊ လေးဆယ်ဝန်းကျင်ရှိသော ခန့်ညားထည်ဝါသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ရမည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခု မိမိနှင့် သက်တူရွယ်တူမျှသာ ရှိသေးသော ဤလူငယ်က ဘာကို ဆိုလိုတာလဲ?
ရှင်အိချိီ၏ လေသံက အနည်းငယ် ရိုင်းပျသွားသည်။ ကာဂါယာ မတုံ့ပြန်ရသေးခင်မှာပင် သူ့ကို လမ်းပြလာခဲ့သော ကာကူရှီအဖွဲ့ဝင်က ဒေါသတကြီး ထအော်တော့သည်။
"ဟေး!! မင်း! အိုယာကာတာဆာမာကို ဘယ်လိုတောင် စကားပြောလိုက်တာလဲ?!
မလေးမစားလုပ်တဲ့ ကောင်စုတ်လေး!"
လွန်ခဲ့သည့် မိနစ်ပိုင်းကတင် ရှင်အိချိီကို "မိုရီကီဆန်" ဟု ရိုရိုသေသေ ခေါ်ခဲ့သော်လည်း ယခုအခါတွင်မူ "ကောင်စုတ်လေး" ဟု ပြောင်းလဲခေါ်ဆိုနေချေပြီ။ ဘာပဲဖြစ်ဖြစ် ဤခေါင်းဆောင်ငယ်လေးသည် အဖွဲ့ဝင်များ၏ လေးစားမှုကို အပြည့်အဝရရှိထားကြောင်း ရှင်အိချိီ သဘောပေါက်လိုက်သည်။
"ရပါတယ် ဂိုတိုဆန်...
မင်း တာဝန်ကျေပါတယ်။ ငါ့ကို ရှင်အိချိီနဲ့ နှစ်ယောက်တည်း စကားပြောခွင့်ပေးပါဦး။" ကာဂါယာ၏ လေသံက နူးညံ့မြဲ နူးညံ့နေသည်။
သူတို့ခေါင်းဆောင်၏ အမိန့်ကြောင့် ဂိုတိုဟု အမည်ရသော ကာကူရှီအဖွဲ့ဝင်သည် ရှင်အိချိီကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ ရှင်အိချိီကမူ ဘာမှမဖြစ်သလို ပြန်ကြည့်နေစဉ် ထိုလူသည် စိတ်ဆိုးမာန်ဆိုးဖြင့် ခြံဝင်းထဲမှ ထွက်ခွာသွားတော့သည်။
မကြာမီ ကွင်းပြင်ကျယ်ထဲတွင် ရှင်အိချိီနှင့် ကာဂါယာတို့နှစ်ဦးတည်း မျက်နှာချင်းဆိုင် ကျန်ရစ်ခဲ့သည်အော်... ရေကန်ဘေးမှာ လျှောက်ပြေးနေဆဲဖြစ်တဲ့ စိတ်လှုပ်ရှားစရာ ရှီဘာအိနု ခွေးပေါက်လေးလည်း ပါတာပေါ့။
"ကျွန်တော်က ပြောရုံပြောတာပါ၊ ဒါပေမဲ့ ခင်ဗျားလို ငယ်ငယ်ရွယ်ရွယ်နဲ့ လူတစ်ယောက်က နတ်ဆိုးအမဲလိုက်အဖွဲ့ကြီးတစ်ခုလုံးကို ခေါင်းဆောင်တစ်ဦးအနေနဲ့ တကယ်ပဲ စီမံခန့်ခွဲနိုင်လို့လား?
" ရှင်အိချိီက လက်ပိုက်လိုက်ရင်း သံသယစိတ်ဖြင့် မေးလိုက်သည်။
ရှင်အိချိီ၏ စကားကို ကြားသော်လည်း ဥဘူယာရှိကီ ကာဂါယာသည် စိတ်ဆိုးခြင်းမရှိပေ။ အစား သူက နူးညံ့စွာ ပြုံးလိုက်ပြီး အမိုးအောက်မှ လှမ်းထွက်လာကာ သစ်သားလှေကားထစ်ပေါ်တွင် ထိုင်ချလိုက်ရင်း သူ၏ဘေးနားတွင် ဝင်ထိုင်ရန် ရှင်အိချိီကို လက်ရိပ်ပြလိုက်သည်။ ရှင်အိချိီသည်လည်း ဤနုနယ်ပုံရသော ခေါင်းဆောင်အပေါ် မည်သည့်အခန့်မသင့်မှုမျှမရှိဘဲ လှမ်းလျှောက်သွားကာ ဥဘူယာရှိကီ ကာဂါယာ၏ ဘေးတွင် ဘုန်းခနဲ ထိုင်ချလိုက်သည်။
"မင်းနဲ့ နှိုင်းယှဉ်ရင်တော့ ရှင်အိချိီ..
ငါက တကယ်ပဲ ငယ်ရွယ်ပုံရနိုင်ပါတယ်။ ဒါပေမဲ့ ငါတို့ ဥဘူယာရှိကီ မိသားစုမှာတော့ ဒါက ပုံမှန်မဟုတ်တဲ့အရာတော့ မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ငါ နတ်ဆိုးသုတ်သင်သူအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတုန်းက အသက်လေးနှစ်ပဲ ရှိသေးတယ်" ဥဘူယာရှိကီ ကာဂါယာက ဖြည်းဖြည်းချင်း ပြောပြသည်။
"အသက်ဘယ်လောက်? လေးနှစ်?! ခင်ဗျားတို့ မိသားစုထဲမှာ လူကြီးတစ်ယောက်မှ မကျန်တော့လို့လား?" ရှင်အိချိီ လုံးဝ အံ့ဩမှင်သက်သွားရသည်။
အသက်လေးနှစ်အရွယ် ကလေးတစ်ယောက်က နတ်ဆိုးအမဲလိုက်အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာသည်ဆိုသည်မှာ လုံးဝ မယုံနိုင်စရာပင်။ မိသားစုအများစုတွင် အသက်လေးနှစ်အရွယ်ကလေးသည် အိပ်ရာထဲ သေးမပေါက်လျှင်ပင် လူတတ်လေးဟု သတ်မှတ်ခံရချိန် ဖြစ်သော်လည်း သူကမူ ထောင်ပေါင်းများစွာသော အဖွဲ့အစည်းကြီးကို ဦးဆောင်ခဲ့ရသည်တဲ့။
"ငါ့ရဲ့ မိသားစုက တကယ်ပဲ မရှိတော့တာပါ။ ငါ့ရဲ့ဖခင်က အသက် တစ်ဆယ့်ကိုးနှစ်မှာတင် ငါတို့ဓားသမားတွေရဲ့ စနစ်တကျ စွန့်လွှတ်အနစ်နာခံမှုတွေအပေါ် ဝမ်းနည်းပူဆွေးမှု ဒဏ်ကိုမခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။
အဲဒီအချိန်တုန်းက ငါက လေးနှစ်သားပဲ ရှိသေးပြီး ဥဘူယာရှိကီ မိသားစုရဲ့ နောက်ဆုံး အမျိုးသားအမွေခံပဲ။ ဒါကြောင့် ဖခင်ရဲ့ တာဝန်ကို ဆက်ခံပြီး နတ်ဆိုးအမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ရတာပါပဲ။" ဤအတိတ်ကို ပြန်ပြောပြနေစဉ် ကာဂါယာ၏ လေသံထဲတွင် လေးလံမှု အနည်းငယ် ရောယှက်လာခဲ့သည်။
ရှင်အိချိီ အေးခဲသွားရသည်။ သူသည် မသိလိုက်ဘဲ သူတစ်ပါး၏ နာကျင်စရာ အမာရွတ်ဟောင်းကို ဆွမိသွားလေပြီ။
'တောက်! ငါကတော့ တကယ်ကို အဆိုးဆုံးပဲ' ဟု တွေးမိရင်း နောင်တနှင့် အားနာစိတ်များ ရင်ထဲတွင် တိုးဝှေ့လာခဲ့သည်။
ရှင်အိချိ၏ စိတ်မသက်မသာဖြစ်မှုကို သတိပြုမိသွားကာ ဥဘူယာရှိကီ ကာဂါယာက ဖြည့်စွက်ပြောကြားခဲ့သည်။
"စိတ်ထဲ မထားပါနဲ့ ရှင်အိချိီ”
ငါက မင်းကို ညည်းညူပြနေတာ မဟုတ်ပါဘူးမင်းရဲ့ မေးခွန်းကို ဖြေရုံသက်သက်ပါ။ အမှန်တော့ အဖိုးအို မိုရီကီဆီကနေ မင်းရဲ့အကြောင်းကို ငါ ကြားသိထားပါတယ်။ အသက်အရွယ်အကြောင်း ပြောကြေးဆိုရင် မင်းက ငါ့ထက်တောင် ငယ်သေးတယ်မဟုတ်လား? ဒါပေမဲ့ မင်း စွမ်းဆောင်ခဲ့တဲ့အရာတွေက ထူးခြားပြောင်မြောက်လှပါတယ်။ နတ်ဆိုးအမြောက်အမြားကို သုတ်သင်ခဲ့ပြီး ငါတို့ကို အောက်ခြေလမင်းအဆင့် ၄ ကို နှိမ်နင်းဖို့တောင် ကူညီပေးခဲ့သေးတယ်။ တကယ်ကို လေးစားစရာပါပဲ။"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှင်အိချိီက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒါက ဘာမှမဟုတ်ပါဘူးဗျာ။ အစတုန်းကတော့ ကျွန်တော်က ကိုယ့်ကိစ္စနဲ့ကိုယ် ကလဲ့စားချေချင်လို့ပဲ။ အားလုံးက အတ္တဆန်ခဲ့တာပါ။"
ဥဘူယာရှိကီ ကာဂါယာက သူ၏ မျက်ဝန်းလေးများ မှေးစင်းသွားသည်အထိ နူးညံ့စွာ ပြုံးလိုက်သည်။
"လူတိုင်းမှာ ကိုယ်ပိုင် အတ္တဆန်တဲ့ ရည်ရွယ်ချက်တွေ ရှိကြတာချည်းပါပဲဘယ်သူမှ မကင်းကြပါဘူး။ ငါ့မှာတောင် နတ်ဆိုးတွေရဲ့ ဖခင်ဖြစ်တဲ့ ကိဘုဆွတ်ဂျီ မူဇန် ကို ဖျက်ဆီးပြီး ငါတို့မိသားစုရဲ့ ကျိန်စာကို ပယ်ဖျက်ချင်တဲ့ ကိုယ်ပိုင်အတ္တဆန်တဲ့ ဆန္ဒ ရှိနေတာပဲ။ ဘယ်သူမှ မွေးရာပါ အတ္တကင်းမဲ့မလာကြပါဘူး။
နတ်ဆိုးအမဲလိုက်အဖွဲ့ကို ဝင်လာကြတဲ့ ဓားသမား အများစုဟာလည်း မင်းလိုပဲ နတ်ဆိုးတွေအပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးစိတ် ရှိကြတာပဲ။ တစ်နည်းအားဖြင့် သူတို့လည်း ကလဲ့စားချေဖို့ဆိုတဲ့ ကိုယ်ပိုင်အတ္တအတွက် တိုက်ခိုက်နေကြတာ။ ဒါပေမဲ့ အဲဒါက ဆိုးတဲ့အရာမှ မဟုတ်တာ၊ ဟုတ်တယ်မလား? ငါတို့ ကိုယ့်ကိုယ်ကိုယ် အရမ်း တင်းကျပ်မထားဖို့ လိုပါတယ်။ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်နိုင်ရင်ပဲ လုံလောက်ပါပြီ။"
ရှင်အိချိီ ခဏမျှ စကားအံ့ဩ ဆွံ့အသွားရသည်။ မိမိနှင့် သက်တူရွယ်တူမျှသာ ရှိသေးသော ဤ "ခေါင်းဆောင်ငယ်လေး" ၏ နှစ်သိမ့်မှုကို ခံလိုက်ရခြင်းက သူ့အတွက် အနည်းငယ်တော့ ရှက်စရာကောင်းနေသည်။
"ဒါနဲ့... ခင်ဗျား အစောပိုင်းက ပြောခဲ့တဲ့ 'ကျိန်စာ' ဆိုတာ ဘာကို ဆိုလိုတာလဲ?
" ရှင်အိချိီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
မိုရီကီ အိမ်တော်မှာတုန်းက အဖိုးအိုသည် နတ်ဆိုးအမဲလိုက်အဖွဲ့အကြောင်းကို အသေးစိတ် မပြောပြခဲ့ပေ။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်သော ဥဘူယာရှိကီ မိသားစုအကြောင်းကို ရှင်အိချိီအနေဖြင့် အနည်းအကျဉ်းသာ ကြားဖူးနားဝ ရှိခဲ့ခြင်း ဖြစ်သည်။
"ဒါလား? အဲဒါက တကယ်ကို ဟောင်းနွမ်းလှတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။
" ဥဘူယာရှိကီ ကာဂါယာသည် သူ၏ နူးညံ့သော အပြုံးကို ဆက်ထိန်းထားရင်း သူ၏ ခရမ်းနုရောင် မျက်ဝန်းများဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်နေခဲ့သည်။ သူ၏ စိတ်ကူးများက လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်ဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။
နူးညံ့သော လေညင်းတစ်ချက် တိုက်ခတ်သွားပြီး လူငယ်၏ ဆံပင်အနက်ရောင်များကို လွင့်ပျံသွားစေရာ ဆံစများကြားမှ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်သန်းကာ ပုပ်စပြုနေသော အရေပြားကွက်ငယ်တစ်ခုကို ဖျတ်ခနဲ လှမ်းမြင်လိုက်ရတော့သည်။