အခန်း (၃၂) - ငွေမှန်မိစ္ဆာ
မှောင်မိုက်လှသော ညဉ့်နက်သန်းခေါင်ယံတွင် ငွေရောင်သဏ္ဌာန်တစ်ခုသည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ သစ်သားအိမ်များကြား၌ လျှပ်စီးသဖွယ် ဖြတ်သန်းသွားပြီးနောက် အိမ်ခေါင်မိုးတစ်ခုထက်တွင် ဖျတ်ခနဲ ရပ်တန့်လိုက်သည်။
မှုန်ပျပျလရောင်အောက်တွင် ထိုထူးဆန်းအုန်းမောင်းသော သဏ္ဌာန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
အင်္ကျီဗလာဖြင့် ဖြစ်ပြီး ငွေမှုန်များ လူးခြယ်ထားသည့်အလား ချောမွေ့ပြောင်လက်နေသော ကြွက်သားများက အတိုင်းသား ပေါ်လွင်နေသည်။
၎င်း၏ လက်ချောင်းများအဆုံးတွင် ရှည်လျားထက်မြက်သည့် သွေးရောင်လက်သည်းကြီးများ ရှိနေသော်လည်း အဆိုးရွားဆုံး ရုပ်ပျက်ဆင်းပျက် အင်္ဂါရပ်မှာမူ ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာပင် ဖြစ်သည်။ နားရွက်အထိ ဖြဲကားနေသော ပါးစပ်ကြီးထဲတွင် ထက်မြက်သော အစွယ်များနှင့် နီရဲသော လျှာကြီး ရှိနေပြီး မျက်လုံးအိမ်များ ရှိရမည့်နေရာတွင်မူ မျက်လုံးများအစား ငွေမှန်ငယ်နှစ်ချပ်ကို အတင်းအကျပ် ထိုးထည့်ထားသည်။
အမှန်စင်စစ် ဤအရာသည် မိစ္ဆာတစ်ကောင်ပင် ဖြစ်ပြီး တယ်ရာနီရှိီ ရွာသားများက ၎င်းကို ငွေမှန်မိစ္ဆာ 'ဂင်ခန်' (Ginkan) ဟု ခေါ်ဆိုကြသည်။
အိမ်ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း ငွေမှန်မိစ္ဆာသည် ၎င်း၏ ဖြူဆုတ်သော နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်ရာ ဖြဲကားနေသော ပါးစပ်ကြီးထဲမှ သွားရည်များ တစက်စက် ကျလာတော့သည်။
"မွှေးလိုက်တာ။ သိပ်မွှေးတာပဲ။
ဒီလောက် နူးညံ့တဲ့ အသားနဲ့ သွေးက... ငွေမှန်ငါးချပ်လောက် တန်တယ်ဟေ့။"
ပြောပြောဆိုဆိုဖြင့် ၎င်းသည် လက်သည်းများကို မြှောက်ကာ အောက်သို့ ဆွဲခြစ်ချလိုက်ရာ အိမ်ခေါင်မိုးကြီးသည် အလွယ်တကူပင် ပွင့်ထွက်သွားသည်။
ဝူးစ်...
မိစ္ဆာသည် အိမ်ထဲသို့ ဝုန်းခနဲ ခုန်ဆင်းသွားရာ ၎င်း၏ ရုတ်တရက် ကျူးကျော်ဝင်ရောက်မှုကြောင့် အိမ်တွင်းရှိ လူများထံမှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုအသံမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သော မိန်းကလေးငယ်တစ်ဦး၏ အသံပင် ဖြစ်သည်။
မှုန်မှိုင်းသော လရောင်အောက်တွင် ငွေမှန်မိစ္ဆာ၏ ရုပ်သွင်မှာ အလွန်ပင် အရုပ်ဆိုး အကျည်းတန်လှသည်။
၎င်း၏ ရှေ့တွင် ရှိနေသူမှာ နေ့ခင်းဘက်က ရှင်အိချီ ကို သတိပေးရန် ကြိုးစားခဲ့သော်လည်း အဘိုးဖြစ်သူ၏ တားဆီးခြင်းကို ခံခဲ့ရသော မိန်းကလေးငယ်ပင် ဖြစ်သည်။
ယခုအခါတွင် သူမသည် ရိုးရာစကတ်လေးကို ဝတ်ဆင်ထားပြီး ကြောက်ရွံ့တုန်ရင်စွာဖြင့် တုန်တုန်ရီရီ ဖြစ်နေသော အဘိုးဖြစ်သူ၏ နောက်ကွယ်တွင် ပုန်းကွယ်နေသည်။ အဘိုးအိုသည်လည်း အလွန်အမင်း ကြောက်လန့်နေသော်လည်း အထစ်ထစ်အငေါ့ငေါ့ဖြင့်ပင် ပြောရှာသည်။
"ဂ... ဂင်ခန်ဆာမာ.. ဒီနေ့ ရွာထဲကို သူစိမ်းတစ်ယောက် ရောက်လာတယ်ဗျ။ ကျွန်တော် မြင်လိုက်တယ်၊ သူ ကိုမီယာအီ (Komiyai) အိမ်ကို သွားတာ။ အဲဒီလူကို အရင်ဆုံး စားသုံးလို့... မရဘူးလားဗျာ။"
ရှလစ်...
မိစ္ဆာသည် လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ရာ မျက်လုံးအိမ်ထဲရှိ ငွေမှန်များတွင် မိန်းကလေးငယ်နှင့် အဘိုးအိုတို့၏ ကြောက်လန့်တကြား ဖြစ်နေသော မျက်နှာများ ရောင်ပြန်ဟပ်နေသည်။
"ပုံမှန်ဆိုရင်တော့ ရတာပေါ့။
ဒါပေမဲ့ ဒီညတော့ မရဘူး။ ဒီကလေးမလေးရဲ့ အသားက သိပ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်။ ဒီညတော့ ငါ သူ့ကိုပဲ စားမယ်၊ သူက ငွေမှန်ငါးချပ် တန်တယ်လေ။"
ထို့နောက် ၎င်းသည် ပါးစပ်ကြီးကို အကျယ်ကြီး ဖြဲလိုက်ပြီး လက်ရာမြောက်လှသော ငွေမှန်ငါးချပ်ကို တစ်ချပ်ပြီးတစ်ချပ် ထွေးထုတ်လိုက်သည်။
သွားရည်များ ပေကျံနေသော်လည်း မှန်များ၏ အရည်အသွေးကို မြင်လိုက်ရသဖြင့် အဘိုးအို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မှန်တစ်ချပ်ချင်းစီသည် ယခင်က ယန်းသုံးထောင်ဖြင့် ရောင်းချခဲ့ရသော မှန်မျိုးကဲ့သို့ အရည်အသွေး ကောင်းမွန်လှသည်။
အဘိုးအို ဆွံ့အမှင်သက်နေစဉ်မှာပင် မိစ္ဆာသည် ဆက်၍ မစောင့်ဆိုင်းနိုင်တော့ပေ။ ၎င်း၏ ညာဘက်မျက်လုံးရှိ မှန်သည် ရုတ်တရက် လင်းလက်သွားပြီး ပြင်းထန်သော စုပ်အားတစ်ခုက တုန်ရင်နေသော မိန်းကလေးငယ်ကို ရှေ့သို့ ဆွဲငင်သွားတော့သည်။
"အဘိုး။ အဘိုး။ သမီးကို ကယ်ပါဦး။" သူမသည် အဘိုးဖြစ်သူထံ လက်လှမ်းကာ အသည်းအသန် ငိုယိုအော်ဟစ်ရှာသည်။
"ယူကို (Yuko)။"
အဘိုးအိုသည် လှမ်းအော်လိုက်သော်လည်း ၎င်း၏ ခြေထောက်များမှာမူ မရွေ့လျားဘဲ မြေပြင်တွင် စွဲမြဲနေဆဲပင် ဖြစ်သည်။ ၎င်း၏ အသံတွင် ပူဆွေးသောကများ ပြည့်နှက်နေသော်လည်း ကြမ်းပြင်ပေါ်ရှိ ငွေမှန်ငါးချပ်မှာမူ လွန်စွာ မက်မောစရာ ကောင်းနေသည်။
ဝူးစ်...
မိန်းကလေးငယ်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရာ အဘိုးအိုမှာမူ ကြမ်းပြင်ပေါ်သို့ ဒူးထောက်လဲကျကျန်ရစ်ရှာသည်။
"ဂဟဟဟ။" ငွေမှန်မိစ္ဆာသည် လူသားတို့၏ စက်ဆုပ်ဖွယ် စိတ်ဓာတ်ကို စမ်းသပ်ရသည်ကို အလွန်သဘောကျပုံရသည်။
၎င်း၏ နှုတ်ခမ်းကို ထပ်မံလျှာသပ်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်၎င်းသည် နူးညံ့သော ကလေးသူငယ်များကိုသာ ချဉ်ခြင်းတက်ခြင်း ဖြစ်သည်။
ထိုအဘိုးအိုမှာမူ အသားများ ခြောက်ကပ်လွန်းသဖြင့် စိတ်မဝင်စားပေ။
ဒါနဲ့... အဘိုးအိုက ပြင်ပလူတစ်ယောက်အကြောင်း ပြောခဲ့တယ် မဟုတ်လား။
အရသာ ပြောင်းလဲမြည်းစမ်းကြည့်ရသည်မှာလည်း မဆိုးလှပေ။
ဂင်ခန်သည် အောက်သို့ ငုံ့ကာ အရှိန်ယူလိုက်ပြီးနောက် အိမ်ခေါင်မိုးပေါ်သို့ တစ်ချက်တည်းဖြင့် ခုန်တက်လိုက်ပြီး အာရုံတစ်ခုကို ဖမ်းဆီးလိုက်သည်ထိုနေရာမှာ ကိုမီယာအီ ကိုင်ဆုခီ (Komiyai Kaisuke) ၏ အိမ်ပင် ဖြစ်သည်။
"ဟဲဟဲ... အဲဒီနေရာမှာကိုး။" မိစ္ဆာဂင်ခန်သည် ယုတ်မာသောအပြုံးဖြင့် တဟဲဟဲ ရယ်မောလိုက်သည်။
အချိန်ကိုက်ပင် ဖြစ်သည်၎င်းအနေဖြင့် လွန်ခဲ့သော နှစ်ရက်ခန့်က ဖမ်းဆီးထားသည့် အားနည်းသော မိစ္ဆာအနိုင်အထက်တိုက်ဖျက်ရေးအဖွဲ့ မှ ကလေးနှစ်ယောက်ကို စားသုံးပြီးမှ ထိုမိန်းကလေးငယ်ကို အချိုပွဲအဖြစ် စားသုံးနိုင်ပေသည်။
ဂင်ခန်သည် လူသားအသား၏ အရသာရှိပုံကို စိတ်ကူးယဉ်နေစဉ်မှာပင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဝူးစ်...
တစ်စက္ကန့်ပင် မပြည့်မီမှာပင် ၎င်း၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုံ့ပြန်မှုဖြင့် အိမ်ခေါင်မိုးပေါ်မှ လွှင့်ထွက်ကာ ရှောင်တိမ်းလိုက်သည်။
ကလန်း...
မြစိမ်းရောင် ဓားအလင်းတန်းတစ်ခုသည် လေထုကို ဖြတ်သန်းကာ လင်းလက်သွားပြီး ဂင်းခန် ခုနက ရပ်နေခဲ့သော သစ်သားအိမ်ခေါင်မိုး တစ်ဝက်ခန့်ကို တဒင်္ဂအတွင်း ကြေမွပျက်စီးသွားစေသည်။
ရုတ်တရက် တိုက်ခိုက်မှုကြောင့် မိစ္ဆာမှာ ထိတ်လန့်သွားရုံသာမက အနီးနားရှိ ရွာသားများကိုလည်း နိုးကြားသွားစေသဖြင့် ၎င်းတို့သည် အခြေအနေကို စုံစမ်းရန် အိမ်ပြင်သို့ အလောတကြီး ထွက်လာကြသည်။
ကြေမွသွားသော အိမ်ခေါင်မိုးမှ ဖုန်မှုန့်များ ဝေဟင်သို့ လွင့်ပျံသွားသည်။ ဖုန်မှုန့်များ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင် ဂင်ခန်သည် ကျောကို ကုန်းကာ အစွယ်များကို ဖြဲရင်း ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာသော ပုံရိပ်ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
"မင်းက ဘယ်ကကောင်လဲ။"
လက်တစ်ဖက်ဖြင့် မြစိမ်းရောင် နီချီရင်ဓား ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ရှင်အီချီသည် အေးစက်သော မျက်နှာထားဖြင့် ရှေ့သို့ လှမ်းတက်လာသည်။
၎င်းသည် ဂင်ခန်ကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘယ်လောက်တောင် အရုပ်ဆိုးတဲ့ ကောင်လဲ။"
ဂင်ခန်သည် ရှင်အိချီ၏ နီချီရင်ဓားမှ ထွက်ပေါ်နေသော စွမ်းအင်ကို အာရုံခံမိပြီးနောက် စက်ဆုပ်ဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။
"ငါလည်း ဘယ်သူလဲလို့ အောက်မေ့တယ်မိစ္ဆာအနိုင်အထက်တိုက်ဖျက်ရေးအဖွဲ့က နောက်ထပ် ကောင်လေးတစ်ယောက်ပဲကိုး။ မင်းတို့ ငတုံးတွေကတော့ ငါ့ဆီကို အသေခံဖို့ တစ်ယောက်ပြီးတစ်ယောက် လာနေကြတာပဲ။ ငါကပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီမင်းတို့ရဲ့ အသားက သိပ်ကို နူးညံ့ပြီး အရသာရှိတာ။
နေပါဦး... မင်းဆီက ရနေတဲ့ အနံ့က? အော့... ဝစ္စတေးရီးယား (Wisteria) အနံ့တွေ သိပ်ပြင်းတာပဲ။ ရွံစရာကောင်းလိုက်တာ။"
ရှင်အ်ချီိသည် ၎င်း၏ နီချီရင်ဓားကို မြှောက်ကာ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ရှေ့ရှိ မိစ္ဆာကို အေးဆေးစွာ ပြောလိုက်သည်။
"စကားတွေ အများကြီး ပြောမနေနဲ့တော့၊ အရုပ်ဆိုးတဲ့ မိစ္ဆာကောင်ရဲ့။
မျက်လုံးနေရာမှာ အရုပ်ဆိုးတဲ့ မှန်တွေ တပ်ထားတဲ့ မင်းလို မျက်စိကန်းနေတဲ့ ကောင်က ငါ့ကို အဲဒီလို လူဖြောင့်ကြီး မိစ္ဆာအနိုင်အထက်တိုက်ဖျက်ရေးသမားတွေနဲ့ ဘယ်လိုတောင် မှားရတာလဲ။"
ကရက်...
လျှပ်စီးလက်လိုက်သည့်အလား ဂင်ခန်သည် ရှင်အိချီ ပြောလိုက်သော စကားအားလုံးကို သဲသဲကွဲကွဲ မသိလိုက်သော်လည်း ၎င်း၏ မှန်များကို အရုပ်ဆိုးသည်ဟု စော်ကားလိုက်သော စကားကိုမူ ရှင်းလင်းစွာ ကြားလိုက်ရသည်။
"ဒီလူသား ကောင်စုတ်။
မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ။" ပါးစပ်ကြီးကို အကျယ်ကြီး ဖြဲလျက် ဂင်ခန်သည် ရှင်အိချီထံသို့ တိုက်ရိုက် ခုန်အုပ်တော့သည်။
ရှင်အိချီ၏ မျက်ဝန်းထဲတွင် တည်ကြည်မှုအငွေ့အသက်တစ်ခု ဖြတ်သန်းသွားသည်။ "လာခဲ့စမ်း။"
၎င်း၏ နီချီရင်ဓားသည် ပြိုင်ဘက်ထံသို့ တိုက်ရိုက် ဦးတည်နေသည်။ မည်သည့် ဆန်းပြားသော ကကွက်မျှ မပါဝင်ဘဲ ရိုးရှင်းလှသော ဒေါင်လိုက် ခုတ်ချက်တစ်ခုသာ ဖြစ်သည်။
ကလန်း... ကလန်း...
သွေးရောင်လက်သည်းကြီးများနှင့် မြစိမ်းရောင် ဓားသွားတို့သည် အပြင်းအထန် ရိုက်ခတ်မိရာ နေရာအနှံ့သို့ မီးပွားများ လွင့်စင်သွားတော့သည်။
ကလန်း... ကလန်း... ကလန်း...
မိစ္ဆာ၏ လက်သည်းများနှင့် ဓားသမား၏ ဓားသွားတို့သည် အကြိမ်ကြိမ် ထိတွေ့မိကြသည်။ ရှင်အ်ိချိီ သည် ခြေစုံကို အခိုင်အမာ နင်းထားပြီး ၎င်း၏ နီချီရင်ဓားကို ဝေ့ယမ်းလိုက်ရာ မြစိမ်းရောင် ဓားအလင်းတန်းများက ၎င်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။
ပထမအကြိမ် ထိတွေ့မှုအပြီးတွင်ပင် ရှင်အိချီသည် လုံးဝ အသာစီး ရနေခဲ့သည်။ ခွန်အား၊ အရှိန်အဟုန် သို့မဟုတ် တိုက်ခိုက်ရေး ကျွမ်းကျင်မှုပိုင်းတွင် ဖြစ်စေ ဤမိစ္ဆာသည် ထူးခြားမှု မရှိပေ။
ထို့အပြင် ၎င်း၏ စူးရှသော အာရုံခံနိုင်စွမ်းဖြင့် အားဖြည့်ထားသော
'တောအုပ်အသက်ရှူသွင်ပြင်' (Forest Breathing) ၏ အဆုံးစွန်သော အားသာချက်ကိုမူ ထည့်ပင် မတွက်ရသေးချေမိစ္ဆာက တိုက်ခိုက်ခြင်းမပြုမီ စုစည်းလိုက်သော သက်စောင့်အား (Life force) တိုင်းကို ရှင်အိချီ၏ ဘယ်ဘက်မျက်လုံးရှိ မြစိမ်းရောင် အလင်းတန်းတွင် အထင်အရှား မြင်တွေ့နေရသည်။
တည်ငြိမ်နေသော ရှင်အိချီနှင့် မတူဘဲ ဂင်ခန်မှာမူ ယခုအခါတွင် ချွေးစေးများ ပြန်နေခဲ့ပြီ ဖြစ်သည်။
ဤလူသားကောင်လေးသည် ယခင်က အားနည်းလှသော မိစ္ဆာအနိုင်အထက်တိုက်ဖျက်ရေး ဓားသမားနှစ်ယောက်နှင့် လုံးဝ မတူပေ။ ၎င်း၏ ဓားသိုင်းနှင့် ခွန်အားမှာ မိစ္ဆာတစ်ကောင်ကဲ့သို့ ပြင်းထန်လှသည်။
ဒါ... ငါ ဒီနေ့ မိစ္ဆာအနိုင်အထက်တိုက်ဖျက်ရေးအဖွဲ့ရဲ့ 'ဟာရှီရာ' တစ်ယောက်ယောက်နဲ့ တိုးနေတာလား။
ရှင်အိချီသည် နောက်သို့ သိမ်မွေ့စွာ ခြေတစ်လှမ်း ဆုတ်လိုက်ရင်း ဂင်ခန်၏ ပြင်းထန်သော ကုတ်ခြစ်မှုကို ရှောင်တိမ်းလိုက်သည်။ ၎င်း၏ နီချီရင်ဓားကို လက်ထဲတွင် တစ်ပတ် လှည့်လိုက်ပြီးနောက် ဓားကို အရှိန်ယူရန် အနည်းငယ် ငုံ့လိုက်သည်။
၎င်း၏ နှုတ်ခမ်းများကြားမှ ရေငွေ့များ ထွက်ပေါ်လာပြီး ဘယ်ဘက်မျက်လုံးရှိ မြစိမ်းရောင် အလင်းတန်းသည် ပိုမို တောက်ပလာတော့သည်။