အခန်း (၃၁)
"ဒါပေမဲ့ ဆရာကြီး ဂင်ခန်နဲ့ သူ့မိသားစုဝင်တွေ အသတ်ခံရတဲ့နေ့က ကျွန်တော့်ရဲ့ ဘိုးဘေးက ရွာထဲမှာတောင် မရှိပါဘူး။
သူက ကိရိယာတန်ဆာပလာတွေ ဝယ်ဖို့ တခြားစီရင်စုတစ်ခုကို သွားနေခဲ့တာပါ။
အဲဒီတုန်းက အာဏာပိုင်တွေကလည်း သည်အချက်ကို အတည်ပြုပေးခဲ့ပါတယ်။
ရွာသားတွေက သံသယဝင်နေကြပေမဲ့လည်း ကျွန်တော့်ဘိုးဘေးက ထွက်မသွားခဲ့ပါဘူး။ အဲဒီအစား သူက သည်မှာပဲ ဆက်နေပြီး ဆရာကြီး ဂင်ခန်ရဲ့ လက်မှုပညာကို ဆက်ခံရင်း ဒီနေ့ဒီအချိန်အထိ လက်ဆင့်ကမ်းပေးခဲ့တာပါ"
ကိုမိီယာအိိိီ ကိုင်ဆုခီက ရှင်အိချိီကို ရှင်းပြနေသည်။
ရှင်အိချိီကတော့ ပုံပြင်တစ်ပုဒ်ကို နားထောင်နေသည့်အလား မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ သစ်သားခုံတန်းလျားလေးပေါ်တွင် ထိုင်နေရင်းမှ ထပ်မံမေးမြန်းလိုက်သည်။
"အဲဒီတော့ ဘာဆက်ဖြစ်လဲ။
ဒါနဲ့ အခု ရုတ်တရက်ပေါ်လာတဲ့ မိစ္ဆာကို ရွာသားတွေက လွန်ခဲ့တဲ့ အနှစ်တစ်ရာက ဂင်ခန်လို့ ဘာဖြစ်လို့ ထင်နေကြတာလဲ"
ကိုမိီယာအိိီ၏ မျက်နှာတွင် တွန့်ဆုတ်သွားဟန် ပေါ်လာသော်လည်း သူက ဆက်၍ ပြောပြသည်။
"ဘာလို့လဲဆိုတော့ ကလေးပျောက်ဆုံးသွားတဲ့ မိသားစုတိုင်းရဲ့ အိမ်တွေမှာ ညဘက်ဆိုရင် ဆန်းပြားလှပတဲ့ ငွေမှန်အမြောက်အမြား ပေါ်ပေါ်လာတတ်လို့ပဲ။
အဲဒီလို မှန်တွေကို သွန်းလုပ်တဲ့ အတတ်ပညာကို ဆရာကြီး ဂင်ခန်ကိုယ်တိုင်ပဲ တတ်မြောက်တာလေ။
ကျွန်တော့်ဘိုးဘေးကတော့ သူ့ဆီကနေ ကြေးမှန်လုပ်နည်းပဲ သင်ယူခဲ့ရတာ"
ရှင်အိချိီအံ့အားသင့်သွားရသည်။
"ကလေးတွေကို ပြန်ပေးဆွဲပြီးမှ ငွေမှန်တွေ ထားခဲ့တယ်ဟုတ်လား။
ဘာသဘောလဲ။
အဲဒီကောင်က စျေးဝယ်ထွက်နေတယ်လို့ အောက်မေ့နေတာလား"
ကိုမိီယာအိီက စိတ်ပျက်လက်ပျက်ဖြင့် သွားကြိတ်လိုက်မိသည်။
"အတိအကျပဲ။
ဒါပေမဲ့ အခြောက်ခြားဆုံးက အဲဒါမဟုတ်ဘူး။ တချို့မိသားစုတွေက ကလေးတွေ ပျောက်ဆုံးသွားတာတောင် အဲဒီမှန်တွေကို မြို့ပေါ်ယူသွားပြီး ရောင်းချခဲ့ကြတယ်။
မထင်မှတ်ဘဲ အဲဒီမှန်တွေက အရမ်းခေတ်စားသွားပြီး တစ်ချပ်ကို စျေးကြီးပေးပြီး ဝယ်ကြတယ်။
တစ်ချပ်ကို ယန်းထောင်ချီအထိတောင် ပေါက်စျေးရှိခဲ့တယ်။
အခုဆို ရွာသားတွေက အဲဒီမိစ္ဆာကို သတ်ဖို့နေနေသာသာ၊ သူ့ဆီကနေ အကျိုးအမြတ်တောင် ရှာချင်နေကြပြီ။"
သည်စကားကို ကြားလိုက်ရသောအခါ ရှင်အိချိီအမှန်တကယ်ပင် တုန်လှုပ်သွားရသည်။ သည်ရွာသားတွေ ဘယ်လောက်ပဲ လောဘရမ္မက်ကြီးပါစေဦးတော့၊ သည်လိုအမှုကိုတော့ မလုပ်သင့်ကြချေ။
"သူတို့ ရူးကုန်ကြပြီလား။ ပိုက်ဆံအတွက်နဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကလေးတွေကိုတောင် စွန့်ပစ်ရဲကြတယ်ပေါ့လေ"
ကိုမိီယာအိီလည်း ထပ်တူပင် ဒေါသထွက်နေသည်။
သူက သစ်သားစားပွဲကို အရှိန်ပြင်းပြင်းဖြင့် ရိုက်ချလိုက်ပြီးနောက် တုန်ရင်နေသော လက်များဖြင့် သေတ္တာထဲမှ ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။ ထိုအထုပ်ကို ဖြေလိုက်သောအခါ သပ်ရပ်လှပစွာ သွန်းလုပ်ထားသည့် ငွေမှန်နှစ်ချပ် ရှင်အိချိီ၏ ရှေ့မှောက်တွင် ပေါ်လာသည်။
ကိုမိီယာအိီ၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာပြီး တုန်ရီနေသောအသံဖြင့် ပြောရှာသည်။
"ကျွန်တော့်ညီလေး အိဂျိလည်း... ပျောက်သွားပြီဗျာ။"
"ကျွန်တော်ကတော့ အဲဒီအကုသိုလ်ကောင် မိစ္ဆာကို သတ်ပစ်ချင်နေတာ ကြာပြီ။
ဒါပေမဲ့ ရွာသားတွေက တမင်သက်သက်ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် ကျွန်တော့်ကို အမြဲတမ်း နှောင့်ယှက်တားဆီးနေကြတယ်။ ကျွန်တော် ရဲစခန်းကို သွားခဲ့ပေမဲ့ ရွာသားတွေက ကျွန်တော် လိမ်ညာနေတာပါ၊
မိစ္ဆာဆိုတာ မရှိပါဘူးလို့ ငြင်းခဲ့ကြတယ်။ ရဲတွေကလည်း ကျွန်တော့်ကို မယုံကြဘူး။ ကျွန်တော်တစ်ယောက်တည်းနဲ့တော့ အဲဒီမိစ္ဆာကို ဘယ်လိုမှ မဖမ်းနိုင်ဘူးလေ။"
"ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းတို့အရွယ်လောက်ရှိမယ့် မိစ္ဆာအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ က နှစ်ယောက် ရောက်လာသေးတယ်။
သူတို့က မိစ္ဆာအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တွေဖြစ်ပြီး မိစ္ဆာကို နှိမ်နင်းဖို့ လာတာလို့ ပြောခဲ့ကြတယ်။ ကျွန်တော်လည်း သိသမျှအကုန် ပြောပြလိုက်တာပေါ့။
သူတို့က အဲဒီမိစ္ဆာကို အပြတ်ရှင်းပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ အခုဆို ရက်အတော်ကြာတဲ့အထိ အဲဒီနှစ်ယောက် ပျောက်ချက်သားကောင်းနေတုန်းပဲ။
အဲဒီနောက် လွန်ခဲ့တဲ့ နှစ်ညက တခြားမိသားစုတစ်ခုက ကလေးတစ်ယောက် ထပ်ပျောက်ပြန်တယ်။
အဲဒီ မိစ္ဆာနှိမ်နင်းရေးသမား နှစ်ယောက်လည်း... ဖြစ်နိုင်တာကတော့..."
ကိုမိီယာအိီ၏ အသံတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေသည်။
ဘေးတွင်ရှိသော ရှင်အိချိီကတော့ အတွေးနက်နေဟန် တူသည်။
'မိစ္ဆာအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း သည်ကို ရောက်ခဲ့တာပေါ့။ ဒါပေမဲ့ သည်လူပြောပုံအရဆိုရင်တော့ အဲဒီနှစ်ယောက် ကျရှုံးသွားပြီး သေလောက်ပြီထင်တယ်။
ဒါပေမဲ့ သည်လူ့စကားကိုလည်း ရာနှုန်းပြည့် ယုံလို့တော့ မရသေးဘူး။ မှန်တွေ ဖန်တီးနိုင်တဲ့ မိစ္ဆာဆိုတော့ အခု ရှေ့မှာရှိနေတဲ့ မှန်ဆရာနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတာ သေချာသလောက်ပဲ။
ညီလေး ပျောက်ဆုံးသွားတယ်ဆိုတာကတော့ အမှန်ဖြစ်နိုင်တယ်။'
ရှင်အိချိီ စိတ်ထဲမှ တိတ်တဆိတ် သုံးသပ်နေသော်လည်း သည်ရွာထဲတွင် မိစ္ဆာတစ်ကောင် ရှိနေသည်ကတော့ ယုံမှားသံသယရှိစရာ မလိုတော့ချေ။
ထိုငွေမှန်နှစ်ချပ်ပေါ်တွင် မိမိတို့လို မိစ္ဆာမျိုးနွယ်စု၏ မထင်မရှား အနံ့အသက်ကို သူ ခံစားသိရှိနေရသည်။
"စိတ်မပူပါနဲ့၊ အဲဒီမိစ္ဆာကို ကျွန်တော်ပဲ အစအဆုံး ရှင်းပေးပါ့မယ်။ ဒီည ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သွားလိုက်ဦးမယ်။"
မာရုနိီက မိုးလင်းတဲ့အထိ စောင့်ဆိုင်းရန် သို့မဟုတ် တခြားမိစ္ဆာနှိမ်နင်းရေးသမားများထံမှ အကူအညီတောင်းရန် တတွတ်တွတ် တိုက်တွန်းနေသော်လည်း ရှင်အိချိီကတော့ ကိုမိီယာအိီ၏ သစ်သားတဲလေးထဲမှ မာရုနိီကို ဆွဲခေါ်ကာ ထွက်ခွာလာခဲ့သည်။
ရှင်အိချိီတွင် ထိုသို့သော အစီအစဉ်မျိုး လုံးဝမရှိချေ။ ကိုမိီယာအိီအပေါ် သံသယဝင်နေသည်ကို ခေတ္တဘေးဖယ်ထားလျှင်ပင်၊ မိစ္ဆာအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ထံမှ အကူအညီတောင်းခံရန် သူတို့တွင် နည်းလမ်းမရှိပေ။
တစ်ခုခုဆိုလျှင် ထိုအဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ပါက သူ့ကိုပါ ဓားဖြင့် ဝိုင်းခုတ်ကြပေလိမ့်မည်။
မှုန်ဝါးဝါး လရောင်အောက်တွင် ရှင်အိချိီက ခြေလှမ်းများကို သွက်လိုက်ပြီးနောက် ခပ်သွက်သွက် အရှိန်ယူကာ လေထဲသို့ ပျံတက်လိုက်သည်။
ထို့နောက် ကြီးမားသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ လျင်မြန်စွာ တွားတက်သွားပြီး တဲရနိရှိ ရွာတစ်ရွာလုံးကို ငုံ့မိုးကြည့်ရှုနိုင်သည့် သစ်ပင်၏ အမြင့်ဆုံး ထိပ်ဖျားသို့ ရောက်ရှိသွားသည်။
"ဝုဖ်... ဝုဖ်..."
မာရုနိီလေးက သစ်ပင်ခြေရင်းမှနေ၍ အလောတကြီး ဟောင်နေရှာသည်သူ့ရဲ့ လုံးတုတ်တုတ် ကိုယ်လုံးလေးဖြင့် သစ်ပင်ပေါ်သို့ မတက်နိုင်ရှာပေ။
ရှင်အိချိီက သက်ပြင်းချကာ နဖူးကို လက်ဖြင့်ပွတ်ရင်း ရွာထဲရှိ ငွေမှန်များမှ ရရှိသော အနံ့အသက်ကို ခြေရာခံရန် မာရုနိီကို စိတ်ချင်းဆက်သွယ်၍ အမိန့်ပေးလိုက်သည်။ သခင်ဖြစ်သူ၏ အမိန့်ကို နာခံသောအားဖြင့် မာရုနိီက ဟောင်နေသည်ကို ရပ်လိုက်ပြီး၊ သူ့၏ ဝတုတ်တုတ် ခေါင်းလေးကို ခါယမ်းကာ မှောင်မိုက်သော ညအမှောင်ထုထဲသို့ တုန်တုန်ချီချီဖြင့် ထွက်ခွာသွားသည်။
သစ်ပင်ထိပ်ဖျားတွင် ရှင်အိချိီက မျက်လုံးများကို မှိတ်လိုက်ပြီး နှုတ်ခမ်းကို အနည်းငယ် ဟလိုက်သည်။
ထူးခြားဆန်းပြားပြီး စနစ်ကျလှသော အသက်ရှူခြင်းစည်းချက် စတင်လာသည်နှင့်အမျှ မျက်စိဖြင့်မမြင်နိုင်သော သက်စောင့်အားအဟုန် (Life force) လှိုင်းလုံးများသည် သူ့ထံသို့ စုရုံးရောက်ရှိလာကြသည်။
သူ့ခြေဖဝါးအောက်မှ သစ်ပင်ကြီးသည် လေတိုက်ခတ်ခံရသည့်အလား အနည်းငယ် တုန်ခါသွားသည်။
"တောအုပ်အသက်ရှူခြင်း၊ အဌမမြောက်သဏ္ဌာန် သိုးမွှေးသံကြား တောအုပ်မျက်ဝန်း”
ဝူး...
ရှင်အိချိီ မျက်လုံး ပြန်ပွင့်လာချိန်တွင် မြစိမ်းရောင်တောက်နေသော သူ၏ ဘယ်ဘက်မျက်ဝန်းက အလင်းတန်းများ ဖြာထွက်နေသည်။
သူ မြင်ရသမျှ မြင်ကွင်းအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် သူသည် စီးဆင်းလှုပ်ရှားနေသော သက်စောင့်အားအဟုန်များကို မြင်တွေ့နေရပြီ ဖြစ်သည်အပင်များ၏ ရှင်သန်ခြင်းစွမ်းအင်၊ တိရစ္ဆာန်အမျိုးမျိုး၏ စွမ်းအင်နှင့် မြေအောက်ခြေရှိ သေးငယ်လှသော ဇီဝသက်ရှိများ၏ စွမ်းအင်များအထိပင်။
ထိုအရာအားလုံးသည် အပူလှိုင်းပြပုံရိပ် ကဲ့သို့ သူ့ရှေ့တွင် အထင်အရှား ပေါ်နေသည်။
တဲရနိရှိ ရွာသားတစ်ဦးချင်းစီ၏ သက်စောင့်အားအဟုန်များသည် ရှင်အိချိီ၏ မျက်စိအောက်တွင် အတိုင်းသား ပေါ်လွင်နေသည်လူသားတို့၏ ရှင်သန်ခြင်းစွမ်းအင်က ကြီးမားလှသဖြင့် အလွယ်တကူ မှတ်မိနိုင်သည်။
သည်အရာသည် အဘိုးအို မိုရီကီ သင်ကြားပေးခဲ့သော သဏ္ဌာန်ခုနစ်မျိုးအပြင် ရှင်အိချိ ကိုယ်တိုင် ပထမဆုံး တတ်မြောက်ခဲ့သည့် တောအုပ်အသက်ရှူခြင်း၏ အဌမမြောက်သဏ္ဌာန် သိုးမွှေးသံကြား တောအုပ်မျက်ဝန်း ပင် ဖြစ်သည်။ ကြီးမားလှသော သက်စောင့်အားအဟုန်များကို မျက်လုံးအတွင်းသို့ စီးဆင်းစေပြီး၊ အာရုံကြောနှင့် သွေးကြောတိုင်းကို ပြည့်ဝစေကာ မျက်ကြည်လွှာပေါ်တွင် သက်စောင့်စွမ်းအင် အမြှေးပါးတစ်ခု ဖုံးအုပ်လိုက်ခြင်းဖြင့် သက်ရှိစွမ်းအင်အားလုံးကို ထိုးထွင်းသိမြင်နိုင်သော စွမ်းရည်ကို သူ ရရှိခဲ့သည်။
သည်စွမ်းအားဖြင့်ဆိုလျှင် မည်သည့်မိစ္ဆာမျှ ရှင်အိချိီ၏ မျက်စိအောက်မှ ပုန်းကွယ်နိုင်မည် မဟုတ်ပေ။
အဌမမြောက်သဏ္ဌာန်သည် လေ့ကျင့်ရန် လွယ်ကူသည်ဟု ထင်ရသော်လည်း မျက်လုံးသည် လူ့ခန္ဓာကိုယ်တွင် အရှုပ်ထွေးဆုံးသော အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လေ့ကျင့်နေစဉ် အနည်းငယ်မျှ အမှားအယွင်းရှိပါက မျက်စိကွယ်သွားနိုင်သည်။ ရာစုနှစ်ပေါင်းများစွာအတွင်း မိုရီကီမျိုးနွယ်စုဝင် အနည်းငယ်မျှသာ သည်စွမ်းရည်ကို အောင်မြင်စွာ တတ်မြောက်ခဲ့ကြသည်။ သို့သော် ရှင်အိချိီအတွက်မူ...
မျက်စိကွယ်သွားမည် ဟုတ်လား။
ပျက်စီးသွားသော မျက်လုံးကို ဆွဲထုတ်ပစ်ပြီး အသစ်တစ်ခု ပြန်ပေါက်အောင် လုပ်လိုက်ရုံသာ ရှိသည်။ ထို့ကြောင့် ရှင်အိချိီ အပြည့်အဝ တတ်မြောက်ခဲ့သည့် ပထမဆုံး တောအုပ်အသက်ရှူခြင်းပညာရပ်သည် အခြေခံသဏ္ဌာန် ခုနစ်မျိုးထဲမှ မဟုတ်ဘဲ အဌမမြောက်သဏ္ဌာန် သိုးမွှေးသံကြား တောအုပ်မျက်ဝန်း ဖြစ်နေခဲ့ခြင်းပင်။
မြစိမ်းရောင်မျက်ဝန်းထဲတွင် တယ်ရာနီရှီ ရွာရှိ သက်ရှိအားလုံး၏ သက်စောင့်အားအဟုန်များ အတိုင်းသား ပေါ်နေသည်။
မကြာမီမှာပင် ရှင်အိချိိီပုံမှန်မဟုတ်သောအရာတစ်ခုကို သတိပြုမိလိုက်သည်ပုံမှန်ထက် အဆမတန် ကြီးမားလှသော သက်စောင့်စွမ်းအင်တစ်ခုသည် ရွာ၏ မြောက်ဘက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် လှုပ်ရှားနေသည်။
ထိုမျှကြီးမားသော သက်စောင့်စွမ်းအင်သည် သာမန်လူသားတစ်ဦးတွင် ရှိနိုင်မည့် ပမာဏထက် ကျော်လွန်နေသလို၊ သက်တမ်းရင့် သစ်ပင်ကြီးများ၏ စွမ်းအင်လည်း မဖြစ်နိုင်ချေ၊ အကြောင်းမှာ သစ်ပင်များသည် သည်လိုမျိုး အပြေးအလွှား သွားလာ၍ မရသောကြောင့်ပင်။
ထို့ကြောင့် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ကျန်တော့သည်မိစ္ဆာတစ်ကောင်ပဲ ဖြစ်ရမည်။
"အမိဖမ်းမိပြီနော်။"
တည်ကြည်ခန့်ညားသော ရှင်အိချိီ၏ မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် မာရုနိီထံမှ စိတ်ချင်းဆက်သွယ်၍ သတိပေးသံ ရောက်ရှိလာသည်။
"ဒီအသားလုံးလေးက အပျင်းမကြီးဘူးပဲ။ သဘောကျမိသား။ ကဲ... သွားကြစို့။"
ရှူး...
အခိုက်အတန့်အတွင်းမှာပင် ရှင်အိချိီ၏ ကိုယ်လုံးသည် မြားတစ်စင်းအလား ရှေ့သို့ ဒိုင်းခနဲ ပြေးထွက်သွားပြီး သစ်ပင်ထိပ်ဖျားမှ ခုန်ဆင်းကာ မိစ္ဆာရှိရာနေရာသို့ တည့်တည့်မတ်မတ် ဦးတည်၍ ပြေးဝင်သွားတော့သည်။