အခန်း (၁) - ပင်လယ်ဓားပြကမ္ဘာသို့ ကူးပြောင်းခြင်းနှင့် စနစ်နိုးထလာခြင်း
စုတ်ပြတ်နွမ်းနယ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ဦးသည် ကမ်းခြေထက်တွင် ငြိမ်သက်စွာ လဲလျောင်းနေ၏။ ပင်လယ်လှိုင်းတံပိုးတို့က သူ၏ ဘောင်းဘီစများကို ရိုက်ခတ်ကာ သာယာစွာ လှုပ်ရှားစေလျက်ရှိသည်။
"ဒါ... ဘယ်နေရာလဲ..."
ကောင်လေး၏ လက်ချောင်းများ ဆတ်ခနဲ လှုပ်ရှားသွားပြီး မျက်တောင်လွှာများ မသိမသာ ခတ်သွားခဲ့သည်။ မျက်လုံးကို ဖွင့်လိုက်သည်နှင့် စူးရှလှသော နေရောင်ခြည်ကြောင့် ခဏမျှ မှေးစင်းလိုက်ရပြီးမှ အပြည့်အဝ ဖွင့်ကြည့်နိုင်တော့သည်။
မြင်ကွင်းထဲသို့ စီးဝင်လာသည်မှာ အပြာရောင် ကောင်းကင်ကြီး၊ ဖြူလွတ်သော တိမ်တိုက်များနှင့် ဝဲပျံနေကြသည့် စင်ရော်ငှက်များပင် ဖြစ်သည်။
"ငါ ကောင်းကင်ဘုံရောက်နေတာလား..."
ကောင်လေးက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒါတော့ ဟုတ်မှာပါ။ ငါလို လူကောင်းတစ်ယောက်က သက်ရှိထင်ရှား ရှိစဉ်တုန်းက သူတစ်ပါးကို အမြဲ ကူညီခဲ့တာကိုး။ အတန်းပြီးရင် အိမ်စာပေးဖို့ ဆရာတွေကို သတိပေးတာ၊ အဘွားအိုတွေကို လမ်းကူးပေးတာ၊ ဒုက္ခသည် မုဆိုးမတွေရဲ့ ကွန်ပျူတာကို မဆိုင်းမတွ ပြင်ပေးတာတွေဟာ ငါ မနားတမ်း လုပ်ခဲ့တဲ့ ကောင်းမှုတွေပဲ။ ငါဟာ ဧရာမ ကုသိုလ်ရှင်ကြီးတစ်ယောက် ဖြစ်ခဲ့တာပဲ။"
"သေသွားရင်တော့ နိဗ္ဗာန် သို့မဟုတ် သုဂတိဘုံကို ရောက်မှာ မလွဲဘူး။"
ကောင်လေးသည် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားကာ ထထိုင်ရန် ကြိုးစားလိုက်၏။။
"အား...!"
"နာတယ်! နာလိုက်တာ!"
"ဒါ ဘာဖြစ်တာလဲ။ ငါ နတ်ပြည် ရောက်နေတာတောင် ဘာလို့ နာကျင်မှုကို ခံစားနေရသေးတာလဲ။"
ကောင်လေး နားမလည်နိုင်အောင် ဖြစ်သွားသည်။
"ငါ မသေသေးဘူးလား။ ဒါဆို ငါ ဘယ်ရောက်နေတာလဲ။"
ကောင်လေးသည် သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်ကြည့်ရင်း ကိုယ်ခန္ဓာကို ငေးကြည့်လိုက်သည်။
"ဟာ... ဘုရားရေ! ငါ ဘယ်လိုလုပ် ကလေးတစ်ယောက် ဖြစ်သွားတာလဲ။ ဝင်စားတယ်ဆိုရင်တောင် မွေးကင်းစကလေးပဲ ဖြစ်ရမှာလေ!"
ထိုခဏ၌ပင် ဦးနှောက်ထဲသို့ မှတ်ဉာဏ်လှိုင်းများ ဒလဟော စီးဝင်လာသဖြင့် ကောင်လေးမှာ ခေါင်းမူးသွားခဲ့၏။
"ငါ ဘဝကူးသွားတာလား။ ဝမ်းပီးစ် ကမ္ဘာကို တကယ်ပဲ ကူးပြောင်း ရောက်ရှိသွားတာလား။ ဒါမှမဟုတ် ငါ့ဝိညာဉ်က အခြားသူရဲ့ ခန္ဓာကိုယ်ထဲ ပူးဝင်သွားတာလား။ စကားမစပ် ငါ့ရဲ့နာမည်က လော့တ်ပဲလား။"
လော့တ်သည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောဆိုလိုက်၏။ "တောက်! ဖန်ဆင်းရှင်ရေ... ငါက စကားအဖြစ်ဒီတိုင်းပြောလိုက်တာကို တကယ်ကြီး ဝမ်းပီးစ်ကမ္ဘာကို ပို့လိုက်ရတယ်လို့။ မဖြစ်နိုင်တာ! ငါ့မှာ ရူဟွာ က ငါ့ရဲ့ချစ်သူအဖြစ် လက်ခံဖို့ ယွမ်တစ်သိန်း တောင်းထားတာ ကျန်သေးတယ်ကွ!"
လော့တ်သည် မူလက တရုတ်ပြည်မှ ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီတစ်ခု၏ ဆော့ဖ်ဝဲလ်ဌာနတွင် လုပ်ကိုင်နေသူဖြစ်သည်။
သူသည် ကွန်ပျူတာ ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပရိုဂရမ်ရေးလိုက်၊ အမှားပြင်လိုက်နှင့် အလုပ်ရှုပ်နေရသူ ဖြစ်၏။
မပြီးနိုင်မစီးနိုင်သော အလုပ်များ၊ အဆုံးမရှိသော အချိန်ပိုဆင်းမှုများ၊ သူ၏ ရူပကာကို တပ်မက်နေသော မန်နေဂျာမကြီး၊ လူမှုရေးအဆက်အဆံ လုံးဝမရှိခြင်းနှင့် မိတ်ဆွေသူငယ်ချင်း မရှိခြင်းတို့က သူ၏ ဘဝပင် ဖြစ်သည်။
ပရိုဂရမ်အမှားများမှအပ "ဝမ်းပီးစ်" မန်းဂါကာတွန်းသည်သာ သူ၏ နေ့စဉ်ဘဝတွင် အကြီးမားဆုံး အဖော်မွန် ဖြစ်ခဲ့ရ၏။
နှစ်သစ်ကူးအကြိုညတွင် အလုပ်ပြီး၍ ညနက်သန်းခေါင် အိမ်ပြန်လမ်း၌ လော့သည် ဒီနှစ်မှာမှ ဘာကြောင့် နှစ်သစ်ကူးနေ့အထိ အချိန်ပို ဆင်းရသလဲဆိုပြီး မကျေမနပ် ညည်းတွားနေခဲ့သည်။
သူသည် ဝမ်းပီးစ်ကမ္ဘာသို့ ကူးပြောင်းနိုင်ခဲ့လျှင် နေ့တိုင်း အလုပ်ဆင်းစရာ မလိုတော့ဘဲ ချစ်စရာကောင်းသော အန်နီမေးဇာတ်ကောင်မလေးများအဖော်အဖြစ် ရရှိမည်ဟု စိတ်ကူးယဉ် အိပ်မက်မက်နေခဲ့၏။
သို့သော်လည်း လမ်းဆုံကို ဖြတ်ကူးစဉ်၌ပင် အရှိန်လွန်လာသော မြေစာသယ်ကားတစ်စီးက သူ့ကို ဝင်တိုက်လိုက်ရာ မီတာဆယ်ဂဏန်းမျှ လွင့်ထွက်သွားခဲ့ရသည်။
ရဲရဲနီသော သွေးစများက လော့တ်၏ မြင်ကွင်းကို ဝေဝါးသွားစေခဲ့ပြီး အသိစိတ်များ ပျောက်ကွယ်ခါနီး အချိန်၌ပင် သူသည် ဝမ်းပီးစ်ကမ္ဘာသို့ တကယ်မကူးပြောင်းမီ ရောက်ရှိနေမှန်း သိလိုက်ရတော့သည်။
"ငါက ပါးစပ်က လက်လွတ်စပယ် ပြောလိုက်တာပါ၊ တကယ် မယူလိုက်ပါနဲ့။ ရူဟွာ က ကမ္ဘာမြေပေါ်မှာ ငါ့ကို စောင့်နေတုန်းပဲလေ။"
ရူဟွာ ဆိုသည်မှာ သူတို့ကုမ္ပဏီ၏ အရောင်းဝန်ထမ်းသစ်မလေးဖြစ်ပြီး မန်နေဂျာမကြီးမှအပ ကုမ္ပဏီ၏ တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် လော့တ်သည် အသိစိတ် ပြန်ဝင်လာပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို စတင်ကြည့်ရှုလိုက်တော့သည်။
"ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကလည်း သနားစရာကောင်းလိုက်တာ။"
ဒီခန္ဓာကိုယ်ပိုင်ရှင် လေးနေထိုင်ခဲ့သည့် မြို့ငယ်လေးကို ပင်လယ်ဓားပြများက သိမ်းပိုက်ခဲ့ကြပြီး သူ၏ မိဘများက အသက်နှင့်ရင်း၍ သူ့ကို ပင်လယ်ထဲသို့ သို့ဝှက် ပို့ဆောင်ပေးခဲ့ကြသည်။
သို့သော်လည်း နောက်ထပ် ပင်လယ်ဓားပြသင်္ဘောတစ်စီး၏ တွေ့ရှိခြင်းကို ခံခဲ့ရပြီး သင်္ဘောပေါ်သို့ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရကာ ခိုင်းဖတ်တစ်ဦး ဖြစ်လာခဲ့ရ၏။
ထိုဘဝတွင် နေထိုင်ခဲ့ရသည်မှာ သုံးနှစ်ကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ပင်လယ်ဓားပြသင်္ဘောပေါ်မှ ခိုင်းဖတ်များသည် မည်သည့်ဂုဏ်သိက္ခာမျှ မရှိကြဘဲ မည်သူမဆို စေခိုင်းခြင်းကို ခံကြရ၏။ သင်္ဘောပေါ်ရှိ ခွေးများ၏ အဆင့်အတန်းကပင် ခိုင်းဖတ်များထက် ပိုမို မြင့်မားနေသေးသည်။
ခိုင်းဖတ်များသည် ကျန်ရစ်သော အစားအစာများကိုသာ စားကြရပြီး မကြာခဏဆိုသလို ရိုက်နှက်ခံကြရ၏။ သင်္ဘောပေါ်တွင် ရိုက်နှက်ခံရ၍ သေဆုံးသွားကြရခြင်းမှာ ရိုးစင်းသော ကိစ္စပင် ဖြစ်၏။
အမှန်တကယ်တော့ ယခင်က ထိုအလုပ်တွင် ခိုင်းဖတ်နှစ်ဦးရှိခဲ့ပြီး အခြားတစ်ယောက်မှာ အဘိုးအိုတစ်ဦး ဖြစ်သည်။
သို့သော်လည်း ထိုအဘိုးအိုသည် ကပ္ပတိန် "ဖာ့ဒ် ဟန်ဂျို" ၏ ဝိုင်ခွက်တစ်ခုကို ခွဲမိသဖြင့် ရိုက်နှက်ခံရကာ သေဆုံးသွားခဲ့ရ၏။
မနေ့ကမူ လော့တ်သည် အိမ်သာဆေးကြောစဉ် တံခါးခေါက်ရန် မေ့လျော့သွားခဲ့ရာမှ ပထမအရာရှိ ဂျိုးဇက် နှင့် ကပ္ပတိန်၏ မိန်းမတစ်ဦးတို့ အထဲတွင် ကာစီနိုဆော့နေကြသည်ကို မထင်မှတ်ဘဲ တွေ့မြင်သွားခဲ့သည်။
ထို့ကြောင့် ပထမအရာရှိ၏ မသေရုံတမည် ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ပင်လယ်ထဲသို့ ပစ်ချခြင်း ခံခဲ့ရတော့၏။
ကံကောင်းစွာဖြင့် မူလပိုင်ရှင်သည် ကံကောင်းလှသဖြင့် ငါးမန်းစာ မဖြစ်ခဲ့ရဘဲ လှိုင်းတံပိုးများနှင့်အတူ ကမ်းခြေသို့ မျှောပါလာခဲ့ခြင်း ဖြစ်သည်။
"မင်းက သနားစရာကောင်းလိုက်တာ။ ငါဆိုရင် နေ့တိုင်း အထက်လူကြီးရဲ့ အော်ဟောက်တာကိုပဲ ခံရတာပါ။"
【ဒင်း...
ဟုတ်ကဲ့၊ စနစ်က လက်ခံသူသည် ဝမ်းပီးစ်ကမ္ဘာသို့ အောင်မြင်စွာ ကူးပြောင်းရောက်ရှိသွားပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စနစ်ကို စတင်နိုးထနေပြီဖြစ်ပါသည်။】
ဦးနှောက်ထဲမှ ထွက်ပေါ်လာသော စက်ရုပ်ဆန်ဆန် အသံကို ကြားလိုက်ရသဖြင့် လော့တ်သည် ခန္ဓာကိုယ်ကို အားယူကာ ထထိုင်လိုက်၏။ "ဘာ... ငါ့မှာလည်း အထူးစွမ်းအားစနစ် ပါလာတာလား။"
ထိုအချိန်၌ လော့တ်၏ စိတ်ထဲတွင် တိုးတက်မှုပြတဲ့ တန်းတစ်ခုပေါ်လာခဲ့၏။
ထိုတန်းသည် မကြာမီအချိန်အတွင်းမှာပင် ပြည့်သွားခဲ့သည်။
【စနစ်နိုးထမှု ပြီးစီးပါပြီ။ အစပျိုး လက်ဆောင်ထုတ် *၁】
"ဩော်... အစပျိုး လက်ဆောင်ထုတ် ပါတာလား။ မြန်မြန်ဖွင့်လိုက်လေ!"
【ဒင်းးး။ အစပျိုး လက်ဆောင်ထုတ်ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။ ပါဝင်သောအရာများမှာ- ဝါဟာဟာ သောက်ရေသန့် ၁ ကတ်၊ နာမီ ဓာတ်ပုံအယ်လ်ဘမ် ၁၊ ပါရာမီးရှား အမျိုးအစား နတ်ဆိုးသစ်သီး ၁၊ အခြေခံ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကတ် ၁၊ စနစ်သိုလှောင်ရုံ ၃x၃။】
ဦးနှောက်ထဲတွင် ထွက်ပေါ်လာသော စက်ရုပ်ဆန်ဆန် အသံကြောင့် လော့ထယ်မှာ မကျေမနပ် ညည်းတွားလိုက်၏။ "ငါက ဝမ်းပီးစ်ကမ္ဘာထဲ ရောက်နေပြီကို နာမီ့ဓာတ်ပုံအယ်လ်ဘမ်ကို ဘာလုပ်ရမှာလဲ။"
သို့သော်လည်း သူသည် အလွန်ပင် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
လွန်ခဲ့သော ဘဝတုန်းက လော့တ်သည် အလုပ်ကြောင့် နေ့စဉ် မောပန်းနွမ်းနယ်ခဲ့ရသော်လည်း အလုပ်ဆင်းချိန်တွင် ဝမ်းပီးစ် တစ်ပိုင်း သို့မဟုတ် နှစ်ပိုင်းမျှ ကြည့်ရှုလိုက်ပါက အားအင်များ ပြန်လည် ပြည့်ဝလာခဲ့ရ၏။
ဝမ်းပီးစ်သည် လော့တ်၏ အရင်ဘဝအတွက် စိတ်ဓာတ်ရေးရာ ခိုလှုံရာ ဖြစ်ခဲ့သည်။
လော့တ်သည် သူ၏ အသိစိတ်ကို အသုံးပြု၍ သိုလှောင်ရုံကို ဖွင့်လိုက်ပြီး နာနတ်သီးနှင့် တူသော ဆန်းကြယ်သော သစ်သီးတစ်လုံးကို ထုတ်ယူလိုက်၏။
"ဒါကနတ်ဆိုးသီး ဆိုတာလား။ ဘာလို့ ဒီလောက် ရုပ်ဆိုးနေရတာလဲ။"
လက်ထဲမှ နတ်ဆိုးသီးကို ကြည့်ရင်း လော့တ်သည် ရုတ်တရက် ပျို့အန်ချင်စိတ် ပေါ်လာခဲ့၏။
"ကြည့်ရုံနဲ့တင် ရောဂါရချင်စရာကောင်းနေတာ၊ ဘယ်လိုလုပ် စားလို့ ရမှာလဲ။"
"ဒါက ပါရာမီးရှား အမျိုးအစား နတ်ဆိုးသီး ဖြစ်နေတယ်။ အခု စားလိုက်ရင် နှမြောစရာကြီး ဖြစ်မသွားဘူးလား။ နောက်ဆို လိုဂျီယာ အမျိုးအစား နတ်ဆိုးသီးနဲ့ တွေ့ရင် တွေ့နိုင်တာပဲလေ။"
"ထားလိုက်ပါတော့၊ စနစ်က ပေးတဲ့ ပစ္စည်းမှန်သမျှ အကောင်းဆုံးတွေချည်းပဲ ဖြစ်မှာပါ။ ငါ ဂရုမစိုက်တော့ဘူး!"
လော့တ်သည် နတ်ဆိုးသီးကို အနီးကပ် ကိုင်မြှောက်၍ အနံ့ခံကြည့်လိုက်၏။ "ထူးဆန်းတဲ့ အနံ့တော့ မရှိပါဘူး။ အရသာဆိုးရွားတာက ပင်လယ်ဓားပြကမ္ဘာက လူတွေအတွက်ပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။"
ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူသည် တစ်ကိုက် ကိုက်စားလိုက်တော့၏။
ဂျွတ်...
အု... အန်...
"တကယ်ကို အရသာ ပုပ်စပ်ဆိုးရွားလွန်းတယ်။ ငါ မစင်ကို မစားဖူးပေမဲ့ ဒီအသီးက မစင်ထက် အရသာ ပိုဆိုးမှာ မဟုတ်ဘူးလို့တော့ ရဲရဲကြီး အာမခံနိုင်တယ်!"။
ဂလု~
လော့တ်သည် ပျို့အန်ချင်စိတ်ကို အတင်းအဓမ္မ ထိန်းချုပ်ကာ ပါးစပ်ထဲမှ သစ်သီးဖတ်ကို မျိုချလိုက်၏။
"သွားစမ်း!"
သူသည် ကျန်ရှိနေသော နတ်ဆိုးသီးကို ရှိသမျှ အားကုန်သုံး၍ နှစ်မီတာခန့် အကွာသို့ လွှင့်ပစ်လိုက်တော့သည်။
ပင်လယ်လှိုင်းတံပိုးများက နတ်ဆိုးသီးကို ပင်လယ်ထဲသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်သွားသည်ကို ကြည့်ရင်း လော့တ်၏ စိတ်ထဲမှ ပျို့အန်ချင်စိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
နတ်ဆိုးသီးကို စားသုံးပြီးနောက် လော့တ်သည် ထိုအသီးမှာ ပါရာမီးရှား အမျိုးအစား လျှပ်စစ်သံလိုက်သီး ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူ၏ အရိုးများ အပိုင်းလေးရာခန့် ကျိုးပဲ့မနေပါက လော့တ်တစ်ယောက် ဝမ်းသာအားရ ခုန်ပေါက်အော်ဟစ်မိမည်မှာ သေချာလှ၏။
"လျှပ်စစ်သံလိုက်သီး ဟုတ်လား။ ဒီကမ္ဘာကလူတွေ သာ ဒီအသီးကို စားရင် သိပ်ပြီး အသုံးဝင်မှာ မဟုတ်ပေမဲ့ ငါက ဘာလဲ။
လန်ချန်မြို့ရဲ့ တက္ကသိုလ်ဝင်တန်း ရူပဗေဒ ဘာသာရပ်မှာ အမှတ်အများဆုံး ရခဲ့တဲ့သူလေ။"
"ဒါဟာ ပါရာမီးရှား အမျိုးအစား နတ်ဆိုးသီးတွေထဲမှာ အသန်မာဆုံး အသီးပဲ ဖြစ်ရမယ်။ ငလျင်သီးတောင် ဒီအသီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"
"ဂဟဟဟ... ဝမ်းပီးစ်ကမ္ဘာကြီးရေ၊ ငါ ရောက်လာပြီဟေ့! ငါ့ရဲ့ အန်နီမေးချစ်သူမလေးတို့ရေ... ငါ လာနေပြီ!!!"
...