အခန်း (၃၇) အမှိုက်ပြန်လည်စွန့်ပစ်ရေး စခန်း စတင်လည်ပတ်ချိန်
ဒါရိုက်တာ ဝမ်နဲ့ အတူတူ သွားရတာကတော့ အဆင်ပြေလှပါတယ်။ လီရှစ်ကျန်းသာ တစ်ယောက်တည်း သွားမယ်ဆိုရင် ရုံးခန်းတံခါးပေါက်ကိုတောင် ရောက်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ သဘောထားက လီရှစ်ကျန်းဟာ သူတို့ပစ္စည်းတွေကို လာခိုးမယ့်သူ ဆိုတဲ့ ပုံစံမျိုးပါ။ လီရှစ်ကျန်းလည်း သူ့ရဲ့ တိုက်ရိုက်အထက်အရာရှိ စခန်းမန်နေဂျာ ဝူနဲ့ တွေ့ဆုံခဲ့တယ်။ သူက အရည်အချင်းရှိပုံ ပေါက်တဲ့ အလယ်အလတ်အရွယ် အမျိုးသားတစ်ယောက်ပါ။
စခန်းမန်နေဂျာ ဝူက သူ့ရှေ့က အဘိုးအိုကို မြင်တော့ မျက်တောင် ခတ်မိသွားတယ်။ နန်လော့ဂူရှန်း စီစစ်ရေး စခန်းကို ဒီလို အဘိုးအိုတစ်ယောက်က အုပ်ချုပ်မှာလားလို့ တွေးမိပုံပဲ။ ဒါရိုက်တာ ဝမ်ကတော့ ဘာမှ ရှင်းမပြပါဘူး။ လီရှစ်ကျန်းက သူရေးဆွဲထားတဲ့ ပုံကြမ်းကို ထုတ်ပြပြီး လိုအပ်တာတွေကို ပြောပြတယ်။ စခန်းမန်နေဂျာ ဝူက လက်ကာပြပြီး "သံပြားနဲ့ သံဘောင်တွေ မဟုတ်လား တခြားနေရာမှာတော့ ရှားလိမ့်မယ် ဒီ စွန့်ပစ်ပစ္စည်း စခန်းမှာတော့ အများကြီးပဲ။ လိုသလောက် ယူသွားပါ" လို့ ပြောတယ်။
အဲဒီပစ္စည်းတွေက တခြားနေရာကနေ ခွာယူလာတာမို့ ပျက်စီးနေပေမဲ့ ပြန်သုံးလို့ ရပါသေးတယ်။ [ ဥပမာ- သံပြားတွေမှာ အပေါက်တွေ ရှိနေရင်တောင် ကတ္တရာစေး နွေးနွေးလေး သုတ်ပြီး ဖက်ထီးစ အလွှာနှစ်ထပ် ခင်းလိုက်ရင် ရေမစိမ့်တော့ပါဘူး] ၁၀၀ ယွမ်ကတော့ ရုံးခန်း ဆောက်ဖို့ပါ။
"ဒါကတော့ လွယ်ပါတယ် ပိုက်ဆံတောင် ကျန်ဦးမှာပါ" လို့ သူက ပြောတယ်။
"အုတ်ခဲတွေ သစ်သားတွေ ရှိပြီးသားဆိုတော့ ရပ်ကွက်ရုံးက လုပ်အားပေးခိုင်းလိုက်ရင် ပြီးတာပဲလေ အရမ်း ရိုးရှင်းပါတယ်"
သူ ရုံးချုပ်တစ်ဝိုက်ကို ပြန်ကြည့်တော့ ကြီးမားတဲ့ သံတံခါးကြီး တစ်ခုကို တွေ့ပြီး အဲဒါကိုလည်း ယူသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ရုံးသုံး စားပွဲ၊ ကုလားထိုင်နဲ့ ဗီရိုတွေလည်း ရှိသေးတယ်။ ဘာလို့ ဒီလောက် ပျက်စီးနေရသလဲတော့ မသိပေမဲ့ ပြင်လိုက်ရင် သုံးလို့ ရပါသေးတယ်။ လူတော်တော်များများက လီရှစ်ကျန်းကို အရူးတစ်ယောက်လို ကြည့်ကြတယ်။ ပြင်လို့ ရရင် သူတို့လည်း ပြင်မှာပေါ့ ပြင်လို့ မရတော့တဲ့ဟာတွေကိုမှ စခန်းထဲ ပစ်ထားတာလေ။ လီရှစ်ကျန်းကတော့ သူတို့ကို ရှင်းပြမနေတော့ဘဲ ပြုံးပဲ ပြုံးပြလိုက်တယ်။ လိုအပ်တာတွေ ရွေးပြီးတဲ့နောက် နှစ်ရက်အတွင်း သံပြား သံဘောင်တွေနဲ့ အတူ သယ်လာခဲ့ဖို့ ပြောလိုက်တယ်။ အဲဒီမှာ ဆောက်လုပ်ရေး အဖွဲ့ ရှိပြီးသားမို့ သူ ကိုယ်တိုင်လည်း ကူလုပ်နိုင်တယ် ရုံးချုပ်က လူတွေ ထပ်ပို့ပေးစရာ မလိုပါဘူး။ ဒါရိုက်တာ ဝမ်ကလည်း လူတွေ စေလွှတ်ပြီးသား ဖြစ်ကြောင်း ပြောတယ်။
စခန်းမန်နေဂျာ ဝူကတော့ ဘာမှ ထပ်မပြောတော့ဘူး ပြဿနာနည်းရင် ကောင်းတာပေါ့လေ။ အပြန်လမ်းမှာ လီရှစ်ကျန်း ဒါရိုက်တာ ဝမ်ရဲ့ နောက်ကနေ လိုက်လာတယ်။ ဒါရိုက်တာ ဝမ် ရုံးခန်းက ထွက်ခါနီးအချိန်မှာ လီရှစ်ကျန်း သူ့အင်္ကျီအိတ်ကပ်ထဲက ပီယိုနီ စီးကရက် နှစ်ဘူးနဲ့ ဖန်အရက် နှစ်ပုလင်းကို ထုတ်ပြီး စခန်းမန်နေဂျာ ဝူကို ခေါင်းညိတ်ပြလိုက်တယ်။ "အင်း... ဒီ အဘိုးအိုကတော့ လူအကြောင်း နားလည်သားပဲ" လို့ မန်နေဂျာ ဝူက စီးကရက်ဘူးကို ပွတ်သပ်ရင်း ပြောတယ်။
စခန်း ဆောက်တာကတော့ အလွန် မြန်ဆန်တယ်။ ပထမနေ့မှာပဲ တံခါးပေါက်ကို ဖွင့်လိုက်တယ်။ ရုံးခန်းအဖြစ် သုံးမယ့် အိမ်လေး ဆောက်ဖို့ နှစ်ရက်ပဲ ကြာတယ်။ ရေပိုက်ခေါင်းတောင် နှစ်နေရာမှာ တပ်ပေးလိုက်တယ်။ တစ်ခုက သူ့ဝင်းထဲမှာ တစ်ခုက တံခါးပေါက် ညာဘက်မှာ လက်ဆေးဖို့နဲ့ နောင်ဆို လှည်းတွေ ရေဖြည့်ဖို့ အဆင်ပြေပါတယ်။ သံဘောင်နဲ့ သံပြားတွေ ရောက်လာပြီ ရုံးချုပ်ကလည်း ဘိလပ်မြေနဲ့ ကတ္တရာစေးတွေ အများကြီး ပို့ပေးတယ်။ အလုပ်သမားတွေက နေ့ဘက် လာကြပေမဲ့ ညဘက်ကျရင် လီရှစ်ကျန်းက သူ့ရဲ့ ပြန်လည်စွန့်ပစ်ရေး အာကာသအိတ်ကို သုံးပြီး သံပြား သံဘောင်တွေ ပြန်ယူကာ ညတွင်းချင်းပဲ တပ်ဆင်လိုက်တယ်။ အလုပ်သမားတွေကတော့ ညဘက်လည်း တစ်ယောက်ယောက် လာလုပ်နေတယ်လို့ပဲ ထင်ကြမှာပါ။ ဘယ်လို လုပ်လိုက်သလဲဆိုတာ ဘယ်သူမှ မမေးကြပါဘူး။
မြေပြင်ကို အသေအချာ ခင်းပြီးတဲ့နောက် သံပြားတဲ သုံးခုရဲ့ အမိုးတွေကို သံပြားနဲ့ပဲ လုံအောင် ပိတ်လိုက်တယ်။ အပေါ်မှာလည်း အလင်းဝင်ပေါက်တွေ တပ်ထားလို့ နေ့ဘက်ဆိုရင် မီးဖွင့်စရာ မလိုဘဲ အလင်းရောင် ရတယ်။ လေဝင်လေထွက်ပေါက်တွေလည်း ပါတာမို့ အသက်ရှူရ ကြပ်မှာ မဟုတ်ဘူး။ မတ်လ ၅ ရက် လဆန်း ၈ ရက်နေ့ အင်းဆက်ပိုးမွှားများ နိုးထချိန်မှာတော့ လီရှစ်ကျန်းရဲ့ စခန်းက ပြီးစီးသွားပြီ။ မနေ့ကပဲ မန်နေဂျာ ဝူနဲ့ ဒါရိုက်တာ ဝမ်တို့ကို ဖိတ်ထားလိုက်တယ်။ နေ့လယ်ပိုင်းမှာ မန်နေဂျာ ဝူ မရောက်လာပေမဲ့ သူ့အဖွဲ့က ကျောက်ရှင်းနဲ့ လျန်ကျီမင်း တို့ ရောက်လာတယ်။ ဒါရိုက်တာ ဝမ်ရဲ့ ရုံးကလူတွေလည်း ရောက်လာကြတော့ အားပေးသလို ဖြစ်တာပေါ့။
သူတို့ ရောက်လာတော့ ကုန်တင်ကား သုံးစီး ပါလာတယ်။ အထဲမှာ အမှိုက်တွေ ပြည့်နေတာပဲ။ စက္ကူတွေ ဖန်ကွဲတွေ ဝါယာကြိုးတွေ သံအပိုင်းအစတွေ ရှုပ်ယှက်ခတ်နေတာပဲ။ ကျောက်ရှင်းက ဒါတွေကို အောက်ခြေ စခန်းတွေကနေ သယ်လာတာလို့ ပြောတယ်။ သူတို့က ဘာမှ မစစ်ဆေးဘဲ အကုန် ပုံထားလိုက်တာမို့ ရုံးချုပ်အတွက် ခေါင်းကိုက်စရာ ဖြစ်နေတာ။ အခု စီစစ်ရေး စခန်း ရှိသွားတော့ ရုံးချုပ်လည်း ပေါ့သွားပြီပေါ့။ အဲဒါကို ကြားတော့ လီရှစ်ကျန်း ပြောချင်လိုက်တာ
"သေစမ်း မင်းတို့ကို လက်ဆောင် ပေးလိုက်တာကို ဒီလိုမျိုး ပြန်လုပ်ရလား လူကြီးတွေကို လေးစားမှု မရှိတာ မျက်လုံး မျက်ခုံး ကောင်းသားနဲ့ အသုံးမကျလိုက်တာ" လို့။ ဒါပေမဲ့ ရောက်လာပြီမို့ ပြန်လွှတ်လို့ မရတော့ဘူး လူတွေရှေ့မှာပဲ ကုန်တွေကို ချလိုက်တယ်။ ကံကောင်းတာက ကုန်ချတဲ့ အလုပ်သမားတွေ ပါလာလို့ပဲ မဟုတ်ရင် သူ ကိုယ်တိုင် ချရမှာပါ။
လီရှစ်ကျန်း သူတို့ကို ရှင်းပြလိုက်တယ် နောက်ဆို ကုန်သယ်လာရင် ကုန်ချတဲ့သူပါ ခေါ်လာခဲ့ပါ ၆၅ နှစ်အရွယ် အဘိုးအိုကို ကုန်ချခိုင်းလို့ မရဘူးလေ။ သူတို့လည်း သဘောပေါက်ပါတယ်။ ကုန်ချပြီးတဲ့နောက် တံခါးဝမှာ ဗျောက်ဖောက်လိုက်တယ်။ လူတွေ စုရုံးလာတာ မြင်တော့ ဒါရိုက်တာ ဝမ် ထွက်ပြီး ရှင်းပြတယ်။ နောင်ဆို နန်လော့ဂူရှန်းက အမှိုက်တွေကို ဒီမှာ တိုက်ရိုက် လာပို့နိုင်ပြီ။ ဈေးနှုန်းတွေကတော့ လီရှစ်ကျန်း ရုံးချုပ်က စာရင်းကို ကူးယူပြီး အတွေ့အကြုံရှိတဲ့ အမှိုက်ကောက်သူတွေရဲ့ အကြံဉာဏ်နဲ့ ပေါင်းစပ်ကာ ၂ ပြားလောက် လျှော့ပေးလိုက်တယ်။ ရုံးချုပ်မှာ ဘဲမွှေး တစ်ဂျင်းကို ၇.၅ ယွမ် လီရှစ်ကျန်းက ၇ ယွမ်။ ကြက်မွှေးက ၆ ပြား သူက ၄ ပြား။
စက္ကူကြီးကြီး တစ်ရွက်ကို ဖန်ပြားအောက် ထည့်ပြီး ကြော်ငြာသင်ပုန်းမှာ ကပ်ထားလိုက်တယ်။ အပြားလိုက်ဆိုရင် သွားတိုက်ဆေးဘူးကြီးဆို ၃ ပြား အသေးဆို ၂ ပြား။ အဝတ်စတွေဆို ၈ ပြား။ အမွှေးပါရင် ၅ ပြား။ သစ်ဆွေးဆို ၂ ပြား။ ဘက်ထရီအဟောင်းဆို တစ်ပြား။ အရိုးနဲ့ လိပ်ခွံဆို ၂ ပြား။ လိမ္မော်ခွံခြောက်ဆို ၅ ပြား။ ဖန်ကွဲဆို ၃ ပြား။ ဂွမ်းစုတ်ဆို ၆ ပြား။ ဖိနပ်အဟောင်းတွေဆို အထည်ဖိနပ် ၂ ပြား ရော်ဘာဖိနပ် ၈ ပြား။ သတင်းစာ စာစောင်ဆို ၄၀ ပြား အမှိုက်စက္ကူဆို ၁၀ ပြား။ ကြေးနီဆို ၁. ၂ ကနေ ၂ ယွမ် သံဆို ၆၀ ကနေ ၉၀ ပြား အလူမီနီယမ်ဆို ၄၀ ပြား။ လူနဲ့ မြေဩဇာကလွဲရင် အကုန်လုံး လက်ခံတယ်ဆိုတဲ့ သဘောပါပဲ။ ဒါက လမ်းဘေးမှာ လှည့်ပတ် ကောက်တဲ့သူတွေထက် အနည်းငယ် ပိုများပါတယ်။ ဒါကြောင့် ခရီးမသွားချင်ရင် သူတို့ကို ရောင်း သွားနိုင်ရင်တော့ လီရှစ်ကျန်းဆီ လာပေါ့။
တံခါးကို ပြင်ထားလိုက်တယ်။ ပိတ်ထားရင် လက်တွန်းလှည်းနဲ့ သုံးဘီးလှည်းပဲ ဝင်လို့ရမယ်။ ကုန်ကားကြီး လာရင်တော့ တံခါးတစ်ဖက်ကို ဖွင့်လိုက်ရုံပဲ။ လီရှစ်ကျန်း အံ့ဩမိတာက ရုံးချုပ်က သူ့ကို ဂရုစိုက်တဲ့အနေနဲ့ ဖုန်းတောင် တပ်ပေးထားတာပဲ။ တကယ် ကောင်းသားပဲ။ ကုန်ကား သုံးစီးစာကို လီရှစ်ကျန်းသာ လုပ်မယ်ဆိုရင် ၅ မိနစ်တောင် ကြာမှာ မဟုတ်ဘူး ဒါပေမဲ့ လူမြင်ကောင်းအောင်လို့ ၃ ရက်လောက် ကြာလိုက်တယ်။ ဒီကြားထဲမှာ အိမ်နီးချင်းတွေ လာပို့တဲ့ အမှိုက်တွေကိုလည်း လက်ခံလိုက်တယ်။ လူတွေ ကျေနပ်ကြပေမဲ့ အမှိုက်ထဲမှာ မြေကြီးတွေ ရေစိုနေတဲ့ အဝတ်တွေကို ရောထည့်ထားတာ တွေ့တော့ လီရှစ်ကျန်း မကျေနပ်ဘူး။ ဆင်းရဲတာ မကြောက်ပါနဲ့ စိတ်ညစ်ညမ်းတာသာ ကြောက်ပါ။ ဒီလို လှည့်ကွက်တွေက အမှိုက်ကုန်သည် အစစ်အမှန်အတွက်တော့ အပေါက်အပြဲတွေ ပြည့်နေတာပါပဲ။ ပြီးတော့ အမှိုက်ထဲ မြေကြီးတွေ အများကြီး ရောထားရင် လီရှစ်ကျန်း မသိဘူးဆိုရင် သူ အရှက်ရစရာ ဖြစ်မှာပေါ့။
ရုံးချုပ်က လာယူဖို့ ဖုန်းဆက်လိုက်တယ်။ သူတို့ ရောက်လာပြီး စစ်ဆေးတဲ့အခါ သံချေးတွေအထိ သေချာ စီစစ်ထားတာကို တွေ့တော့ အံ့ဩသွားတယ်။ လီရှစ်ကျန်း နှာခေါင်းကို ကုတ်လိုက်တယ်။ အထဲကနေ သံ ၁၀၀ ဂျင်းလောက် တူးထုတ်ထားတယ်ဆိုတာ ပြောရမလား။ လီရှစ်ကျန်း စက္ကူဂိုဒေါင်ထဲမှာ အခန်းငယ်လေး တစ်ခု ခွဲပြီး စာအုပ်တွေ အများကြီး ရှာတွေ့တယ်။ လီရှစ်ကျန်း အသုံးဝင်မယ် ထင်တဲ့ စာအုပ်တွေကို အဲဒီ အခန်းထဲ ထည့်ထားလိုက်တယ်။ ရုံးချုပ်ကလူတွေ ပစ္စည်းတွေ ယူပြီး ပျော်ပျော်ရွှင်ရွှင် ပြန်သွားကြတယ်။ နည်းနည်း လျော့နေတာကတော့ ကိစ္စမရှိပါဘူး။ နေ့လယ်ပိုင်းမှာတော့ ကုန်ကား ၅ စီး ထပ်ရောက်လာပြန်တယ်။ ဒီတစ်ခါတော့ အလုပ် ပိုများသွားပြီ။ အဟောင်းဆုံး ဆားကစ်ပြားတွေတောင် တွေ့ရတယ်။ ရေဒီယို အခွံတွေလည်း ပါတယ် အမှိုက်ကောက်ရင်းနဲ့ ရိုက်ခွဲခံထားရတဲ့ ရေဒီယိုတွေ ဖြစ်မှာပါ။ သစ်သားအခွံတွေနဲ့ အထဲက အစိတ်အပိုင်းတွေ ခွဲထားရတယ်။
‘ဟူး... တကယ်ကို နှမြောဖို့ ကောင်းလိုက်တာ'
လီရှစ်ကျန်း ချက်ချင်းပဲ ရုံးချုပ်က မန်နေဂျာ ဝူကို ဖုန်းဆက်ပြီး ဒီကိစ္စ ပြောပြလိုက်တယ်။ “နောက်ဆို ရေဒီယိုလို ပစ္စည်းမျိုးဆို ဈေးပဲ ဖြတ်ပေးလိုက်ပါ ရိုက်ခွဲစရာ မလိုဘူး။ အခွံကို ပြန်သုံးလို့ ရတယ် အထဲက ဆားကစ်ပြားနဲ့ အစိတ်အပိုင်းတွေကိုလည်း ပြန်ဆယ်လို့ ရတယ် နောက်ဆုံးဆို သူကိုယ်တိုင်တောင် ပြန်တပ်လို့ ရနိုင်သေးတယ်” မန်နေဂျာ ဝူက လီရှစ်ကျန်းရဲ့ အကြံဉာဏ်ကို လက်ခံလိုက်တယ်။ သူ ဒီကိစ္စကို အောက်ခြေ စခန်းတွေကိုလည်း ပြောပြလိုက်တော့ အကုန်လုံး သဘောတူကြတယ်။ ပြန်သုံးနိုင်တယ်ဆိုတာက အကောင်းဆုံးပါပဲ ဘယ်သူမှ ကောင်းနေတဲ့ ပစ္စည်းတွေကို သံချေးတွေ အမှိုက်တွေ ဖြစ်သွားအောင် မလုပ်ချင်ကြပါဘူး။