အခန်း (၅၇) ပုံမှန်လူဟူ၍တယောက်မျှမရှိ။
"ဒါက ဘယ်လိုဖြစ်တာလဲ..."
ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ ဒီရူးကြောင်ကြောင် မိန်းကလေးက ဘာလို့ ဒီမှာ ရောက်နေရတာလဲ? ကျွန်ုပ်တို့ရှိနေသည့်နေရာက ရှန်းရှီး (Shanxi) လည်းမဟုတ်၊ ရှန်းစီ (Shaanxi) လည်း မဟုတ်ပေ။ နာမည်မရှိသည့် တောင်ကုန်းတစ်ခု၏ အလယ်ဗဟိုတွင်သာ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် နမ်ဂေါင်းဘီအာက ကျွန်ုပ်၏ရှေ့တည့်တည့်၌ ရပ်နေလေသည်။
"ဘာလို့-"
သူမ ဒီမှာ ဘာလုပ်နေတာလဲဟု ကျွန်ုပ် မေးမြန်းရန် ပြင်လိုက်သော်လည်း အခြားသူများမှာမူ ရည်ရွယ်ချက်ချင်း မတူကြပေ။(ဟွားရှန်း) ဝူတန်တောင် (Mount Hua) မှ လူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှုကြောင့် ကျွန်ုပ်၏ အတွေးများ ပြတ်တောက်သွားရသည်။ သူတို့သည် နမ်ဂေါင်းဘီအာကို သူတို့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခုဟု ယူဆကာ ဓားများကို ဆွဲထုတ်၍ ဝိုင်းရံလိုက်ကြသည်။ လေထုထဲတွင် ချီအတွင်းအားများ ပြည့်နှက်သွားပြီး ကျွန်ုပ် တစ်ခုခု အမြန်လုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သိလိုက်သည်။
အဖြေတစ်ခုခု စဉ်းစားရန် အချိန်ပင် မရလိုက်ဘဲ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကို တားဆီးရန်အတွက် ကျွန်ုပ် အသံကို မြှင့်၍ အော်ပြောလိုက်ရသည်။
"ကြာ... ကြာပါပြီလား!"
"...?"
လေထဲတွင် ဝှေ့ယမ်းလက်စ ဓားသွားများမှာ ကြောက်မက်ဖွယ်ကောင်းစွာ တုံ့ဆိုင်းသွားကြသည်။
"မမဘီအာ!"
ထိုသို့သော အခြေအနေကြားတွင် ကြည့်နေခဲ့သည့် ဝီဆောအာက နမ်ဂေါင်းဘီအာထံသို့ ပြေးသွားကာ ဖက်လိုက်သည်။ နမ်ဂေါင်းဘီအာမှာ ခဏတာ ကြောင်အသွားသော်လည်း ဝီဆောအာ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ သူမ၏ အရပ်ရှည်မှုကြောင့် ဝီဆောအာကို ရင်ခွင်ထဲတွင် အပြည့်အဝ ထည့်ထားနိုင်လေသည်။
"သခင်လေးဂူ၊ အဲ့ဒီအမျိုးသမီးကို သိလို့လား"
ရှင်ဟွန်းက လာမေးသည်။ ကျွန်ုပ် မည်သို့ ဖြေရမည်နည်း။ ကျွန်ုပ်တို့က အနည်းငယ် ရင်းနှီးရုံသာဟု ပြောရမလား။
'သူမက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပေါ်လာတာလဲ...'
ကျွန်ုပ်တို့ လမ်းခွဲခဲ့စဉ်က တော်တော်နှင့် ပြန်တွေ့ကြလိမ့်မည် မဟုတ်ဟု ကျွန်ုပ် ယုံကြည်ခဲ့သည်။ လက်ထပ်ရန် စီစဉ်ထားမှုကြောင့် တစ်ကြိမ်တစ်ခါလောက်သာ ပြန်တွေ့နိုင်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အခုတော့ ဘာမျှမရှိသည့် နာမည်မရှိ တောင်ကုန်းတစ်ခုတွင်မှ ဆုံတွေ့နေရသည်လား။
'ငါ့ကို လာရှာတာလား'
မဖြစ်နိုင်တာ။ နမ်ဂေါင်းဘီအာသည် လမ်းကြောင်းအာရုံခံနိုင်စွမ်းနှင့် ပတ်သက်လာလျှင် နားမကြားသူကဲ့သို့ပင်။ သူမသည် အစွန်းရောက်သည့် လမ်းပျောက်သူတစ်ယောက်ဖြစ်သည်။ အရှေ့ဘက်သို့သွားရန် ပြောလျှင် အနောက်ဘက်သို့ သွားမည့်သူမျိုးဖြစ်ရာ ဤနေရာတွင် ဆုံတွေ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ရမည်။ တစ်စုံတစ်ယောက်ကို ရှာဖွေနေရင်း လမ်းကြောင်းအမှန်ကို ရှာတွေ့နိုင်ရန်မှာ သူမအတွက် အခွင့်အလမ်း အလွန်နည်းပါးသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ထိုသို့လုပ်နိုင်သည့် စွမ်းရည် လုံးဝမရှိသောကြောင့်ဖြစ်သည်။
"သခင်လေး?"
"ဪ။"
နမ်ဂေါင်းဘီအာအကြောင်း တွေးနေမိ၍ ရှင်ဟွန်း၏ မေးခွန်းကို ဖြေရန် မေ့သွားသည်။
"သူက သိရုံသက်သက်ပါ-"
"စေ့စပ်ထားသူ။"
"...ဟင်?"
「ဘာပြောလိုက်တာလဲ?」
နမ်ဂေါင်းဘီအာ၏ ရုတ်တရက် ဝင်ပြောလိုက်မှုကြောင့် လူတိုင်း ငြိမ်ကျသွားသည်။
"...ခုနက ဘာပြောလိုက်တာလဲ"
ကျွန်ုပ် နားကြားမှားသလားဟု သေချာစေရန် နမ်ဂေါင်းဘီအာကို ထပ်မေးလိုက်သည်။ နမ်ဂေါင်းဘီအာက ကျွန်ုပ် ဘာကြောင့် ဤသို့ဖြစ်နေရသလဲဆိုသည့် ပုံစံဖြင့် ခေါင်းကို စောင်း၍ ကြည့်နေသည်။ ကျွန်ုပ် နားကြားမှားတာ ဖြစ်ရမည် မဟုတ်လား။ ဟုတ်မှာပါ။
"သူက ကျွန်မရဲ့ စေ့စပ်ထားသူပါ။"
ကျွန်ုပ် နားကြားမှားခြင်း မဟုတ်ခဲ့ပေ။ အံ့အားသင့်နေသူမှာ ကျွန်ုပ်တစ်ယောက်တည်း မဟုတ်ဘဲ ကျန်ရှိနေသည့် လူတိုင်းလည်း ငြိမ်သက်သွားကြသည်။ အထူးသဖြင့် ကျွန်ုပ်ကို စိုက်ကြည့်နေကြသည့် အခြားအမျိုးသားများ၏ တောက်လောင်နေသော အကြည့်များကို ခံစားနေရသည်။
'...သူမရဲ့ အလှအပမှာ မိန်းမောမနေကြစမ်းပါနဲ့။'
ထိုသို့ ပြောလိုက်သော်လည်း ကျွန်ုပ်ကိုယ်တိုင်ပင် နမ်ဂေါင်းဘီအာ၏ အလှကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ကျွန်ုပ်၏ အတိတ်ဘဝတွင် နမ်ဂေါင်းဘီအာ၏ ထူးကဲသော ရုပ်ရည်ကို အချိန်အကြာကြီး မြင်တွေ့ခဲ့ရသော်လည်း သူမ၏ ရင်သပ်ရှုမောဖွယ် အလှအပကို တစ်ခါမျှ မရိုးအီခဲ့ဖူးပေ။ အကယ်၍ ထိုအချိန်က ကျွန်ုပ်သာဆိုလျှင် နမ်ဂေါင်းဘီအာက ကျွန်ုပ်၏ စေ့စပ်ထားသူဖြစ်ကြောင်း ကြားလိုက်ရပါက သွားရည်များပင် ကျမိပေမည်။ သူမ၏ အသားအရေမှာ ဖုန်မှုန့်များ ပေကျံနေပြီး ဆံပင်များ ရှုပ်ထွေးနေသော်လည်း၊ ပေါက်ပြဲညစ်ပတ်နေသော အဝတ်အစားများကြားတွင်ပင် နမ်ဂေါင်းဘီအာ၏ အလှမှာ အပြစ်ပြောစရာ မရှိပေ။ စိန်စီထားသည့်အလား တောက်ပနေသော သူမ၏ ပြာလဲ့လဲ့ မျက်ဝန်းအစုံက ကျွန်ုပ်ထံ၌သာ စိုက်ကြည့်နေသည်။ ယခုအချိန်တွင် သူမ ပြုံးမနေသော်လည်း စောစောက သူမ ပြသခဲ့သည့် တောက်ပသော အပြုံးကို ကျွန်ုပ် သတိရနေမိသည်။
'သူမလည်း ပြုံးတတ်တာပဲလား။'
ကျွန်ုပ်၏ အတိတ်ဘဝတွင် သူမ ပြုံးသည်ကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်သော မျက်နှာပေးဖြင့် ရန်သူများကို ပိုင်းဖြတ်သတ်ဖြတ်နေသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ ဝန်ခံရန် ခက်ခဲသော်လည်း သူမ ပြုံးလိုက်သည့်အချိန်တိုင်း အလွန်လှပလှသည်။
"မမ!"
နမ်ဂေါင်းဘီအာ၏ ရင်ခွင်ထဲတွင် ခဏတာ မျက်နှာအပ်ထားခဲ့သော ဝီဆောအာက စကားပြောလိုက်သည်။
"ဟင်း...?"
"ဘာလို့ ဒီကို လာတာလဲ"
"သူ့ကို လာရှာတာ..."
"ဘယ်သူ့ကိုလဲ"
နမ်ဂေါင်းဘီအာက ကျွန်ုပ်ဘက်သို့ ဖြည်းညင်းစွာ လက်ညှိုးညွှန်ပြလိုက်သည်။
...သူမ တကယ်ပဲ ကျွန်ုပ်ကို လာရှာတာလား။
'ဘယ်လိုလုပ်ပြီးလဲ'
သူမသည် လှေစီးရန် ပြောလျှင် တောင်ပေါ်သို့ တက်မည့်သူမျိုး ဖြစ်သည်။ မြစ်ကို ဖြတ်ကူးရန် ပြောလျှင် တောင်တက်မည့်သူမျိုး ဖြစ်သည်။ သူမသည် လမ်းကြောင်းပြ အခြေခံကိုပင် မသိပါဘဲနှင့်... ကျွန်ုပ်ကို ရှာတွေ့အောင် လာနိုင်ခဲ့သည်လား။
「မင်း ဒါကတော့ အူတူတူနိုင်လွန်းတယ်နော်။」
ငြိမ်နေခဲ့သည့် အကြီးအကဲရှင်က ရုတ်တရက် ကျွန်ုပ်ကို လှမ်းဆဲသည်။
'...ဘာလို့ ရုတ်တရက်ကြီး ထအော်နေရတာလဲ'
「မင်းက ဒီလောက်လှတဲ့ မိန်းကလေးကို မြင်တာတောင် ဘာမှမခံစားရဘူးလား။ အဲ့ဒါဆိုရင် မင်းက ဖြတ်ထုတ်ထားတာထက် မူလကတည်းက မပါလာတာ နေမှာပါ။」
'ကျွန်တော် ဘာမှမလုပ်ရသေးဘဲနဲ့ ဘာလို့ လာဆဲနေတာလဲ'
「ဒီအချိန်မှာ မင်းကိုယ်မင်း သတ်သေလိုက်တာ ပိုကောင်းမယ်။」
ကျွန်ုပ် အကြီးအကဲရှင်၏ စကားကို အသာအယာ လျစ်လျူရှုလိုက်သည်။ ဒီအဘိုးကြီးက ရုတ်တရက် ဘာဖြစ်နေတာလဲ... ကျွန်ုပ် နမ်ဂေါင်းဘီအာထံသို့ သွားပြီး မေးလိုက်သည်။
"သခင်မလေးနမ်ဂေါင်း၊ တကယ်ပဲ ကျွန်တော့်ကို လာရှာတာလား"
"ဟုတ်ပါတယ်..."
"ဘာလို့လဲ"
"ရှင်နဲ့ တွေ့ချင်လို့။"
...ဘာ? သူမ ခုနက ဘာပြောလိုက်တာလဲ-
「မင်း သေသွားရင် ကောင်းမယ်။」
'ကျေးဇူးပြုပြီး... ငြိမ်ငြိမ်လေး နေပေးပါ-'
「သောက်ကျိုးနည်း... ဘယ်တစ္ဆေကမှ ဒီကောင်ကို လာမသတ်ဘူးလား... ဪ ငါကိုယ်တိုင်လည်း တစ္ဆေပဲပဲ။」
နမ်ဂေါင်းဘီအာ၏ စကားများကြောင့် ကျွန်ုပ် ဇဝေဇဝါ ဖြစ်သွားရသည်။ သူမ စိတ်ရော မှန်ရဲ့လား။ ရုတ်တရက်ကြီး ပေါ်လာပြီး ဘာတွေ ပြောနေတာလဲ။
"ဘာတွေ ပြောနေတာလဲ-"
"သခင်လေး။"
ဝီဆောအာ ကျွန်ုပ်ထံ ချဉ်းကပ်လာသည်။ နမ်ဂေါင်းဘီအာ၏ ဖုန်ပေနေသော အဝတ်အစားများနှင့် မျက်နှာချင်းပွတ်သပ်ထားမိ၍ ဝီဆောအာ၏ မျက်နှာပေါ်တွင်လည်း ဖုန်မှုန့်များ ပေကျံနေသည်။
"ဘာလဲ။"
"စေ့စပ်ထားသူဆိုတာ ဘာလဲဟင်"
"ဟင်...?"
သူမ၏ ရုတ်တရက် မေးခွန်းကြောင့် ကျွန်ုပ် ဘာပြောရမှန်း မသိဖြစ်သွားသည်။ စေ့စပ်ထားသူဆိုတာ ဘာလဲ ဟုတ်လား။ ဟင်... စေ့စပ်ထားသူဆိုတာ ဘာလဲ...? သူမ၏ မျက်ဝန်းများကို ကြည့်ရသည်မှာ တကယ်ပင် မသိ၍ မေးနေပုံရသည်။ ကျွန်ုပ် မည်သို့ ဖြေရမည်နည်း။
"စေ့စပ်ထားသူဆိုတာက..."
သူမကို လိမ်ပြောရမည်ဆိုလျှင် အပြစ်ရှိသလို ခံစားရသည်။ ကျွန်ုပ် အကောင်းဆုံး အဖြေကို စဉ်းစားနေစဉ်အတွင်း မြက်တောရှည်များကြားမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
"...အင်း၊ ငါ့ကျောတော့ ကျိုးပြီ ထင်တယ်။"
အဝေးသို့ လွင့်စင်သွားခဲ့သော ယွန်ဖုန်းပင် ဖြစ်သည်။ သူ၏ ကျောကို ပုတ်ခတ်ပြီးနောက် ယွန်ဖုန်းက ဘာတွေ ဖြစ်ပျက်နေသလဲဟု လှည့်ကြည့်လိုက်သည်။
"...ဟို၊ ဘာတွေ ဖြစ်နေတာလဲလို့ မေးလို့ရမလား"
ပတ်ဝန်းကျင်ကို ကြည့်ရှုနေသော ယွန်ဖုန်းသည် နမ်ဂေါင်းဘီအာကို မြင်သွားပြီး အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ နမ်ဂေါင်းဘီအာ၏ အေးစက်သော မျက်နှာက ယွန်ဖုန်းဘက်သို့ လှည့်သွားချိန်တွင် သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ယွန်ဖုန်းကို ကြည့်ပြီး ဘာဖြစ်တာလဲဟု ကျွန်ုပ် အံ့သြနေစဉ် သူ၏ အခြေအနေမှာ ထူးဆန်းနေသည်ကို တွေ့ရသည်။
"...ဟင်?"
နီမြန်းနေသော ပါးပြင်နှင့် နားရွက်များ၊ တုန်ယင်နေသော မျက်ဝန်းများ... ထိုသို့သော မျက်နှာမျိုးကို ကျွန်ုပ် ယခင်က မြင်ဖူးသလို ရှိသည်။
'ဪ!'
အခုမှ သတိရလိုက်သည်။ ဂူဂျောယု တစ်ယောက် ဝီဆောအာကို ပထမဆုံး မြင်စဉ်က ဖြစ်သွားသည့် မျက်နှာပေးနှင့် အတူတူပင် ဖြစ်သည်။ နေပါဦး... အဲ့ဒါက ဘာကို ဆိုလိုတာလဲ။
ကျွန်ုပ် ယွန်ဖုန်းကို ကြည့်နေစဉ် ဝူတန်တောင်မှ အခြားသူများက မြေပြင်ပေါ် လဲကျနေသော ယွန်ဖုန်းထံသို့ ပြေးသွားကြသည်။
"ယွန်ဖုန်း! သတိထားဦး! သူက ဘာလို့ ရုတ်တရက်ကြီး ဒီလို ဖြစ်သွားတာလဲ"
"သူ လွင့်ထွက်သွားတုန်းက ခေါင်းနဲ့ အရင် စိုက်ကျလို့လား"
"မင်း ပြောချင်တာက အရင်တုန်းက သံတုတ်နဲ့ ခေါင်းကို ရိုက်ခံရတာတောင် ဘာမှမဖြစ်တဲ့ကောင်က အခုမှ ခေါင်းနဲ့ စိုက်ကျလို့ သတိမေ့သွားတာလို့လား"
"သူ အားနည်းနေတာ ဖြစ်မယ်။ သူ့အတွက် ကြက်တစ်ကောင်လောက် ဖမ်းပြီး ချက်ကျွေးရမလား"
အဓိပ္ပာယ်မရှိသော ဖြေရှင်းချက်များကို နားထောင်နေစဉ် အကြီးအကဲရှင် စကားပြောသည်ကို ကြားလိုက်ရသည်။
「သူတော့ သွားပြီ။ ဒါကို သူ ကျော်လွှားနိုင်မှာ မဟုတ်တော့ဘူး။」
'ဗျာ?'
「ဒီကောင်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ဦး၊ သူကတော့ စိတ်လွတ်သွားပြီ။ ဒါ့အပြင် ဒီလောက်လှတဲ့ မိန်းကလေးကို မြင်ဖူးသွားပြီဆိုတော့ သူ့ရဲ့ စံနှုန်းတွေကလည်း မြင့်သွားလောက်ပြီ။」
သနားစရာကောင်းတဲ့ကောင်လေး... တကယ်ပါပဲ။ ထိုအရာများမှာ အကြီးအကဲရှင်၏ နောက်ဆုံးစကားများပင် ဖြစ်သည်။ ဤထူးဆန်းသော အခြေအနေများကြားတွင် ကျွန်ုပ် စကားပြောလိုက်သည်။
"...ဒါနဲ့ လက်ရည်ယှဉ်တဲ့ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ"
ကျွန်ုပ်၏ တိုးတိုးလေး မေးခွန်းကို မည်သူမျှ ပြန်မဖြေကြပေ။
...သောက်ကျိုးနည်း။
မကြာခင်မှာပင် မှောင်လာခဲ့သည်။ နေ့ရက်တိုင်းက အလွန်တိုတောင်းလှသော်လည်း ရှန်းစီ (Shaanxi) က ဘာကြောင့် အလှမ်းဝေးနေဆဲဖြစ်သည်ကို ကျွန်ုပ် အဖြေမပေးနိုင်ပေ။
ကျွန်ုပ် ချိုင့်ဝှမ်းတစ်ခုတွင် ကိုယ်လက်သန့်စင်လိုက်သည်။ ကျွန်ုပ်သည် ရေစိုရခြင်းကို မနှစ်သက်သော်လည်း နွေရာသီ၏ အပူဒဏ်ကြောင့် မဖြစ်မနေ လုပ်ဆောင်ရခြင်း ဖြစ်သည်။ ကျွန်ုပ်၏ ချီအတွင်းအား အကူအညီဖြင့် ကိုယ်ပေါ်မှ ရေများကို အခြောက်ခံရန် အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
"...ဗလဗလ?"
"...ဗလဗလ"
စခန်းဆီသို့ ပြန်လာစဉ် အမျိုးသားတစ်စု စုဝေးနေကြသည်ကို ကျွန်ုပ် သတိထားမိသည်။ ပထမတော့ ဝူတန်တောင်မှ လူများဟု ထင်ခဲ့သော်လည်း ဂူမျိုးနွယ်စုမှ အဖွဲ့ဝင်အချို့လည်း ပါဝင်နေသည်။ သူတို့ ဘာလုပ်နေကြတာလဲ။
သူတို့အားလုံး ဘာကို ကြည့်နေကြတာလဲဟု ကျွန်ုပ် သိချင်မိသည်။ ကြည့်လိုက်တော့ သူတို့အားလုံးက နမ်ဂေါင်းဘီအာကို ကြည့်နေကြခြင်း ဖြစ်သည်။
「ရူးနေကြတာပဲ...」
"သောက်ကျိုးနည်းပဲ...!"
တစ်ချိန်လုံး ငြိမ်နေခဲ့သည့် အကြီးအကဲရှင်က ရုတ်တရက် ထပြောသည်။
「တကယ်ကို သောက်ကျိုးနည်းပါပဲ...」
'ဘာလို့ ရုတ်တရက်ကြီး ဒါတွေ ပြောနေတာလဲ'
「မင်းကတော့ အူတူတူကောင်ပဲ၊ ဒါကို မြင်တာတောင် ဘာမှမခံစားရဘူးလား」
သူ ဘာကို ပြောနေတာလဲဟု ကျွန်ုပ် သိချင်မိသော်လည်း အဖြေကို သိပြီးသား ဖြစ်နေသည်။ နမ်ဂေါင်းဘီအာသည် မီးပုံရှေ့တွင် ထိုင်ရင်း ဝီဆောအာနှင့် စကားပြောနေခြင်း ဖြစ်သည်။ ကိုယ်လက်သန့်စင်ပြီးနောက် သူမသည် သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားသည်။ သူမတွင် အပိုအဝတ်အစား မရှိသဖြင့် ကျွန်ုပ်တို့၏ အစေခံများ ဝတ်သည့် အပိုအဝတ်များကို ပေးခဲ့ခြင်းဖြစ်သော်လည်း ထိုအဝတ်အစားများက မူလကတည်းက ဤမျှ ကြည့်ကောင်းနေခဲ့ပါသလား။ အစေခံများ ဝတ်စဉ်ကထက် အဆပေါင်းများစွာ ပို၍ ခန့်ညားထည်ဝါနေသည်။ ညစ်ပတ်နေစဉ်ကပင် လှပခဲ့သည့် သူမသည် ယခုကဲ့သို့ သန့်ရှင်းသွားချိန်တွင် ပို၍ပင် တောက်ပနေတော့သည်။ ထို့အပြင် ဝီဆောအာ၏ ဘေးတွင် ထိုင်နေခြင်းမှာ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ဤအမျိုးသားများ ဘာကြောင့် ဤသို့ ဖြစ်နေကြသည်ကို နားလည်ပေးနိုင်ပါသည်။
'...တစ်မျိုးတော့ ကြည့်လို့ကောင်းသားပဲ'
သေချာပေါက် အကောင်းဆုံး မြင်ကွင်းမျိုးတော့ မဟုတ်ပေ။
"...စီနီယာ၊ ကျွန်တော် ဒီလောက်လှတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး။ တခြားဒေသက မိန်းကလေးတွေအားလုံးက ဒီလိုပဲလား"
"နမ်ဂေါင်းမျိုးနွယ်စုက အန်ဟွီ (Anhui) မှာ ရှိတာ... ရှင်မီလည်း အန်ဟွီကပဲ မဟုတ်လား"
"အဲ့ဒါဆိုရင် သူ တစ်ယောက်တည်းပဲ ဒီလောက်လှတာပေါ့"
"...ဟေ့၊ မင်း အခုပြောလိုက်တာကို ငါ ရှင်မီကို သေချာပေါက် ပြန်ပြောပြမယ်နော်"
"ဟင်? ခဏ... ခဏလေးပါ စီနီယာ၊ စီနီယာ!?"
သူတို့တွေ ဘာတွေ လုပ်နေကြတာလဲ။
"သခင်လေး"