အခန်း (၇၉) - ဒုတိယမြောက် ဝိညာဉ်စွမ်းရည်
ကျောက်ဝူကျီက အံ့အားသင့်နေသော်လည်း သူ၏ 'မဟာကိန်းကုန်း ဟိန်းသံ' ကို ဆက်လက် အသုံးပြုလိုက်သည်။ ဟိန်းသံက အကယ်ဒမီတစ်ခုလုံး ပျံ့နှံ့သွားသည်။ အခြားတစ်ဖက်တွင် အိပ်ပျော်နေသည့် အော်စကာတောင် လန့်နိုးပြီး သစ်ပင်ပေါ်က ပြုတ်ကျလာသည်။ "ဟေ့ကောင်... ဘာဖြစ်တာလဲ။ ရန်သူတွေ ဝင်လာတာလား။ ဆရာကျောက်က ဘာလို့ ဒီလောက်တောင် ဖောက်ပြန်တဲ့ ဟိန်းသံကို သုံးရတာလဲ" ဟု ညည်းတွားရင်း ကွင်းပြင်ဆီ လာကြည့်သည်။
ကွင်းပြင်ပေါ်တွင် ကျောက်ဝူကျီ၏ ဟိန်းသံနှင့်အတူ ဝမ်ဖုန်းက ထိုင်မနေတော့ပေ။ "ဆရာကျောက်၊ အဝေးရောက် တိုက်ခိုက်နိုင်တဲ့ ဝိညာဉ်စွမ်းရည်က ဆရာ့တစ်ယောက်တည်းမှာပဲ ရှိတယ် ထင်နေတာလား" ဝမ်ဖုန်းက အော်ပြောလိုက်သည်။ လူတိုင်း ကြောင်သွားကြသည်။ ဒီကောင်လေးမှာလည်း အဲဒီလို စွမ်းရည်မျိုး ရှိလို့လား။ မဖြစ်နိုင်တာ။ သူ့ဝိညာဉ်က အထောက်အကူပြု မဟုတ်ဘူးလား။ ရုတ်တရက် ကျောက်ဝူကျီ တစ်ခုခုကို သတိရသွားသည်။ သူမှာ ဝိညာဉ်ကွင်း နှစ်ခုရှိသည်။ ဒုတိယမြောက်က သောင်းနှစ် ဝိညာဉ်ကွင်း။
ဝမ်ဖုန်းက သူ့လက်ဝါးကို ဖြန့်လိုက်သည်။ အပြာရောင် ရေကန်ကြာပန်းပေါ်မှာ ရွှေရောင်ကြာပန်းတစ်ပွင့် ပွင့်လာပြီး ဒုတိယမြောက်ကြာစေ့ကလည်း ငြိမ့်ညောင်းစွာ ပွင့်လာသည်။ အဲဒါက နီရဲနေသည့် ကြာပန်း ဖြစ်ပြီး ပန်းဖတ်တွေပေါ်မှာ ရေခဲအလွှာလေးတွေ ဖုံးလွှမ်းနေသည်။ ထူးဆန်းပေမဲ့ ဆွဲဆောင်မှု ရှိလှသည်။
"ဒုတိယမြောက် ဝိညာဉ်စွမ်းရည်၊ ရေခဲမီးလျှံ ဒေါသကြာပန်း" ဝမ်ဖုန်းက တိုးတိုးလေး ပြောလိုက်ပြီး ကျောက်ဝူကျီဆီကို ပန်းပွင့်ဖတ်တစ်ခု ပစ်ပေးလိုက်သည်။
ကျောက်ဝူကျီက ဝမ်ဖုန်း ပစ်လိုက်သည့် ပန်းပွင့်ဖတ်ကို ကြည့်ပြီး ရယ်မောလိုက်သည်။ "ဒီလောက် ပန်းပွင့်ဖတ်လေးနဲ့ တိုက်ခိုက်မှာလား။ ငါ့ကို ကြည့်ရတာ ယင်ကောင်လိုပဲလား။" ကျောက်ဝူကျီက ဒေါသထွက်ပေမဲ့ ရယ်ချင်နေမိသည်။ သူက ဟိန်းသံကို ရပ်လိုက်ပြီး ပန်းပွင့်ဖတ်ကို ဖမ်းဆွဲပြီး ချေမှုန်းပစ်ဖို့ ပြင်လိုက်သည်။