အခန်း (၁၄၉) - ရှစ်ဆင့်ပြုတ်
ဝမ်ဖုန်းက တစ်ချက်သာ ကြည့်လိုက်ပြီး အကြည့်ကို ပြန်ရုပ်လိုက်သည်။ အသက် (၅၀) ကျော် ဝိညာဉ်ဘုရင် နှစ်ယောက် ဖြစ်နေသော်လည်း ထန်ဆန်းတို့ (၄) ယောက်က အနားမှာ ရှိနေတာကြောင့် ရှောင်ဝူ အန္တရာယ် မရှိနိုင်ပါ။ သူတို့ (၅) ယောက်က ဝိညာဉ်ဘုရင် နှစ်ယောက်ကို မနိုင်ရင်တောင်မှ နောက်မှပဲ ဆက်ပြောကြတာပေါ့။
မှောင်မိုက်သော ညတွင် ရှောင်ဝူက လမ်းပေါ်၌ လမ်းလျှောက်နေသည်။ သူမက အရပ်မရှည်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းသော ယုန်ပေါက်လေးတစ်ကောင်လိုမျိုး သားကောင်ကို စောင့်နေသည်။ ကြာကြာမစောင့်လိုက်ရပါ၊ သားကောင်က ပေါ်လာသည်။
"အဲ့ဒီလူပဲ!" မာဟုန်ကျွန်းက ရှောင်ဝူဆီ လျှောက်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်ညှိုးထိုးပြပြီး တိုးတိုးလေး ပြောလိုက်သည်။ ကျန်သူတွေလည်း မျက်လုံးကို အသာစိုက်ကြည့်နေကြသည်။ သူက အနက်ရောင် ကုတ်အင်္ကျီနဲ့ ကောင်းဘွိုင်ဦးထုပ်ကို ဆောင်းထားသော ကြွက်တစ်ကောင်လို ရုပ်ဆိုးသည့် လူတစ်ယောက်ဖြစ်သည်။
"ဦးလေး... သကြားလုံး ရှိလား? ရှောင်ဝူ သကြားလုံး စားချင်လို့..." ရှောင်ဝူက အပြစ်ကင်းပြီး ချစ်စရာကောင်းသော အပြုံးဖြင့် မေးလိုက်သည်။ ဤအပြုံးက အရာအားလုံးကို ကြိုတင် နိမိတ်ဖတ်နေသလိုပင်။ ထန်ဆန်း ဤအပြုံးကို မြင်တော့ (၆) နှစ်လောက်က ပထမဆုံး မြင်ခဲ့ရတဲ့ အချိန်ကို သတိရသွားသည်။
"ရှိတာပေါ့၊ ဦးလေးဆီမှာ သကြားလုံးတင် မကဘူး၊ ချိုချဉ်ကြီးတွေလည်း ရှိတယ်" ဘူးလဲ့ က တံတွေးတွေ တမြားမြားနဲ့ ရှောင်ဝူကို ကြည့်နေသည်။
"ဘယ်လောက်တောင် ကြီးလဲဟင်? ဦးလေး ပြပေးလို့ရမလား? ရှောင်ဝူ စားချင်လို့..." ဝမ်ဖုန်းကတော့ ဘေးကနေ ကြည့်ပြီး ရယ်ချင်နေသည်။ ရှောင်ဝူက အပြင်ပန်းမှာတော့ နူးညံ့ပြီး ချစ်စရာကောင်းသလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့... မိန်းကလေးတွေက ဟန်ဆောင်တာ ကျွမ်းကြတာကိုး။
ဘူးလဲ့က စိတ်လှုပ်ရှားစွာဖြင့် ရှောင်ဝူကို အမှောင်ဘက် အနည်းငယ် ရောက်နေသော လမ်းကြားထဲ ခေါ်သွားသည်။
"လိုက်သွားကြမယ်!" ထန်ဆန်း စိတ်နည်းနည်း ပူသွားသည်။ အားလုံး အမြန် ပြေးသွားကြသည်။ ရောက်သွားတဲ့အခါ... အသံတစ်ခု ကြားလိုက်ရသည်။
"မုန့်ကို မင်းပဲ စားလိုက်တော့! သေစမ်း!!"
ဘုန်း! ဘုန်း! ဘုန်း!
ချက်ချင်းဆိုသလိုပင် လမ်းကြားထဲက မြေပြင်တွေ တုန်ခါသွားပြီး လူ့အရိုးတွေ ကျိုးပဲ့သံတွေ ပေါ်လာသည်။
"ရှစ်ဆင့်ပြုတ် " ဝမ်ဖုန်းက ရှောင်ဝူရဲ့ နူးညံ့သော တိုက်ကွက်ကို စိတ်ဝင်တစား ကြည့်နေသည်။ ဒါက ပေါင်းစပ် တိုက်ကွက်တစ်ခု ဖြစ်သည်။ ရှောင်ဝူက ရန်သူနဲ့ အနားကပ်မိရင် တစ်ခါတည်း အရှိန်အဟုန်နဲ့ တိုက်ခိုက်လိုက်တာ ဖြစ်သည်။ တခြား ဝိညာဉ်ဆရာအမျိုးအစားတွေဆိုရင် တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားလိမ့်မည်။
ဘုန်း! ဘုန်း! ရှောင်ဝူက ပတ်လည်လှည့်ပြီး ဘူးလဲ့ကို နင်းချလိုက်သည်။ ဘူးလဲ့ရဲ့ လည်ပင်းက ကြွပ်ကြွပ်သံ မြည်လာသည်။ (၁၀) ပတ်လောက် လှည့်ပတ်ပြီးနောက် ရှောင်ဝူက နောက်ပြန်လှန်ခုန်ကာ ဘူးလဲ့ရဲ့ ခန္ဓာကိုယ်ပေါ်က ဆင်းလိုက်သည်။
ဒိုင်မူဘိုင်နဲ့ အော်စကာတို့ ကြောင်သွားကြသည်။ "ဒါက ရှစ်ဆင့်ပြုတ်ပဲ။ ရှောင်ဝူနဲ့ အနားကပ်မိရင် ရှောင်ဖို့ မလွယ်ဘူး။" ထန်ဆန်းက တိုးတိုးလေး ရှင်းပြသည်။
"လူ မသေသွားဘူးမလား?" မာဟုန်ကျွန်းက မေးသည်။
"စိတ်မပူပါနဲ့၊ မသေပါဘူး။ ခန္ဓာကိုယ် အရိုးအဆစ်တွေ ပြုတ်ထွက်သွားတာပါ။ (၁) လလောက်တော့ လမ်းမလျှောက်နိုင်တော့ဘူးပေါ့။ ဒီလို လူမိုက်မျိုးက ဒါနဲ့တင် တန်ပါတယ်!" ရှောင်ဝူက နှာမှုတ်လိုက်သည်။
"ရှောင်ဝူ၊ နောက်တစ်ခါ ဒီနည်းလမ်းနဲ့ ရန်သူကို ဆွဲမခေါ်ပါနဲ့တော့... အရမ်း အန္တရာယ်များတယ်..." ထန်ဆန်းက ရှောင်ဝူကို ဆူလိုက်သည်။
ရှောင်ဝူ မျက်နှာ နီရဲသွားပြီး "အကို... ကျွန်မကို စိတ်ပူပေးတာလား?"
"မင်းတို့တွေကတော့... တကယ့်ကိုပဲ" မာဟုန်ကျွန်း စိတ်မကျေမနပ် ဖြစ်နေသည်။
"သတိထားကြ!" ဝမ်ဖုန်းက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး သတိပေးလိုက်သည်။
လမ်းကြားပေါက်မှာ အရိပ်နှစ်ခု ပိတ်ဆို့နေသည်။ တစ်ယောက်က အရပ်ရှည်ပြီး သန်မာသည်။ နောက်တစ်ယောက်က ပိန်ပြီး ညစ်ပတ်သည်။ သူတို့က ဝိညာဉ်ဘုရင် အဆင့်တွေ ဖြစ်သည်။
"မင်းတို့လို ကလေးတွေက ငါတို့နဲ့တောင် ရန်စရဲသေးတယ်ပေါ့" ပိန်ညောင်ညောင် လူက ထူးဆန်းတဲ့ အသံနဲ့ ပြောသည်။
"ဟားဟား၊ အချိန်ကိုက်ပဲ... ငါ ခုနက ရှောင်ဝူရဲ့ အရိုက်ခံလိုက်ရလို့ ဘာမှ မရဘဲ ပြန်ရတော့မလို့!" တိုင်မူဘိုင်က ထိုနှစ်ယောက်ကို ကြည့်ပြီး မျက်လုံးများ အရောင်လက်လာသည်။
"ဆရာတိုင်၊ ထန်ဆန်း၊ အဆီသည်... မြန်မြန်၊ မှိုအူချောင်း အရင် စားထားလိုက်..." အော်စကာက တိုက်ပွဲ ဖြစ်တော့မည့်အကြောင်း ရိပ်မိသွားသည်။ မာဟုန်ကျွန်းက ဒဏ်ရာရထားတာမို့ အဆင်မပြေပေ။
"သတိထားကြ၊ ဒီနှစ်ယောက်က မလွယ်ဘူး။" ထန်ဆန်းက သူ့လက်ထဲက ဝှက်ထားတဲ့ လက်နက်ကို အသင့်ပြင်ထားသည်။
"ဘာကို ကြောက်နေရမှာလဲ၊ ဝမ်ဖုန်း ရှိနေတာပဲ။" မာဟုန်ကျွန်းက ဝမ်ဖုန်းဘေးနား ရောက်သွားပြီး စိတ်သက်သာရာ ရသွားသည်။ ဝမ်ဖုန်း ရှိနေတာကြောင့် သူတို့မှာ လုံခြုံစိတ် ရှိနေသည်။