အခန်း (၁၁၄၃) - ကျင့်စဉ်တန်ခိုး၏ စွမ်းပကား
အကယ်၍ ဤသို့ဆိုလျှင် ဤသိုင်းဝိညာဉ်သည် တကယ်ပင် အစွမ်းထက်လှပေသည်။ ဝူရွှမ်ဟော်သည် သူ၏ လက်ဖဝါးထဲတွင် လေထုလုံးတစ်ခုကို ဆုပ်ကိုင်ထားသကဲ့သို့ ပြုလုပ်နေသည်ကို ဝမ်ဖုန်း သတိပြုမိလိုက်သည်။ ၎င်းက သူ၏ လက်ထဲတွင် ထူးခြားသော ဓားတစ်စင်းကို အမှန်တကယ် ကိုင်ဆောင်ထားကြောင်း ပြသနေခြင်းပင်။
ဝူရွှမ်ဟော်သည် နှင်းခဲခြင်္သေ့လင်းကျွင်းထံသို့ အတင်းတိုးဝင်သွားပြီး သူ့ကို ဝန်းရံထားသော အရိပ်မဲ့ဓားပုံသဏ္ဌာန် လေစီးကြောင်းဖြင့် လင်းကျွင်း၏ တိုက်ခိုက်မှုများကို ဖယ်ရှားပစ်လိုက်သည်။ သူ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး လက်ဖဝါးဖြင့် ဓားအရှိန်အဝါကို ထိန်းချုပ်လိုက်တိုင်း တိုက်ခိုက်မှုအများအပြားကို နောက်သို့ ဆုတ်ခွာသွားစေနိုင်သည်။ ဝိညာဉ်ကွင်းခြောက်ကွင်း၏ ပံ့ပိုးမှုဖြင့် သူ၏ တိုက်ခိုက်မှုများသည်လည်း အလွန်ပင် စွမ်းအားကြီးမားလှသည်။ အမှန်တရား ရေခဲစွမ်းအားဖြင့် ဖွဲ့စည်းထားသော တိုက်ခိုက်မှုအများအပြားမှာ ဝိညာဉ်ဆရာသခင်များအဖို့ ဖြတ်တောက်ရန် အလွန်ခက်ခဲလှသော်လည်း ဝူရွှမ်ဟော်ကမူ သူ၏ လက်ထဲရှိ မမြင်ရသော ဓားသွားကို အားကိုးကာ အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ကြွပ်ဆတ်လှသော ရေခဲအနားသတ်အချို့ကို ဖြတ်တောက်ခြေဖျက်ပစ်လိုက်သည်။
သူ၏ မဟာဗျူဟာနှင့် ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းပြတ်သားလှသည်၊ ၎င်းမှာ ဝမ်ဖုန်းကိုယ်တိုင်ရှိရာဆီသို့ တိုက်ရိုက် ဦးတည်နေခြင်း ဖြစ်သည်။ ထို့ကြောင့် နှင်းခဲခြင်္သေ့လင်းကျွင်းအပေါ် တိုက်ခိုက်မှုကိုမူ ရှောင်တိမ်းခြင်းကိုသာ အဓိကထားပြီး တိုက်ရိုက်ရင်ဆိုင်ခြင်း လုံးဝမပြုလုပ်ပေ။
ဓားကိုင်ထားသော စွမ်းအားရှင်တစ်ဦးအလား ဆင်တူလှပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါးဖြစ်နေသော တိုက်ခိုက်မှုများအောက်တွင် သူသည် ရူးသွပ်စွာ လှုပ်ရှားနေခဲ့သည်။ နှင်းခဲခြင်္သေ့လင်းကျွင်း၏ တိုက်ခိုက်မှုမှာ ဟော်ယွီယောက် ရင်ဆိုင်ခဲ့ရသော မီးတောင်ဝိညာဉ်၏ အစုအပြုံလိုက် တိုက်ခိုက်မှုထက်ပင် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ နှင်းခဲခြင်္သေ့လင်းကျွင်း၏ ထိန်းချုပ်မှုသာမပါလျှင် စင်မြင့်ပေါ်ရှိ ပရိသတ်များပင်လျှင် တိုက်ခိုက်မှုဧရိယာအတွင်း သက်ရောက်သွားနိုင်ပေသည်။ နယ်ပယ်ကျယ်ပြန့်ရုံသာမက အလွန်လည်း စိပ်လှသဖြင့် ကြည့်ရသည်မှာ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှသည်။
ကောင်းကင်တစ်ခုလုံးတွင် ဆီးနှင်းခဲများ ဝဲပျံနေပြီး လေထုထဲ၌ အဆုံးမဲ့သော လက်နက်များအဖြစ်သို့ ပြောင်းလဲသွားကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးတွင် ချောက်ချောက်ချက်ချက် နှင့် ဆည်းလည်းသံကဲ့သို့ အသံများ ယှဉ်တွဲထွက်ပေါ်နေခဲ့သည်။ အေးစက်လှသော အသက်ရှူသံများကို ကောင်းကင်ယံကို လှမ်းကြည့်နေကြသော သူများပင်လျှင် ခံစားမိနိုင်ကြသည်။
မသိမသာပင် ဝူရွှမ်ဟော်၏ ခန္ဓာကိုယ်ပေါ်တွင် ဆီးနှင်းခဲအနည်းငယ် စတင်ပေါ်ပေါက်လာခဲ့သည်။ တိုက်ခိုက်မှုအများအပြားကို တုံ့ပြန်ကန်ထွက်စေပြီး ရှောင်တိမ်းနိုင်ခဲ့သည်ဆိုဦးတော့… အရေပြားထဲအထိ စိမ့်ဝင်နိုင်သော အအေးဓာတ်နှင့် ဆီးနှင်းခဲများကိုမူ ခုခံရန် အလွန်ခက်ခဲလွန်းလှသည်။ အကြောက်စရာအကောင်းဆုံးအချက်မှာ ဤကဲ့သို့သော အအေးဓာတ်နှင့် ဆီးနှင်းခဲများသည် ဝိညာဉ်ဆရာသခင်၏ ဝိညာဉ်စွမ်းအား အကာအကွယ်ဒိုင်းကိုပင် အေးခဲစေနိုင်ခြင်းပင် ဖြစ်သည်။
ဝူရွှမ်ဟော်ကို ဝန်းရံထားသော မမြင်ရသည့် ဓားအရှိန်အဝါသည်လည်း ဤရေခဲစွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဆီးနှင်းခဲများကြောင့် ဖြည်းဖြည်းချင်း တောင့်တင်းလာခဲ့ရသည်။ ဤအလွန်တရာ အားကောင်းလှသော အမှန်တရား ရေခဲစွမ်းအားသည် ယခုအခါ နှင်းခဲခြင်္သေ့လင်းကျွင်း၏ လက်ထဲတွင် ရှိနေပြီး သူ၏ သတ်မှတ်ထားသော အဆင့်ကြောင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရန် အလှမ်းဝေးသေးသည်။ သို့သော်လည်း သာမန်ထက် အားနည်းသော ကပ်ဘေးတစ်ခုကိုပင် အေးခဲစေနိုင်ခဲ့သော အမှန်တရား ရေခဲစွမ်းအားဟူသည် ထိုမျှလောက် ရိုးရှင်းပါမည်လော။
“ဒါ ဘယ်လို ရေခဲဒြပ်စင် စွမ်းအားမျိုးလဲ”
ဤကဲ့သို့သော အတွေးမျိုးသည် လူအများအပြား၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဝူရွှမ်ဟော်သည် ဝမ်ဖုန်းနှင့် ပိုမိုနီးကပ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဆီးနှင်းခဲများမှာလည်း ပိုမိုများပြားလာခဲ့သည်။ မသိလိုက်မီမှာပင် သူ၏ လက်ထဲရှိ မမြင်ရသော ထျန်းရွှီဓားသည်ပင် ဤဆီးနှင်းခဲများဖြင့် ဖြည်းဖြည်းချင်း ဖုံးလွှမ်းခြင်း ခံလာရတော့သည်။
စင်မြင့်မြင့်ထက်ရှိ ကျောင်းအုပ်ကြီး ချန်၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့ရသည်။ ရေခဲပါးပါးပေါ်တွင် လျှောက်လှမ်းနေရသကဲ့သို့ပင်။
ထိုဝိညာဉ်သားရဲသည် နေရာမှပင် မရွေ့လျားသေးဘဲ သူ၏ အစွန်းရောက် ဒြပ်စင်ဗီဇကိုသာ အားကိုးပြီး ဝူရွှမ်ဟော်ကို ဤအဆင့်အထိ ဖိအားပေးထားနိုင်ခဲ့သည်။ လွန်လွန်းလှသည်။ ၎င်းသည် ဝိညာဉ်သားရဲများနှင့် ပတ်သက်၍ သူတို့၏ နားလည်မှုကို များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အစွန်းရောက်မြောက်ပိုင်း ရှိ အစွန်းရောက် ရေခဲဒြပ်စင်ပိုင်ဆိုင်သော ဝိညာဉ်သားရဲများသည်ပင် ဤမျှသာ ရှိလိမ့်မည်မဟုတ်ပါလော။ ထို့ပြင် ၎င်းတို့သည်လည်း ဤဝိညာဉ်သားရဲထက် သန်မာချင်မှ သန်မာလိမ့်မည်။ သူသည် သက်တမ်း ခြောက်ထောင်မျှသာ ကျင့်ကြံထားရသေးခြင်း ဖြစ်သည်။
အထူးသဖြင့် နှင်းခဲခြင်္သေ့လင်းကျွင်း၏ ဦးခေါင်းထက်ရှိ ပြောင်းပြန်ဗွီပုံသဏ္ဌာန် ရေခဲမောက်ကို မြင်ရသောအခါ သဘာဝအတိုင်း ထွက်ပေါ်လာသော အရှိန်အဝါက လူသားများကို မကျူးကျော်ဝံ့သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“ဒီဝိညာဉ်သားရဲက တကယ်ကို ရှေးကျလွန်းတယ်”
ကျောင်းအုပ်ကြီး ချန်က လေးနက်စွာဖြင့် -
“သူ့ရဲ့ တိုက်ခိုက်မှု ပုံစံနဲ့ နည်းလမ်းက သက်တမ်း ခြောက်ထောင်ရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်နဲ့ လုံးဝမတူဘူး။ တကယ့်ကို ထူးဆန်းတယ်၊ ပြီးတော့ သည်ဝိညာဉ်သားရဲရဲ့ အသိဉာဏ်ကလည်း အလွန်မြင့်မားတယ်။ ဆရာ ရွှမ်ဟော်ကို ရင်ဆိုင်ဖို့ အသန့်စင်ဆုံးနဲ့ အတိုက်ရိုက်ဆုံး နည်းလမ်းကို အသုံးပြုထားတာ၊ ဒါကြောင့် ရွှမ်ဟော်အတွက် သူ့ဆီကို တိုးဝင်ဖို့ကလွဲလို့ တခြားဖြတ်လမ်း မရှိတော့ဘူး။ ဒါပေမဲ့ သူတို့ရှေ့ကို သည်လိုအတင်းတိုးဝင်သွားရင် ရွှမ်ဟော်အပေါ်မှာ ရှိနေတဲ့ ဆီးနှင်းခဲတွေက သူ့ရဲ့ လှုပ်ရှားမှုကို များစွာ ဟန့်တားနှောင့်ယှက်လိမ့်မယ်၊ သူ့ရဲ့ စွမ်းအားက အဆမတန် ကျဆင်းသွားပြီး ထျန်းရွှီဓားရဲ့ အရိပ်မဲ့အကျိုးသက်ရောက်မှုပါ ပျောက်ဆုံးသွားလိမ့်မယ်”
“တကယ်လို့ မပြောင်းလဲဘူးဆိုရင် ရွှမ်ဟော်က နှင်းခဲခြင်္သေ့လင်းကျွင်းရဲ့ ရှေ့ကို ရောက်တာနဲ့တင် အလိုအလျောက် ရှုံးနိမ့်သွားလိမ့်မယ်”
“ပြတ်ပြတ်သားသားကို ရှုံးမှာ”
နှင်းခဲခြင်္သေ့လင်းကျွင်း၏ စွမ်းအားနှင့် အနှိုင်းမဲ့ တည်ငြိမ်လှသော ဆုံးဖြတ်ချက်သည် ဝမ်ဖုန်းထံမှ မည်သည့်အမိန့်ပေးမှုကိုမျှ မလိုအပ်သလောက်ပင် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်တိုက်ပွဲ အတွေ့အကြုံများဖြင့် ရန်သူကို လုံးဝဥဿုံ ဖိနှိပ်ထားနိုင်ခဲ့သည်။ သူ့ရှေ့က ဂျီကေ ဖြစ်စဉ်တွင်လည်း ထိုနည်းအတိုင်းဖြစ်ပြီး ယခု ပိုမိုသန်မာသော ဝူရွှမ်ဟော်နှင့် ရင်ဆိုင်ရချိန်တွင်လည်း ထို့အတူပင် ဖြစ်သည်။
ဝမ်ဖုန်း စဉ်းစားမိသည်မှာ နှင်းခဲခြင်္သေ့လင်းကျွင်း၏ စွမ်းကားမှုသည် အမှန်တရား ရေခဲစွမ်းအားအပြင် သူ့ရှေ့မှောက်တွင် ဖြတ်သန်းခဲ့ရသော နှစ်ပေါင်းများစွာသော အတွေ့အကြုံများကြောင့်လည်း အရေးကြီးဆုံး အကြောင်းရင်းတစ်ခု ဖြစ်သည်။ ၎င်းမှာ စွမ်းအားရှင်တစ်ဦး ပြန်လည်မွေးဖွားလာခြင်းနှင့် အတူတူပင် ဖြစ်သည်။ နှင်းခဲခြင်္သေ့လင်းကျွင်းအတွက်မူ သူ ထိန်းချုပ်နိုင်သော စွမ်းအားသည် လုံရှဲ က ကျောက်ဆောင်နဂါး ၏ စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းထက် ပိုမိုကျွမ်းကျင်လှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဥတစ်လုံးမှ ပေါက်ဖွားလာခဲ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းမှာ နှင်းခဲခြင်္သေ့လင်းကျွင်း၏ ကိုယ်ပိုင်စွမ်းအား အစစ်အမှန် ဖြစ်သည်။ နှင်းခဲခြင်္သေ့လင်းကျွင်း၏ ခန္ဓာကိုယ်သည်လည်း အလွန်ပင် စွမ်းအားကြီးမားလှသဖြင့် သဘာဝအတိုင်းပင် နှင်းခဲခြင်္သေ့လင်းကျွင်းသည် အမှန်တရား ရေခဲစွမ်းအားကို စိတ်တိုင်းကျ ချောမွေ့စွာ အသုံးပြုနိုင်သည်။
နေရာတွင်ပင် မတ်တတ်ရပ်နေရုံမျှဖြင့် ရန်သူအတွက် ကြီးမားလှသော အတားအဆီးတစ်ခုကို ဖန်တီးပေးထားပြီး ဖြစ်သည်။
ကြီးမားလှသော ကြိုးပမ်းအားထုတ်မှုများပြီးနောက် ဝူရွှမ်ဟော်သည် အတားအဆီးများစွာကို ထိုးဖောက်ကျော်ဖြတ်ကာ နှင်းခဲခြင်္သေ့လင်းကျွင်းနှင့် မီတာ ၃၀ အကွာအဝေးရှိသော နယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။ ဤအကွာအဝေးသည် ဝိညာဉ်ဘုရင်တစ်ဦးအတွက်ဆိုလျှင် မျက်တောင်တစ်ချက် သို့မဟုတ် နှစ်ချက်ခတ်ရုံမျှသာ ရှိသော အချိန် ဖြစ်သည်။
သို့သော်လည်း ဝူရွှမ်ဟော် ရပ်တန့်သွားခဲ့သည်။
နှင်းလူသားတစ်ဦးကဲ့သို့ပင် သူ၏ တစ်ကိုယ်လုံးတွင် ထူထပ်လှသော ဆီးနှင်းခဲများ ဖုံးလွှမ်းနေခဲ့ရသည်။ သူ၏ ပါးစပ်မှ ထွက်ပေါ်လာသော ပူပြင်းလှသည့် အသက်ရှူသံများသည် ထူထဲလှသော မြူဖြူများအဖြစ် စုစည်းနေခဲ့သည်။ အမှန်တရား ရေခဲစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဆီးနှင်းခဲများ၏ ဖုံးလွှမ်းခြင်းကို ခံထားရသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား စီးဆင်းမှုမှာ အနည်းငယ် အေးခဲသွားခဲ့ပြီး ခန္ဓာကိုယ်၏ အဆစ်အမြစ်များမှာလည်း အနှိုင်းမဲ့ တောင့်တင်းခိုင်မာလာခဲ့ရသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဆီးနှင်းခဲများသည်လည်း လျင်မြန်စွာ ပိုမိုတိုးပွားနေဆဲ ဖြစ်သည်။
ဝူရွှမ်ဟော်သည် ရှေ့သို့ စိုက်ကြည့်လိုက်မိသည်။
ထိုနှင်းခဲခြင်္သေ့လင်းကျွင်း၏ ခန္ဓာကိုယ်သည် လေထုထဲတွင် လွင့်မျောနေပြီး သူ၏ ကျောပြင်ရှိ ရှည်လျားလှသော အတောင်ပံများက ဝမ်ဖုန်း၏ ရုပ်သွင်ကို ဖုံးကွယ်ထားသဖြင့် ဝမ်ဖုန်းကို အနည်းငယ်မျှပင် သေသေချာချာ မမြင်ရချေ။
“သန်မာလိုက်တာ…”
ဝူရွှမ်ဟော် စကားတစ်ခွန်း ညည်းတွားလိုက်မိသည်။
သက်တမ်း ခြောက်ထောင်မျှသာ ရှိသေးသော ဝိညာဉ်သားရဲတစ်ကောင်သည် မည်သို့ကြောင့် ဤမျှလောက်အထိ စွမ်းအားကြီးမားနေရသလဲဆိုသည်ကို သူလည်း သဲသဲကွဲကွဲ နားမလည်နိုင်တော့ချေ။ သက်တမ်း နှစ်ပေါင်းတစ်သိန်းနီးပါးရှိသော ဝိညာဉ်သားရဲများပင်လျှင် သူ့ကို ဤကဲ့သို့သော ဖိအားမျိုး မပေးနိုင်ခဲ့ဖူးချေ။
“ထျန်းရွှီ နတ်ဘုရားဓား!”
ဝူရွှမ်ဟော်က ခပ်တိုးတိုး အော်ဟစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော တောက်ပမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအားများသည် လျင်မြန်စွာ လည်ပတ်လာခဲ့ပြီး ကြီးမားလှသော ကွက်လပ်တစ်ခုကို စတင်အသက်သွင်းတော့မည့်အလား ရှိနေသည်။
ချက်ချင်းဆိုသလိုပင် သူ၏ တစ်ကိုယ်လုံး စတင်ပြောင်းလဲလာခဲ့ပြီး သူ၏ မျက်နှာသည် ပိုမိုနုပျိုလာကာ ပျင်းရိငြီးငွေ့ပြီး ဝေဝါးနေသော မျက်ဝန်းများသည်လည်း စတင်လင်းလက်လာခဲ့ပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပိုမိုမြင့်မားလာခဲ့သည်။ ဝိညာဉ်စွမ်းအား၏ အတက်အကျများမှာ စတင်မြင့်တက်လာခဲ့ပြီး ဝိညာဉ်ကွင်း၏ အရောင်မှာလည်း ပိုမိုရင့်မှည့်လာခဲ့သည်၊ ၎င်းမှာ သူ ပိုမိုသန်မာလာနေကြောင်း ပြသနေသည့် လက္ခဏာပင် ဖြစ်သည်။
“အို… ဒါက ကျင့်စဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ အကျိုးသက်ရောက်မှုလား”
ဝမ်ဖုန်း အတော်ပင် စိတ်ဝင်စားသွားမိသည်။ သူကိုယ်တိုင်လည်း မွေးရာပါ ဝိညာဉ်စာချုပ် အတွက် အထူးကျင့်စဉ်တစ်ခုကို ဖန်တီးရန် စဉ်းစားခဲ့ဖူးသည်။ နောက်ပိုင်းတွင်မူ ၎င်းမှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားခဲ့ရသည်။ ကျင့်ကြံခြင်းက ပိုမိုသန်မာလာစေမည်ဖြစ်ပြီး ဝိညာဉ်ဆရာသခင်များ၏ ကျင့်ကြံခြင်းအပေါ် မိမိဘာသာ အားကိုးခြင်းက ပြဿနာမရှိဟု တွေးခဲ့သည်။ ယခုအခါ ဝူရွှမ်ဟော်က ဤကဲ့သို့သော ကျင့်စဉ်ကို အသုံးပြုသည်ကို မြင်ရသောအခါ ဝမ်ဖုန်းတွင် ဤအတွေး ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်သည်။
“ဒီလိုကျင့်စဉ်မျိုးက လူတစ်ယောက်ရဲ့ အသက်အရွယ် အခြေအနေကိုပါ ပြောင်းလဲစေနိုင်တာပဲ။ သိုင်းဝိညာဉ်နဲ့ ဆက်စပ်နေရမယ်၊ ဒါပေမဲ့ တကယ့်ကို အံ့သြဖို့ကောင်းတယ်”
ဝမ်ဖုန်းက ချီးကျူးတသစွာဖြင့် ကြည့်လိုက်မိသည်။ ဤကမ္ဘာတွင် ပါရမီရှင်များ မရှားပါးပေ။ ဤကဲ့သို့သော ကျင့်စဉ်ကို တီထွင်နိုင်ခြင်းမှာ သူသည် အံ့ဖွယ်လူသားတစ်ဦး ဖြစ်ရမည်မှာ သေချာလှသည်။ နှစ်ပေါင်းတစ်သောင်းရှည်လျားလှသော သမိုင်းကြောင်းအတွင်း မည်မျှလောက်များပြားလှသော ဂန္ထဝင်လူသားများ မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံခဲ့ရသလဲဆိုသည်မှာ မသိနိုင်သော်လည်း တကယ့်ကို အံ့သြစရာ ကောင်းလှပေသည်။
ဝူရွှမ်ဟော်သည် သူ၏ ကိုယ်ပိုင်ကျင့်စဉ်ကို အသုံးချပြီးနောက် အခြေအနေသစ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။ အကယ်၍ လောလောဆယ်တွင် ဝူရွှမ်ဟော်သည် ဝိညာဉ်ဘုရင်အဆင့်၏ စွမ်းအားကိုသာ ထုတ်ဖော်ထားရုံမျှဖြင့် သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်း၏ ထူးခြားချက်ကို အားကိုးကာ ဝိညာဉ်သူတော်စင်အဆင့်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဆိုလျှင်…