အခန်း (၃၃) - မင်းတို့နှစ်ယောက် အထဲမှာ ဘာတွေခိုးစားနေကြတာလဲ
"ငါ ဒီမှော်သားရဲတောင်တန်းမှာ ကြာကြာနေမှာမဟုတ်ဘူး"
ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဂူဖေးက စကားဆိုလာသည်။ "ဒီတစ်ခေါက် မင်းကို ငါကယ်တင်ခဲ့တာဆိုတော့ ငါတို့ကြားမှာ ရေစက်တစ်ခုရှိတယ်လို့ပဲ သတ်မှတ်ရမှာပေါ့... မင်းခန္ဓာကိုယ်ထဲက ပိတ်ပင်တားဆီးမှုကို ငါကူညီပြီး ဖြေဖျောက်ပေးပါ့မယ်။"
ဆေးနတ်သမီးလေးတစ်ယောက်တည်း ချိုင့်ဝှမ်းထဲမှာ စောင့်နေမည်ကို တွေးမိသည်နှင့် ဂူဖေးက ဤနေရာတွင် အချိန်မဆွဲချင်တော့ပေ။
[ယွမ်ယွမ် ကျေးဇူးတင်ရှိသွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
"ကျေးဇူးတင်ပါတယ်!" ယွမ်ယွမ်က သူမ၏မျက်ဝန်းများတွင် ကျေးဇူးတင်ရိပ်များဖြင့် တုံ့ပြန်လိုက်သည်။ ဂူဖေး ဘာကြောင့် အလောတကြီး ထွက်သွားချင်နေရသနည်းဆိုသည်ကို မမေးမိလောက်အောင်လည်း သူမက လိမ္မာပါးနပ်သူဖြစ်သည်။
ဂူဖေးက ကူညီရန်ပြင်လိုက်ပြီးမှ တစ်ချက်တွန့်ဆုတ်သွားကာ တည့်တည့်တိုးတိုးပင် ပြောလိုက်သည်။
"မင်းရဲ့ပိတ်ပင်တားဆီးမှုကို ဖြေဖျောက်ဖို့ဆိုရင် ငါ့လက်ကို မင်းခန္ဓာကိုယ်ပေါ် တင်ထားပြီး ငါ့ရဲ့ဒိုချီတွေကို မင်းဆီ လွှဲပြောင်းပေးရလိမ့်မယ်။"
"အင်း... အဲဒီလို အသေးအဖွဲကိစ္စတွေကို ဂရုစိုက်နေမယ့်သူ မဟုတ်ပါဘူး" ယွမ်ယွမ်က အပြုံးလေးဖြင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ထို့နောက် ဂူဖေးက ယွမ်ယွမ်၏ သွယ်လျသောကျောပြင်ပေါ်သို့ သူ၏လက်ဖဝါးကို အသာအယာ တင်လိုက်သည်။ သူ၏လက်ဖဝါးမှ နွေးထွေးမှုနှင့်အတူ ဒိုချီများက ယွမ်ယွမ်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ပိတ်ဆို့နေသော သွေးကြောမျှင်များကို ညင်သာသော်လည်း အားပါပါဖြင့် ထိုးဖောက်ဖြေဖျောက်ပေးလိုက်သည်။
"အ...!" နာကျင်မှုနှင့် နွေးထွေးမှု ရောယှက်နေသော ခံစားချက်ကြောင့် ယွမ်ယွမ်ဆီမှ မရည်ရွယ်ဘဲ ညည်းညူသံလေး ထွက်လာမိသည်။ သူမကိုယ်သူမိ သတိထားမိသွားချိန်တွင်တော့ နားရွက်ဖျားလေးများအထိ ရဲတက်သွားတော့သည်။
ယွမ်ယွမ်သည် အသက်အရွယ်ရလာပြီဖြစ်သလို ဂိုဏ်းတစ်ခုလုံး၏ ခေါင်းဆောင်ကြီးလည်း ဖြစ်သော်လည်း ယောကျ်ားနှင့် မိန်းမကြားကိစ္စတွင်တော့ အတွေ့အကြုံ အလွန်နုနယ်လှသည်။ ယောကျ်ားတစ်ယောက်နှင့် ယခုကဲ့သို့ နီးနီးကပ်ကပ် ရှိဖူးသည်မှာ ဒါပထမဆုံးပင်။
[ယွမ်ယွမ် ရှက်သွေးဖြန်းသွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
သူမက မသိစိတ်ဖြင့် ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ဂူဖေးက သူမ၏ပုခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
"မလှုပ်နဲ့..." သူက တည်ငြိမ်သောလေသံဖြင့် သူမ၏နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။ ယွမ်ယွမ်တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလာကာ လက်ချောင်းထိပ်လေးများပင် ပန်းရောင်သမ်းသွားတော့သည်။
[ယွမ်ယွမ် ရှက်သွေးဖြန်းသွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
ပိတ်ပင်တားဆီးမှုများ အားလုံးပြေလျော့သွားချိန်တွင် ဂူဖေးက လက်ကို ပြန်ရုပ်လိုက်သည်။
"ကျေးဇူးပါပဲ..." ယွမ်ယွမ်က ရှက်ကိုးရှက်ကန်းဖြင့် မျက်လုံးချင်းမဆုံဝံ့ဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဂူဖေးက စိတ်ခံစားမှုတန်ဖိုး တက်လာသည်ကို သတိပြုမိလိုက်ပြီး သူမကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။
"မင်း ဒီကိုလာတာ ခရမ်းရောင် ခြင်္သေ့ဝိညာဉ်ကျောက်ပွင့်ကို ရဖို့နဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့ မဟုတ်လား" ဂူဖေးက သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ "ဒီခရမ်းရောင် စိတ်ဝိညာဉ်ဆေးလုံးက တိုက်ပွဲဆရာသခင်နဲ့ တိုက်ပွဲသခင်ကြီးအဆင့်တွေ ကျင့်စဉ်တိုးတက်ဖို့ ကူညီပေးနိုင်တယ်... ဒါပေမဲ့ ငါပေးတဲ့ဆေးလုံးက အဲဒီဆေးလုံးထက် အဆပေါင်းများစွာ သာလွန်တယ်။"
ဂူဖေးက ဆေးလုံးကို ယွမ်ယွမ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
[ယွမ်ယွမ် ကျေးဇူးတင်ရှိသွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
"ဒါ... ကျေးဇူးအများကြီးတင်ပါတယ်၊ မင်း ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ" ယွမ်ယွမ်က မဆိုင်းမတွပင် ဆေးလုံးကို လက်ခံလိုက်ပြီး ဂူဖေးကို နောက်တစ်ကြိမ် ခိုးကြည့်ကာ ကျေးဇူးတင်စကား ထပ်ဆိုလိုက်သည်။
"သွားကြစို့" ဂူဖေးက မတ်တတ်ရပ်ကာ ဂူအပြင်ဘက်သို့ ဦးဆောင်ထွက်ခွာသွားသည်။ ယွမ်ယွမ်ကတော့ ခဏမျှ ကြောင်အအရပ်နေပြီးမှ ဂူဖေး၏ ကျောပြင်ကို ကြည့်ကာ အတွေးပေါင်းစုံ နယ်ချဲ့နေမိသည်။ ထို့နောက်မှ သတိပြန်ဝင်လာကာ နောက်က လိုက်သွားတော့သည်။ စိတ်ထဲတွင်တော့ ခွဲခွာရမည်ကို စိုးရိမ်စိတ်များ တိုးပွားလာနေတော့သည်။
[ယွမ်ယွမ် တွန့်ဆုတ်နေမိသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
...
ဂူအပြင်ဘက်ရောက်သော် ခရမ်းရောင် အတောင်ပံခြင်္သေ့ဘုရင်က ဂူဖေးကို ရိုရိုသေသေဖြင့် "သခင်ကြီးကို ဂါရဝပြုပါတယ်!" ဟု နှုတ်ဆက်လိုက်သည်။ ဂူဖေးက ခေါင်းတစ်ချက်ငြိမ့်ပြကာ ရွှမ်အာကိုတော့ လှည့်တောင်မကြည့်ပေ။
ဂူအပြင်ဘက်မှာ စောင့်နေသည့် ရွှမ်အာမှာမူ ဂူဖေး ထွက်လာသည်ကို မြင်လျှင်မြင်ချင်းပင် စောစောက အထင်လွဲမှုများကို ရှင်းပြရန် ပြင်လိုက်သော်လည်း ရုတ်တရက် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားသည်။ ဂူဖေး၏နောက်မှ လိုက်လာသော ယွမ်ယွမ်၏ မျက်နှာမှာ ပန်းရောင်သမ်းနေပြီး မျက်ဝန်းထဲတွင် အရည်လဲ့နေကာ ဆံပင်များမှာလည်း ဂူထဲမဝင်ခင်ကထက် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်ကို သူမ သတိထားမိသွားသည်။
ပိုပြီး သေချာကြည့်လိုက်သောအခါ ယွမ်ယွမ်က ဂူဖေးနှင့် အလွန်နီးကပ်စွာ ရပ်နေပြီး သူတို့နှစ်ယောက်ကြားတွင် တခြားသူ ဝင်မတိုးနိုင်သည့် ထူးခြားသော လေထုတစ်ခု ရှိနေသကဲ့သို့ ခံစားရသည်။ ရွှမ်အာ၏ စိတ်ကူးများက မထိန်းနိုင်အောင်ပင် နယ်ချဲ့သွားတော့သည် - 'ဒါဆို သူတို့နှစ်ယောက်က အထဲမှာ... အထဲမှာ...'
[ရွှမ်အာ ဝမ်းနည်းသွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
ထိုအတွေးကြောင့် ရွှမမအာမှာ ဘာကြောင့်မှန်းမသိဘဲ ရင်ထဲမှာ ဆို့တက်လာသည်။ ရှင်းပြရန် ပြင်ဆင်ထားသည့် စကားလုံးများအားလုံး ပျောက်ရှကုန်ပြီး ဂူဖေး၏ရှေ့သို့ လျှောက်သွားကာ သူ၏မျက်လုံးများကို စိုက်ကြည့်လျက် အော်ဟစ်မေးမြန်းလိုက်သည်။
"ရှင်တို့နှစ်ယောက် အထဲမှာ တစ်နာရီလုံးလုံး ဘာတွေလုပ်နေကြတာလဲလို့!"
[ရွှမမအာ ဒေါသထွက်သွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
ဂူဖေးမှာ ရွှမ်အာ၏ ရုတ်တရက် အော်ဟစ်မှုကြောင့် အံ့အားသင့်သွားသော်လည်း ယွမ်ယွမ်ကတော့ သူမ အထင်လွဲနေသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှောင်အာ၏ လေယူလေသိမ်းကို ကြည့်ပြီး ဂူဖေးနှင့် ဤလှပသော မိန်းကလေးမှာ သာမန်ပတ်သက်မှု မဟုတ်ကြောင်း ယွမ်ယွမ် နားလည်လိုက်သည်။
ရင်ထဲက ခံစားချက်ကို ထိန်းချုပ်ပြီး ယွမ်ယွမ်က ရှင်းပြရန် ကြိုးစားလိုက်သည်။ "ညီမလေး... မင်းထင်သလို မဟုတ်ပါဘူး..."
သို့သော် ယွမ်ယွမ် စကားမဆုံးခင်မှာပင် ဂူဖေးက စိတ်မရှည်သော လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
"ငါ ဘာလုပ်လုပ် မင်းနဲ့ မဆိုင်ဘူး။"
[ရွှမမအာ မနာလိုဒေါသထွက်သွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
ဂူဖေး၏ တုံ့ပြန်မှုကို ကြားလိုက်ရချိန်တွင် ရွှမ်အာ၏ ရင်ထဲ၌ မနာလိုစိတ်များ တဟုန်းဟုန်း တောက်လောင်သွားသည်။ သူမ ဘာကိုမှ မစဉ်းစားတော့ဘဲ စကားလုံးများကို လွှတ်ခနဲ ပြောချလိုက်တော့သည်။
"ဂူဖေး... ရှင် ဒီလိုလူစားမျိုးလို့ ကျွန်မ မထင်ထားခဲ့ဘူး... ဒီမိန်းမကို ကြည့်ဦး၊ ရှင့်ထက် အများကြီး အသက်ကြီးနေတာတောင် ရှင်က စိတ်ဝင်စားနေသေးတယ်ပေါ့လေ?"
ယွမ်ယွမ်၏ ရင့်ကျက်တည်ငြိမ်သော အလှ၊ မြင့်မြတ်သော အရှိန်အဝါနှင့် အရပ်အမောင်းတို့မှာ ငယ်ရွယ်နုပျိုနေသေးသော ရွှမ်အာနှင့် ဂူဖေးတို့နှင့် ယှဉ်လျှင် အစ်မကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်မှာ အမှန်ပင်။
[ယွမ်ယွမ် မကျေမနပ် ဖြစ်သွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
သို့သော် ယွမ်ယွမ်မှာ ရွှမ်အာ၏ ဆင်ခြင်တုံတရားမရှိသော စကားကို ကြားလိုက်ရသောအခါ အလွန်ပင် မကျေမနပ် ဖြစ်သွားတော့သည်။ မူလက ရှင်းပြရန် ရည်ရွယ်ထားသော်လည်း ရွှမ်အာ၏ စကားလုံးများက သူမကို တကယ်ပင် ဒေါသထွက်စေခဲ့သည်။ ယွမ်ယွမ်အနေဖြင့် ထိုစကားများကို လျစ်လျူရှုသင့်သော်လည်း ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
ကျားမအင်ပါယာ၏ ဂုဏ်သိက္ခာရှိသော ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့် ယွမ်ယွမ်မှာ ယခုကဲ့သို့ အထင်သေးခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။ အထူးသဖြင့် ကလေးမလေးတစ်ယောက်၏ အထင်သေးမှုကိုပေါ့။ ရွှမ်အာက သူမနှင့် ဂူဖေးကြားတွင် တစ်ခုခုရှိနေသည်ဟု သံသယဝင်ရုံသာမက သူမကို အသက်ကြီးသည်ဟုပင် ပြောနေမှတော့... အားမနာတမ်း ပြန်လည် တုံ့ပြန်လိုက်ခြင်းကသာ အကောင်းဆုံး မဟုတ်ပါလား။
[ယွမ်ယွမ် အရှုံးမပေးလိုစိတ် ပေါ်လာသည်၊ စိတ်ခံစားမှုတန်ဖိုး +၁၀၀]
သူမ၏ ပြိုင်ဆိုင်လိုစိတ်ကြောင့် ယွမ်ယွမ်က ရဲရဲဝံ့ဝံ့ပင် ဂူဖေး၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ချိတ်လိုက်သည်။ ဂူဖေးမှာ ခဏမျှ ကြောင်သွားပြီး သစ်သားတုံးကြီးကဲ့သို့ တောင့်တင်းသွားသည်။ လက်ကို ပြန်ရုပ်ရမလား၊ ထားခဲ့ရမလား ဝေခွဲမရဖြစ်နေသဖြင့် ယွမ်ယွမ် ချိတ်ထားသည်ကိုသာ လွှတ်ထားလိုက်တော့သည်။
ယွမ်ယွမ်က ညို့ဓာတ်ပါသော အပြုံးလေးဖြင့် ပြုံးလိုက်သည်။
"ညီမလေး... အစ်မက အသက်ကြီးတယ်ဆိုပေမဲ့ မင်းလို ကလေးမလေးထက်စာရင် အများကြီး ပိုပြီး နားလည်တတ်ပါတယ်..." သူမက ရန်စသောလေသံ၊ ချိုသာလှည့်စားသော အသံဖြင့် ဆိုလိုက်သည်။ "ဒါကြောင့်လည်း ဂူဖေးက မင်းကို သဘောမကျတာပေါ့... အဲဒါက သဘာဝကျပါတယ် မဟုတ်ဘူးလား။"
ယွမ်ယွမ်က ရွှမ်အာကို စိန်ခေါ်သလို ကြည့်လိုက်ပြီး ဒေါသထွက်စေရန် စကားကို ခပ်အေးအေးနှင့် တမင်ဆွဲပြောလိုက်သည်။ သူမက ဂူဖေး၏အနားသို့ တိုးကပ်သွားပြီး ဂူဖေး၏ ရှက်ကိုးရှက်ကန်း ဖြစ်နေမှုကို ကြည့်ကာ ကျေနပ်နေတော့သည်။
ယွမ်ယွမ်၏ ပုံမှန်အမူအရာမှာ အေးစက်တည်ငြိမ်ပြီး မည်သည့်ယောကျ်ားကိုမျှ အနားမကပ်စေသော သူဖြစ်သည်။ ကျားမအင်ပါယာမှ လူတစ်ယောက်ယောက်သာ သူမ၏ ယခုပုံစံကို မြင်လျှင် အကြီးအကျယ် တုန်လှုပ်သွားပေလိမ့်မည်။ ဤသူကား မြင့်မြတ်အေးစက်သော အလှဘုရင်မ မဟုတ်တော့ဘဲ ယောက်ျားတစ်ယောက်ကို ညို့ယူဖမ်းစားနေသော မြှူဆွယ်ရှင်မလေးအလားပင်။