အခန်း (၄) - သန့်စင်ရာနယ်မြေ ခန်းမဆောင်အတွင်း သွေးချောင်းစီးခြင်းနှင့် လင်ရွှီဘိုးဘေးကြီး ထွက်ပေါ်လာခြင်း
"ချူယွမ်… ချူယွမ်... မင်း... မင်းကတော့"
အခြားတစ်ဖက်တွင် မိမိ၏သမီးဖြစ်သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ…
လင်ရွှီအရှင်သခင်သည် သူ၏တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားမိကာ မျက်ဝန်းအစုံမှာလည်း သွေးရောင်လွှမ်းလျက် နီမြန်းလာတော့သည်။
ယနေ့တွင် အခြေအနေများက ဤမျှအထိ ဆိုးရွားလာလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
ဤချူယွမ် သူသည် လင်ရွှီသန့်စင်နယ်မြေ၏ အလယ်ဗဟို ခန်းမဆောင်ကြီးအတွင်း၌ပင် သန့်စင်နယ်မြေ၏ သန့်စင်သမီးတော်ကို ဤမျှဗြောင်ကျကျ သတ်ရဲသည်လား။
သူ၏သမီးအရင်း ကျန်းရွှေယွဲ့ကိုပင် သူက သတ်လိုက်သည်တဲ့လား။
"တောက်… အားလုံး သေကြစမ်"
"ချူယွမ်... မင်းက ဒီလမ်းကို ရွေးလိုက်ပြီဆိုမှတော့ ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့တော့"
"ငါတို့ လင်ရွှီသန့်စင်နယ်မြေတစ်ခုလုံး အစွမ်းကုန် တိုက်ခိုက်ရမယ်ဆိုရင်တောင်... မင်းကို ဒီနေရာမှာပဲ အဆုံးစီရင်ပစ်မယ်"
"သတ်ကြစမ်း…အခုချက်ချင်း သူ့ကို သတ်ပစ်ကြစမ်း"
အဆုံးစွန်အထိ ဒေါသထွက်သွားသော လင်ရွှီနယ် မြေသခင်သည် သူ၏ ဆင်ခြင်တုံတရားများ လုံးဝပျောက်ကွယ်သွားကာ သူ၏ ခန့်ညားလှသော ကျင့်စဉ်အစွမ်းများကို ဒီရေအလား ထုတ်ဖော်လိုက်တော့သည်။
"အမိန့်အတိုင်းပါ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမအတွင်းရှိ သူတော်စင်အဆင့် အကြီးအကဲများစွာမှာ တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ပြင်းထန်လှသော တိုက်စစ်များကို စလိုက်လိုက်ကြတော့သည်။
သူတို့အားလုံးမှာ လင်ရွှီသန့်စင်ရာနယ်မြေ၏ အဆင့်မြင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
မဟာသူတော်စင်အဆင့်ရှိသော လင်ရွှီနယ် မြေသခင်အပြင် သူတော်စင်အဆင့် သုံးဦးနှင့် သူတော်စင်ခြေလှမ်းဝက် ငါးဦးတို့သည် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။
သူတို့သည် ချူယွမ်ကို ထိုနေရာမှာပင် အပြတ်ရှင်းရန် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခြင်းပင်။
သို့သော်လည်း...
သူတော်စင်အဆင့် အကြီးအကဲများစွာ၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ချူယွမ်မှာ အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။
ထိုအစား သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာကာ အထင်သေးသည့်အမူအရာဖြင့် ရယ်မောလိုက်သည်။
"လူရွှင်တော်တစ်သိုက်ပါပဲလား။ မင်းတို့လိုကောင်တွေကများ သန့်စင်နယ်မြေလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ရဲသေးတယ်ပေါ့လေ"
သူ၏ စကားအဆုံးမှာပင်…
ချူယွမ်၏ လက်ထဲတွင် ရှေးဟောင်း ယင်နှင့်ယန် ဓားတစ်လက် ထွက်ပေါ်လာသည်။
သူသည် ထိုဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် သန့်စင်နယ်မြေတစ်ခုလုံးမှာ နိမ့်တုံမြင့်တုံ ဖြစ်သွားကာ ကောင်းကင်ယံကြီးမှာလည်း တုန်ခါသွားတော့သည်။
ဓားအလင်းတန်းမှာ လောကတစ်ခုလုံးကို ဖြတ်သန်းသွားသကဲ့သို့ပင်။
ကောင်းကင်ယံမှ ကျဆင်းလာသော နက္ခတ်တာရာမြစ်ကြီးအလား ထိုဓားအလင်းသည် လင်ရွှီသန့်စင်ရာနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဓား၏ အရှိန်အဝါမှာ ကြီးမားလှပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွား၏။
"ရွပ်…ရွပ်…ရွပ်…
ထိုဓားချက် တစ်ချက်တည်းအောက်မှာပင် လင်ရွှီအရှင်သခင် အပါအဝင် သန့်စင်ရာနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံးမှာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ထိုခဏ၌ အကောင်းပကတိ ကျန်ရစ်သော ခန္ဓာကိုယ်တစ်ခုမျှပင် မရှိတော့ပေ။
ကွာစီ-ဧကရာဇ်၏ အစွမ်းမှာ ကောင်းကင်ဘုံကဲ့သို့ပင် သန်မာလှပေသည်။
ထို့အပြင် ချူယွမ်၏ လက်ထဲရှိ ရှေးဟောင်း ယင်ယန်ဓားမှာ သူ၏ဖခင်က ပေးသနားထားသော ကွာစီ-ဧကရာဇ်အဆင့် လက်နက် 'ယင်ယန်ထိုက်ရိဓား' ဖြစ်သည်။ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံနှင့်ပင် သူတော်စင်ဘုရင် တစ်ပါးကိုပင် ပြာအဖြစ် ပြောင်းလဲပစ်နိုင်သည်။
သို့ဖြစ်ပါက မဟာသူတော်စင်အဆင့်မျှသာရှိသော လင်ရွှီအရှင်သခင်နှင့် အဆင့်နိမ့်သူတော်စင်အချို့မှာ မည်သို့လျှင် တောင့်ခံနိုင်ပါမည်နည်း။
[အိမ်ရှင် - ချူယွမ်]
[ကံကြမ္မာ - (-၁,၀၀၀) (ချိပ်ပိတ်ထားဆဲ)]
[ကျင့်စဉ်အဆင့် -ကွာစီ- ဧကရာဇ် (ဗီလိန်မှတ် ၅၀,၀၀၀ အသုံးပြု၍ အလယ်အဆင့်သို့ မြှင့်တင်နိုင်သည်)]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ထာဝရကပ်ဘေး မိစ္ဆာခန္ဓာ (ချိပ်ပိတ်ထားဆဲ)]
[ဗီလိန်မှတ် - ၁၀,၀၀၀]
[ကျင့်စဉ်ကျမ်းစာ - ကောင်းကင်ဧကရာဇ် သံသရာကျမ်း (ပျက်စီးနေသော ဟင်းလင်းပြင် နိယာမ)]
[နတ်ဘုရားအတတ်ပညာ - ကောင်းကင်ဧကရာဇ် လက်ဝါး၊ ရှေးဟောင်းဧကရာဇ် ကောင်းကင်လွှမ်းတံဆိပ်၊ ဟင်းလင်းပြင်နတ်ဘုရား ရိပ်သွင်...]
[မှော်လက်နက် - ဟောက်ဧကရာဇ် ကောင်းကင်မျှော်စင် (ဧကရာဇ်အဆင့်)၊ ယင်ယန်ထိုက်ရိဓား (ကွာစီ-ဧကရာဇ်အဆင့်)၊ နဂါးဧကရာဇ် အနက်ရောင်ဝတ်စုံ (ကွာစီ-ဧကရာဇ်)...]
ထိုနေရာရှိ လူအားလုံးကို သတ်ဖြတ်ပြီးနောက်…
ချူယွမ်သည် သူ၏ လက်ရှိ စနစ်မျက်နှာပြင်ကို ကြည့်လိုက်မိသည်။ ၎င်းကို တကယ့်ကို အံ့မခန်း ခမ်းနားလှသည်ဟုသာ ဖော်ပြရပါမည်။
စနစ်မှ ပေးထားသော ကွာစီဧကရာဇ် ကျင့်စဉ်မပါလျှင်ပင် မူလချူယွမ်သည် ခြေဖျားမှ ခေါင်းဆုံးအထိ ကွာစီဧကရာဇ်အဆင့် လက်နက်များဖြင့် ဆင်ယင်ထားပြီး ဖြစ်ကာ။
သူလေ့ကျင့်ထားသော ကျင့်စဉ်မှာလည်း ပျက်စီးနေသော ဟင်းလင်းပြင် နိယာမကျမ်းပင် ဖြစ်သည်။
၎င်းမှာ ထိုက်ချန်းလောကရှိ ကျင့်စဉ်များ၏ အတိုင်းအတာထက် များစွာ ကျော်လွန်နေပေသည်။
ဤကဲ့သို့သော နောက်ခံမျိုးမှာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
ချူယွမ်သည် သူ၏ ဧကရာဇ်ဖခင်မှာ လည်း အထက်လောကမှ ကောင်းကင်ဧကရာဇ်တစ်ပါး လူဝင်စားလာခြင်း ဖြစ်မည်လားဟုပင် သံသယဝင်လာမိသည်။
မဟုတ်လျှင် 'ကောင်းကင်ဧကရာဇ် သံသရာကျမ်း' ကဲ့သို့သော အဆင့်မြင့် နိယာမကျမ်းကို မည်သို့ ပိုင်ဆိုင်နိုင်ပါမည်နည်း။
ထို့အပြင် မူလချူယွမ်၏ ကျင့်စဉ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လေ့ကျင့်ပြီးနောက်မှာပင် ဘာကြောင့် လူသားအဆင့်၆မှာတင် ရပ်တန့်နေခဲ့ရသနည်း။
၎င်းမှာ သူ၌ 'ထာဝရကပ်ဘေး မိစ္ဆာခန္ဓာ' ဟုခေါ်သော အထူးခန္ဓာကိုယ် ရှိနေသောကြောင့် ဖြစ်ကြောင်း ပေါ်ပေါက်လာသည်။
ဤခန္ဓာကိုယ်မှာ ကျင့်စဉ်ကို အလွန်လျင်မြန်စွာ လေ့ကျင့်နိုင်စေပြီး အရာအားလုံးကို ဝါးမြိုနိုင်စွမ်း ရှိသော်လည်း ၎င်းနှင့်အတူ ထိုခန္ဓာကိုယ်ပိုင်ဆိုင်သူသည် ထာဝရ ကပ်ဘေးဒဏ်များကို ခံစားရမည် ဖြစ်ပြီး မိစ္ဆာတစ်ဦး ဖြစ်လာရန် ကံပါလာသူများ ဖြစ်ကြသည်။
ထို့ကြောင့် သူ၏ မိဘများက ထိုခန္ဓာကိုယ်ကို ချိပ်ပိတ်ထားခဲ့ကြခြင်းပင်။
သို့သော် ယခုမူ ချူယွမ်မှာ ထိုပြဿနာကို ထည့်စဉ်းစားရန် မလိုတော့ပေ။
စနစ်ရှိနေသရွေ့ သူသည် ကံကြမ္မာ၏သားတော်များကို လိုက်သတ်ပြီး သူတို့၏ ကံကြမ္မာကို လုယူရုံသာ ဖြစ်သည်။
စနစ်၏ အာနိသင်ကြောင့် မည်သည့် ကံကြမ္မာ၏သားတော်မဆို ချူယွမ်နှင့် ရင်ဆိုင်ရပါက သူတို့၏ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုများမှာ ခေတ္တ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ချူယွမ်အနေဖြင့် ကောင်းကင်ဘုံ၏ တုံ့ပြန်မှုကို ကြောက်နေစရာ မလိုတော့ပေ။
"ချူယွမ်... မင်း... မင်းက..."
"မင်းက လူမဟုတ်ဘူး မင်းက မိစ္ဆာကျင့်ကြံသူပဲ…
ကျယ်ပြောလှသော သန့်စင်ရာနယ်မြေ ခန်းမဆောင်အတွင်း၌..
မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ဟန် တစ်ဦးတည်းသာ ကျန်ပါတော့သည်။
ခန်းမအတွင်းရှိ လူအားလုံး သေဆုံးသွားပြီးနောက်တွင်မှ သူသည် သတိပြန်ဝင်လာခဲ့သည်။
သူသည် တုန်တုန်ရင်ရင်ဖြင့် သွေးရောင်လွှမ်းနေသော ခန်းမကို ကြည့်လိုက်မိပြီး ခန်းမအလယ်တွင် ရပ်နေသော ချူယွမ်ကို ထိတ်လန့်တုန်လှုပ်စွာ မော့ကြည့်နေတော့သည်။
ဒါတွေအားလုံးကို... ချူယွမ်က လုပ်ခဲ့တာလား။
လင်ရွှီနယ်မြေသခင် သေပြီ…သန့်စင်ရာနယ်မြေ၏ ထိပ်တန်းအကြီးအကဲများစွာလည်း သေကုန်ကြပြီ… သူတော်စင်အဆင့်…သူ အမြဲတမ်း အားကျခဲ့ရသော ထိုအစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာ ချူယွမ်၏ လက်ထဲတွင် ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ ဖြစ်နေခဲ့သည်လား။
သူသည် လက်ချောင်းတစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့်ပင် အားလုံးကို သတ်ဖြတ်ခဲ့သည်။
တစ်ချက်တည်း… အစမှ အဆုံးအထိ ထိုဓားချက် တစ်ချက်တည်းသာ ရှိခဲ့သည်။
ရုတ်တရက် မုန့်ဟန်မှာ တစ်ခုခုကို သတိရသွားပုံရသည်။
ကျောက်စိမ်းပြားတစ်ခုမှာ သူ့ရှေ့တွင် ပျံထွက်လာပြီး သူသည် အသည်းအသန် ကျောက်စိမ်းပြား စီသို့ အော်ဟစ်လိုက်တော့သည်။
“ဘိုးဘေး…သန့်စင်နယ်မြေရဲ့ ကပ်ဘေးက ဆိုက်ရောက်နေပါပြီ ဘိုးဘေး ထွက်လာပေးဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ် ဘိုးဘေး တစ်ဦးတည်းသာ ကျွန်တော်တို့ လင်ရွှီသန့်စင်နယ်မြေကို ကယ်နိုင်မှာပါ။
"ဝုန်း"
နောက်တစ်ခဏတွင် ထိုကျောက်စိမ်းပြားမှ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာကာ လင်ရွှီသန့်စင်နယ်မြေတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းပြီး အတိုင်းအဆမရှိသော ဖိအားကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ဟင်းလင်းပြင်ကြီးအတွင်းရှိ မိုင်ပေါင်းသောင်းချီသော တိမ်တိုက်များမှာလည်း ကွဲအက်ကုန်ကြသည်။
ဆံပင်ဖြူ၊ ဝတ်စုံဖြူနှင့် အဖိုးအိုတစ်ဦးသည် တောက်ပသော ဝိညာဉ်အလင်းတန်းများ လွှမ်းခြုံလျက် ထွက်ပေါ်လာသည်။
သူ၏ နောက်ကွယ်တွင် ခန့်ညားလှသော လောကကြီးတစ်ခု၏ အရိပ်အယောင်လည်း ပါရှိနေ၏။
သူ၏ မျက်ဝန်းများမှာ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှပြီး နေ၊ လ၊ တောင်တန်း၊ မြစ်ချောင်းများနှင့် ကြယ်တာရာများအားလုံး ပါရှိနေသကဲ့သို့ပင်။
သူ ရောက်ရှိလာသည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီးအကြားရှိ နိယာမတရားများမှာ အေးခဲသွားသကဲ့သို့ ဖြစ်သွားရသည်။
ဖော်ပြ၍မရသော ဖိအားတစ်ခုမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ တစ်လောကလုံးကို တုန်ခါသွားစေတော့သည်။
ဤပုဂ္ဂိုလ်မှာ အခြားသူမဟုတ်၊ လင်ရွှီသန့်စင်နယ်မြေကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးကြီးဖြစ်ပြီး နှစ်ပေါင်းတစ်သန်းတိုင်အောင် အသက်ရှင်နေထိုင်ခဲ့သည့် ထိုက်ချန်းလောက၏ စစ်မှန်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။
လင်ရွှီနယ် မြေရဲ့ သူတော်စင်ဘုရင် .. ကုချန်…
သူသည် စစ်မှန်သော သူတော်စင်ဘုရင် တစ်ပါးပင် ဖြစ်သည်။
စိတ်ကူးတစ်ချက်ဖြင့် နေနှင့်လကို နစ်မြုပ်စေနိုင်ကာ လက်ချောင်းတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကြယ်ပေါင်းသောင်းချီကို ကျဆင်းစေနိုင်သူ ဖြစ်သည်။
"ကျွန်တော်မျိုးတို့... ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်… လင်ရွှီသူတော်စင်ဘုရင်ကို ဂါရဝပြုပါတယ်"
လင်ရွှီသန့်စင်နယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါ နတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ ရိုသေကိုင်းညွတ်စွာ ဒူးထောက်အလေးပြုကြတော့သည်။
မုန့်ဟန်ပင်လျှင် ချူယွမ်၏ ဖိနှိပ်ခြင်းကို ခံနေရဆဲဖြစ်သော်လည်း သူ၏မျက်ဝန်းများမှာ အရူးအမူး ယုံကြည်ကိုးစားမှုများဖြင့် ပြည့်နှက်နေကာ "ဆရာ ဘိုးဘေးကြီး" ဟု အော်ဟစ်လိုက်တော့သည်။
သူတော်စင်ဘုရင်တစ်ပါး ကြွချီလာပြီ! ယနေ့တွင် ချူယွမ်အနေဖြင့် မည်သို့မျှ မောက်မာရဲတော့မည် မဟုတ်ပေ။
လင်ရွှီသူတော်စင်ဘုရင်၏ ရှေ့မှောက်တွင်မူ ချူမိသားစုပင်လျှင် အနည်းငယ်မျှ ရိုသေမှု ပြရပေလိမ့်မည်။
-စဦးသူတော်စင်
-သူတော်စင်
-မဟာသူတော်စင်
-သူတော်စင်ဘုရင်
-ကွာစီ ဧကရာဇ် (လက်ရှိmcအဆင့်)
-ဧကရာဇ်(MC အဖေ)