"တံခါးဖွင့်စမ်း… တံခါးဖွင့်… ခွေးကောင် ကျောက်ရွေ့လုံ… တံခါးဖွင့်စမ်း"
ချင်ရှိုမုန်တစ်ယောက် ကျောက်ရွေ့လုံအိမ်၏ အနီရင့်ရောင် လုံခြုံရေးသံတံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်နေတော့၏။
သူဌေးဖြစ်သူ၏ အဆင့်မြင့်အိမ်ကြီးရှေ့တွင် ချင်ရှိုတစ်ယောက် ဖရဲသီးခွဲသည့် ဓားမကြီးကိုကိုင်လျက် ရပ်နေကာ မျက်နှာပေါ်တွင်လည်း ချွေးစေးများ စီးကျနေသည်။
သူက မရသေးသည့် လစာကြွေးများကို လာတောင်းခြင်းဖြစ်ပြီး ဤသို့တောင်းရခြင်းမှာ သူ၏ဘဝတွင် ပထမဆုံးအကြိမ်လည်း ဖြစ်၏။
သေချာတိတိကျကျ ပြောရလျှင် ဤသည်မှာ သူ လစာကြွေးလာတောင်းသည့် ဒုတိယအကြိမ်ဖြစ်သည်… ပထမတစ်ကြိမ်က အတိတ်မှာကျန်ခဲ့ပြီလေ။
ဝင်စားပြီးကာစဖြစ်၍ ဤတစ်ကြိမ်တွင်တော့ နည်းလမ်းဟောင်းကို မသုံးတော့ဘဲ တစ်မျိုးပြောင်းကာ ကြိုးစားကြည့်ရန် သူ စဉ်းစားထားသည်။
အတိတ်ဘဝတုန်းက ကုမ္ပဏီမှ သူ့ကို နစ်နာကြေး တစ်ပြားတစ်ချပ်မှ မပေးဘဲ အတင်းအဓမ္မ အလုပ်ဖြုတ်ပစ်ခဲ့သည့်အပြင် သူ၏ တစ်လစာ လုပ်အားခကိုပါ ခေါင်းပုံဖြတ် သိမ်းပိုက်သွားခဲ့လေသည်။
ချင်ရှို တွေးကြည့်လိုက်တိုင်း ကုမ္ပဏီတွင် ကျေးကျွန်တစ်ယောက်လို အလုပ်လုပ်ခဲ့ရပုံများ…
ကားတစ်စီး အိမ်တစ်လုံးဝယ်နိုင်ရန်နှင့် မင်္ဂလာဆောင်အတွက် တင်တောင်းရမည့် ငွေကြေးစုဆောင်းနိုင်ရန် နေ့စဉ် ညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့ရပုံများကို မြင်ယောင်လာမိ၏။
ဤသို့ အားသွန်ခွန်စိုက် လုပ်ခဲ့ရလွန်းသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကျောက်ကပ်အားနည်းသည့် ရောဂါရလာကာ ဆီးခဏခဏသွားခြင်း…
ဆီးသွားချင်စိတ်ကို မထိန်းနိုင်ခြင်းနှင့် ဆီးကျန်ခြင်းစသည့် ဝေဒနာများကို ခံစားခဲ့ရပြီး နောက်ဆုံးတွင် ကလေးမရနိုင်သည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့ရသည်။
နောက်ဆုံးတွင်တော့ သူ့ချစ်သူက ရွံရှာစက်ဆုပ်သည့် အကြည့်များဖြင့် "ရှင်က ယောက်ျားတစ်ယောက်တောင် မဟုတ်တော့တာ… ဘာအရည်အချင်းနဲ့ ကျွန်မကို လက်ထပ်မှာလဲ" ဟု ပြောဆိုခဲ့လေ၏။
ထိုသို့ပြောပြီးနောက် သူမက ချက်ချင်းပင် လှည့်ထွက်ကာ သူ့ကို ဖြတ်သွားခဲ့ရာ ထိုအချိန်က ချင်ရှိုတစ်ယောက် ဒေါသထွက်လွန်း၍ ရူးမတတ်ပင် ဖြစ်ခဲ့ရသည်။
'ဒေါသထွက်လည်း ဘဝကတော့ ဆက်လျှောက်ရမှာပဲ… အလုပ်သွားပြီး အိမ်လခပေးရဦးမှာပဲ' ဟု တွေးထားခဲ့သော်လည်း နောက်တစ်နေ့တွင် အလုပ်ဖြုတ်ခံလိုက်ရမည်ကို သူ ကြိုမသိခဲ့ပေ။
သူ၏လုပ်အားခများ ပြန်ရရန်အတွက် ကုမ္ပဏီအဆောက်အအုံခေါင်မိုးပေါ်သို့တက်ကာ ပိုက်ဆံမပေးလျှင် ခုန်ချမည်ဟု ချင်ရှို ခြိမ်းခြောက်ခဲ့သည်။
သို့သော် ထိုအချိန်က အပေါ်ဆုံးထပ်တွင် သူ့သူဌေးဖြစ်သူ ခွေးကောင် ကျောက်ရွေ့လုံနှင့် သူ နှစ်ယောက်တည်းသာ ရှိနေခဲ့ရာ သူဌေးက သူ့ကို မီတာတစ်ရာကျော်မြင့်သည့် ရုံးခန်းအဆောက်အအုံပေါ်မှ တွန်းချပစ်ခဲ့သည်။ သူလည်း နေရာတင် တစ်စစီကြေမွကာ အလွန်စက်ဆုပ်ဖွယ်ကောင်းသော အသေဆိုးဖြင့် သေဆုံးခဲ့ရ၏။
အတိတ်ဘဝတွင် ကျောက်ရွေ့လုံတစ်ယောက် ပြစ်ဒဏ်မှ လွတ်ကင်းသွားခဲ့မည်ဟု ချင်ရှို ခန့်မှန်းမိသည်။ မည်သို့ပင်ဖြစ်စေ ထိုကောင်က ငွေကြေးချမ်းသာပြီး ဩဇာအာဏာရှိသည့်အပြင် သူ့မိန်းမဘက်မှ ဆွေမျိုးများကလည်း အဆက်အသွယ်ကောင်းများရှိသည့် အရာရှိကြီးများဖြစ်သည်ဟု ကောလာဟလ ထွက်ထားသည်လေ။
ထို့ကြောင့် ပြန်လည်ဝင်စားပြီးနောက်တွင် ချင်ရှိုက ကုမ္ပဏီသို့မသွားတော့ဘဲ ထိုခွေးကောင်၏အိမ်သို့ တန်းတန်းမတ်မတ် လာခဲ့ခြင်းဖြစ်ကာ ငွေမပေးပါက နေရာတင် ဓားနှင့်ထိုးသတ်ရန် ရည်ရွယ်ထားသည်။
‘သောက်ကျိုးနည်း… ရိုးသားတဲ့သူကို အနိုင်ကျင့်တာပဲ… ရိုးသားတဲ့လူတွေလည်း ဒေါသထွက်တတ်တယ်ကွ’
ထိုအချိန်တွင် ချင်ရှို၏ ရင်ထဲ၌ ဒေါသတရားများနှင့် ရက်စက်လိုစိတ်များ အပြည့်အမောက် ဖြစ်နေ၏။
သို့သော် ချင်ရှိုက အခြေခံအားဖြင့် ရိုးသားသူတစ်ယောက် ဖြစ်နေဆဲပင်။ ငယ်စဉ်ကတည်းက ရန်ဖြစ်လျှင် အမြဲတမ်း အရိုက်ခံရသူဖြစ်ခဲ့ရာ ယခုလို ဖရဲသီးခွဲသည့်ဓားကြီးကိုကိုင်ကာ လစာကြွေးလာတောင်းရသည့် အခြေအနေတွင် အနည်းငယ် တုန်လှုပ်နေမိသည်။
ချင်ရှိုက ဓားကို ပြန်သိမ်းလိုက်ပြီး ညင်သာသည့်နည်းလမ်းကို အရင်သုံးကြည့်ရန် စဉ်းစားလိုက်သည်။ အကယ်၍ ပိုက်ဆံပေးလျှင်တော့ အေးအေးဆေးဆေး ပြီးသွားမည်ဖြစ်ပြီး မပေးပါက ဓားနှင့်ထိုးမည်ဟု ဆုံးဖြတ်ထား၏။
"ဘယ်သူလဲ… ညကြီးမိုးချုပ် ဘာလို့ လူခေါ်ခေါင်းလောင်းမတီးဘဲ တံခါးကို လာထုနေရတာလဲ"
အခန်းထဲမှ ဆွဲဆောင်မှုရှိသော အသံချိုချိုလေးတစ်ခု ထွက်ပေါ်လာသည်။
တံခါးပွင့်လာချိန်တွင်တော့ ဤမျှလွယ်လွယ်ကူကူ ဖွင့်ပေးလိုက်မည်ဟု မထင်ထားသဖြင့် ချင်ရှို အတော်လေး အံ့အားသင့်သွားရ၏။
သို့သော် တံခါးလာဖွင့်သူမှာ ကျောက်ရွေ့လုံမဟုတ်ဘဲ ဖြူဖွေးသောအသားအရေ…
သွယ်လျရှည်လျားသော ခြေတံများနှင့် ထူးခြားသောဆွဲဆောင်မှုများ ပိုင်ဆိုင်ထားသည့် အသက် ၂၈ နှစ်အရွယ်ခန့် အလွန်လှပသော အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
ညဘက်ဖြစ်နေ၍ ထိုအမျိုးသမီးက ပါးလွှာသော ပိုးသားညအိပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး အတွင်းထဲတွင် ဘာမျှဝတ်ဆင်ထားခြင်း မရှိပေ။ သူမ၏ ခန္ဓာကိုယ်အချိုးအစားက S ပုံစံ ကောက်ကြောင်းများဖြင့် အလွန်အမင်း ဆွဲဆောင်မှုရှိနေပြီး ရင်သားများက ချင်ရှို၏ခန္ဓာကိုယ်နှင့် ထိလုနီးပါးပင် ဖြစ်နေ၏။
'သောက်ကျိုးနည်း… တော်တော်လွန်လွန်းနေပြီ… ကျောက်ရွေ့လုံ ခွေးကောင်က မိန်းမကိစ္စမှာတော့ တကယ်ကို ကံကောင်းတာပဲ'
သူ၏ရှေ့မှ အလွန်တရာလှပနေသော အမျိုးသမီးကို ကြည့်ရင်း ချင်ရှို တံတွေးမျိုချလိုက်မိသည်။ ရင်သားပြားပြားနှင့် မိန်းမတစ်ယောက်အတွက် သူ ကျောက်ကပ်ပျက်စီးရသည်အထိ အလုပ်လုပ်ခဲ့ရပုံကို ပြန်တွေးမိပြီး ချင်ရှို အလွန်အမင်း စိတ်ပျက်ဝမ်းနည်းသွားရ၏။
"ကျောက်ရွေ့လုံကို ဘာကိစ္စရှိလို့ ရှာနေတာလဲ… သူ မရှိဘူး"
ထိုအမျိုးသမီးက စကားပြောရင်း ချင်ရှိုကို ရမ္မက်ဆန်သော မျက်လုံးများဖြင့် အထက်အောက် စုန်ဆန် ကြည့်လိုက်သည်။
အမျိုးသမီး၏ မြှူဆွယ်ချင်နေသော အကြည့်များကြောင့် ချင်ရှို အနည်းငယ် ပြာယာခတ်သွားရ၏။ သူသာ လက်ရှိအချိန်တွင် အချိန်ပိုတွေလုပ်လွန်း၍ ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ကျဆင်းနေခြင်း မရှိပါက အနည်းဆုံးတော့ ယောကျာ်းပီသစွာ တုံ့ပြန်ပြလိုက်မိမည် ဖြစ်သည်။
ထို့နောက် သူမအပေါ် ခုန်အုပ်ပြီး ဒူးထောက်ကာ အသနားခံလာစေရန် လုပ်ပစ်လိုက်မည်ဖြစ်ကာ သူ၏ရှေ့တွင် ဤသို့ရဲတင်းနေခြင်းက အန္တရာယ်များကြောင်း သိစေရမည်။ သို့သော် ယခုတော့ သူ စိတ်ကူးယဉ်ရုံသာ တတ်နိုင်ပေသည်။
"သူက ကျွန်တော့်ကို လစာတွေ ပေးဖို့ကျန်နေသေးလို့… လာတောင်းတာပါ"
ချင်ရှိုက ဂရုမစိုက်သလို ဟန်ဆောင်ကာ ပြောလိုက်သည်။
"ဘယ်လောက်လဲ"
ရှေ့မှလူငယ်က ပိုက်ဆံလာတောင်းမည်ဟု မထင်ထားသဖြင့် အမျိုးသမီးမှာ အံ့အားသင့်သွား၏။
"၃၅၀၀ ပါ"
"ချီးကို… ဘယ်လောက်များလဲလို့… ၃၅၀၀ လေးကိုများ အရေးတယူ လုပ်နေသေးတယ်"
အမျိုးသမီးက သူ့ကို အထင်သေးသည့် အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားတို့လို လူချမ်းသာတွေလို့များ ထင်နေတာလား"
သူ၏ အားနည်းချက်ကို အထိခိုက်ခံလိုက်ရသဖြင့် ချင်ရှို၏ မျက်နှာအမူအရာက အေးစက်သွား၏။
"အထဲဝင်ပြီး ခဏထိုင်နေဦး… ငါ သွားယူပေးမယ်"
ထိုသို့ပြောပြီးနောက် အမျိုးသမီးက တံခါးကို ပြန်မပိတ်တော့ဘဲ အိမ်ထဲသို့ လှည့်ဝင်သွားသည်။
ထိုအမျိုးသမီးက ဤမျှလွယ်လွယ်ကူကူ သဘောတူလိုက်မည်ဟု မထင်ထားသဖြင့် ချင်ရှို အံ့အားသင့်သွား၏။ နောက်ကျောဘက်မှနေ၍ တိမ်းညွတ်လှုပ်ရှားနေသော ခါးအလှနှင့် လှုပ်ခါနေသည့် ညအိပ်ဝတ်စုံအောက်မှ မလုံ့တလုံ ပေါ်ထွက်နေသော ပေါင်တံများကို ကြည့်ရင်း ချင်ရှို နှာခေါင်းသွေးလျှံမတတ်ပင် ဖြစ်သွားရသည်။
'သောက်ကျိုးနည်း… ဒါ ထောင်ချောက်များလား… ပိုက်ဆံပေးဖို့ကို ဒီလောက်မြန်မြန် သဘောတူပြီးတော့ အထဲကို ဘာလို့ ဖိတ်ခေါ်နေတာလဲ'
ချင်ရှိုတစ်ယောက် ချက်ချင်း မဝင်ရဲဘဲ ခဏတာ တွေဝေသွားသည်။
【ဒင်… Host သည် လှပသော အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအပေါ် ရမ္မက်စိတ်များ ဖြစ်ပေါ်လာသည်ကို ထောက်လှမ်းသိရှိရသဖြင့် လူယုတ်မာစနစ်ကို နိုးထစေလိုက်ပါပြီ။】
'စွကျိုးနည်း… ငါ သိသားပဲ… ငါက ပြန်ဝင်စားလာတာဆိုတော့ ဘယ်လိုလုပ် စနစ်တစ်ခုမှ မပါဘဲ နေပါ့မလဲ… အခုတော့ ရောက်လာပြီပဲ'
ချင်ရှိုတစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။
'သောက်ကျိုးနည်း… အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာပြီပဲ'
'ဒါပေမဲ့ ဒီစနစ်က တော်တော်လေး လွဲနေတယ်… နိုးထလာဖို့ အခြေအနေက အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အပေါ် ရမ္မက်စိတ်ဖြစ်ရမှာတဲ့လား'
စိတ်လှုပ်ရှားနေသော်လည်း ချင်ရှိုက ရင်ထဲတွင် မြည်တွန်တောက်တီးနေမိသည်။
【ဒင်… Host ၌ ညစ်ညမ်းသော ရည်ရွယ်ချက်များ ရှိနေကြောင်း စနစ်မှ ထောက်လှမ်းသိရှိရပါသည်။ ဤအချက်ကို အတည်ပြုပြီးဖြစ်၍ စနစ်က သင့်အား တရားဝင် ချိတ်ဆက်နေပါပြီ။】
【ဤစနစ်သည် ထိပ်တန်းအဆင့် လူယုတ်မာတစ်ဦးဖြစ်လာစေရန် ရည်ရွယ်ပြီး Host အနေဖြင့် အမျိုးမျိုးသော အလှပန်းလေးများကို အစဉ်မပြတ် စုဆောင်းရန် လိုအပ်ပါသည်။】
【Host မှ ထိပ်တန်းအလှပန်းများကို ပိုမိုစုဆောင်းနိုင်လေလေ စနစ်မှ ကျွမ်းကျင်မှုစွမ်းရည်များကို ပိုမိုဆုချလေလေ ဖြစ်ပါသည်။ အလှပန်းများ၏ အရည်အသွေး ပိုမိုမြင့်မားလေ ကျွမ်းကျင်မှုအဆင့်များကလည်း ပိုမိုမြင့်မားလေ ဖြစ်ပါမည်။ ကျွမ်းကျင်မှုအဆင့်များကို အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ နတ်ဘုရား၊ ကောင်းကင်၊ မြေကြီး ၊ ရွှမ် နှင့် ဟွမ် ဟု ခွဲခြားသတ်မှတ်ထားပါသည်။】
【ဒင်… စနစ်ချိတ်ဆက်မှု အောင်မြင်ပါသည်။ စတင်ခြင်းလက်ဆောင်အဖြစ် ရွှမ်အဆင့်ကျွမ်းကျင်မှုများဖြစ်သည့် လျှပ်စီးလက်တိုက်ခိုက်မှု နှင့် နဂါးမြီးယမ်းတိုက်ခိုက်မှုတို့ကို အခမဲ့ ပေးအပ်လိုက်ပါသည်။】
ဆိုရိုးစကားရှိသည့်အတိုင်း လှံချက်တစ်ချက်က နဂါးတစ်ကောင်နှင့်တူပြီး လှံရေးက လျှပ်စီးလက်ကာ မိုးကြိုးပစ်သည့်နှယ်ပင်။
တစ်မိနစ်အတွင်း နဂါးအမြီးယမ်းတိုက်ခိုက်မှု အကြိမ်တစ်ထောင် ပြုလုပ်ခြင်းက သူ့အတွက် ဘာမှမဟုတ်တော့ပေ။
စနစ်၏ ကျွမ်းကျင်မှုများ ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ချင်ရှိုတစ်ယောက် သူ၏ခါးကို မတ်လိုက်ရာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသန်မာလာပြီး ထူးကဲသော စွမ်းအားများနှင့် ဩဇာတိက္ကမများ ပြည့်ဝလာတော့၏။
'စွကျိုးနည်း… ငါ ယောက်ျားတစ်ယောက် ပြန်ဖြစ်သွားပြီဟ'
ယိုယွင်းပျက်စီးနေသော သူ၏ခန္ဓာကိုယ်ကြီး နောက်ဆုံးတွင် ပြန်လည်သက်ဝင်လာပြီး ယခင်ကထက်ပင် ပို၍ အားအင်ပြည့်ဝလာသည်ကို မြင်လိုက်ရသောအခါ ချင်ရှိုတစ်ယောက် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာခဲ့သည်။
"စနစ်ကြီးရေ… မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပါကွာ"
စနစ်တစ်ခု ပိုင်ဆိုင်ထားပြီဖြစ်၍ အမှောင်ထဲလမ်းလျှောက်ရမည်ကို သူ မကြောက်တော့ပေ။ ယခုအခါ သူက ဇာတ်လိုက်ဖြစ်နေပြီဖြစ်ပြီး ဇာတ်သိမ်းမတိုင်မီ ထူးထူးဆန်းဆန်း ထပ်သေစရာအကြောင်း မရှိတော့ကြောင်း ချင်ရှို သဘောပေါက်သွားသည်။ ထို့ကြောင့် သူဌေး၏အိမ်ထဲသို့ မာနတခွဲသားနှင့် ဝင်သွားပြီးနောက် သူ၏အနောက်မှ တံခါးကို ပိတ်ကာ သော့ခတ်လိုက်တော့၏။
ချင်ရှိုက သူဌေးအိမ်ထဲသို့ ဝင်သွားကာ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ သူက ခြေချိတ်ထိုင်လိုက်ပြီး သူ၏ ညီငယ်ကို ငုံ့ကြည့်ကာ အလွန်အမင်း ကျေနပ်နေမိ၏။
ထိုအချိန်တွင် လှပသော အမျိုးသမီးငယ်က ငွေများယူကာ အခန်းထဲမှ ထွက်လာခဲ့သည်။
"အာ…"
အခန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ချင်ရှို၏ အလွန်အမင်း ထူးကဲပြင်းထန်နေသော အပြောင်းအလဲကြီးကို မြင်လိုက်ရသဖြင့် အမျိုးသမီးမှာ ချက်ချင်းပင် လန့်သွားရကာ ရှက်ရွံ့မှုကြောင့် မျက်နှာလေး နီရဲသွားတော့သည်။
အမျိုးသမီး၏ မျက်နှာပေါ်မှ အံ့သြနေသည့် အမူအရာကို ချင်ရှို သတိထားမိလိုက်သည်မှာ သဘာဝပင်။
သူမကို စူးစိုက်ကြည့်နေရင်း သူ၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။ ယခုအခါ သူ့တွင် "လက်နက်" ရှိနေပြီဖြစ်၍ ချင်ရှို၏ အကြည့်များက ပိုမိုယုံကြည်မှု ရှိနေကာ အကြည့်လွှဲဖယ်ခြင်း မရှိတော့ဘဲ ထိုအမျိုးသမီးကို ရဲရဲဝံ့ဝံ့ပင် စိုက်ကြည့်နေတော့၏။
"ရှင် တော်တော် ရိုင်းတာပဲ… ဒီလောက် ညဉ့်နက်နေတဲ့အချိန် ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် နှစ်ယောက်တည်း ရှိနေပြီး အဝတ်အစားကလည်း ပါးပါးလွှာလွှာလေး ဝတ်ထားတာကို ရှင်က အဲဒီလို လိုက်ကြည့်နေရသလား"
အမျိုးသမီးက ချွဲနွဲ့ဟန်ဆောင်ကာ သူမ၏ ခန္ဓာကိုယ်ကို တမင်တကာ လိမ်ကောက်လိုက်ရာ ရင်သားများ လှုပ်ခါသွားပြီး မျက်စိကျိန်းလောက်စရာပင် ဖြစ်သွား၏။
မြှူဆွယ်နေခြင်း… ဤသည်က သိသိသာသာကို မြှူဆွယ်နေခြင်းပင်။
"ဘာလဲ… ကျွန်တော် ကြည့်တာကို ခင်ဗျားက သဘောမကျလို့လား" ချင်ရှိုက ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်သည်။