အခန်း (၉၁) မိစ္ဆာအိုကြီး ရွှမ်ယုံ သေစမ်း
"မင်း... ဖူး"
မြေပြင်ပေါ်က ကျိုးပဲ့နေတဲ့ ဓားနှစ်ပိုင်းကို ကြည့်ပြီး မိစ္ဆာအိုကြီး ရွှမ်ယုံဟာ သွေးတစ်ချက် အန်လိုက်ရသည်။ ဒါဟာ သူ ဆယ်စုနှစ်တစ်ခုကြာအောင် အားသွန်ခွန်စိုက် ပြင်ဆင်ခဲ့တဲ့ လက်နက်ဖြစ်သလို သူ့ရဲ့ ဝိညာဉ်နဲ့ ချိတ်ဆက်ထားတာကြောင့် စိတ်နှလုံး ကြေကွဲပြီး သွေးအန်ရတာပါ။
တစ်ဖက်မှာတော့ အဘိုးကြီးချန်ဟာ အသက်ရှူနှုန်း နှေးကွေးလာပြီး ပိုမိုအိုမင်းရင့်ရော်သွားကာ အင်အားကုန်ခမ်းနေပုံပင် ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ အရင်ကနဲ့မတူ တောက်ပနေလေသည်။
"မိစ္ဆာအိုကြီး ရွှမ်ယုံ... ဒီနှစ်တွေမှာ မင်းကို မေ့ခဲ့တဲ့ တစ်ရက်မှမရှိဘူး။ မင်းကြောင့် တစ်ချိန်က ပါရမီရှင်ဖြစ်ခဲ့တဲ့ ငါဟာ ဒုက္ခိတဖြစ်ခဲ့ရတယ်။ အခုတော့ အရာအားလုံးကို ငါပြန်ယူရမယ့်အချိန် ရောက်ပြီ" လို့ အဘိုးကြီးချန်က အေးဆေးစွာ ပြောလိုက်သည်။
စကားပြောပြီးတာနဲ့ အဘိုးကြီးချန်ရဲ့ ခန္ဓာကိုယ်ဟာ မြင်သာသောအရှိန်နဲ့ ပုပ်သိုးသွားပြီး ဖုန်မှုန့်ပုံအဖြစ် ပြောင်းလဲသွားလေသည်။
"သူ... သူ သေသွားပြီလား" လို့ ကူးယွမ် အံ့ဩသွားပါတယ်။
ဒါပေမဲ့ အဲဒီဖုန်မှုန့်ပုံထဲကနေ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာအိုကြီး ရွှမ်ယုံဆီကို မြန်မြန်ဆန်ဆန် ပျံသန်းသွားသည်။ မိစ္ဆာအိုကြီးက "မင်းက ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်တာလား အိပ်မက်မက်မနေနဲ့" လို့ အော်ဟစ်ပြီး မိစ္ဆာမီးတွေနဲ့ ခုခံပေမဲ့ အနက်ရောင်အလင်းက သူ့ကိုယ်ထဲကို ဝင်ရောက်သွားလေသည်။
ခဏအကြာမှာတော့ မိစ္ဆာအိုကြီးရဲ့ မျက်နှာဟာ အဘိုးကြီးချန်ရဲ့ အသံနဲ့ စကားပြောလာသည်။
"သိမ်းပိုက်ဖို့ မဟုတ်ပါဘူး... ဒါပေမဲ့ ကောင်လေးကူးယွမ် မြန်မြန်လာပြီး ဒီမိစ္ဆာအိုကြီးကို သတ်ပေးစမ်း"
ကူးယွမ်ဟာ ကျောက်တုံးနောက်ကနေ ထွက်လာသည် သူဟာ အခြေအနေကို နားမလည်ပေမဲ့ အဘိုးကြီးချန်က "ငါ ကတိပေးထားတာတွေ အကုန်ပေးမယ် အခု ဒီမိစ္ဆာရဲ့ နှလုံးသားကို ဓားနဲ့ ထိုးစမ်း" လို့ အလောတကြီး ပြောတာကြောင့် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်သည်။
ရွှမ်း
ဆောင်းဦးရေစင်ဓားဟာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာအိုကြီးရဲ့ ရင်ဘတ်ကို တည့်တည့်မတ်မတ် ထိုးဖောက်သွားသောကြောင့် နှလုံးသားဟာ လက်ဖက်ရည်ပန်းကန်လုံး အရွယ်အစားရှိတဲ့ အပေါက်ကြီး ဖြစ်သွားလေသည်။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေဟာ ခွန်အား သန်မာပေမဲ့ နှလုံးသားပျက်စီးသွားရင်တော့ မကြာခင် သေဆုံးရမှာပါပဲ။
"ချန်ချီ... နောက်ဆုံးတော့ မင်းကို ရှုံးသွားပြီပေါ့" လို့ မိစ္ဆာအိုကြီးက ညည်းတွားရင်း အသက်ပျောက်သွားလေသည်။
ထိုစဉ် မိစ္ဆာအိုကြီးရဲ့ အလောင်းပေါ်မှာ အနက်ရောင် အလင်းတွေ ဖုံးလွှမ်းသွားပြီး အရိုးအဆစ်တွေ ပြောင်းလဲလာလေသည်။ အလောင်းရဲ့ ရုပ်သွင်ဟာ တဖြည်းဖြည်း ပြောင်းလဲသွားရာ အနက်ရောင်အလင်းတွေ ကွယ်ပျောက်သွားတဲ့အခါ ကူးယွမ်ရဲ့ ရှေ့မှာ ချောမောတဲ့ အလယ်အလတ်အရွယ် လူတစ်ယောက် ပေါ်လာခဲ့သည်။
အဲဒီလူဟာ အရပ်ရှည်ပြီး ကြည့်ကောင်းကာ အဘိုးကြီးချန်ရဲ့ ရုပ်သွင်နဲ့ ဆင်တူနေပါတယ် မိစ္ဆာအိုကြီးရဲ့ အလောင်းကနေ အဘိုးကြီးချန်ရဲ့ လူငယ်ဘဝ ရုပ်သွင်ကို ပြောင်းလဲသွားတာဖြစ်သလို ဒဏ်ရာတွေလည်း အကုန်ပျောက်ကင်းသွားလေသည်။
ဒီလိုထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အသွင်ပြောင်းလဲမှုနဲ့ ဝိညာဉ်အစားထိုးမှု နည်းလမ်းကို မြင်လိုက်ရတဲ့ ကူးယွမ်ဟာ ရင်ထဲမှာ အေးခဲသွားပြီး သူ့ရဲ့ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်လေသည်။