အခန်း (၉၀) အရိုးဖြူမိစ္ဆာဓား
"ဘယ်သူလဲ ဘယ်သူက ငါ့လိုလူအိုကြီးကို ဒီလိုလာနောက်နေတာလဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"
ပျက်စီးနေတဲ့ နတ်ကွန်းထဲကနေ လူရိပ်တစ်ခု လေထဲကို ပျံတက်လာသည်။ အသံက အိုမင်းရင့်ရော်နေပြီး ဒေါသနဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေပါတယ်။ အဲဒီတော့မှ ကူးယွမ်ဟာ မိစ္ဆာအိုကြီး ရွှမ်ယုံရဲ့ ရုပ်သွင်ကို မြင်လိုက်ရသည်။ သူဟာ အဘိုးကြီးချန်ထက် အသက်ငယ်ပုံရပြီး အသက် (၄၀) ဝန်းကျင် နှာခေါင်းချွန်ချွန် မျက်လုံးအိမ်နက်နက်နဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာရှိသူပါ။ သူဝတ်ထားတဲ့ ရွှေချည်ထိုး အနက်ရောင်ဝတ်ရုံကတော့ စောစောက ပေါက်ကွဲမှုကြောင့် စုတ်ပြတ်နေပြီး ကျောပြင်မှာ အရိုးဖြူတွေ မြင်ရတဲ့အထိ ဒဏ်ရာရထားလေသည်။
"ဟားဟားဟား... မိစ္ဆာအိုကြီးရွှမ်ယုံ ငါ့ရဲ့ ယင်လျှပ်စီးပုတီး အရသာ ဘယ်လိုလဲ" လို့ အဘိုးကြီးချန်က ရယ်မောရင်း ပေါ်လာခဲ့သည်။
"ချန်ချီ... မင်းပဲ" မိစ္ဆာအိုကြီးက အဘိုးကြီးချန်ကို မြင်တော့ အံ့ဩသွားပြီး "မင်းလို အချိန်မရှိတော့တဲ့ ဒုက္ခိတက ငါ့ကိုလာရှာရဲတယ်ပေါ့။ ဆီကုန်လို့ မီးငြိမ်းသလို သေသွားမှာ မကြောက်ဘူးလား" လို့ ပြန်အော်လိုက်သည်။
စကားများမနေဘဲ အဘိုးကြီးချန်က အစိမ်းရောင် ဝိညာဉ်အလင်းတစ်ချက် လွှတ်လိုက်သည်။ အဲဒါကတော့ တစ်ပေကျော်ရှည်တဲ့ သစ်သားဓားမှော်လက်နက်ပါ။ တစ်ချိန်တည်းမှာပဲ မိစ္ဆာအိုကြီးရဲ့ ခြေလှမ်းအောက်က မြေကြီးတွေ ကွဲအက်သွားပြီး လက်ကောက်ဝတ်ခန့်ရှိတဲ့ နွယ်ပင်ကြီးတွေက မြွေဟောက်တွေလို ရစ်ပတ်ဖို့ ထွက်လာခဲ့သည်။
မိစ္ဆာအိုကြီးက သူ့လက်ထဲက ဝိညာဉ်သတ်အလံနဲ့ ခုခံလိုက်သည်။ အဘိုးကြီးချန်က "မင်း ကျင့်ကြံထားတဲ့ အရိုးဖြူယင်မိစ္ဆာဓားကို ဘယ်လောက်အထိ ဖုံးထားဦးမှာလဲ" လို့ မေးလိုက်တဲ့အခါ မိစ္ဆာအိုကြီးရဲ့ မျက်လုံးတွေ နီမြန်းလာခဲ့သည်။
"မင်း ငါ့တပည့်ကို သတ်လိုက်တာလား ငါ့ရဲ့ အကောင်းဆုံး လက်နက်ပစ္စည်းဖြစ်တဲ့ သုံးပါးဆိုးကျိုးပါတဲ့ ကလေးကို ဆယ်နှစ်ကျော် စောင့်ခဲ့ရတာ အခုတော့ မင်းကြောင့် အကုန်ပျက်စီးပြီ မင်း သေရမယ်" မိစ္ဆာအိုကြီးက ဟိန်းဟောက်လိုက်သည်။
မိစ္ဆာအိုကြီးက သူ့ရဲ့ ဝိညာဉ်သတ်အလံကို ပေါက်ကွဲစေလိုက်ပြီး အထဲကနေ ကျောက်စိမ်းလို ဖြူဖွေးတောက်ပနေတဲ့ ဓားတစ်လက် ထွက်ပေါ်လာလေသည်။ အဲဒါကတော့ ချန်ယွမ်ဖုန်းရဲ့ အရိုးစုကို သန့်စင်ထားတဲ့ ဓားပဲဖြစ်ပါတယ်။ ကူးယွမ်က အဝေးကနေ ကြည့်ရင်း ချန်ယွမ်ဖုန်းဟာ တပည့်အဖြစ် ဂုဏ်ယူခဲ့ပေမဲ့ တကယ်တော့ ဆရာဖြစ်သူအတွက် လက်နက်လုပ်ဖို့ ပစ္စည်းသက်သက်သာ ဖြစ်ခဲ့တာကို သိလိုက်ရသည်။
အဲဒီအရိုးဖြူဓားဟာ အဘိုးကြီးချန်ရဲ့ သစ်သားဓားကို တစ်ပိုင်းစီ ဖြတ်တောက်ပစ်လိုက်သည်။ အဘိုးကြီးချန်ဟာ သူ့ရဲ့ အသက်သွေးကြောလက်နက် ပျက်စီးသွားလို့ သွေးတစ်ချက် အန်လိုက်ရပေမဲ့ အေးအေးဆေးဆေးပဲ သွေးသုတ်ရင်း "မင်းရဲ့ ဓားက ငါ့ရဲ့ ဒုတိယမြောက် ယင်လျှပ်စီးပုတီးကို ခံနိုင်မလား ကြည့်ကြတာပေါ့" လို့ ပြောပြီး နောက်ထပ် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြန်သည်။
ဝုန်း
မိစ္ဆာအိုကြီး ထိတ်လန့်သွားချိန်မှာပဲ ပေါက်ကွဲမှုကြီး ထပ်ဖြစ်လာခဲ့ပြန်သည်။ တောင်ကြီးတစ်ခုလုံး တုန်ခါသွားပြီး မီးခိုးရောင် လျှပ်စီးတွေက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ပေါက်ကွဲမှုအပြီးမှာတော့ ကျောက်စိမ်းလို ဖြူဖွေးနေတဲ့ အရိုးဖြူဓားဟာ နှစ်ပိုင်းပြတ်ပြီး မြေပေါ်ကို ကျလာပါတော့တယ်။ ပေ ၁၀ ကျော် ကျယ်တဲ့ ကျင်းကြီးတစ်ခုလည်း ဖြစ်ပေါ်သွားတော့သည်။