အခန်း (၈) မိစ္ဆာကင်းခြေများကို နှိမ်နင်းရန် စီစဉ်ခြင်း
ဟင်း ဒီကောင်လေး တူးလာတဲ့ ဟွမ်ကျင်းတွေက အားလုံးသက်တမ်းရင့် ပစ္စည်းကောင်းတွေပဲ။ ငါသိသလောက်တော့ ဒီလိုသက်တမ်းရင့်တဲ့ ဆေးမြစ်တွေဟာ အစုလိုက်အပြုံလိုက် ပေါက်တတ်တာ။ ကံကောင်းရင် နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင် ကိုတောင် တွေ့နိုင်တယ် အဲဒါမျိုးဆိုရင် အမြတ်က မနည်းဘူး။
ဆိုင်ရှင်ရှုးသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် လောဘရိပ်များ ယှက်သန်းသွားပြီးနောက် မျက်နှာပျက်ကာ ဆိုသည်။
"နှမြောစရာပဲ ဒီကောင်လေးက အလိုက်မသိဘဲ ငါ့ကို ငြင်းပြီး ယွီတိန်ကို သွားရောင်းလိုက်တယ် ထားလိုက်တော့"
သူသည် အတွေးတစ်ခုဝင်လာပြီးနောက် အလုပ်သမားကို အမိန့်ပေးလိုက်သည်။ ချင်းကျူဂိုဏ်းကို သွားပြီး ဒီကောင်လေးကို စောင့်ကြည့်ဖို့ လူငှားလိုက်လိုအပ်ရင် သူ့ကို ဖမ်းပြီး ငါ့ဆီ ခေါ်လာခဲ့ ဒါပေမဲ့ သတိထားဖို့တော့ ပြောလိုက်ဦး။
တစ်ဖက်တွင် ကူးယွမ်သည် ယွီတိန်မှ ထွက်လာပြီးနောက် ဗိုက်ဆာသဖြင့် စားသောက်ဆိုင်တစ်ခုထဲ ဝင်လိုက်သည်။
ယခုအခါ လက်ထဲတွင် ပိုက်ဆံရှိနေပြီဖြစ်၍ မိမိကိုယ်ကို ညှာတာမနေတော့ဘဲ ဟင်းနှစ်ခွက်နှင့် ပေါက်စီများ မှာယူကာ အားရပါးရ စားသောက်တော့သည်။
စားသောက်ရင်း သူသည် စောစောက အလုပ်သမားလေး ပြောပြခဲ့သော ကိုယ်ခံပညာ သင်ယူနိုင်မည့် နည်းလမ်း (၃) ခုကို ပြန်စဉ်းစားနေသည်။
၁။ ကိုယ်ခံပညာသင်ကျောင်းများ: ငွေ (၁၅) တုံးခန့် ပေးရပြီး အခြေခံလောက်သာ သင်ပေးသည်။ အဆင့်မြင့်ပညာရပ်များအတွက်မူ ပါရမီပေါ် မူတည်ပြီး ငွေထပ်ပေးရသည်။ (၎င်းမှာ ငွေအမြောက်အမြား လိုအပ်သဖြင့် ကူးယွမ်အတွက် မဖြစ်နိုင်သေးပေ။)
၂။ ဆရာတင်ခြင်း: ခရိုင်အတွင်းရှိ ပညာရှင်များထက် ဆရာတင်ခြင်းဖြစ်သည်။ ၎င်းမှာ ကံတရားနှင့် ပါရမီပေါ် မူတည်သလို နောက်ခံသမိုင်းကြောင်း စင်ကြယ်ရန်လည်း လိုအပ်သည်။ (လျှို့ဝှက်ချက်များရှိသော ကူးယွမ်အတွက် မသင့်တော်ပေ။)
၃။ ယွီတိန်၏ ဆေးမြစ်ရှာဖွေသူဖြစ်လာခြင်း: ဝိညာဉ်ဆေးပင်တစ်ပင် ရှာဖွေရောင်းချနိုင်လျှင် အပြင်ပန်း ဆေးမြစ်ရှာဖွေသူအဖြစ် သတ်မှတ်ခံရပြီး ကိုယ်ခံပညာတစ်ခုကို အခမဲ့ သင်ယူခွင့်ရသည်။ အောင်မြင်မှုများလေလေ ကျင့်စဉ်များ၊ ဆေးလုံးများနှင့် အဆင့်အတန်းများ ရရှိလေလေ ဖြစ်သည်။
"ဒါက ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်သလိုမျိုးပဲပေါ့" ဟု ကူးယွမ်က ပြုံးလိုက်သည်။ ဒါပေမဲ့ ဒါကငါ့အတွက် အကောင်းဆုံးပဲ။ ငါ့မှာ ဝိညာဉ်ဆေးပင် ရှိနိုင်တဲ့နေရာကို သိထားပြီးသား အဲဒီမိစ္ဆာကင်းခြေများဆီကနေ ဆေးပင်ကိုရအောင်ယူနိုင်ရင် အားလုံး အဆင်ပြေသွားပြီ"
အဓိက ပြဿနာမှာ ထိုကင်းခြေများကြီးကို မည်သို့နှိမ်နင်းရမည်နည်း ဟူသောအချက် ဖြစ်သည်။ လူသားတို့သည် ခွန်အားတွင် တိရစ္ဆာန်များကို မယှဉ်နိုင်သော်လည်း ဉာဏ်ပညာနှင့် ကိရိယာများကို အသုံးပြုနိုင်ကြသည်။
"ရန်သူ့အကြောင်း သိမှ အောင်ပွဲရမှာ အဲဒီကင်းခြေများအကြောင်းကို အရင်စုံစမ်းရမယ်"
သူသည် ဆိုင်မှထွက်လာပြီး လမ်းတစ်လျှောက်တွင် တစ်ခုခုကို ရှာဖွေနေသည်။ မကြာမီ လမ်းဘေးတွင် စာအုပ်ဟောင်းများ ရောင်းနေသော ပညာရှိတစ်ဦး၏ ဆိုင်ကို တွေ့လိုက်ရသည်။
ထိုသူမှာ ဆင်းရဲနွမ်းပါးလှသဖြင့် သူ၏ ပစ္စည်းများကို စားနပ်ရိက္ခာနှင့် လဲလှယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ကူးယွမ်သည် စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်စဉ် သူ၏ မျက်စိရှေ့၌ စာတန်းလေး ပေါ်လာသည်။
တာအိုအမှတ် +၂ ရရှိသည်။