အခန်း (၇၉) ဝိညာဉ်ဆေးမြစ်များကို တူးဖော်ခြင်း
ကူးယွမ်ဟာ စိတ်လှုပ်ရှားစွာနဲ့ ရှေ့ကိုလှမ်းလိုက်ပြီး အစိမ်းနုရောင် အလင်းတန်းလေးရှိရာကို သွားလိုက်သည်။ မြက်ခြောက်တွေကို ဖယ်လိုက်တဲ့အခါ သုံးလက်မခန့်ရှည်တဲ့ "ဘိယဲ့ကန်း"ဆေးမြစ်ကို တွေ့လိုက်ရသည် ဆေးမြစ်ဟာ ဆယ်နှစ်သက်တမ်းရှိပြီး အနာဂတ်မှာ ငွေစတစ်စလောက် တန်ဖိုးရှိလေသည်။
သာမန်လူဆိုရင် ရှာရခက်မယ့် ဒီဆေးမြစ်ကို ကူးယွမ်ကတော့ "ရတနာရှာဖွေခြင်း အတတ်ငယ်" ကြောင့် အလွယ်တကူ ရှာတွေ့ခဲ့တာပါ။ သူဟာ တောလမ်းတစ်လျှောက် ရတနာရှာဖွေခြင်းအတက်ငယ်ကိုအသုံးပြုပြီးလျှောက်သွားရင်း ဆေးမြစ်ပေါင်း ဒါဇင်ကျော်ကို တူးဖော်နိုင်ခဲ့ပါတယ်။ အလင်းရောင် ပိုတောက်လေ ဆေးမြစ်က ပိုတန်ဖိုးရှိလေပါပဲ။
ဒါတင်မကဘဲ အနီရောင်အလင်းတန်း ထွက်နေတဲ့နေရာကနေ ခိုဥအရွယ်အစားရှိတဲ့ "နွေးထွေးသော ကျောက်စိမ်း"တစ်တုံးကိုလည်း ရှာတွေ့ခဲ့ပါသေးသည်။ ဒါဟာ ရွှေထက်တောင် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတဲ့ အရာပါ။
ကူးယွမ် ပျော်ရွှင်နေတုန်းမှာပဲ အာဟွမ် (ရတနာရှာကြွက်လေး) ပျောက်ကွယ်သွားတာကို သတိထားမိလိုက်သည်။ ခဏအကြာမှာတော့ အာဟွမ်ဆီကနေ အလွန်အရေးကြီးတဲ့ အချက်ပြမှုကို စိတ်ချင်းဆက်သွယ်မှုကနေတစ်ဆင့် ရရှိလိုက်ပြီ အာဟွမ်ဟာ ဂျင်ဆင်းပင်တစ်ပင်ရှေ့မှာ မြေကြီးကို အသည်းအသန် တူးနေတဲ့ ပုံရိပ်ကို ကူးယွမ် မြင်လိုက်ရလေသည်။
ကူးယွမ်ဟာ အာဟွမ်ရှိရာကို အပြေးအလွှား သွားလိုက်သည်။ အဲဒီနေရာမှာတော့ အလွန်တောက်ပတဲ့ အဖြူရောင်အလင်းတန်းကြီး ထွက်ပေါ်နေတဲ့ ဂျင်ဆင်းပင်တစ်ပင်ကို တွေ့လိုက်ရပြီး အလင်းရောင်ဟာ သူ ခုနက တူးခဲ့တဲ့ ဆေးမြစ်အားလုံး ပေါင်းတာထက်တောင် ပိုမိုတောက်ပနေလေသည်။
ကူးယွမ်ဟာ အလွန်ဂရုတစိုက်နဲ့ တူးဖော်လိုက်တဲ့အခါ ကလေးတစ်ယောက်ရဲ့ လက်မောင်းလောက် တုတ်ခိုင်တဲ့ နှစ် ၃၀၀ ကျော်သက်တမ်းရှိ "ဝါကျင့်ကျင့် ဂျင်ဆင်း"ကို ရရှိခဲ့ပါတယ်။ ဒါဟာ နဝမအဆင့် ဝိညာဉ်ဆေးမြစ်တွေထဲမှာ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် အလွန်တန်ဖိုးရှိလှသည်။
ယွန်းမုန်းတောင်တန်းဟာ တကယ့်ကို ရတနာသိုက်ကြီးပါပဲ ဒါပေမဲ့ ကူးယွမ်ဟာ တောင်နက်ထဲမှာ အစွမ်းထက်တဲ့ မိစ္ဆာတွေနဲ့ နတ်ဘုရားလို ကျင့်ကြံသူတွေ ရှိနိုင်တယ်ဆိုတာကိုလည်း သတိထားနေရပါသေးသည်။
ထိုစဉ်မှာပဲ အာဟွမ်ဆီကနေ စူးရှတဲ့ အော်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ အာဟွမ်ဟာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မြေပြင်ပေါ်မှာ လဲကျသွားပါတယ် ဒါပေမဲ့ ဒါဟာ နာကျင်လို့မဟုတ်ဘဲ အလွန်အမင်း တုန်လှုပ်ခြောက်ခြားပြီး ဝမ်းသာအားရ ဖြစ်နေတဲ့ အော်သံပါ။
အာဟွမ်ရဲ့ အာရုံခံစားမှုနဲ့အတူ ကူးယွမ်ဟာ ယွန်းမုန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို လှမ်းကြည့်လိုက်ပါတယ် အဲဒီမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကူးယွမ်ဟာ စကားလုံးမထွက်နိုင်လောက်အောင် အံ့အားသင့်သွားရလေသည်။