အခန်း (၇၇) လျှို့ဝှက်ဆန်းကြယ်သော မျောက်ဆရာ
"ဟင် လမ်းပေါ်မှာ ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ"
ကူးယွမ်ဟာ အပြင်ထွက်လိုက်တဲ့အခါ မြို့ထဲမှာ ထူးထူးခြားခြား လူစည်ကားနေတာကို သတိပြုမိလိုက်သည်။ အရင်က ချန်မိသားစုခေါင်းဆောင် အသတ်ခံရစဉ်က ခြောက်ကပ်နေခဲ့ပေမဲ့ အခုတော့ အဲဒီအမှုက အေးအေးဆေးဆေး ဖြစ်သွားပုံရပါတယ် ဒါတင်မကဘဲ လမ်းပေါ်ကလူတွေဟာ အရင်ကလူတွေမဟုတ်ဘဲ သူစိမ်းတွေ တော်တော်များနေတာကို တွေ့ရသည်။
နှစ်သစ်ကူးဖို့ နီးလာတာကြောင့် "ကျူးနန့်"လို့ခေါ်တဲ့ ပွဲတော်အတွက် ပြင်ဆင်နေကြတာလည်း ဖြစ်နိုင်သည်။ ကူးယွမ်ဟာ သူ့ရဲ့ အရင်ဘဝက မိဘတွေနဲ့အတူ နှစ်သစ်ကူးခဲ့ပုံတွေကို ခဏတာ ပြန်လည်အမှတ်ရပြီး လွမ်းဆွတ်သွားခဲ့လေသည်။
ထိုစဉ် သူ့ဘေးကနေ ဖြတ်လျှောက်သွားတဲ့ လူတစ်ယောက်ကြောင့် ကူးယွမ် သတိပြန်ဝင်လာသည်။ အဲဒီလူဟာ အရပ်ရှည်ပြီး သန်မာပေမဲ့ လှုပ်ရှားမှုတွေက မျောက်တစ်ကောင်လို အလွန်သွက်လက်နေသည်။
သူက လှံတိုတစ်လက်ကိုလည်း ကိုင်ဆောင်ထားသည်။ ကူးယွမ်ဟာ သူ့ဆီကနေ အန္တရာယ်ရှိတဲ့ အငွေ့အသက်ကို ခံစားလိုက်ရပြီး "အင်းနိတ်သိုင်းဆရာလား... ဒါပေမဲ့ ဘေလျန်းမြို့မှာ ဒီလိုလှံတိုကိုင်တဲ့သိုင်းဆရာအကြောင်း ငါမကြားဖူးပါဘူး။ သူက အပြင်လူ ဖြစ်ရမယ်" လို့တွေးလိုက်မိသည်။
သူ ဆက်လျှောက်လာတဲ့အခါ လမ်းပေါ်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အပြင်လူတွေ အများကြီးကို တွေ့ရပါတယ်။ "ငါ အိမ်ထဲမှာ ကျင့်ကြံနေတာ နှစ်ပတ်ပဲရှိသေးတယ် ဘေလျန်းမြို့မှာတစ်ခုခု အကြီးအကျယ် ဖြစ်နေပြီထင်တယ်" သူ သံသယဝင်လာခဲ့သည်။
ရှေ့နားမှာတော့ လူအုပ်ကြီးက ဝိုင်းအုံကြည့်နေကြပြီး လင်းကွင်းတီးသံတွေ အော်ဟစ်အားပေးသံတွေ ထွက်ပေါ်နေပါတယ်။ ကူးယွမ်က လူအုပ်ထဲကို တိုးဝင်ကြည့်လိုက်တဲ့အခါ မျောက်ကပြနေတဲ့ အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။
မျောက်လေးတွေက အလွန်လိမ္မာသွက်လက်စွာနဲ့ ကပြနေကြပေမဲ့ ကူးယွမ်ရဲ့ ဝိညာဉ်အာရုံအရ ဒါဟာ သာမန်မျောက်ကပွဲ မဟုတ်ဘူးဆိုတာ သိလိုက်သည်။ အဲဒီမျောက်ဆရာတွေဟာ သိုင်းပညာရှင်တွေဖြစ်ပြီး မျောက်လေးတွေကလည်း သာမန်မျောက်တွေထက် အဆပေါင်းများစွာ သန်မာနေကြပါတယ်။
အထူးသဖြင့် ကူးယွမ်ရဲ့ အာရုံက ထောင့်တစ်နေရာက အဘိုးကြီးတစ်ယောက်နဲ့ သူခိုင်းစေနေတဲ့ "အဖြူရောင်မျောက်ကြီး" ဆီကို ရောက်သွားပါတယ်။ အဲဒီမျောက်ကြီးဟာ လူတစ်ရပ်မက မြင့်ပြီး တစ်ကိုယ်လုံး ငွေရောင်အမွှေးအမျှင်တွေနဲ့ ဖုံးလွှမ်းထားပါတယ်။ သူ့ရဲ့ လက်မောင်းတွေက သာမန်လူတစ်ယောက်ရဲ့ ခါးလောက်ကို တုတ်ခိုင်ပြီး အလွန်ထိတ်လန့်စရာ ကောင်းလှသည်။
မျောက်ကြီးက လူတွေဆီကနေ ဆုကြေးလိုက်တောင်းတဲ့အခါ ကူးယွမ်က ငွေစတစ်စ ထည့်ပေးလိုက်ပါတယ်။ မျောက်ကြီးက သူ့ကို လူတစ်ယောက်လို ပြုံးပြပြီး ခေါင်းညိတ်ပြသွားလေသည်။
"ဒါ... ဒါက မိစ္ဆာပဲ"
ကူးယွမ်ရဲ့ ရင်ထဲမှာ မတည်မငြိမ် ဖြစ်သွားသည်။ အဲဒီမျောက်ကြီးဆီကနေ ထွက်ပေါ်နေတဲ့ သွေးသားအရှိန်အဝါနဲ့ မိစ္ဆာအငွေ့အသက်တွေဟာ သူတွေ့ဖူးသမျှထဲမှာ အပြင်းထန်ဆုံးပါပဲ။ ယုတိန်ခန်းမရဲ့ သခင် ရှမင်ရန်နဲ့ အဘိုးကြီးချန်တို့ထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသလို ခံစားလိုက်ရသည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ မိစ္ဆာမျောက်ကြီးကို စိတ်ကြိုက်ခိုင်းစေနိုင်တဲ့ အဘိုးကြီးဆိုရင်ရော... သူက ဘယ်လောက်တောင် အစွမ်းထက်မလဲ သူက သေချာပေါက် နတ်ဘုရားအဆင့်ဖြစ်ရမယ်" လို့ ကူးယွမ် တွေးရင် တုန်လှုပ်သွားသည်။